iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ကိုယ္သင္ လက္ထပ္ဖို႔ အဆင္သင့္ျဖစ္ မျဖစ္ သံသယျဖစ္ေနလား။ အေမရိကန္ျပည္ထာင္စုမွာ လက္ထပ္ၿပီး အိမ္ေထာင္သည္ေတြ ၄၀ % ကေန ၅၀ % ၾကား ကြာရွင္းတတ္ၾကပါတယ္။

သင့္ခ်စ္သူကို Yes I do လို႔ ေခါင္းမညိတ္ခင္မွာ ကိုယ့္ကိုကိုယ္ လက္ထပ္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလားဆိုတာ အရင္ဆန္းစစ္သင့္ပါတယ္။ ဒါဆိုရင္ေတာ့ စာဖတ္သူတုိ႔အတြက္ လက္ထပ္ဖို႔ အဆင္သင့္ျဖစ္ေနတဲ့ လကၡဏာရပ္ေတြကို မွ်ေ၀ေပးလိုက္ပါတယ္။

သင္အမွန္တကယ္လက္ထပ္ခ်င္တယ္။

မိဘေတြ အသိုင္းအ၀ုိင္ေတြ သူငယ္ခ်င္းမိတ္ေဆြေတြရဲ့ ဖိအားေတြမပါဘဲ သူ႔ကို လက္ထပ္ခ်င္တယ္၊ သူနဲ႔ အမွန္တကယ္လက္ထပ္ခ်င္စိတ္ရွိတယ္တာဟာ သင္သူ႔ကို လက္ထပ္ဖို႔ အဆင္သင့္ျဖစ္ေနတဲ့ လကၡဏာရပ္တစ္ခုပါပဲ။ လက္ထပ္တယ္ဆိုတာ သင္ကိုယ္တိုင္ပဲ ဆံုးျဖတ္ရမွာပါ။

သင့္ခ်စ္သူနဲ႔ လက္ထပ္ခ်င္တယ္ဆိုတဲ့ အေပၚ သံသယမရွိဘူး။

သင့္ခ်စ္သူနဲ႔ အမွန္တကယ္လက္ထပ္ဖို႔အဆင္သင့္ျဖစ္ေနတယ္ဆိုရင္ သင့္ခ်စ္သူနဲ႔ လက္ထပ္တဲ့အေပၚ သင္သံသယရွိမွာမဟုတ္ပါဘူး။ သင္နဲ႔လက္ထပ္လိုက္ရင္သူတစ္ခုခုေျပာင္းလဲသြားမယ္လို႔ သင္ေမွ်ာ္လင့္မွာမဟုတ္ဘဲ သူ႔ကို အရွိအတိုင္းသင္လက္ခံႏိုင္မွာျဖစ္ပါတယ္။ ေမွ်ာ္လင့္ခ်က္ေတြ မ်ားမ်ားထားၿပီး စိုးရိမ္ သံသယေတြျဖစ္ေနတာဟာ သင္တို႔ႏွစ္ေယာက္လက္ထပ္ၿပီးရင္ ကြာရွင္းရႏိုင္ေခ်ရွိပါတယ္။

သူေပးတဲ့ ကတိေတြကို အျပည့္အ၀ယံုတယ္။

တစ္ေယာက္ကိုယ္တစ္ေယာက္ နားလည္မႈအျပည့္နဲ႔ ယံုၾကည္ဖို႔အေရးႀကီးပါတယ္။ လူႏွစ္ေယာက္လက္ထပ္တာဟာ အခ်စ္တစ္ခုနဲ႔ မၿပီးပါဘူး။

သင္တို႔ႏွစ္ေယာက္ဆက္ဆံေရး ပ်က္မွာစိတ္ပူစရာမလိုဘဲ သင့္ခ်စ္သူနဲ႔သင္ အျငင္းအခုန္လုပ္ႏိုင္တယ္။

ခ်စ္သူႏွစ္ဦးၾကားမွာ တခါတေလ သေဘာထားမတိုက္ဆိုင္တဲ့အခ်ိန္ဆိုတာရွိပါတယ္။ အဲဒီအခါ သင္က သူသင့္ကိုစိတ္ခုသြားမလားဆိုတာကို စိုးရိမ္စရာမလိုဘဲ သူနဲ႔ ပြင့္ပြင့္လင္းလင္း ျငင္းခုန္ၾကတယ္။ ၿပီးရင္ ေျဖရွင္းၾကတယ္။

ပြင့္လင္းတဲ့ဆက္ဆံေရးရွိတယ္။

သူ႔ကို အရာအားလံုး ပြင့္ပြင့္လင္းလင္းတိုင္ပင္လို႔ရတယ္။ ကိစၥႀကီးတာ ေသးတာကအစ သူ႔ကို ေျပာလို႔ရတယ္။ သင္တို႔ႏွစ္ေယာက္ၾကားမွာ ဘမွကန္႔သတ္ထားတာမ်ိဳးမရွိဘူးဆိုရင္ လက္ထပ္ဖို႔ အဆင္သင့္ျဖစ္ေနတဲ့ လကၡဏာတစ္ခုပါပဲ။

ေငြေၾကးကိစၥေတြ တိုင္ပင္ေဆြးေႏြးၾကတယ္။

သင့္ခ်စ္သူနဲ႔ ေငြေရးေၾကးေရးကိစၥေတြ ေျပာျဖစ္ၾကတယ္။ တိုင္ပင္ၾကတယ္ဆိုတာဟာ သိပ္ကိုေကာင္းတဲ့အခ်က္ပါ။ သူ႔၀င္ေငြ ကိုယ့္၀င္ေငြခ်ိန္ဆၿပီး ေငြးေၾကးစီမံႏိုင္မွ အိ္မ္ေထာင္ေရး သာယာအဆင္ေျပမယ္ေလ။

သင့္တို႔ႏွစ္ေယာက္ တစ္ဦးကိုယ္တစ္ဦးရိုးသားၾကတယ္။

တစ္ဦးအေပၚတစ္ဦး မရိုးသားတာ လံုး၀မလုပ္ဘဲ ရိုသားၾကတယ္ဆိုရင္ သင္တို႔ႏွစ္ေယာက္ လက္ထပ္ဖို႔ အဆင္သင့္ျဖစ္ေနတဲ့ လကၡဏာရပ္တစ္ခုပါပဲ။

အနာဂတ္အတြက္ အစီစဥ္ေတြရွိတယ္။

အနာဂတ္အတြက္ ႏွစ္ေယာက္သားအတူတူ လုပ္ေဆာင္မယ့္ အစီစဥ္ေတြရွိတယ္။ ကေလးဘယ္ႏွစ္ေယာက္ယူမယ္၊ ဘယ္လိုေနရာမွာေနမယ္ဆိုတာကအစ အစီစဥ္ဆြဲထားတယ္။

တစ္ေယာက္ကိုယ္တစ္ေယာက္ခ်စ္ၿပီး အျပန္အလွန္ေလးစားတယ္။

သင္တို႔ႏွစ္ေယာက္ဟာ တစ္ေယာက္ကိုယ္တစ္ေယာက္ခ်စ္ရံုသာမက အျပန္အလွန္ေလးစားမႈလည္းရွိရပါမယ္။ ဒါမွသာလွ်င္ႏွစ္ဦးသား နားလည္မႈေတြ ေမတၱာေတြနဲ႔ ေရွ႕ဆက္ႏိုင္မွာပါ။

သူ႔ကိုလက္ထပ္တာဟာ အမွန္ဆံုးဆံုးျဖတ္ခ်က္ျဖစ္တယ္လို႔ သင္ယံုၾကည္တယ္။

လက္ထပ္ဖို႔အဆင္သင့္ျဖစ္ေနၿပီဆိုတဲ့ လကၡဏာရပ္ထဲမွာ အခုတစ္ခ်က္လည္းအပါအ၀င္ပါပဲ။ သူနဲ႔လက္ထပ္ၿပီး ျဖစ္လာမယ့္ အဆိုးအကာင္းေတြကို ရင္ဆိုင္ဖုိ႔ သတၱိရွိတယ္။ ေနာင္တမရဘူး။ မွန္ကန္ဆံုးဆံုးျဖတ္ခ်က္လို႔ ယံုၾကည္ေနတာျဖစ္ပါတယ္။

အခုေဖာ္ျပလိုက္တဲ့အခ်က္ေတြက လက္ထပ္ဖို႔ အဆင္သင့္ျဖစ္ေနတဲ့ ခ်စ္သူတို႔ရဲ့ လကၡဏာရပ္တစ္ခ်ိဳ႕ပဲျဖစ္ပါတယ္။ ကဲ စာဖတ္သူတို႔ေကာ လက္ထပ္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလား။

Cerdit:Mystylemyanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
သင့်ကိုယ်သင် လက်ထပ်ဖို့ အဆင်သင့်ဖြစ် မဖြစ် သံသယဖြစ်နေလား။ အမေရိကန်ပြည်ထာင်စုမှာ လက်ထပ်ပြီး အိမ်ထောင်သည်တွေ ၄၀ % ကနေ ၅၀ % ကြား ကွာရှင်းတတ်ကြပါတယ်။

သင့်ချစ်သူကို Yes I do လို့ ခေါင်းမညိတ်ခင်မှာ ကိုယ့်ကိုကိုယ် လက်ထပ်ဖို့ အဆင်သင့်ဖြစ်နေပြီလားဆိုတာ အရင်ဆန်းစစ်သင့်ပါတယ်။ ဒါဆိုရင်တော့ စာဖတ်သူတို့အတွက် လက်ထပ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ လက္ခဏာရပ်တွေကို မျှဝေပေးလိုက်ပါတယ်။

သင်အမှန်တကယ်လက်ထပ်ချင်တယ်။

မိဘတွေ အသိုင်းအဝိုင်တွေ သူငယ်ချင်းမိတ်ဆွေတွေရဲ့ ဖိအားတွေမပါဘဲ သူ့ကို လက်ထပ်ချင်တယ်၊ သူနဲ့ အမှန်တကယ်လက်ထပ်ချင်စိတ်ရှိတယ်တာဟာ သင်သူ့ကို လက်ထပ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ လက္ခဏာရပ်တစ်ခုပါပဲ။ လက်ထပ်တယ်ဆိုတာ သင်ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာပါ။

သင့်ချစ်သူနဲ့ လက်ထပ်ချင်တယ်ဆိုတဲ့ အပေါ် သံသယမရှိဘူး။

သင့်ချစ်သူနဲ့ အမှန်တကယ်လက်ထပ်ဖို့အဆင်သင့်ဖြစ်နေတယ်ဆိုရင် သင့်ချစ်သူနဲ့ လက်ထပ်တဲ့အပေါ် သင်သံသယရှိမှာမဟုတ်ပါဘူး။ သင်နဲ့လက်ထပ်လိုက်ရင်သူတစ်ခုခုပြောင်းလဲသွားမယ်လို့ သင်မျှော်လင့်မှာမဟုတ်ဘဲ သူ့ကို အရှိအတိုင်းသင်လက်ခံနိုင်မှာဖြစ်ပါတယ်။ မျှော်လင့်ချက်တွေ များများထားပြီး စိုးရိမ် သံသယတွေဖြစ်နေတာဟာ သင်တို့နှစ်ယောက်လက်ထပ်ပြီးရင် ကွာရှင်းရနိုင်ချေရှိပါတယ်။

သူပေးတဲ့ ကတိတွေကို အပြည့်အဝယုံတယ်။

တစ်ယောက်ကိုယ်တစ်ယောက် နားလည်မှုအပြည့်နဲ့ ယုံကြည်ဖို့အရေးကြီးပါတယ်။ လူနှစ်ယောက်လက်ထပ်တာဟာ အချစ်တစ်ခုနဲ့ မပြီးပါဘူး။

သင်တို့နှစ်ယောက်ဆက်ဆံရေး ပျက်မှာစိတ်ပူစရာမလိုဘဲ သင့်ချစ်သူနဲ့သင် အငြင်းအခုန်လုပ်နိုင်တယ်။

ချစ်သူနှစ်ဦးကြားမှာ တခါတလေ သဘောထားမတိုက်ဆိုင်တဲ့အချိန်ဆိုတာရှိပါတယ်။ အဲဒီအခါ သင်က သူသင့်ကိုစိတ်ခုသွားမလားဆိုတာကို စိုးရိမ်စရာမလိုဘဲ သူနဲ့ ပွင့်ပွင့်လင်းလင်း ငြင်းခုန်ကြတယ်။ ပြီးရင် ဖြေရှင်းကြတယ်။

ပွင့်လင်းတဲ့ဆက်ဆံရေးရှိတယ်။

သူ့ကို အရာအားလုံး ပွင့်ပွင့်လင်းလင်းတိုင်ပင်လို့ရတယ်။ ကိစ္စကြီးတာ သေးတာကအစ သူ့ကို ပြောလို့ရတယ်။ သင်တို့နှစ်ယောက်ကြားမှာ ဘမှကန့်သတ်ထားတာမျိုးမရှိဘူးဆိုရင် လက်ထပ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ လက္ခဏာတစ်ခုပါပဲ။

ငွေကြေးကိစ္စတွေ တိုင်ပင်ဆွေးနွေးကြတယ်။

သင့်ချစ်သူနဲ့ ငွေရေးကြေးရေးကိစ္စတွေ ပြောဖြစ်ကြတယ်။ တိုင်ပင်ကြတယ်ဆိုတာဟာ သိပ်ကိုကောင်းတဲ့အချက်ပါ။ သူ့ဝင်ငွေ ကိုယ့်ဝင်ငွေချိန်ဆပြီး ငွေးကြေးစီမံနိုင်မှ အိမ်ထောင်ရေး သာယာအဆင်ပြေမယ်လေ။

သင့်တို့နှစ်ယောက် တစ်ဦးကိုယ်တစ်ဦးရိုးသားကြတယ်။

တစ်ဦးအပေါ်တစ်ဦး မရိုးသားတာ လုံးဝမလုပ်ဘဲ ရိုသားကြတယ်ဆိုရင် သင်တို့နှစ်ယောက် လက်ထပ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ လက္ခဏာရပ်တစ်ခုပါပဲ။

အနာဂတ်အတွက် အစီစဉ်တွေရှိတယ်။

အနာဂတ်အတွက် နှစ်ယောက်သားအတူတူ လုပ်ဆောင်မယ့် အစီစဉ်တွေရှိတယ်။ ကလေးဘယ်နှစ်ယောက်ယူမယ်၊ ဘယ်လိုနေရာမှာနေမယ်ဆိုတာကအစ အစီစဉ်ဆွဲထားတယ်။

တစ်ယောက်ကိုယ်တစ်ယောက်ချစ်ပြီး အပြန်အလှန်လေးစားတယ်။

သင်တို့နှစ်ယောက်ဟာ တစ်ယောက်ကိုယ်တစ်ယောက်ချစ်ရုံသာမက အပြန်အလှန်လေးစားမှုလည်းရှိရပါမယ်။ ဒါမှသာလျှင်နှစ်ဦးသား နားလည်မှုတွေ မေတ္တာတွေနဲ့ ရှေ့ဆက်နိုင်မှာပါ။

သူ့ကိုလက်ထပ်တာဟာ အမှန်ဆုံးဆုံးဖြတ်ချက်ဖြစ်တယ်လို့ သင်ယုံကြည်တယ်။

လက်ထပ်ဖို့အဆင်သင့်ဖြစ်နေပြီဆိုတဲ့ လက္ခဏာရပ်ထဲမှာ အခုတစ်ချက်လည်းအပါအဝင်ပါပဲ။ သူနဲ့လက်ထပ်ပြီး ဖြစ်လာမယ့် အဆိုးအကာင်းတွေကို ရင်ဆိုင်ဖို့ သတ္တိရှိတယ်။ နောင်တမရဘူး။ မှန်ကန်ဆုံးဆုံးဖြတ်ချက်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

အခုဖော်ပြလိုက်တဲ့အချက်တွေက လက်ထပ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ချစ်သူတို့ရဲ့ လက္ခဏာရပ်တစ်ချို့ပဲဖြစ်ပါတယ်။ ကဲ စာဖတ်သူတို့ကော လက်ထပ်ဖို့ အဆင်သင့်ဖြစ်နေပြီလား။

Cerdit:Mystylemyanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top