iMyanmarHouse.com - Best Property Website for Myanmar
×
သူမကို ဗလက္ကာယ ပြုကျင့်ခဲ့တဲ့ လူနှစ်ယောက်ကို အဒူလ်က ရဲသွားတိုင်ခဲ့ပြီးနောက်မှာ ၂၄ နာရီအတွင်းလာရောက်ဖမ်းဆီးသွားခဲ့တယ် လို့သိရပါတယ်။
Credit:Shwemom
#Unicode version
ဩစတျေးလျနိုင်ငံ အရှေ့တောင်ဘက်ပိုင်း ဗစ်တိုးရီးယား ပြည်နယ်တွင်နေထိုင်တဲ့ အသက် ၂၂ နှစ်အရွယ်  အဒူလ် မော်ယန် ( Adau Mornyang ) ဟာဩစတျေးလျ မယ်ကမ္ဘာပြိုင်ပွဲမှာဝင်ပြိုင်ခဲ့ရာတွင် Final အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပါတယ်။
အဒူလ်ဟာ တောင်ဆူဒန် နိုင်ငံသူတစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်မှာ အင်တာနက်တွင် နာမည်ကြီးနေတဲ့ မော်ဒယ်တစ်ယောက်ဖြစ်ပြီး သူမရဲ့ အနက်ရောင်အသားရောင်နဲ့ ညှို့ယူဖမ်းစားနိုင်တဲ့ မျက်လုံးများကြောင့် နာမည်ကြီးနေတာ ဖြစ်ပါတယ်။
အဒူူလ်ရဲ့ ဘဝဟာ ခက်ခဲကြမ်းတမ်းခဲ့ပြီးတော့ သူမ အသက် ၁၇ နှစ်အရွယ်က တောင်ဩစတျေးလျပြည်နယ် အဒီလိုင်ဒီ မြို့တွင် လူနှစ်ယောက်ရဲ့ ဗလက္ကာရ ပြုကျင့်ခံခဲ့ရတယ် လို့သိရပါတယ်။ဒီအဖြစ်အပျက်ကို အဒူလ်ဟာ Facebook မှာ သေချာရှင်းပြခဲ့ပြီး ” ကျွန်မ ရည်းစားနဲ့ ပြတ်ပြီး အသည်းကွဲနေတဲ့ အချိန် ကျွန်မ သူငယ်ချင်းနှစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်။အဲ့ဒီအချိန်မှာ သူတို့နှစ်ယောက်က  ကျွန်မကို အရက်တိုက်ခဲ့ပြီး စိတ်ညစ်စရာတွေ အားလုံးပျောက်သွားမယ် လို့ပြောခဲ့ပါတယ်။ကျွန်မလည်း မူးသွားရောကျွန်မကို ဗလက္ကာယ ပြုကျင့်ခဲ့ပါတယ်။” လို့ပြောဆိုခဲ့ပါတယ်။
သူမကို ဗလက္ကာယ ပြုကျင့်ခဲ့တဲ့ လူူနှစ်ယောက်ကို အဒူလ်က ရဲသွားတိုင်ခဲ့ပြီးနောက်မှာ ၂၄ နာရီအတွင်းလာရောက်ဖမ်းဆီးသွားခဲ့တယ် လို့သိရပါတယ်။
ဒီအဖြစ်အပျက်အပြီးမှာလည်း အဒူလ်ဟာ သူမရဲ့ အသိုင်းအဝိုင်းကြားမှာ အရှက်ခွဲခံခဲ့ရတယ် လို့သိရပါတယ်။ဒီအဖြစ်အပျက်ဟာ သူမဘ၀ ကို အရိပ်မည်းကြီးပမာနှောင့်ယှက်နေပေမဲ့ သူမ ဒီအဖြစ်အပျက်ကို မြိုသိပ်မထားနိုင်ဘူးလို့ အဒူလ်က ပြောခဲ့ပါတယ်။
အဒူလ်ဟာလက်ရှိအချိန်မှာ သူမကို နှောင့်ယှက်နေတဲ့ အရိပ်မည်းကြီးအောက်ကနေ ရုန်းထွက်ပြီးနောက် ဩစတျေးလျမယ်ကမ္ဘာပြိုင်ပွဲဝင်နေပြီး ဩစတျေးလျ မယ်ကမ္ဘာပြိုင်ပွဲဖိုင်နယ်ကိုတော့ ၂၀၁၇ ဇူလိုင်လ ၁၄ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်တယ် လို့သိရပါတယ်။
Credit:Shwemom
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top