iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္ေရးဆုိတာ ေတာ္ေတာ္ရႈပ္ေထြးတဲ့ ကိစၥရပ္တစ္ခု ျဖစ္ပါတယ္။ေယာကၤ်ားေလးတစ္ေယာက္ကုိ ရုပ္ေခ်ာတာေၾကာင့္ပဲ မေရြးခ်ယ္သင့္သလုိသင္ဟာ ၾကာရွည္တည္တံ့မဲ့ Relationship တစ္ခု တည္ေဆာက္ဖုိ႕စဥ္းစားေနတယ္ဆုိရင္ ေယာကၤ်ားေလးတစ္ေယာက္ကုိ အေပၚယံတင္မၾကည့္သင့္ေတာ့ပါဘူး။ဒါေၾကာင့္ အခုဒီမွာေတာ့ ေယဘုယ်အားျဖင့္ ေကာင္းမြန္သင့္ေတာ္တဲ့ ေယာကၤ်ားတစ္ေယာက္မွာ ရွိၾကတဲ့ လကၡဏာရပ္ေတြကုိ ေဖာ္ျပလုိက္ပါတယ္။

၁။ သစၥာရွိျခင္း၊

ဒါကေတာ့ သိသာတဲ့ အရည္အခ်င္းတစ္ခု ျဖစ္ျပီး ဘယ္မိန္ကေလးကမွ ကုိယ့္ကုိလွည့္စားတတ္တဲ့ ေယာကၤ်ားေလးမ်ဳိးနဲ႕ လက္တြဲခ်င္မွာ မဟုတ္ပါဘူး။ဒါေပမဲ့ တစ္ခါတစ္ရံမွာ ဒီေယာကၤ်ာေလးတစ္ေယာက္ဟာ နာမည္ဆုိးထြက္ေန တာကုိ သင္သိေနရက္နဲ႕ ထုိေယာကၤ်ားေလးရဲ႕ အျပဳံးေတြ၊အေျပာေတြ ေအာက္ေမ်ာပါသြားတတ္ပါတယ္။ဒါေၾကာင့္ သင္က ေရရွည္တည္တံ့မဲ့ Relationship တစ္ခုကုိ တည္ေဆာက္ခ်င္တယ္ဆုိရင္ေတာ့ သစၥာရွိတဲ့ ေယာကၤ်ားေလးမ်ဳိးကုိ ရွာဖိုလုိအပ္ပါလိမ့္မယ္။

၂။ ရုိးသားျခင္း။

Relationship တစ္ခုမွာ ရိုးသားမႈရွိျခင္းကလည္း အေရးၾကီးဆုံးအရာေတြထဲက တစ္ခုပါပဲ။သူဘာေတြမွားခဲ့တဲ့၊ဘယ္လုိခံစားေနရတာလဲဆုိတာကုိ ပြင့္ပြင့္လင္းလင္းရုိးရုိးသားသားေျပာတတ္တဲ့ ေယာကၤ်ားေလးတစ္ေယာက္နဲ႕ဆုိ သင့္အေနနဲ႕ပြင့္လင္းတဲ့ ဆက္ဆံေရးတစ္ရပ္ကိုတည္ေဆာက္ထားႏိုင္ျပီး Relationship တစ္ခုကုိ တည္တံ့ေစမွာ ျဖစ္ပါတယ္။

၃။ ၾကဳိးစားတဲ့သူ။

သင္ကိုခ်စ္တတ္ေပမဲ့ ငပ်င္းတစ္ေယာက္နဲ႕ေတြ႕တဲ့အခါမွာ ဘာမွ သုံးစားလို႕ရမွာ မဟုတ္ပါဘူး။ဒါေၾကာင့္ အိမ္ေထာင္ေရးတစ္ခုထူေထာင္ရာမွာ ၾကဳိးစားတတ္တဲ့ ေယာကၤ်ားေလးတစ္ေယာက္ျဖစ္ဖုိ႕ကလည္း အေရးၾကီးလွပါတယ္။အနာဂါတ္မွာ သင္ခ်စ္ျမတ္ႏုိးတဲ့ ေယာကၤ်ားနဲ႕ သင္လက္ထပ္လုိက္ျပီး သင္က ရွာေကၽြးရမဲ့ ေယာကၤ်ားမ်ဳိး သင္လုိခ်င္မွာ မဟုတ္တာေတာ့ေသခ်ာပါတယ္။ဒါေၾကာင့္ အလုပ္လည္းၾကဳိိးစားျပီး ဘ၀အတြက္ရည္မွန္းခ်က္ရွိတဲ့ ေယာကၤ်ားမ်ဳိးျဖစ္ဖုိ႕အေရးၾကီးပါတယ္။

၄။ သင့္ကုိ ေကာင္းမြန္စြာဆက္ဆံတတ္ျခင္း။

ဘယ္ေလာက္ ခန္႕ညာခန္႕ညား၊ဘယ္ေလာက္ႏွစ္လုိဖြယ္ေကာင္းေကာင္း၊သင့္ကုိ ဘယ္ေလာက္ပဲ လက္ေဆာင္ေတြ ၀ယ္ေပး၀ယ္ေပး သင့္ကုိေကာင္းမြန္စြာ မဆက္ဆံရင္ေတာ့ အလကားပါပဲ။သင့္ရဲ႕ လက္တြဲေဖာ္ေယာကၤ်ား က သင္နဲ႕ရွိေနရလုိ႕ ေပ်ာ္ရႊင္ေနတဲ့ ေယာကၤ်ားေလးတစ္ေယာက္ျဖစ္ဖုိ႕လုိအပ္ျပီး သင့္ကုိ မင္းသမီးတစ္ပါးလိုဆက္ဆံတတ္ဖုိ႕လည္း လုိအပ္ပါတယ္။

၅။ ရင့္က်က္ျခင္း။

ဘယ္လုိဟာသေတြလုပ္ရမယ္၊ဘယ္လုိေပ်ာ္ရႊင္ေစရန္ စကားေျပာရမယ္ဆုိတာေတာင္မသိေတာ့တဲ့အထိ အရင့္လြန္စရာေတာ့ မလုိအပ္ပါဘူး။ရင့္က်က္တယ္ဆုိတာ Relationship တစ္ခုကုိ ဘယ္လုိကုိင္တြယ္ရမလဲဆုိတာကိုသိေနဖုိ႕ လုိ္အပ္တဲ့ ရင့္က်က္ျခင္းျဖစ္ပါတယ္။သင္နဲ႕ ရုပ္ရွင္ၾကည့္ဖို႕ေလာက္ပဲ သိတဲ့ မရင့္က်က္တဲ့ ပုံစံမဟုတ္ဘဲ အနာဂါတ္အတြက္ စဥ္စားတတ္ေလာက္ေအာင္ရင့္က်က္ဖုိ႕ေတာ့လိုိအပ္ပါလိမ့္မယ္။

Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode version
အချစ်ရေးဆိုတာ တော်တော်ရှုပ်ထွေးတဲ့ ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။ယောင်္ကျားလေးတစ်ယောက်ကို ရုပ်ချောတာကြောင့်ပဲ မရွေးချယ်သင့်သလိုသင်ဟာ ကြာရှည်တည်တံ့မဲ့ Relationship တစ်ခု တည်ဆောက်ဖို့စဉ်းစားနေတယ်ဆိုရင် ယောင်္ကျားလေးတစ်ယောက်ကို အပေါ်ယံတင်မကြည့်သင့်တော့ပါဘူး။ဒါကြောင့် အခုဒီမှာတော့ ယေဘုယျအားဖြင့် ကောင်းမွန်သင့်တော်တဲ့ ယောင်္ကျားတစ်ယောက်မှာ ရှိကြတဲ့ လက္ခဏာရပ်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ သစ္စာရှိခြင်း၊

ဒါကတော့ သိသာတဲ့ အရည်အချင်းတစ်ခု ဖြစ်ပြီး ဘယ်မိန်ကလေးကမှ ကိုယ့်ကိုလှည့်စားတတ်တဲ့ ယောင်္ကျားလေးမျိုးနဲ့ လက်တွဲချင်မှာ မဟုတ်ပါဘူး။ဒါပေမဲ့ တစ်ခါတစ်ရံမှာ ဒီယောင်္ကျာလေးတစ်ယောက်ဟာ နာမည်ဆိုးထွက်နေ တာကို သင်သိနေရက်နဲ့ ထိုယောင်္ကျားလေးရဲ့ အပြုံးတွေ၊အပြောတွေ အောက်မျောပါသွားတတ်ပါတယ်။ဒါကြောင့် သင်က ရေရှည်တည်တံ့မဲ့ Relationship တစ်ခုကို တည်ဆောက်ချင်တယ်ဆိုရင်တော့ သစ္စာရှိတဲ့ ယောင်္ကျားလေးမျိုးကို ရှာဖိုလိုအပ်ပါလိမ့်မယ်။

၂။ ရိုးသားခြင်း။

Relationship တစ်ခုမှာ ရိုးသားမှုရှိခြင်းကလည်း အရေးကြီးဆုံးအရာတွေထဲက တစ်ခုပါပဲ။သူဘာတွေမှားခဲ့တဲ့၊ဘယ်လိုခံစားနေရတာလဲဆိုတာကို ပွင့်ပွင့်လင်းလင်းရိုးရိုးသားသားပြောတတ်တဲ့ ယောင်္ကျားလေးတစ်ယောက်နဲ့ဆို သင့်အနေနဲ့ပွင့်လင်းတဲ့ ဆက်ဆံရေးတစ်ရပ်ကိုတည်ဆောက်ထားနိုင်ပြီး Relationship တစ်ခုကို တည်တံ့စေမှာ ဖြစ်ပါတယ်။

၃။ ကြိုးစားတဲ့သူ။

သင်ကိုချစ်တတ်ပေမဲ့ ငပျင်းတစ်ယောက်နဲ့တွေ့တဲ့အခါမှာ ဘာမှ သုံးစားလို့ရမှာ မဟုတ်ပါဘူး။ဒါကြောင့် အိမ်ထောင်ရေးတစ်ခုထူထောင်ရာမှာ ကြိုးစားတတ်တဲ့ ယောင်္ကျားလေးတစ်ယောက်ဖြစ်ဖို့ကလည်း အရေးကြီးလှပါတယ်။အနာဂါတ်မှာ သင်ချစ်မြတ်နိုးတဲ့ ယောင်္ကျားနဲ့ သင်လက်ထပ်လိုက်ပြီး သင်က ရှာကျွေးရမဲ့ ယောင်္ကျားမျိုး သင်လိုချင်မှာ မဟုတ်တာတော့သေချာပါတယ်။ဒါကြောင့် အလုပ်လည်းကြိိုးစားပြီး ဘဝအတွက်ရည်မှန်းချက်ရှိတဲ့ ယောင်္ကျားမျိုးဖြစ်ဖို့အရေးကြီးပါတယ်။

၄။ သင့်ကို ကောင်းမွန်စွာဆက်ဆံတတ်ခြင်း။

ဘယ်လောက် ခန့်ညာခန့်ညား၊ဘယ်လောက်နှစ်လိုဖွယ်ကောင်းကောင်း၊သင့်ကို ဘယ်လောက်ပဲ လက်ဆောင်တွေ ဝယ်ပေးဝယ်ပေး သင့်ကိုကောင်းမွန်စွာ မဆက်ဆံရင်တော့ အလကားပါပဲ။သင့်ရဲ့ လက်တွဲဖော်ယောင်္ကျား က သင်နဲ့ရှိနေရလို့ ပျော်ရွှင်နေတဲ့ ယောင်္ကျားလေးတစ်ယောက်ဖြစ်ဖို့လိုအပ်ပြီး သင့်ကို မင်းသမီးတစ်ပါးလိုဆက်ဆံတတ်ဖို့လည်း လိုအပ်ပါတယ်။

၅။ ရင့်ကျက်ခြင်း။

ဘယ်လိုဟာသတွေလုပ်ရမယ်၊ဘယ်လိုပျော်ရွှင်စေရန် စကားပြောရမယ်ဆိုတာတောင်မသိတော့တဲ့အထိ အရင့်လွန်စရာတော့ မလိုအပ်ပါဘူး။ရင့်ကျက်တယ်ဆိုတာ Relationship တစ်ခုကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကိုသိနေဖို့ လိုအပ်တဲ့ ရင့်ကျက်ခြင်းဖြစ်ပါတယ်။သင်နဲ့ ရုပ်ရှင်ကြည့်ဖို့လောက်ပဲ သိတဲ့ မရင့်ကျက်တဲ့ ပုံစံမဟုတ်ဘဲ အနာဂါတ်အတွက် စဉ်စားတတ်လောက်အောင်ရင့်ကျက်ဖို့တော့လိုအပ်ပါလိမ့်မယ်။

Credit:Shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top