iMyanmarHouse.com - Best Property Website for Myanmar
×

အိပ္ရာထဲေရာက္ေပမဲ့ အိပ္ေပ်ာ္တဲ့ညေတြ၊ အလုပ္ေတြမၿပီးျပတ္ေသးလို႔ အိပ္ေရးပ်က္ခဲ့ရေတြဟာ ေနာက္တစ္ေန႔မွာ အေတာ္ကို အခက္ေတြ႔ေစတယ္။ အိပ္ရာကေန မနည္းထရတာေတာင္ မ်က္စိေတြက်ိ္န္းစပ္၊ ေခါင္းေတြကိုက္ေနလိုက္တာမ်ား ဘာမွကို အာ႐ံုစိုက္လုိ႔မရေတာ့ဘူး။ အိပ္ေရးဝ၀အိပ္ဖုိ႔ေတာ့ လိုပါတယ္။ အိပ္ခ်ိန္ဟာ အနည္းဆံုး တစ္ညကို ၆ နာရီေလာက္ေတာ့ အိပ္ေပးဖုိ႔ လိုတာေပါ့။ အိပ္ပ်က္ခဲ့တဲ့ညက ၃ ရက္ဆက္တုိက္ ျဖစ္လာလို႔ အလုပ္ေတြပ်က္ရတာမ်ိဳး မျဖစ္ခ်င္ရင္ေတာ့ ဒါေလးေတြကို မွတ္ထားလုိက္။

၁။ ကာဘိုဟိုက္ၿဒိတ္န႔ဲ ကဖင္း

အိပ္ေရးပ်က္တာမ်ားလာရင္ အစားအေသာက္ဘက္ကိုပါ သိပ္ဂ႐ုမစိုက္ျဖစ္ေတာ့ဘူး။ တခ်ိဳ႕က အစားပ်က္လာသလို တခ်ိဳ႕က ပိုၿပီးစားလာၾကတယ္။ ပိုဆိုးတာက က်န္းမာေရးနဲ႔မညီညြတ္တဲ့အရာေတြကို စားေနမိတာ။ အိပ္ေရးပ်က္ခ်ိန္မွာ ေကာ္ဖီကို ပံုမွန္ေသာက္ေနက်ထက္ ပိုမေသာက္ပါနဲ႔။ ကစီဓာတ္ (ကာဘိုဟိုက္ၿဒိတ္)မ်ားတဲ့ အစားအစာေတြထက္ ပ႐ိုတင္းဓာတ္ (အသားဓာတ္)ပါတာေတြကို ပိုစားပါ။ ဒါမွ ခႏၶကိုယ္အတြက္ ခြန္အားျဖစ္ေစပါလိမ့္မယ္။ အိပ္ငိုက္လာရင္ ေနေရာင္ေအာက္မွာ လမ္းနည္းနည္းေလာက္ေလွ်ာက္တာ အဆင္ေျပေစပါလိမ့္မယ္။

၂။ ရနံ႔ကုထံုး

လန္းဆန္းေစမယ့္ ရနံ႔ေတြကို ႐ႈၾကည့္ပါ။ ႐ို႕စ္ေမရီအဆီ သို႔မဟုတ္ ပူ႐ွိန္းနံ႔ကို ႐ႈရႈိက္ႏိုင္ပါတယ္။ အဂၤလန္ႏိုင္ငံ Northumbria တကၠသိုလ္က ျပဳလုပ္တဲ့ သုေတသနတစ္ခုမွာေတာ့ ပူ႐ွိန္းနံ႔ဟာ လူကိုဖ်တ္လတ္တက္ၾကြေစၿပီး မွတ္ဉာဏ္ပိုင္းဆုိင္ရာလုပ္ေဆာင္မႈကို အေထာက္အကူျဖစ္ေစတယ္လို႔ ဆိုပါတယ္။ ႐ို႕စ္ေမရီအနံ႔ကေတာ့ ဦးေႏွာက္လႈိင္းေတြရဲ႕ပံုစံကို ႏိုးၾကားေစၿပီး စိတ္ပိုင္းဆုိင္ရာအတြက္လည္း ေကာင္းက်ိဳးျဖစ္ေစတယ္လို႔ Neuroscience ေဆးပညာဂ်ာနယ္ရဲ႕ ေဆာင္းပါးတစ္ခုမွာ ဖတ္ဖူးပါတယ္။

၃။ စကားေျပာပါ

အရမ္းငိုက္လာရင္ အလုပ္ကို အာ႐ံုစိုက္လို႔မရေတာ့ဘူုး။ လူက ၿငိမ္ေနရင္ ပိုဆိုးတယ္။ ကိုယ့္ေဘးကလူေတြနဲ႔ စကားေျပာၾကည့္ရင္ အဆင္ေျပသြားႏိုင္ပါတယ္။ လူေတြနဲ႔ ၁၀ မိနစ္ေလာက္ စကားေျပာတဲ့အခါ အေတြးအေခၚပိုင္းမွာ ပိုေကာင္းလာပါသတဲ့။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အိပ်ရာထဲရောက်ပေမဲ့ အိပ်ပျော်တဲ့ညတွေ၊ အလုပ်တွေမပြီးပြတ်သေးလို့ အိပ်ရေးပျက်ခဲ့ရတွေဟာ နောက်တစ်နေ့မှာ အတော်ကို အခက်တွေ့စေတယ်။ အိပ်ရာကနေ မနည်းထရတာတောင် မျက်စိတွေကျိန်းစပ်၊ ခေါင်းတွေကိုက်နေလိုက်တာများ ဘာမှကို အာရုံစိုက်လို့မရတော့ဘူး။ အိပ်ရေးဝဝအိပ်ဖို့တော့ လိုပါတယ်။ အိပ်ချိန်ဟာ အနည်းဆုံး တစ်ညကို ၆ နာရီလောက်တော့ အိပ်ပေးဖို့ လိုတာပေါ့။ အိပ်ပျက်ခဲ့တဲ့ညက ၃ ရက်ဆက်တိုက် ဖြစ်လာလို့ အလုပ်တွေပျက်ရတာမျိုး မဖြစ်ချင်ရင်တော့ ဒါလေးတွေကို မှတ်ထားလိုက်။

၁။ ကာဘိုဟိုက်ဒြိတ်နဲ့ ကဖင်း

အိပ်ရေးပျက်တာများလာရင် အစားအသောက်ဘက်ကိုပါ သိပ်ဂရုမစိုက်ဖြစ်တော့ဘူး။ တချို့က အစားပျက်လာသလို တချို့က ပိုပြီးစားလာကြတယ်။ ပိုဆိုးတာက ကျန်းမာရေးနဲ့မညီညွတ်တဲ့အရာတွေကို စားနေမိတာ။ အိပ်ရေးပျက်ချိန်မှာ ကော်ဖီကို ပုံမှန်သောက်နေကျထက် ပိုမသောက်ပါနဲ့။ ကစီဓာတ် (ကာဘိုဟိုက်ဒြိတ်)များတဲ့ အစားအစာတွေထက် ပရိုတင်းဓာတ် (အသားဓာတ်)ပါတာတွေကို ပိုစားပါ။ ဒါမှ ခန္ဓကိုယ်အတွက် ခွန်အားဖြစ်စေပါလိမ့်မယ်။ အိပ်ငိုက်လာရင် နေရောင်အောက်မှာ လမ်းနည်းနည်းလောက်လျှောက်တာ အဆင်ပြေစေပါလိမ့်မယ်။

၂။ ရနံ့ကုထုံး

လန်းဆန်းစေမယ့် ရနံ့တွေကို ရှုကြည့်ပါ။ ရို့စ်မေရီအဆီ သို့မဟုတ် ပူရှိန်းနံ့ကို ရှုရှိုက်နိုင်ပါတယ်။ အင်္ဂလန်နိုင်ငံ Northumbria တက္ကသိုလ်က ပြုလုပ်တဲ့ သုတေသနတစ်ခုမှာတော့ ပူရှိန်းနံ့ဟာ လူကိုဖျတ်လတ်တက်ကြွစေပြီး မှတ်ဉာဏ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုကို အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။ ရို့စ်မေရီအနံ့ကတော့ ဦးနှောက်လှိုင်းတွေရဲ့ပုံစံကို နိုးကြားစေပြီး စိတ်ပိုင်းဆိုင်ရာအတွက်လည်း ကောင်းကျိုးဖြစ်စေတယ်လို့ Neuroscience ဆေးပညာဂျာနယ်ရဲ့ ဆောင်းပါးတစ်ခုမှာ ဖတ်ဖူးပါတယ်။

၃။ စကားပြောပါ

အရမ်းငိုက်လာရင် အလုပ်ကို အာရုံစိုက်လို့မရတော့ဘူုး။ လူက ငြိမ်နေရင် ပိုဆိုးတယ်။ ကိုယ့်ဘေးကလူတွေနဲ့ စကားပြောကြည့်ရင် အဆင်ပြေသွားနိုင်ပါတယ်။ လူတွေနဲ့ ၁၀ မိနစ်လောက် စကားပြောတဲ့အခါ အတွေးအခေါ်ပိုင်းမှာ ပိုကောင်းလာပါသတဲ့။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top