iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင္းဟာ ေတာက္ပစိုေျပေခ်ာေမြ႔တဲ႔ အသားအေရကို ပိုင္ဆိုင္လိုၾကမယ္ ထင္ပါတယ္ေနာ္။ ေအာက္မွာေတာ႔ ဖတ္ခဲ႕ဖူးတဲ႔ အေရျပားစိုေျပလွပေစမဲ႔ နည္းလမ္းတစ္ခ်ဳိ႕ကို မွ်ေ၀ေပးပါရေစရွင္။

၁. ေန႔စဥ္ ေရ ဖန္ခြက္ ၈ခြက္ခန္႔ ေသာက္ပါ။

၂.သၾကားမုန္လာကို အပိုင္းပိုင္း ခုတ္ျဖတ္၍ အရည္ညွစ္ျပီး သင္၏မ်က္ႏွာေပၚ ၅မိနစ္ခန္႔ လိမ္းက်ံထားပါ… ထို႔ေနာက္ ဆပ္ျပာအေပ်ာ႔စားျဖင္႔ မ်က္ႏွာကို သန္႔စင္ေပးပါ။

၃.နံ႔သာကို ႏွင္းဆီေရျဖင္႔ေဖ်ာ္၍ ႏြားႏို႔ အနည္းငယ္ေရာကာ သင္႔မ်က္ႏွာႏွင္႔ ကိုယ္ခႏၶာကို လိမ္းက်ံျပီး ၁၅မိနစ္ခန္႔ၾကာလွ်င္ ေရခပ္ေႏြးေႏြးျဖင္႔ ေဆးေၾကာေပးပါ။

၄.ေရခြက္ထဲ ပ်ားရည္အနည္းငယ္ထည္႔ကာ မနက္ခင္းတိုင္း ေသာက္သံုးေပးပါက သင္႕အသားအေရကို စိုေျပ ေခ်ာေမြ႕ ေတာက္ပ ေစႏိုင္ပါသည္။

၅.ပ်ားရည္ကို အနည္းငယ္ အပူေပးျပီး ေရွာက္ရည္၊ သံပုရာရည္ျဖင္႔ ေရာကာ မ်က္ႏွာကို ၁၀မိနစ္ခန္႔ ေပါင္းတင္ေပးပါ။

၆.နႏြင္း၊ နံ႔သာ၊ သံလြင္ဆီ တို႕ကို ေရာစပ္၍ ခႏၶာကိုယ္ကို လိမ္းေပးျပီး ၁၀မိနစ္ခန္႕ၾကာလ်င္ ေရေဆးပစ္ပါ။

၇.ႏြားႏို႕ျဖင္႔ ခႏၶာကိုယ္ကို ႏွိပ္နယ္ေပးပါ။ ႏြားႏို႔သည္ အေရျပားကို ေခ်ာေမြ႔သန္႔စင္ေစေသာ အေကာင္းဆံုး အားျဖည္႔အလွဆီ ျဖစ္ပါသည္။

၈.အခန္းတြင္း အပူခ်ိန္ကို ပံုမွန္အေနအထားတြင္သာ ထားရွိပါ။ အလြန္ေအးျခင္း အလြန္ပူျပင္းျခင္း စေသာ အစြန္းေရာက္ အေနအထားကို ေရွာင္က်ဥ္ပါ။

၉.ေရကို အခ်ိန္ၾကာၾကာခ်ိဳးပါက သင္၏ခႏၶာကိုယ္ရွိ ဆဲလ္အေသမ်ား အလုိလို ဖယ္ရွားျပီးသား ျဖစ္သြားပါလိမ္႔မည္။ တဘက္ျဖင္႔ ၾကမ္းတမ္းစြာ ပြတ္တိုက္ျခင္းကို ေရွာင္ၾကဥ္ပါ။

၁၀. ဗီတာမင္ ေအႏွင္႔စီ မ်ားမ်ားပါ၀င္ေသာ အစားအစားကို စားပါ။

၁၁.ေနပူထဲထြက္ဖန္မ်ား၍ အေရျပားမ်ား ေနပူေလာင္ေသာ္ ပံုမွန္အသားအေရ ျပန္ရရွိရန္အတြက္ သခြားရည္ႏွင္႔ ခရမ္းခ်ဥ္သီးရည္ ဆတူေရာကာ ၄င္း အပူေလာင္ေသာေနရာကို လိမ္းျပီး ၁၀မိနစ္ခန္႕ၾကာလွ်င္ ေရေဆးခ်လိုက္ပါ။

၁၂.မုန္ညင္းဆီျဖင္႔ အေရျပားကို ၅မိနစ္ခန္႔ ႏွိပ္နယ္ျပီး ဂ်ံဳမႈန္႔ အႏုစား သို႔မဟုတ္ ဆပ္ျပာအေပ်ာ႔စားျဖင္႔ ေရခ်ဳိးေပးပါ။

၁၃. ဒိန္ခ်ဥ္ႏွင္႔ ဂ်ံဳမႈန္႔တို႔ကို ေရာနယ္ကာ မ်က္ႏွာေပၚတြင္ ၅မိနစ္ခန္႕ထားျပီး ေဆးေၾကာေပးပါ။

၁၄.အသားအေရ ၾကမ္းတမ္း ညစ္ႏြမ္းေနေသာသူမ်ား အေရျပား ျပန္လည္စိုေျပ လွပလာေစရန္အတြက္ အသီးအႏွံ မ်ားမ်ားစားပါ။ မခ်က္ျပဳတ္ထားေသာ ဟင္းသီးဟင္းရြက္ (အသုပ္) မ်ားမ်ားစားပါ။ဆိတ္ႏို႔၊ ခ်ိစ္၊ ေထာပတ္သီး၊ မံုလာထုပ္၊ ပင္လယ္ေက်ာက္ပြင္႔ တို႔ကို မ်ားမ်ားစားေပးပါ။

၁၅. အေရးအေၾကာင္း၊ အတြန္႔မ်ားေသာ မ်က္ႏွာႏွင္႔ အသားအေရ ပိုင္ရွင္မ်ားအတြက္ သခြားသီးသည္ အေကာင္းဆံုး ကုသေပးႏိုင္ေသာ သဘာ၀ေဆးတစ္လက္ျဖစ္ပါသည္။ သခြားသီးကို ပါးပါးလွီးကာ မ်က္ႏွာျပင္ေပၚတြင္ ၁၅မိနစ္ခန္႕ထားျပီး ေရစင္ေအာင္ေဆးလိုက္ပါ။

၁၆.အဖုအပိန္႕မ်ားေသာအေရျပားပိုင္ရွင္မ်ားသည္ ပဲပင္ေပါက္၊ ဘာလီ၊ ဂ်ံဳ၊ ခရမ္းခ်ဥ္သီး၊ စေတာ္ဘယ္ရီသီး ၊ သဖန္းသီး၊ သတြတ္သီး၊ ဟင္းႏုႏြယ္ရြက္ စသည္တို႕ကို မ်ားမ်ားစားသံုးသင္႔ပါသည္။

 ၁၇.ေျခာက္ေသြ႕ကြဲအက္ေနေသာ အသားအေရမ်ားအတြက္ ဂ်ံဳျမက္ႏုႏွင္႔ အစိမ္းေရာင္ မ်ားမ်ားပါေသာ အသီးအရြက္မ်ားကို စားသံုးသင္႕ပါသည္။

Credit:missgreenlady

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
လူတိုင်းဟာ တောက်ပစိုပြေချောမွေ့တဲ့ အသားအရေကို ပိုင်ဆိုင်လိုကြမယ် ထင်ပါတယ်နော်။ အောက်မှာတော့ ဖတ်ခဲ့ဖူးတဲ့ အရေပြားစိုပြေလှပစေမဲ့ နည်းလမ်းတစ်ချို့ကို မျှဝေပေးပါရစေရှင်။

၁. နေ့စဉ် ရေ ဖန်ခွက် ၈ခွက်ခန့် သောက်ပါ။

၂.သကြားမုန်လာကို အပိုင်းပိုင်း ခုတ်ဖြတ်၍ အရည်ညှစ်ပြီး သင်၏မျက်နှာပေါ် ၅မိနစ်ခန့် လိမ်းကျံထားပါ… ထို့နောက် ဆပ်ပြာအပျော့စားဖြင့် မျက်နှာကို သန့်စင်ပေးပါ။

၃.နံ့သာကို နှင်းဆီရေဖြင့်ဖျော်၍ နွားနို့ အနည်းငယ်ရောကာ သင့်မျက်နှာနှင့် ကိုယ်ခန္ဓာကို လိမ်းကျံပြီး ၁၅မိနစ်ခန့်ကြာလျှင် ရေခပ်နွေးနွေးဖြင့် ဆေးကြောပေးပါ။

၄.ရေခွက်ထဲ ပျားရည်အနည်းငယ်ထည့်ကာ မနက်ခင်းတိုင်း သောက်သုံးပေးပါက သင့်အသားအရေကို စိုပြေ ချောမွေ့ တောက်ပ စေနိုင်ပါသည်။

၅.ပျားရည်ကို အနည်းငယ် အပူပေးပြီး ရှောက်ရည်၊ သံပုရာရည်ဖြင့် ရောကာ မျက်နှာကို ၁၀မိနစ်ခန့် ပေါင်းတင်ပေးပါ။

၆.နနွင်း၊ နံ့သာ၊ သံလွင်ဆီ တို့ကို ရောစပ်၍ ခန္ဓာကိုယ်ကို လိမ်းပေးပြီး ၁၀မိနစ်ခန့်ကြာလျင် ရေဆေးပစ်ပါ။

၇.နွားနို့ဖြင့် ခန္ဓာကိုယ်ကို နှိပ်နယ်ပေးပါ။ နွားနို့သည် အရေပြားကို ချောမွေ့သန့်စင်စေသော အကောင်းဆုံး အားဖြည့်အလှဆီ ဖြစ်ပါသည်။

၈.အခန်းတွင်း အပူချိန်ကို ပုံမှန်အနေအထားတွင်သာ ထားရှိပါ။ အလွန်အေးခြင်း အလွန်ပူပြင်းခြင်း စသော အစွန်းရောက် အနေအထားကို ရှောင်ကျဉ်ပါ။

၉.ရေကို အချိန်ကြာကြာချိုးပါက သင်၏ခန္ဓာကိုယ်ရှိ ဆဲလ်အသေများ အလိုလို ဖယ်ရှားပြီးသား ဖြစ်သွားပါလိမ့်မည်။ တဘက်ဖြင့် ကြမ်းတမ်းစွာ ပွတ်တိုက်ခြင်းကို ရှောင်ကြဉ်ပါ။

၁၀. ဗီတာမင် အေနှင့်စီ များများပါဝင်သော အစားအစားကို စားပါ။

၁၁.နေပူထဲထွက်ဖန်များ၍ အရေပြားများ နေပူလောင်သော် ပုံမှန်အသားအရေ ပြန်ရရှိရန်အတွက် သခွားရည်နှင့် ခရမ်းချဉ်သီးရည် ဆတူရောကာ ၎င်း အပူလောင်သောနေရာကို လိမ်းပြီး ၁၀မိနစ်ခန့်ကြာလျှင် ရေဆေးချလိုက်ပါ။

၁၂.မုန်ညင်းဆီဖြင့် အရေပြားကို ၅မိနစ်ခန့် နှိပ်နယ်ပြီး ဂျုံမှုန့် အနုစား သို့မဟုတ် ဆပ်ပြာအပျော့စားဖြင့် ရေချိုးပေးပါ။

၁၃. ဒိန်ချဉ်နှင့် ဂျုံမှုန့်တို့ကို ရောနယ်ကာ မျက်နှာပေါ်တွင် ၅မိနစ်ခန့်ထားပြီး ဆေးကြောပေးပါ။

၁၄.အသားအရေ ကြမ်းတမ်း ညစ်နွမ်းနေသောသူများ အရေပြား ပြန်လည်စိုပြေ လှပလာစေရန်အတွက် အသီးအနှံ များများစားပါ။ မချက်ပြုတ်ထားသော ဟင်းသီးဟင်းရွက် (အသုပ်) များများစားပါ။ဆိတ်နို့၊ ချိစ်၊ ထောပတ်သီး၊ မုံလာထုပ်၊ ပင်လယ်ကျောက်ပွင့် တို့ကို များများစားပေးပါ။

၁၅. အရေးအကြောင်း၊ အတွန့်များသော မျက်နှာနှင့် အသားအရေ ပိုင်ရှင်များအတွက် သခွားသီးသည် အကောင်းဆုံး ကုသပေးနိုင်သော သဘာဝဆေးတစ်လက်ဖြစ်ပါသည်။ သခွားသီးကို ပါးပါးလှီးကာ မျက်နှာပြင်ပေါ်တွင် ၁၅မိနစ်ခန့်ထားပြီး ရေစင်အောင်ဆေးလိုက်ပါ။

၁၆.အဖုအပိန့်များသောအရေပြားပိုင်ရှင်များသည် ပဲပင်ပေါက်၊ ဘာလီ၊ ဂျုံ၊ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီး ၊ သဖန်းသီး၊ သတွတ်သီး၊ ဟင်းနုနွယ်ရွက် စသည်တို့ကို များများစားသုံးသင့်ပါသည်။

 ၁၇.ခြောက်သွေ့ကွဲအက်နေသော အသားအရေများအတွက် ဂျုံမြက်နုနှင့် အစိမ်းရောင် များများပါသော အသီးအရွက်များကို စားသုံးသင့်ပါသည်။

Credit:missgreenlady

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top