iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ကိုသေဘာက်လားဆိုတာ ေမးစရာမလိုပါဘူး၊ သင့္ကိုယ္တိုင္အကဲခတ္လို႔ရပါတယ္ေနာ္။
၁။ ဆံပင္ကိုသပ္တာ

ဒီအမူအရာက ေယာက်ာ္းေလးတိုင္း သူတို႔ကိုယ္သူတို႔ ယုံၾကည္မႈရွိေအာင္လုပ္တတ္ၾကတဲ့ အမူအရာပဲ ျဖစ္ပါတယ္။ ဒီလိုပဲ အမ်ိဳးသမီးေတြကလဲ သူတို႔သေဘာက်တဲ့လူနားေရာက္ရင္ ဆံပင္ကိုခပ္ဖြဖြလုပ္တာ၊ ေနာက္ကိုသပ္ၿပီးလွန္တဲ့အမူအရာမ်ိဳးလုပ္တတ္ၾကပါတယ္။

၂။ လက္ကိုခါးမွာတင္ထားတာ

ဒီနည္းလမ္းကေတာ့ တစ္ခ်ိဳ႕အားကစားလိုက္စားတဲ့ အမ်ိဳးသားေတြ မသိမသာသူတို႔ လက္ေမာင္းအလွကိုျပတဲ့သေဘာပဲျဖစ္ပါတယ္။ တစ္ခ်ိဳ႕ေယာက်ာ္းေလးေတြ ထိုင္တဲ့အခါ ေျခကားၿပီးထိုင္တာကလဲ သူတို႔ေယာက်ာ္းပီသေၾကာင္းျပခ်င္တဲ့ သေဘာမွာပါပါတယ္။

၃။ ေနရာခပ္က်ယ္က်ယ္ယူဖို႔ႀကိဳးစားထားမယ္

ဒါကေတာ့ သင့္ကိုတစ္ေယာက္တည္းထားခ်င္တဲ့သေဘာမ်ိဳးမဟုတ္ပါဘူး။ သင့္ရဲ႕အနားမွာ သူတစ္ေယာက္တည္းရွိေနတဲ့သေဘာမ်ိဳး၊ သင့္ကိုအကာအကြယ္ေပးခ်င္တဲ့သေဘာမ်ိဳးပါ။

၄။ သင့္ဘက္ကို မ်က္ႏွာမူထားတာ

လူအမ်ားၾကားထဲမွာေတာင္ ခႏၶာကိုယ္္အရေရာ ၊ မ်က္ႏွာပါ သင့္ဘက္ကို ဦးတည္ထားေပးပါလိမ့္မယ္။ ဒါဟာ သူသေဘာက်တဲ့လူကို အာ႐ုံထားတဲ့သေဘာပါ။

၅။ စကားေတြသိပ္ေျပာမယ္

အားပါပါနဲ႔ စကားေတြလိုက္ၿပီးေျပာေနမယ္ဆိုရင္ ဒါဟာ သင္သူ႔ကိုအထင္ႀကီးေစခ်င္တဲ့သေဘာပါ။ လူေရွ႕သူေရွ႕မွာ သူဟာ ေျပာရဲဆိုရဲျဖစ္တဲ့သူျဖစ္ေၾကာင္း ျပတဲ့သေဘာပါ။

၆။ သင့္ခႏၶာကိုယ္အေနအထားအတိုင္းလိုက္လုပ္တာ

သင္ေဘာင္းဘီအိတ္ကပ္ထဲလက္ထည့္ထားရင္ သူပါလိုက္ထည့္ထားတာကို ေတြ႕တယ္ဆိုရင္ေတာ့ သူသင္နဲ႔နီးစပ္ေအာင္ႀကိဳးစားေနတာပါ။ သင္နဲ႔တူညီတဲ့အရာ သူ႔ဆီမွာရွိတယ္ဆိုတာ ျပသဖို႔ႀကိဳးစားေနတာပါ။

၇။ အမူအရာေတြသိသိသာသာျဖစ္ေနတာ

စိတ္လႈပ္ရွားတာ၊ စကားထစ္တာ၊ မ်က္လုံးအၾကည့္ စတာေတြကေတာ့ မိန္းကေလးတိုင္း အလြယ္တကူသတိထားမိတဲ့အရာေတြပါပဲ။

Credit:Myanmarload
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode version
သင့်ကိုသဘောကျလားဆိုတာ မေးစရာမလိုပါဘူး၊ သင့်ကိုယ်တိုင်အကဲခတ်လို့ရပါတယ်နော်။
၁။ ဆံပင်ကိုသပ်တာ

ဒီအမူအရာက ယောကျာ်းလေးတိုင်း သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိအောင်လုပ်တတ်ကြတဲ့ အမူအရာပဲ ဖြစ်ပါတယ်။ ဒီလိုပဲ အမျိုးသမီးတွေကလဲ သူတို့သဘောကျတဲ့လူနားရောက်ရင် ဆံပင်ကိုခပ်ဖွဖွလုပ်တာ၊ နောက်ကိုသပ်ပြီးလှန်တဲ့အမူအရာမျိုးလုပ်တတ်ကြပါတယ်။

၂။ လက်ကိုခါးမှာတင်ထားတာ

ဒီနည်းလမ်းကတော့ တစ်ချို့အားကစားလိုက်စားတဲ့ အမျိုးသားတွေ မသိမသာသူတို့ လက်မောင်းအလှကိုပြတဲ့သဘောပဲဖြစ်ပါတယ်။ တစ်ချို့ယောကျာ်းလေးတွေ ထိုင်တဲ့အခါ ခြေကားပြီးထိုင်တာကလဲ သူတို့ယောကျာ်းပီသကြောင်းပြချင်တဲ့ သဘောမှာပါပါတယ်။

၃။ နေရာခပ်ကျယ်ကျယ်ယူဖို့ကြိုးစားထားမယ်

ဒါကတော့ သင့်ကိုတစ်ယောက်တည်းထားချင်တဲ့သဘောမျိုးမဟုတ်ပါဘူး။ သင့်ရဲ့အနားမှာ သူတစ်ယောက်တည်းရှိနေတဲ့သဘောမျိုး၊ သင့်ကိုအကာအကွယ်ပေးချင်တဲ့သဘောမျိုးပါ။

၄။ သင့်ဘက်ကို မျက်နှာမူထားတာ

လူအများကြားထဲမှာတောင် ခန္ဓာကိုယ်အရရော ၊ မျက်နှာပါ သင့်ဘက်ကို ဦးတည်ထားပေးပါလိမ့်မယ်။ ဒါဟာ သူသဘောကျတဲ့လူကို အာရုံထားတဲ့သဘောပါ။

၅။ စကားတွေသိပ်ပြောမယ်

အားပါပါနဲ့ စကားတွေလိုက်ပြီးပြောနေမယ်ဆိုရင် ဒါဟာ သင်သူ့ကိုအထင်ကြီးစေချင်တဲ့သဘောပါ။ လူရှေ့သူရှေ့မှာ သူဟာ ပြောရဲဆိုရဲဖြစ်တဲ့သူဖြစ်ကြောင်း ပြတဲ့သဘောပါ။

၆။ သင့်ခန္ဓာကိုယ်အနေအထားအတိုင်းလိုက်လုပ်တာ

သင်ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ထားရင် သူပါလိုက်ထည့်ထားတာကို တွေ့တယ်ဆိုရင်တော့ သူသင်နဲ့နီးစပ်အောင်ကြိုးစားနေတာပါ။ သင်နဲ့တူညီတဲ့အရာ သူ့ဆီမှာရှိတယ်ဆိုတာ ပြသဖို့ကြိုးစားနေတာပါ။

၇။ အမူအရာတွေသိသိသာသာဖြစ်နေတာ

စိတ်လှုပ်ရှားတာ၊ စကားထစ်တာ၊ မျက်လုံးအကြည့် စတာတွေကတော့ မိန်းကလေးတိုင်း အလွယ်တကူသတိထားမိတဲ့အရာတွေပါပဲ။


Credit:Myanmarload

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top