iMyanmarHouse.com - Best Property Website for Myanmar
×
ပြောင်းပြောပါ။
Credit:love shop
ပို့သပေးပါတယ်။
#Unicode version
၁။ မင်းသဘောအတိုင်းပဲလေ... မင်းကြိုက်တာလုပ်ပါ...။
- အခုလို စကားကို ပြီးပြီးရောပြောမယ့်အစား
(အချစ်ရေ ကိုယ်တို့နှစ်ယောက် ဒီကိစ္စကို အတူတိုင်ပင်ပြီး လုပ်ကြရအောင်...) လို့ ပြောသင့်ပါတယ်။
၂။ မင်းနဲ့ စကားဆက် မပြောချင်တော့ဘူး။
- စိတ်ဆိုးနေတဲ့ အချိန်မှာတောင် ဒီလိုမပြောသင့်ပါဘူး။ အဲ့လိုပြောမယ့်အစား
(ဒီကိစ္စကို နောက်မှ ဆွေးနွေးကြရအောင်...) လို့ ပြောသင့်ပါတယ်။
၃။ မင်းနဲ့တော့ မလွယ်ပါဘူးကွာ။
- ချစ်သူအပေါ် စိတ်တိုင်းမကျရင် ဒီလိုမပြောသင့်ပါဘူး။ အဲ့လိုပြောမယ့်အစား
(မင်းအခုလို လုပ်နေတာတွေက ကိုယ့်ကို နာကျင်စေတယ်...) လို့
ပြောင်းပြောပါ။
၄။ အိမ်သန့်ရှင်းရေးလဲ ဘာမှမလုပ်ထားဘူး။
- လက်ထပ်ပြီးသား စုံတွဲတွေဆို ဒီစကားကို ရှောင်သင့်ပါတယ်။ အခုလို အပြစ်တင်မယ့် အစား သန့်ရှင်းရေး အတူလုပ်လိုက်ပါ။ ပြီးရင်
(မင်း ကူညီနေလို့ အိမ်အလုပ်တွေ အဆင်ပြေနေတာ...) လို့ ပြောလိုက်ပါ။
၅။ မင်းက ငါနာကျင်အောင် တမင်လုပ်တာမလား။
- သင့်ချစ်သူက အမှားတစ်ခုလုပ်မိသွားရင် ဒီလို မပြောသင့်ပါဘူး။
(ဒါမတော်တဆ ဖြစ်သွားတာပါ။ ကိုယ်နာကျင်အောင် တမင်လုပ်တာမှ မဟုတ်တာ။ ကိစ္စမရှိပါဘူး...) လို့ ပြောပေးပါ။
၆။ အစားမလျှော့ဘဲ ဝိတ်ကျချင်မနေနဲ့။
- ဝိတ်ချဖို့ ကြိုးစားနေတဲ့ ချစ်သူကို ဒီလို မပြောသင့်ပါဘူး။ အဲ့လိုပြောမယ့်အစား
( ဝိတ်ကျဖို့ဆိုတာမလွယ်ဘူး... ဒါပေမယ့် မင်း ဝိတ်ကျအောင် ကြိုးစားနိုင်တယ်ဆိုတာ ကိုယ်ယုံကြည်တယ်...) လို့ နှစ်သိမ့်ပြောဆိုသင့်ပါတယ်။
၇။ အဲ့လိုဖြစ်မယ်လို့ ငါသတိပေးခဲ့သားပဲ။
- ဒီလို အပြစ်တင်တဲ့ စကားတွေ မပြောသင့်ပါဘူး။ အဲ့လိုပြောမယ့်အစား
(နောက်တစ်ခါ ဒီထက်ပိုအဆင်ပြေအောင် ကိုယ်တို့ ကြိုးစားကြတာပေါ့...) လို့ ပြောပေးသင့်ပါတယ်။
၈။ ပစ္စည်းပျောက်ပြန်ပြီလား။ ဘယ်တော့မှ စည်းကမ်းမရှိဘူး။
- ပစ္စည်းတစ်ခု ပျောက်သွားရင် အပြစ်မတင်ဘဲ အခုလိုလေး ပြောပေးပါ။
(ဘယ်နေရာမှာ အထားမှားတယ်ဆိုတာ ကိုယ်တို့နှစ်ယောက် သေချာ စဉ်းစားကြည့်ရအောင်...)
၉။ မင်းကို ငါမလို့ သည်းခံနိုင်တာ။
- ဒီစကားက အပြောခံရတဲ့သူအတွက် အရမ်းဆိုးပါတယ်။ အခုလိုပြောမယ့်အစား
( မင်းက ကိုယ့်အတွက် အကောင်းဆုံးချစ်သူတစ်ယောက်ပါပဲ...) လို့ ပြောပေးသင့်ပါတယ်။
Credit:love shop
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top