iMyanmarHouse.com - Best Property Website for Myanmar
×

မိတ္ကပ္ဘယ္ေလာက္ပဲလူးလူး အခ်ိန္တန္ရင္ ဖ်က္ပစ္ရတာပါပဲ။ မိတ္ကပ္မဖ်က္ဘဲ ညအိပ္မိရင္ အသားအေရကို ဆိုးဆိုးရြားရြား ပ်က္စီးေစမွာေနာ္။ အဆီျပန္လာမယ္၊ ဝက္ျခံေတြထြက္လာမယ္။ ဒီ့ထက္မက ပိုဆိုးႏိုင္တာေတြလည္း ရွိတာမို႔ လိမ္းထားတဲ့မိတ္ကပ္ေတြကို ေသေသခ်ာခ်ာနဲဲ႔ ဖ်က္ပစ္ဖုိ႔ လိုပါတယ္။

ပထမအဆင့္အေနနဲ႔ မိတ္ကပ္ေတြကို တစ္႐ႈးအစို သို႔မဟုတ္ မိတ္ကပ္ဖ်က္တစ္ရႈးနဲ႔ ပြတ္ၿပီးဖ်က္ေပးရပါမယ္။ ဒါက အသားအေရမပ်က္စီးေစပါဘူး။ ေစ်းကြက္မွာ တံဆိပ္အမ်ိဳးမ်ိဳး ပံုစံအမ်ိဳးမ်ိဳးနဲ႔ ရႏိုင္ပါတယ္။

ေနာက္တစ္ခုကေတာ့ သီးသန္႔ထုတ္ထားတဲ့ မိတ္ကပ္ဖ်က္ေဆးေတြပါ။ ဥပမာအားျဖင့္ မ်က္လံုးတစ္ဝုိက္မွာ လိမ္းျခယ္ထားတာေတြအတြက္က မတူညီတဲ့ မိတ္ကပ္ဖ်က္ေဆးကို သံုးသင့္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ မ်က္ဝန္းတစ္ဝိုက္ အသားအေရက အရမ္းကိုႏုနယ္ၿပီး အေရးအေၾကာင္းထင္လြယ္လို႔ပါပဲ။ ေတာ္ေတာ္နဲ႔မပ်က္တဲ့ ႏႈတ္ခမ္းနီေတြကိုေတာ့ သံလြင္ဆီ ဒါမွမဟုတ္ vaseline ေလးကို တစ္ရႈးမွာသုတ္ၿပီး ဖ်က္မယ္ဆိုရင္ အသာအယာပ်က္သြားပါလိမ့္မယ္။

မ်က္ႏွာျပန္သစ္ဖုိ႔ လိုသလား? ဒါကေတာ့ သင့္ရဲ႕စိတ္အေပၚမွာပဲ မူတည္ပါတယ္။ လိုအပ္တယ္ဆုိမွသာ ျပန္ၿပီး မ်က္ႏွာသစ္ရပါလိမ့္မယ္။ မိတ္ကပ္ဖ်က္ေဆးနဲ႔ မိတ္ကပ္ဖ်က္တစ္ရႈးအစို အမ်ားစုဟာ မိတ္ကပ္ေတြကို ဖယ္ရွားေပးရံုသာမက အသားအေရ စိုေျပေစတဲ့အရာေတြလည္း ထည့္ထားၿပီးသား ျဖစ္လို႔ပါပဲ။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
မိတ်ကပ်ဘယ်လောက်ပဲလူးလူး အချိန်တန်ရင် ဖျက်ပစ်ရတာပါပဲ။ မိတ်ကပ်မဖျက်ဘဲ ညအိပ်မိရင် အသားအရေကို ဆိုးဆိုးရွားရွား ပျက်စီးစေမှာနော်။ အဆီပြန်လာမယ်၊ ဝက်ခြံတွေထွက်လာမယ်။ ဒီ့ထက်မက ပိုဆိုးနိုင်တာတွေလည်း ရှိတာမို့ လိမ်းထားတဲ့မိတ်ကပ်တွေကို သေသေချာချာနဲ့ ဖျက်ပစ်ဖို့ လိုပါတယ်။

ပထမအဆင့်အနေနဲ့ မိတ်ကပ်တွေကို တစ်ရှုးအစို သို့မဟုတ် မိတ်ကပ်ဖျက်တစ်ရှုးနဲ့ ပွတ်ပြီးဖျက်ပေးရပါမယ်။ ဒါက အသားအရေမပျက်စီးစေပါဘူး။ ဈေးကွက်မှာ တံဆိပ်အမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ ရနိုင်ပါတယ်။

နောက်တစ်ခုကတော့ သီးသန့်ထုတ်ထားတဲ့ မိတ်ကပ်ဖျက်ဆေးတွေပါ။ ဥပမာအားဖြင့် မျက်လုံးတစ်ဝိုက်မှာ လိမ်းခြယ်ထားတာတွေအတွက်က မတူညီတဲ့ မိတ်ကပ်ဖျက်ဆေးကို သုံးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မျက်ဝန်းတစ်ဝိုက် အသားအရေက အရမ်းကိုနုနယ်ပြီး အရေးအကြောင်းထင်လွယ်လို့ပါပဲ။ တော်တော်နဲ့မပျက်တဲ့ နှုတ်ခမ်းနီတွေကိုတော့ သံလွင်ဆီ ဒါမှမဟုတ် vaseline လေးကို တစ်ရှုးမှာသုတ်ပြီး ဖျက်မယ်ဆိုရင် အသာအယာပျက်သွားပါလိမ့်မယ်။

မျက်နှာပြန်သစ်ဖို့ လိုသလား? ဒါကတော့ သင့်ရဲ့စိတ်အပေါ်မှာပဲ မူတည်ပါတယ်။ လိုအပ်တယ်ဆိုမှသာ ပြန်ပြီး မျက်နှာသစ်ရပါလိမ့်မယ်။ မိတ်ကပ်ဖျက်ဆေးနဲ့ မိတ်ကပ်ဖျက်တစ်ရှုးအစို အများစုဟာ မိတ်ကပ်တွေကို ဖယ်ရှားပေးရုံသာမက အသားအရေ စိုပြေစေတဲ့အရာတွေလည်း ထည့်ထားပြီးသား ဖြစ်လို့ပါပဲ။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top