iMyanmarHouse.com - Best Property Website for Myanmar
×

သခ်ၤာကိန္းဂဏန္းေတြက လူေတြရဲ႕ ဘဝမွာ မျဖစ္မေန ရွိေနၿပီးသားပါ။ ကုိယ္သံုးစြဲလိုက္တဲ့ ေငြေၾကးပမာဏ အခ်ိန္အေရအတြက္ စတာေတြေတာင္ ကိန္းဂဏန္းနဲ႕ကင္းလို႕မရဘူးေလ။ ကုိယ့္ေမြးေန႕ဂဏန္းက ကုိယ့္ကို လႊမ္းမိုးတာေတာ့ မထူးဆန္းပါဘူးေနာ္။

အဲ့ဒီေတာ့ ကိန္းဂဏန္းေလးေတြကေန ကုိယ့္အေၾကာင္းကို ျပန္ေလ့လာၾကည့္ရေအာင္။

မည္သည့္လမွာမဆို

(၁, ၁၀, ၁၉, ၂၈ ) ေမြးသူမ်ားသည္ ၁ဂဏန္းသမား

(၂, ၁၁, ၂၀, ၂၉ ) ေမြးသူမ်ားသည္ ၂ ဂဏန္းသမား

(၃, ၁၂, ၂၁, ၃၀ ) ေမြးသူမ်ားသည္ ၃ဂဏန္းသမား

(၄, ၁၃, ၂၂, ၃၁ ) ေမြးသူမ်ားသည္ ၄ဂဏန္းသမား

(၅, ၁၄, ၂၃) ေမြးသူမ်ားသည္ ၅ဂဏန္းသမား

(၆, ၁၅, ၂၄ ) ေမြးသူမ်ားသည္ ၆ ဂဏန္းသမား

(၇, ၁၆, ၂၅ ) ေမြးသူမ်ားသည္ ၇ဂဏန္းသမား

(၈, ၁၇, ၂၆) ေမြးသူမ်ားသည္ ၈ ဂဏန္းသမား

(၉, ၁၈, ၂၇ ) ေမြးသူမ်ားသည္ ၉ ဂဏန္းသမား

တို႕ျဖစ္ၾကပါတယ္။

၁ ဂဏန္းသမား

ရုပ္ရည္ေခ်ာေမာသူမ်ား ျဖစ္ၾကပါတယ္။ ထူးျခားတာအေနနဲ႕ 1 ဂဏန္းသမားေတြဟာ ကုိယ့္နားရြက္ကို မွန္နဲ႕ျပန္ၾကည့္မွ ျမင္ရသူေတြပါ။ သူတို႕ဘဝမွာ အခက္အခဲေတြ အေႏွာင့္အယွက္ေတြ အမ်ားႀကီးႀကံဳရတတ္ပါတယ္။ (လမ္းသြားေနတုန္း ေသးေပါက္ခ်င္တာမ်ိဳး အိပ္ငိုက္ေနတုန္း ျခင္ကိုက္တာမ်ိဳးေတြ) အရာရာကို ႀကိဳတင္ေတြးေခၚနိုင္စြမ္း ျမင့္မားပါတယ္။အစားစားရင္ေတာင္ တစ္ပြဲမကုန္ခင္ ေနာက္တစ္ပြဲ မွာထားတတ္သူေတြရယ္ပါ။ ပညာေရးမွာေတာ့ စာျမင္တာနဲ႕ အိပ္ခ်င္သူေတြ ျဖစ္ၾကပါတယ္။ ဒါေပမယ့္ စီးပြားေရးမွာ အက်ိဳးေပးတတ္ပါတယ္။ ေက်ာက္ပတ္တီး ခ်ိဳင္းေထာက္ ဝွီးခ်ဲ စသည္တို႕ကို လက္လီလက္ကားေရာင္းပါေလ။

၂ ဂဏန္းသမား

စူးစမ္းေလ့လာအားေကာင္းသူေတြျဖစ္ပါတယ္။ အိမ္သာတက္ရင္ေတာင္ ျခင္ေဆးဘူးက အညႊန္းကို ေသခ်ာလိုက္ဖတ္တတ္တဲ့ လူစားမ်ိဳးေတြပါ။ အျမင္အာရံုေကာင္းသူမ်ားလည္း ျဖစ္ပါတယ္။ အေဖနဲ႕သားေလွ်ာက္လာရင္ သားကို ကြက္ျမင္တတ္သူေတြ ျဖစ္ပါတယ္။ အလွအပကို စိတ္ဝင္စားသလို ဖက္ရွင္အသစ္ေတြလည္း တီထြင္ရတာကို ႏွစ္သက္ၾကပါတယ္။ (ဂုန္နီဝမ္းဆက္ ဖက္ရွင္တို႕ က်န္ေက်ာင္းအိတ္ crop top တို႕) ပညာေရးပိုင္းမွာ အားသာခ်က္ မရွိေပမယ့္လို႕ လူမွဳေရးမွာ ထူးခြ်န္သူေတြျဖစ္ပါတယ္။ ကုိယ့္အိမ္လာတဲ့ အလွဴခံကေတာင္မွ ကုိယ့္ကိုျပန္ၿပီး လွဴသြားေလာက္ေအာင္ အေျပာေကာင္းသူေတြျဖစ္ၾကပါတယ္။

၃ ဂဏန္းသမား

အပ်င္းခ်ည္းပဲ တစ္လိုင္းပါ။ ပ်င္းရမွာေတာင္ ပ်င္းလြန္းလို႕ မပ်င္းခ်င္ေတာ့ဘူးဆိုတဲ့ လူမ်ိဳးပဲျဖစ္ပါတယ္။ ေကာ္ဖီေဖ်ာ္ရမွာပ်င္းရင္ အထုပ္ကိုေဖာက္ အမွဳန္႕ေတြ ဝါးစားၿပီး ေရေႏြးေသာက္လိုက္ၿပီးမွ ခုန္ေနတတ္တဲ့သူေတြပါ။ (ဗိုက္ထဲမွာ ေဖ်ာ္ၿပီးသား ျဖစ္ေရာေလ)

မိသားစုကို တြယ္တာသူမ်ားျဖစ္ပါတယ္။ ကုိယ့္မိသားစုအတြက္ အနစ္နာခံတတ္သူေတြပါ။ အိမ္မွာက်န္တဲ့ စားစရာေတြအကုန္လံုး အနစ္နာခံၿပီး စားေပးတာမ်ိဳးကို အရမ္းဝါသနာပါၾကတယ္။ ပ်င္းေပမယ့္ သူမ်ားထက္ထူးလိုက္ရမွ ဆိုတဲ့ သူမ်ိဳးေတြျဖစ္ပါတယ္။ ျခင္ေထာင္ကို ပက္လက္လွန္ေထာင္အိပ္တတ္တာ 3 ဂဏန္းသမားေတြပါ။

၄ ဂဏန္းသမား

ရည္မွန္းခ်က္ႀကီးသူမ်ား ျဖစ္ပါတယ္။ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္တတ္သူေတြျဖစ္လို႕ အိပ္ခ်ည္းေနတဲ့သူမ်ားလည္း ျဖစ္ပါတယ္။ ရုပ္ရွိေရလွ်ံသူမ်ားျဖစ္ပါတယ္။ ေရလွ်ံလြန္းလို႕ ေမာ္တာလည္း ခဏခဏ ေျပးပိတ္ရတတ္ပါတယ္။ အသံၾကားသနားပါေစ ဆိုတဲ့ေတာင္းဆုနဲ႕ ျပည့္သူေတြလည္း ျဖစ္ပါတယ္။ တရုတ္က လာတဲ့စတီးလင္ဗန္းကို ေက်ာက္ငရုတ္က်ည္ေပြ႕နဲ႕ ထုသကဲ့သို႕ ၾကည္လင္ျပတ္သား စူးရွလွတဲ့ အသံၾသဇာ ပိုင္ဆိုင္သူမ်ားျဖစ္ပါတယ္။

ပညာရပ္ပိုင္းဆိုင္ရာမွာေတာ့ အကူးခ်န္ပီယံျဖစ္ပါတယ္။ မဟာဇနက မ်ိဳးဆက္ေတြမို႕လို႕ စာေမးပြဲတိုင္းမွာ ကြင္းလံုးကြ်တ္ေအာင္မယ့္ ဇာတာရွင္ေတြပါ။

၅ ဂဏန္းသမား

အခ်စ္အတြက္ အသက္ပင္ေသေသဆိုတဲ့ လူစားမ်ိဳးေတြပါ။ ခ်စ္သူကို အရမ္းခ်စ္တဲ့သူေတြျဖစ္ပါတယ္။ အခ်စ္အတြက္ ဖာလူဒါလည္း သံုးခြက္ဆင့္ေသာက္ရဲပါတယ္။ ၾကက္ကင္လည္း ႏွစ္ေကာင္တီးနိုင္ပါတယ္။ ရာဇဝင္ထဲက ခ်စ္သူရဲေကာင္းေတြေလာက္ေတာ့ သနားတယ္ဆိုတဲ့ အထာနဲ႕ပါ။ ေဒါသထြက္ရင္ စိတ္တိုလာတတ္တဲ့ ေမြးနံသမားေတြလည္း ျဖစ္ပါတယ္။ ကုိယ့္ကိုလာေက်ာတာမွန္ရင္ ျခင္ကိုေတာင္ လွ်ပ္စစ္ဘတ္တံနဲ႕ရိုက္ၿပီးမွ မီးရွိဳ႕ပစ္တတ္တဲ့ ေဒါသအိုးမ်ိဳးပါ။ ဘဝမွာ စြန္႕စားရတာကို ဝါသနာပါၾကပါတယ္။ စြန္႕စားလြန္းလို႕ အိမ္မွာေတာင္ ဆြမ္းေတာ္  မကပ္ရဲေလာက္ေအာင္ျဖစ္ေနပါလိမ့္မယ္။

၆ ဂဏန္းသမား

အားလံုးအေပၚေမတၲာထားတဲ့သူေတြပါ။ အမ်ားအက်ိဳးေဆာင္သူမ်ား ျဖစ္ပါတယ္။စာေမးပြဲေျဖရင္ သူမ်ားကိုေျပာျပရင္း ကုိယ္ေျဖဖို႕ အခ်ိန္မမီတာနဲ႕ပဲ ကုိယ့္အက်ိဳးပါ ေျပာင္သြားတတ္ပါတယ္။ သူငယ္ခ်င္းေတြအေပၚမွာ သံေယာဇဥ္ႀကီးမားသူေတြပါ။ ကုိယ့္သူငယ္ခ်င္းကို သူမ်ားထိရင္ မခံပါဘူး။ သူတို႕ဘာသာခံပေလ့ေစဆိုၿပီး ထိုင္ၾကည့္ေနတတ္ပါတယ္။ဘဝရဲ႕ အတက္အက် အနိမ့္အျမင့္ ျမန္လြန္းတဲ့သူေတြပါ။ ဓာတ္ေလွကား ခဏခဏမစီးပါႏွင့္။ စီးပြားေရးအေနနဲ႕ ဗုဒၶဟူးနံ အထူးအက်ိဳးေပးပါတယ္။

ေရနံေခ်း ဝါးလံုး ေရာင္းျခင္း လူကုန္ကူးျခင္းမ်ား ျပဳလုပ္ပါေလ။

၇ ဂဏန္းသမား

ယဥ္ေက်းသိမ္ေမြ႕သူမ်ားပါ။

လူႀကီးမိဘမ်ားက တစ္ခြန္းဆို တစ္ခြန္းပါပဲ။

(ျပန္ေျပာတာ  )

ဘာသာတရားကိုင္းရွိဳင္းပါတယ္။ အခါႀကီးရက္ႀကီးမ်ားမွာလည္း ဘုရားသြား ဝတ္ျပဳတတ္ပါတယ္။ အျပန္မွာ စတုဒီသာလိုက္တိုးတတ္ပါတယ္။

(ကုသုိလ္လည္းရ ဝမ္းလည္းဝေလ  )

ပညာေရးမွာေတာ့ အရမ္းထူးခြ်န္သူေတြျဖစ္ပါတယ္။ စာေမးပြဲနီးရင္ စာမက်က္ဘဲ ဘုရားရွိခိုးေနသူေတြပါ။

(ဘာသာတရားကိုင္းရွိဳင္းတယ္ေလ။ ဒါေၾကာင့္ထူးခြ်န္တာ )

အခ်စ္ေရးမွာေတာ့ ကြ်န္းခံေနပါတယ္။ စီးပြားေရးအကြက္ျမင္သူပီပီ ကြ်န္းေတြကို နိုင္ငံျခားပို႕ဖို႕ ေခ်ာင္းေနသူမ်ားပဲ ျဖစ္ပါတယ္။

၈ ဂဏန္းသမား

စိတ္ဝင္စားမွဳေတြနဲ႕ ျပည့္ႏွက္ေနသူေတြပါ။ အရာရာကို စူးစမ္းလိုစိတ္ရွိပါတယ္။ အတြဲေခ်ာင္းျခင္း ရန္ျဖစ္တဲ့ေနရာမွာ ေဘးက ရပ္ၾကည့္ျခင္းေတြမွာ ဝါသနာထံုပါတယ္။ ကိစၥရပ္တစ္ခုမွာ ေသခ်ာစဥ္းစားၿပီးမွ ဆံုးျဖတ္တတ္ပါတယ္။ အုန္းသီးေၾကြက်ရင္ေတာင္ ေရွာင္ရင္ေကာင္းမလား မေရွာင္ရင္ေကာင္းမလား ေသခ်ာခ်င့္ခ်ိန္တတ္သူရယ္ပါ။ ၈ ဂဏန္းသမား အမ်ိဳးသမီးမ်ားဟာ ဆိုရင္ျဖင့္ ကေလးဆန္တတ္ပါတယ္။ ဆိုးခ်င္တိုင္းလည္း ဆိုးတတ္ၾကပါတယ္။ ႏွဳတ္ခမ္းနီေတြပါ။

ဒါေပမယ့္ တရားဓမၼနဲ႕ ေမြ႕ေလ်ာ္သူမ်ားျဖစ္ပါတယ္။ ဝင္ေလထြက္ေလ မွတ္ရင္း အိပ္တယ္ ငိုက္တယ္ဆိုၿပီး အိပ္မက္ထဲမွာတရားရွာလမ္းစဥ္ကို က်င့္ႀကံေနသူမ်ားပင္ျဖစ္ပါတယ္။

၉ ဂဏန္းသမား

အရာရာမွာ ကံေကာင္းတတ္သူေတြပါ။လမ္းသြားရင္း၂၀၀ တန္ေကာက္ရတတ္ပါတယ္။ေနရာတိုင္းမွာလည္း ဦးေဆာင္တတ္တဲ့ ဗိုလ္ေတြျဖစ္ပါတယ္။ ကေလးဗိုလ္ေတြမ်ားပါတယ္။(ေအ့ေလ နိုင္တာကလည္း ကေလးေတြပဲရွိတာကို ဝုတ္တယ္ )အတတ္ပညာတစ္ခုမွာ တစ္ဖက္ကမ္းထူးခြ်န္တတ္ၾကပါတယ္။ အခ်က္အျပဳတ္ပညာရပ္ကို ေလ့လာသင့္သူေတြပါ။ ၾကက္ဥကို တူးေအာင္ျပဳတ္နည္း ေခါက္ဆြဲျပဳတ္သုတ္ဖုတ္ စတဲ့ အသစ္အဆန္းဟင္းလ်ာေတြကို တီထြင္နိုင္သူေတြျဖစ္ပါတယ္။ ထီေပါက္ကိန္းႀကံဳတတ္ပါတယ္။ ထီထိုးဖို႕ေမ့ေနသူမ်ားလည္းျဖစ္ပါတယ္။

ကံအထူးေကာင္းမြန္ဖို႕ရာ လက္တစ္ဆစ္စာခန္႔ ေက်ာက္စရစ္ခဲ သန္႕သန္႕ေလး ေဆာင္ထားေပးသင့္ပါတယ္။ ေရစိမ္ေသာက္ရင္ ေသးေပါက္ပါတယ္။ အားနဲ႕ပစ္ရင္ ခပ္ေဝးေဝးေရာက္ပါတယ္။

ေပ်ာ္ေအာင္လို႕ စတာေနာ္။ စိတ္မဆိုးရဘူး :v
Credit:For Her Myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သချၤာကိန်းဂဏန်းတွေက လူတွေရဲ့ ဘဝမှာ မဖြစ်မနေ ရှိနေပြီးသားပါ။ ကိုယ်သုံးစွဲလိုက်တဲ့ ငွေကြေးပမာဏ အချိန်အရေအတွက် စတာတွေတောင် ကိန်းဂဏန်းနဲ့ကင်းလို့မရဘူးလေ။ ကိုယ့်မွေးနေ့ဂဏန်းက ကိုယ့်ကို လွှမ်းမိုးတာတော့ မထူးဆန်းပါဘူးနော်။

အဲ့ဒီတော့ ကိန်းဂဏန်းလေးတွေကနေ ကိုယ့်အကြောင်းကို ပြန်လေ့လာကြည့်ရအောင်။

မည်သည့်လမှာမဆို

(၁, ၁၀, ၁၉, ၂၈ ) မွေးသူများသည် ၁ဂဏန်းသမား

(၂, ၁၁, ၂၀, ၂၉ ) မွေးသူများသည် ၂ ဂဏန်းသမား

(၃, ၁၂, ၂၁, ၃၀ ) မွေးသူများသည် ၃ဂဏန်းသမား

(၄, ၁၃, ၂၂, ၃၁ ) မွေးသူများသည် ၄ဂဏန်းသမား

(၅, ၁၄, ၂၃) မွေးသူများသည် ၅ဂဏန်းသမား

(၆, ၁၅, ၂၄ ) မွေးသူများသည် ၆ ဂဏန်းသမား

(၇, ၁၆, ၂၅ ) မွေးသူများသည် ၇ဂဏန်းသမား

(၈, ၁၇, ၂၆) မွေးသူများသည် ၈ ဂဏန်းသမား

(၉, ၁၈, ၂၇ ) မွေးသူများသည် ၉ ဂဏန်းသမား

တို့ဖြစ်ကြပါတယ်။
READ ၂၀၁၇ မှာ ရာသီဖွားတို့ ကံကြမ္မာ


၁ ဂဏန်းသမား

ရုပ်ရည်ချောမောသူများ ဖြစ်ကြပါတယ်။ ထူးခြားတာအနေနဲ့ 1 ဂဏန်းသမားတွေဟာ ကိုယ့်နားရွက်ကို မှန်နဲ့ပြန်ကြည့်မှ မြင်ရသူတွေပါ။ သူတို့ဘဝမှာ အခက်အခဲတွေ အနှောင့်အယှက်တွေ အများကြီးကြုံရတတ်ပါတယ်။ (လမ်းသွားနေတုန်း သေးပေါက်ချင်တာမျိုး အိပ်ငိုက်နေတုန်း ခြင်ကိုက်တာမျိုးတွေ) အရာရာကို ကြိုတင်တွေးခေါ်နိုင်စွမ်း မြင့်မားပါတယ်။အစားစားရင်တောင် တစ်ပွဲမကုန်ခင် နောက်တစ်ပွဲ မှာထားတတ်သူတွေရယ်ပါ။ ပညာရေးမှာတော့ စာမြင်တာနဲ့ အိပ်ချင်သူတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် စီးပွားရေးမှာ အကျိုးပေးတတ်ပါတယ်။ ကျောက်ပတ်တီး ချိုင်းထောက် ဝှီးချဲ စသည်တို့ကို လက်လီလက်ကားရောင်းပါလေ။

၂ ဂဏန်းသမား

စူးစမ်းလေ့လာအားကောင်းသူတွေဖြစ်ပါတယ်။ အိမ်သာတက်ရင်တောင် ခြင်ဆေးဘူးက အညွှန်းကို သေချာလိုက်ဖတ်တတ်တဲ့ လူစားမျိုးတွေပါ။ အမြင်အာရုံကောင်းသူများလည်း ဖြစ်ပါတယ်။ အဖေနဲ့သားလျှောက်လာရင် သားကို ကွက်မြင်တတ်သူတွေ ဖြစ်ပါတယ်။ အလှအပကို စိတ်ဝင်စားသလို ဖက်ရှင်အသစ်တွေလည်း တီထွင်ရတာကို နှစ်သက်ကြပါတယ်။ (ဂုန်နီဝမ်းဆက် ဖက်ရှင်တို့ ကျန်ကျောင်းအိတ် crop top တို့) ပညာရေးပိုင်းမှာ အားသာချက် မရှိပေမယ့်လို့ လူမှုရေးမှာ ထူးချွန်သူတွေဖြစ်ပါတယ်။ ကိုယ့်အိမ်လာတဲ့ အလှူခံကတောင်မှ ကိုယ့်ကိုပြန်ပြီး လှူသွားလောက်အောင် အပြောကောင်းသူတွေဖြစ်ကြပါတယ်။

၃ ဂဏန်းသမား

အပျင်းချည်းပဲ တစ်လိုင်းပါ။ ပျင်းရမှာတောင် ပျင်းလွန်းလို့ မပျင်းချင်တော့ဘူးဆိုတဲ့ လူမျိုးပဲဖြစ်ပါတယ်။ ကော်ဖီဖျော်ရမှာပျင်းရင် အထုပ်ကိုဖောက် အမှုန့်တွေ ဝါးစားပြီး ရေနွေးသောက်လိုက်ပြီးမှ ခုန်နေတတ်တဲ့သူတွေပါ။ (ဗိုက်ထဲမှာ ဖျော်ပြီးသား ဖြစ်ရောလေ)

မိသားစုကို တွယ်တာသူများဖြစ်ပါတယ်။ ကိုယ့်မိသားစုအတွက် အနစ်နာခံတတ်သူတွေပါ။ အိမ်မှာကျန်တဲ့ စားစရာတွေအကုန်လုံး အနစ်နာခံပြီး စားပေးတာမျိုးကို အရမ်းဝါသနာပါကြတယ်။ ပျင်းပေမယ့် သူများထက်ထူးလိုက်ရမှ ဆိုတဲ့ သူမျိုးတွေဖြစ်ပါတယ်။ ခြင်ထောင်ကို ပက်လက်လှန်ထောင်အိပ်တတ်တာ 3 ဂဏန်းသမားတွေပါ။

၄ ဂဏန်းသမား

ရည်မှန်းချက်ကြီးသူများ ဖြစ်ပါတယ်။ အိပ်မက်တွေကို အကောင်အထည်ဖော်တတ်သူတွေဖြစ်လို့ အိပ်ချည်းနေတဲ့သူများလည်း ဖြစ်ပါတယ်။ ရုပ်ရှိရေလျှံသူများဖြစ်ပါတယ်။ ရေလျှံလွန်းလို့ မော်တာလည်း ခဏခဏ ပြေးပိတ်ရတတ်ပါတယ်။ အသံကြားသနားပါစေ ဆိုတဲ့တောင်းဆုနဲ့ ပြည့်သူတွေလည်း ဖြစ်ပါတယ်။ တရုတ်က လာတဲ့စတီးလင်ဗန်းကို ကျောက်ငရုတ်ကျည်ပွေ့နဲ့ ထုသကဲ့သို့ ကြည်လင်ပြတ်သား စူးရှလှတဲ့ အသံသြဇာ ပိုင်ဆိုင်သူများဖြစ်ပါတယ်။

ပညာရပ်ပိုင်းဆိုင်ရာမှာတော့ အကူးချန်ပီယံဖြစ်ပါတယ်။ မဟာဇနက မျိုးဆက်တွေမို့လို့ စာမေးပွဲတိုင်းမှာ ကွင်းလုံးကျွတ်အောင်မယ့် ဇာတာရှင်တွေပါ။

၅ ဂဏန်းသမား

အချစ်အတွက် အသက်ပင်သေသေဆိုတဲ့ လူစားမျိုးတွေပါ။ ချစ်သူကို အရမ်းချစ်တဲ့သူတွေဖြစ်ပါတယ်။ အချစ်အတွက် ဖာလူဒါလည်း သုံးခွက်ဆင့်သောက်ရဲပါတယ်။ ကြက်ကင်လည်း နှစ်ကောင်တီးနိုင်ပါတယ်။ ရာဇဝင်ထဲက ချစ်သူရဲကောင်းတွေလောက်တော့ သနားတယ်ဆိုတဲ့ အထာနဲ့ပါ။ ဒေါသထွက်ရင် စိတ်တိုလာတတ်တဲ့ မွေးနံသမားတွေလည်း ဖြစ်ပါတယ်။ ကိုယ့်ကိုလာကျောတာမှန်ရင် ခြင်ကိုတောင် လျှပ်စစ်ဘတ်တံနဲ့ရိုက်ပြီးမှ မီးရှို့ပစ်တတ်တဲ့ ဒေါသအိုးမျိုးပါ။ ဘဝမှာ စွန့်စားရတာကို ဝါသနာပါကြပါတယ်။ စွန့်စားလွန်းလို့ အိမ်မှာတောင် ဆွမ်းတော်  မကပ်ရဲလောက်အောင်ဖြစ်နေပါလိမ့်မယ်။

၆ ဂဏန်းသမား

အားလုံးအပေါ်မေတ္တာထားတဲ့သူတွေပါ။ အများအကျိုးဆောင်သူများ ဖြစ်ပါတယ်။စာမေးပွဲဖြေရင် သူများကိုပြောပြရင်း ကိုယ်ဖြေဖို့ အချိန်မမီတာနဲ့ပဲ ကိုယ့်အကျိုးပါ ပြောင်သွားတတ်ပါတယ်။ သူငယ်ချင်းတွေအပေါ်မှာ သံယောဇဉ်ကြီးမားသူတွေပါ။ ကိုယ့်သူငယ်ချင်းကို သူများထိရင် မခံပါဘူး။ သူတို့ဘာသာခံပလေ့စေဆိုပြီး ထိုင်ကြည့်နေတတ်ပါတယ်။ဘဝရဲ့ အတက်အကျ အနိမ့်အမြင့် မြန်လွန်းတဲ့သူတွေပါ။ ဓာတ်လှေကား ခဏခဏမစီးပါနှင့်။ စီးပွားရေးအနေနဲ့ ဗုဒ္ဓဟူးနံ အထူးအကျိုးပေးပါတယ်။

ရေနံချေး ဝါးလုံး ရောင်းခြင်း လူကုန်ကူးခြင်းများ ပြုလုပ်ပါလေ။

၇ ဂဏန်းသမား

ယဉ်ကျေးသိမ်မွေ့သူများပါ။

လူကြီးမိဘများက တစ်ခွန်းဆို တစ်ခွန်းပါပဲ။

(ပြန်ပြောတာ  )

ဘာသာတရားကိုင်းရှိုင်းပါတယ်။ အခါကြီးရက်ကြီးများမှာလည်း ဘုရားသွား ဝတ်ပြုတတ်ပါတယ်။ အပြန်မှာ စတုဒီသာလိုက်တိုးတတ်ပါတယ်။

(ကုသိုလ်လည်းရ ဝမ်းလည်းဝလေ  )

ပညာရေးမှာတော့ အရမ်းထူးချွန်သူတွေဖြစ်ပါတယ်။ စာမေးပွဲနီးရင် စာမကျက်ဘဲ ဘုရားရှိခိုးနေသူတွေပါ။

(ဘာသာတရားကိုင်းရှိုင်းတယ်လေ။ ဒါကြောင့်ထူးချွန်တာ )

အချစ်ရေးမှာတော့ ကျွန်းခံနေပါတယ်။ စီးပွားရေးအကွက်မြင်သူပီပီ ကျွန်းတွေကို နိုင်ငံခြားပို့ဖို့ ချောင်းနေသူများပဲ ဖြစ်ပါတယ်။

၈ ဂဏန်းသမား

စိတ်ဝင်စားမှုတွေနဲ့ ပြည့်နှက်နေသူတွေပါ။ အရာရာကို စူးစမ်းလိုစိတ်ရှိပါတယ်။ အတွဲချောင်းခြင်း ရန်ဖြစ်တဲ့နေရာမှာ ဘေးက ရပ်ကြည့်ခြင်းတွေမှာ ဝါသနာထုံပါတယ်။ ကိစ္စရပ်တစ်ခုမှာ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်တတ်ပါတယ်။ အုန်းသီးကြွေကျရင်တောင် ရှောင်ရင်ကောင်းမလား မရှောင်ရင်ကောင်းမလား သေချာချင့်ချိန်တတ်သူရယ်ပါ။ ၈ ဂဏန်းသမား အမျိုးသမီးများဟာ ဆိုရင်ဖြင့် ကလေးဆန်တတ်ပါတယ်။ ဆိုးချင်တိုင်းလည်း ဆိုးတတ်ကြပါတယ်။ နှုတ်ခမ်းနီတွေပါ။

ဒါပေမယ့် တရားဓမ္မနဲ့ မွေ့လျော်သူများဖြစ်ပါတယ်။ ဝင်လေထွက်လေ မှတ်ရင်း အိပ်တယ် ငိုက်တယ်ဆိုပြီး အိပ်မက်ထဲမှာတရားရှာလမ်းစဉ်ကို ကျင့်ကြံနေသူများပင်ဖြစ်ပါတယ်။

၉ ဂဏန်းသမား

အရာရာမှာ ကံကောင်းတတ်သူတွေပါ။လမ်းသွားရင်း၂၀၀ တန်ကောက်ရတတ်ပါတယ်။နေရာတိုင်းမှာလည်း ဦးဆောင်တတ်တဲ့ ဗိုလ်တွေဖြစ်ပါတယ်။ ကလေးဗိုလ်တွေများပါတယ်။(အေ့လေ နိုင်တာကလည်း ကလေးတွေပဲရှိတာကို ဝုတ်တယ် )အတတ်ပညာတစ်ခုမှာ တစ်ဖက်ကမ်းထူးချွန်တတ်ကြပါတယ်။ အချက်အပြုတ်ပညာရပ်ကို လေ့လာသင့်သူတွေပါ။ ကြက်ဥကို တူးအောင်ပြုတ်နည်း ခေါက်ဆွဲပြုတ်သုတ်ဖုတ် စတဲ့ အသစ်အဆန်းဟင်းလျာတွေကို တီထွင်နိုင်သူတွေဖြစ်ပါတယ်။ ထီပေါက်ကိန်းကြုံတတ်ပါတယ်။ ထီထိုးဖို့မေ့နေသူများလည်းဖြစ်ပါတယ်။

ကံအထူးကောင်းမွန်ဖို့ရာ လက်တစ်ဆစ်စာခန့် ကျောက်စရစ်ခဲ သန့်သန့်လေး ဆောင်ထားပေးသင့်ပါတယ်။ ရေစိမ်သောက်ရင် သေးပေါက်ပါတယ်။ အားနဲ့ပစ်ရင် ခပ်ဝေးဝေးရောက်ပါတယ်။

ပျော်အောင်လို့ စတာနော်။ စိတ်မဆိုးရဘူး :v
Credit:For Her Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top