iMyanmarHouse.com - Best Property Website for Myanmar
×
၁။အနီရောင်
၂။နီဝါရောင်
၃။ပန်းရောင်
၎။အသားရောင်
Credit:For Her Myanmar
#UnicodeVersion
နှုတ်ခမ်းလေးတွေနဲ့အပြုံးလှလှလေးတွေ ဖန်တီးလို့ရသလို စကားချိုချိုလေးတွေပြောတာလည်း ဒီနှုတ်ခမ်းပါပဲ။ ဒီတော့ နှုတ်ခမ်းနီက အရေးပါတဲ့ နေရာကပါဝင်တာပေ့ါ။ ယောင်းတို့အပြင်သွားဖို့ မိတ်ကပ်ပြင်ဆင်ပြီးတဲ့အခါ နှုတ်ခမ်းနီ ဘာအရောင်ဆိုးရမှန်းမသိလို့စိတ်ရှုပ်ခဲ့ရတာတွေ ကြုံဖူးတယ်ဟုတ်? ဘာဆိုးရမလဲမသိလို့ကိုယ်ကြိုက်တဲ့ နှုတ်ခမ်းနီအရောင်ကိုပဲ ထပ်တလဲလဲ ဆိုးနေမိတာတွေ ကြုံဖူးမှာပေါ့။ အခု အဲဒီအခက်အခဲတွေကို ဝဲပလိုက်တော့ ယောင်းတို့ရေ.. Hana က ဘယ်နှုတ်ခမ်းနီက ဘယ်လို အသွင်မျိုး ပေါက်စေလဲ ဆိုတာနဲ့ အသားအရောင်နဲ့လိုက်ဖက်တဲ့ နှုတ်ခမ်းနီအရောင်တွေကိုပါ ပြောပြပေးသွားမယ်။ အဓိက ရွေးချယ်လေ့ရှိတဲ့ အရောင်ပေါ်မူတည်ပြီး ပြောသွားပေးပါ့မယ်။
၁။အနီရောင်
အနီရောင်နှုတ်ခမ်းနီက ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်ပေါ်စေတယ် ။ အနီရောင်လေးဆိုးထားရင် ခန့်ညားပြီးကျက်သရေရှိတဲ့အလှမျိုးကို ပေါ်လွင်စေတယ် ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစေချင်တဲ့အခါ အနီရောင်ကိုသာ ရွေးချယ်လိုက်ပါ ။ ု ပေါ်လွင်စေတယ် ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစေချင်တဲ့အခါ အနီရောင်ကိုသာ ရွေးချယ်လိုက်ပါ ။ အနီရောင်နှုတ်ခမ်းနီကို ရွေးချယ်ထားပြီးပြီ ဆိုရင်ေတော့ Eye Make-up ကို သဘာဝဆန်ဆန် ပေါ့ပေါ့ပါးပါးအရောင်လေးတွေပဲ ချယ်ပါ။အသားဖြူတဲ့ယောင်းတွေက သွေးရောင်အနီ ၊ ပန်းရောင်သန်းတဲ့အနီ နဲ့လိမ္မော်နီရောင်တို့ကိုရွေးပါ။ အသားလတ်တဲ့ယောင်းတွေနဲ့ အသားဝင်းဝါတဲ့ယောင်းတွေကတော့ ဝိုင်ရောင်ရင့်ရင့်အနီရောင်လေးကိုရွေးချယ်ပါ။ အသားညိုတဲ့ ယောင်းတွေအတွက်ကတော့ အနီရောင်ရင့်ရင့်တွေနဲ့ လိုက်ဖက်ပါတယ် ။
၂။နီဝါရောင်
နီဝါရောင်နှုတ်ခမ်းနီတွေကတော့ လန်းဆန်းနုပျိုတဲ့ဟန် ပေါ်စေပြီး ဝင်းဝါတဲ့ အာရှအသားအရေတွေနဲ့လိုက်ဖက်မှုရှိပါတယ် ။အနီရောင်နဲ့ ခရမ်းရောင်တို့လို အရောင်ရင့်တွေ မနှစ်သက်တဲ့ယောင်းတွေ နီဝါရောင်လေးကို ရွေးချယ်ပါလို့ အကြံပြုပါရစေ။ Eye Shadow အရောင်တိုင်းနဲ့လိုက်ဖက်ပေမယ့် အပြာ ၊ အစိမ်း ၊ ခရမ်းလေးတွေနဲ့ဆို ပိုလိုက်ဖက်ပါတယ် ။ ပြီးရင် နီဝါရောင်ပါးနီလေး သာချယ်လိုက်ရင် မျက်နှာဝင်းဝင်းလေးနဲ့ ပေါ့ပါးသွက်လက်တဲ့ အလှလေးပိုင်ဆိုင်မှာပါ။
၃။ပန်းရောင်
ပန်းရောင်နှုတ်ခမ်းလေးတွေက ချစ်စရာကောင်းတဲ့ပုံ ၊ ကလေးဆန်ဆန်နဲ့ အပြစ်ကင်းစေတဲ့ ဟန်ပေါ်စေတယ် ။ ပန်းရောင်နှုတ်ခမ်းနီလေးဆိုးမယ်ဆိုရင် Eye Make-up ကို အလက်လေးတွေပါတာမျိုးနဲ့ ချယ်ပါ။ ရွှေရောင်လေး သုံးလည်းရပါတယ် ။ ပန်းရောင်ကတော့ အသားအရောင်မရွေး လိုက်ဖက်တယ်ဆိုပေမယ့် အရမ်းတောက်တောက် ပန်းရောင်မျိုးကတော့ အသားအရမ်းညိုတဲ့သူတွေနဲ့တော့ သိပ်မလိုက်ဖက်ပါဘူး။
၄။အသားရောင်
အသားရောင် နှုတ်ခမ်းနီတွေက တည်တည်ငြိမ်ငြိမ်နဲ့ကျက်သရေရှိတဲ့ ဟန်ပေါ်စေတယ် ။ အထူးသဖြင့် ရုံးမိတ်ကပ်တွေနဲ့ ဆို ပိုအဆင်ပြေတယ် ။ဒီနှုတ်ခမ်းနီအရောင်ကို ရွေးချယ်ထားတယ်ဆိုရင် မျက်လုံးကို အညို ၊ အနက်ရောင်လိုမျိုး မှောင်တဲ့အရောင်မျိုးခြယ်ပါ။ Smoky Eye နဲ့ဆိုပိုပြီး ဆွဲဆောင်မှုရှိပါတယ် ။ အသားရောင်နှုတ်ခမ်းနီရဲ့အားသာချက်ကတော့ မိတ်ကပ်ပြင်ဆင်ထားမှုကို ပိုပြီးပေါ်လွင်ထင်ရှားစေတာပဲ။ ဘယ်အသားအရောင် ဖြစ်ပါစေ..ကိုယ့်အသားရောင်နဲ့ ကွက်တိကျတဲ့ nude အရောင်လေးက အလိုက်ဖက်ဆုံးပါပဲ။ Nude က အသားညိုတဲ့သူ ပိုလိုက်ဖက်ပါတယ်။
ဒါဆို ယောင်းတို့ဒီဟာလေးဖတ်ပြီး ကိုယ်နဲ့လိုက်ဖက်တဲ့နှုတ်ခမ်းနီအရောင်ကို ရွေးချယ်နိုင်ကြဖို့မျှော်လင့်ပါတယ် ။
Credit:For Her Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top