iMyanmarHouse.com - Best Property Website for Myanmar
×

ေႏြရာသီကို ေရာက္ရွိလာခ်ိန္မွာ အပူခ်ိန္ျမင့္မားမႈနဲ႔ အတူ က်န္းမာေရးအႏၲရာယ္တခ်ိဳ႕ ဒြန္တြဲပါလာတတ္ပါတယ္။ ရာသီဥတုပူျပင္းမႈေၾကာင့္ ျဖစ္တတ္တဲ့ အႏၲရာယ္ေတြကေတာ့ ေရဓာတ္ခန္းေျခာက္တာ၊ အေရျပား ေနေလာင္တာ၊ ကိုယ္ခႏၶာအပူခ်ိန္တက္ၿပီး ေခၽြးမထြက္ဘဲ သတိလစ္ေမ့ေျမာမႈ (Heat Stroke) တို႔ျဖစ္ၾကပါတယ္။

ေရႏွင့္ ဆားဓာတ္ခန္းေျခာက္ျခင္း

ဒါက ခႏၶာကိုယ္မွ ေရဓာတ္ဆံုး႐ံႈးမႈကို ျဖစ္ေစၿပီး ေရနဲ႔အတူ ပိုတက္စီယမ္၊ ဆိုဒီယမ္စတဲ့ ေသြးတြင္းအေရးပါတဲ့ ဓာတ္ဆားေတြလည္း ဆံုး႐ံႈးရတတ္ပါတယ္။ ဒီဓာတ္ဆားေတြက ေက်ာက္ကပ္၊ ဦးေႏွာက္နဲ႔ ႏွလံုးတို႔လိုု အဂၤ ါအစိတ္အပိုင္း ေတြရဲ႕ လုပ္ငန္းေဆာင္တာအတြက္ အေရးပါပါတယ္။ ေရနဲ႔ဓာတ္ဆားေတြ ဆံုး႐ံႈးမႈေၾကာင့္ ခႏၶာကိုယ္ဟာ သတိလစ္တာ၊ ထိုင္းမိႈင္းေလးလံတာ၊ အသက္႐ွဴရခက္ခဲတာနဲ႔ ႏွလံုးခုန္ႏႈန္းမမွန္တာစတဲ့ ေဝဒနာေတြကို ျဖစ္ေစႏိုင္ပါတယ္။ ဆီးသြားတာနဲ႔ ေခၽြးထြက္တာေၾကာင့္ အရည္ဓာတ္ဆံုး႐ံႈးမႈကို ျဖစ္ေစႏိုင္ပါတယ္။

အေရျပားေနေလာင္ျခင္း

ေႏြရာသီမွာ ျပင္းထန္တဲ့ ခရမ္းလြန္ေရာင္ျခည္ေၾကာင့္ အေရျပားထိခိုက္တဲ့ လကၡဏာ ျပသတတ္ပါတယ္။ ဒီလိုခရမ္းလြန္ေရာင္ျခည္ဒဏ္ေၾကာင့္ အေရျပားနာက်င္႐ံုသာမက အိုမင္းတဲ့ ျဖစ္စဥ္ကို ျမန္ေစၿပီး အေရျပားကင္ဆာလို အႏၲရာယ္ရွိတဲ့ ေရာဂါေတြရဲ႕ျဖစ္နႈန္းကို ျမင့္တက္ေစပါတယ္။

ကို္ယ္ခႏၶာအပူခ်ိန္တက္ၿပီး ေခၽြးမထြက္ဘဲ သတိလစ္ေမ့ေျမာမႈ (Heat Stroke)

ကိုယ္ခႏၶာအပူခ်ိန္တက္ၿပီး (Heat Stroke) ျဖစ္ရင္ အႏၲရာယ္ရွိပါတယ္။ အေၾကာင္းကေတာ့ ဒီလိုျဖစ္ရင္ လကၡဏာေတြက အခ်ိန္တိုအတြင္း ျမန္ျမန္ဆန္ဆန္ေပၚၿပီး သတိလစ္ေမ့ေျမာသြားႏိုင္လို႔ပါ။

လကၡာဏာမ်ား

သင့္ပတ္ဝန္းက်င္ အပူခ်ိန္ေၾကာင့္ ခႏၶာကိုယ္မွာ ထိခိုက္မႈျဖစ္ေစႏိုင္ပါတယ္။ အပူခ်ိန္ 20 ံ C (68F) မွာႏွလံုးခုႏႈန္းက ပံုမွန္ျဖစ္ကာ သက္ေတာင့္သက္သာ ရွိေနပါလိ္မ့္မယ္။ အပူခ်ိန္ 25 ံ C (77F) မွာ ေခၽြးအသင့္အတင့္ ထြက္ပါလိမ့္မယ္။ အပူခ်ိန္ 30 ံ C (86F)မွာ ေခၽြးအသင့္အတင့္ ထြက္ၿပီး အာ႐ံုစူးစိုက္မႈ ထိခိုက္ပါလိမ့္မယ္။ အပူခ်ိန္ 38-41 ံ C (104F) မွာ ေခၽြးအလြန္အမင္းထြက္ၿပီး ႏွလံုးခုန္ႏႈန္းျမန္ကာ ေမာပန္းတာနဲ႔ ပ်ိုဳ႕အန္ခ်င္တာေတြျဖစ္တတ္ပါတယ္။ အပူခ်ိန္ 45 ံ C (113F) မွာ ကိုယ္ခႏၶာအပူခ်ိန္တက္ၿပီး ေခၽြးမထြက္ဘဲ သတိလစ္ေမ့ေျမာမႈ (Heat Stroke) ျဖစ္တတ္ပါတယ္။ အဲဒီအခ်ိန္မွာ အေရျပားပူျပင္း ေျခာက္ေသြ႕ကာ ကိုယ္တြင္းအဂၤ ါေတြေတာင္ ထိခိုက္ၿပီး အသက္အႏၲရာယ္ ျဖစ္ႏိုင္ပါတယ္။

ကုသမႈႏွင့္ ကာကြယ္မႈ

အရည္မ်ားမ်ားေသာက္ပါ

ခႏၶာကိုယ္ဟာ ပံုမွန္ထက္ အရည္မ်ားမ်ားဆံုး႐ံႈးတယ္ဆိုရင္ အေကာင္းဆံုးက ေရမ်ားမ်ားေသာက္ကာ အရည္ဓာတ္ျပန္လည္ အစားထိုးသင့္ပါတယ္။ ပ်မ္းမွ်အားျဖင့္ ကိုယ္အေလးခ်ိန္ ၁၂၈ ေပါင္ရွိတဲ့ လူတစ္ေယာက္က တစ္ေန႔မွာ ေရရွစ္ဖန္ခြက္ ေသာက္ေပးဖို႔လုိပါတယ္။ အလြန္ပူျပင္းတဲ့ ရာသီဥတုမွာ ေရကို မ်ားမ်ားေသာက္ေပးသင့္ပါတယ္။

အရည္ဆိုတဲ့ေနရာမွာ အရက္ကိုလံုးဝမေသာက္သင့္ပါဘူး။ အယ္လ္ကိုေဟာက ခႏၶာကိုယ္ကို ေရဓာတ္ခမ္းေျခာက္မႈ ပိုျဖစ္ေစလို႔ပါ။ သစ္သီးေဖ်ာ္ရည္၊ ဓာတ္ဆားရည္စတဲ့ အရည္ေတြကိုေတာ့ ေသာက္ႏုိင္ပါတယ္။

အစားအေသာက္ကို ဆန္းစစ္ပါ

ပူၿပီး အဆီအအိမ့္မ်ားတဲ့ အစားအေသာက္ေတြကို ေရွာင္ပါ။ ေရဓာတ္ပါဝင္မႈမ်ားတဲ့ သစ္သီးနဲ႔ ဟင္းရြက္သုပ္ေတြလို အစာေတြကို မ်ားမ်ားစားေပးပါ။

ေနေရာင္ျခည္ႏွင့္ ေဝးေဝးတြင္ေနပါ

ေနပူရွိန္ျပင္းထန္တဲ့ေန႔ေတြမွာ အေကာင္းဆံုး ေနသင့္တဲ့ေနရာက အရိပ္ထဲမွာျဖစ္ပါတယ္။ ေနပူထဲထြက္မယ္ဆိုရင္ အနည္းဆံုး ေနကာႏိုင္စြမ္း SPF အဆ ၂၀ ပါတျ့ ေနကာခရင္မ္ကို လိမ္းေပးဖို႔လိုပါတယ္။ ေနပူထဲမွာ ေနရင္း ပ်ိဳ႕အန္ခ်င္သလို ေအာ္ဂလီဆန္တာနျ႔ ေနထိုင္မေကာင္းတာေတြကို ခံစားရပါက ေနရိပ္ထဲကို အျမန္ဆံုး ေနထိုင္ပါ။ ေနေရာင္ျခည္က နံနက္ ၁၁နာရီနဲ႔ ညေန ၃နာရီၾကားအခ်ိန္မွာ အျပင္းထန္ဆံုးျဖစ္တာေၾကာင့္ ေရွာင္ဖို႔ လိုပါတယ္။

ေလ့က်င့္ခန္းလုပ္လွ်င္ သတိထားပါ

တစ္ေန႔တာရဲ႕ အပူျပင္းဆံုးအခ်ိန္အေတာအတြင္းမွာ ေလ့က်င့္ခန္းကို ျပင္းျပင္းထန္ထန္ မလုပ္သင့္ပါ။ ေႏြရာသီမွာ ေလ့က်င့္ခန္းလုပ္ရင္ ျဖည္းျဖည္းနဲ႔ မွန္မွန္ပဲ လုုပ္ေဆာင္ပါ။ ေလ့က်င့္ခန္းလုပ္ရင္း အသက္႐ွဴမဝသလို၊ ႏွလံုးခုန္ျမန္သလို ျဖစ္လာရင္ ခ်က္ခ်င္းရပ္နားၿပီး ခႏၶာကိုယ္ကို ေအးေအာင္ ေစာင့္ကာ ေရခ်ိဳးလိုက္ပါ။ သက္ေတာင့္သက္သာရွိတဲ့အထိ အနားယူေပးပါ။

ေအးျမေအာင္ ေနပါ

ေပါ့ပါးၿပီး သက္ေတာင့္သက္သာရွိတဲ့ ခ်ည္သားဝတ္စံုကို ဝတ္ပါ။ ထြက္လာတဲ့ ေခၽြးေတြ အေငြ႕ျပန္လြယ္တာေၾကာင့္ ခႏၶာကိုယ္ကို ေအးျမေနေအာင္ ထားတာက အပူဒဏ္ကို သက္သာေစပါတယ္။

အပူဒဏ္သင့္လြယ္သူမ်ားကို အထူးဂ႐ုစိုက္ပါ

အသက္ေလးႏွစ္ေအာက္ ကေလးေတြနဲ႔ အသက္ ၆၅ေက်ာ္သူေတြဟာ ေနပူဒဏ္ေၾကာင့္ အႏၲရာယ္ ႀကီးႀကီးမားမား ရရွိတတ္ပါတယ္။ သူတို႔ရဲ႕ ခႏၶာကိုယ္က အပူခ်ိန္ကို လိုက္ေလ်ာညီေထြ ညိ    ွႏိုင္စြမ္း ေလ်ာ့နည္းလို႔ပါ။ အဝလြန္သူေတြနဲ႔ နာမက်န္းျဖစ္ေနသူေတြဟာလည္း အပူကို မ်ားမ်ား စုပ္ယူထားကာ အပူဒဏ္သင့္ႏိုင္ပါတယ္။

Credit:Mg Mandalay
https://www.facebook.com/mg.mandalay
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

နွေရာသီကို ရောက်ရှိလာချိန်မှာ အပူချိန်မြင့်မားမှုနဲ့ အတူ ကျန်းမာရေးအန္တရာယ်တချို့ ဒွန်တွဲပါလာတတ်ပါတယ်။ ရာသီဥတုပူပြင်းမှုကြောင့် ဖြစ်တတ်တဲ့ အန္တရာယ်တွေကတော့ ရေဓာတ်ခန်းခြောက်တာ၊ အရေပြား နေလောင်တာ၊ ကိုယ်ခန္ဓာအပူချိန်တက်ပြီး ချွေးမထွက်ဘဲ သတိလစ်မေ့မြောမှု (Heat Stroke) တို့ဖြစ်ကြပါတယ်။

ရေနှင့် ဆားဓာတ်ခန်းခြောက်ခြင်း

ဒါက ခန္ဓာကိုယ်မှ ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေပြီး ရေနဲ့အတူ ပိုတက်စီယမ်၊ ဆိုဒီယမ်စတဲ့ သွေးတွင်းအရေးပါတဲ့ ဓာတ်ဆားတွေလည်း ဆုံးရှုံးရတတ်ပါတယ်။ ဒီဓာတ်ဆားတွေက ကျောက်ကပ်၊ ဦးနှောက်နဲ့ နှလုံးတို့လိုု အင်္ဂ ါအစိတ်အပိုင်း တွေရဲ့ လုပ်ငန်းဆောင်တာအတွက် အရေးပါပါတယ်။ ရေနဲ့ဓာတ်ဆားတွေ ဆုံးရှုံးမှုကြောင့် ခန္ဓာကိုယ်ဟာ သတိလစ်တာ၊ ထိုင်းမှိုင်းလေးလံတာ၊ အသက်ရှူရခက်ခဲတာနဲ့ နှလုံးခုန်နှုန်းမမှန်တာစတဲ့ ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဆီးသွားတာနဲ့ ချွေးထွက်တာကြောင့် အရည်ဓာတ်ဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။

အရေပြားနေလောင်ခြင်း

နွေရာသီမှာ ပြင်းထန်တဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားထိခိုက်တဲ့ လက္ခဏာ ပြသတတ်ပါတယ်။ ဒီလိုခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အရေပြားနာကျင်ရုံသာမက အိုမင်းတဲ့ ဖြစ်စဉ်ကို မြန်စေပြီး အရေပြားကင်ဆာလို အန္တရာယ်ရှိတဲ့ ရောဂါတွေရဲ့ဖြစ်နှုန်းကို မြင့်တက်စေပါတယ်။

ကိုယ်ခန္ဓာအပူချိန်တက်ပြီး ချွေးမထွက်ဘဲ သတိလစ်မေ့မြောမှု (Heat Stroke)

ကိုယ်ခန္ဓာအပူချိန်တက်ပြီး (Heat Stroke) ဖြစ်ရင် အန္တရာယ်ရှိပါတယ်။ အကြောင်းကတော့ ဒီလိုဖြစ်ရင် လက္ခဏာတွေက အချိန်တိုအတွင်း မြန်မြန်ဆန်ဆန်ပေါ်ပြီး သတိလစ်မေ့မြောသွားနိုင်လို့ပါ။

လက္ခာဏာများ

သင့်ပတ်ဝန်းကျင် အပူချိန်ကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။ အပူချိန် 20 ံ C (68F) မှာနှလုံးခုနှုန်းက ပုံမှန်ဖြစ်ကာ သက်တောင့်သက်သာ ရှိနေပါလိမ့်မယ်။ အပူချိန် 25 ံ C (77F) မှာ ချွေးအသင့်အတင့် ထွက်ပါလိမ့်မယ်။ အပူချိန် 30 ံ C (86F)မှာ ချွေးအသင့်အတင့် ထွက်ပြီး အာရုံစူးစိုက်မှု ထိခိုက်ပါလိမ့်မယ်။ အပူချိန် 38-41 ံ C (104F) မှာ ချွေးအလွန်အမင်းထွက်ပြီး နှလုံးခုန်နှုန်းမြန်ကာ မောပန်းတာနဲ့ ပျိုု့အန်ချင်တာတွေဖြစ်တတ်ပါတယ်။ အပူချိန် 45 ံ C (113F) မှာ ကိုယ်ခန္ဓာအပူချိန်တက်ပြီး ချွေးမထွက်ဘဲ သတိလစ်မေ့မြောမှု (Heat Stroke) ဖြစ်တတ်ပါတယ်။ အဲဒီအချိန်မှာ အရေပြားပူပြင်း ခြောက်သွေ့ကာ ကိုယ်တွင်းအင်္ဂ ါတွေတောင် ထိခိုက်ပြီး အသက်အန္တရာယ် ဖြစ်နိုင်ပါတယ်။

ကုသမှုနှင့် ကာကွယ်မှု

အရည်များများသောက်ပါ

ခန္ဓာကိုယ်ဟာ ပုံမှန်ထက် အရည်များများဆုံးရှုံးတယ်ဆိုရင် အကောင်းဆုံးက ရေများများသောက်ကာ အရည်ဓာတ်ပြန်လည် အစားထိုးသင့်ပါတယ်။ ပျမ်းမျှအားဖြင့် ကိုယ်အလေးချိန် ၁၂၈ ပေါင်ရှိတဲ့ လူတစ်ယောက်က တစ်နေ့မှာ ရေရှစ်ဖန်ခွက် သောက်ပေးဖို့လိုပါတယ်။ အလွန်ပူပြင်းတဲ့ ရာသီဥတုမှာ ရေကို များများသောက်ပေးသင့်ပါတယ်။

အရည်ဆိုတဲ့နေရာမှာ အရက်ကိုလုံးဝမသောက်သင့်ပါဘူး။ အယ်လ်ကိုဟောက ခန္ဓာကိုယ်ကို ရေဓာတ်ခမ်းခြောက်မှု ပိုဖြစ်စေလို့ပါ။ သစ်သီးဖျော်ရည်၊ ဓာတ်ဆားရည်စတဲ့ အရည်တွေကိုတော့ သောက်နိုင်ပါတယ်။

အစားအသောက်ကို ဆန်းစစ်ပါ

ပူပြီး အဆီအအိမ့်များတဲ့ အစားအသောက်တွေကို ရှောင်ပါ။ ရေဓာတ်ပါဝင်မှုများတဲ့ သစ်သီးနဲ့ ဟင်းရွက်သုပ်တွေလို အစာတွေကို များများစားပေးပါ။

နေရောင်ခြည်နှင့် ဝေးဝေးတွင်နေပါ

နေပူရှိန်ပြင်းထန်တဲ့နေ့တွေမှာ အကောင်းဆုံး နေသင့်တဲ့နေရာက အရိပ်ထဲမှာဖြစ်ပါတယ်။ နေပူထဲထွက်မယ်ဆိုရင် အနည်းဆုံး နေကာနိုင်စွမ်း SPF အဆ ၂၀ ပါတြ့ နေကာခရင်မ်ကို လိမ်းပေးဖို့လိုပါတယ်။ နေပူထဲမှာ နေရင်း ပျို့အန်ချင်သလို အော်ဂလီဆန်တာနြ့ နေထိုင်မကောင်းတာတွေကို ခံစားရပါက နေရိပ်ထဲကို အမြန်ဆုံး နေထိုင်ပါ။ နေရောင်ခြည်က နံနက် ၁၁နာရီနဲ့ ညနေ ၃နာရီကြားအချိန်မှာ အပြင်းထန်ဆုံးဖြစ်တာကြောင့် ရှောင်ဖို့ လိုပါတယ်။

လေ့ကျင့်ခန်းလုပ်လျှင် သတိထားပါ

တစ်နေ့တာရဲ့ အပူပြင်းဆုံးအချိန်အတောအတွင်းမှာ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် မလုပ်သင့်ပါ။ နွေရာသီမှာ လေ့ကျင့်ခန်းလုပ်ရင် ဖြည်းဖြည်းနဲ့ မှန်မှန်ပဲ လုုပ်ဆောင်ပါ။ လေ့ကျင့်ခန်းလုပ်ရင်း အသက်ရှူမဝသလို၊ နှလုံးခုန်မြန်သလို ဖြစ်လာရင် ချက်ချင်းရပ်နားပြီး ခန္ဓာကိုယ်ကို အေးအောင် စောင့်ကာ ရေချိုးလိုက်ပါ။ သက်တောင့်သက်သာရှိတဲ့အထိ အနားယူပေးပါ။

အေးမြအောင် နေပါ

ပေါ့ပါးပြီး သက်တောင့်သက်သာရှိတဲ့ ချည်သားဝတ်စုံကို ဝတ်ပါ။ ထွက်လာတဲ့ ချွေးတွေ အငွေ့ပြန်လွယ်တာကြောင့် ခန္ဓာကိုယ်ကို အေးမြနေအောင် ထားတာက အပူဒဏ်ကို သက်သာစေပါတယ်။

အပူဒဏ်သင့်လွယ်သူများကို အထူးဂရုစိုက်ပါ

အသက်လေးနှစ်အောက် ကလေးတွေနဲ့ အသက် ၆၅ကျော်သူတွေဟာ နေပူဒဏ်ကြောင့် အန္တရာယ် ကြီးကြီးမားမား ရရှိတတ်ပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်က အပူချိန်ကို လိုက်လျောညီထွေ ညိ    ှနိုင်စွမ်း လျော့နည်းလို့ပါ။ အဝလွန်သူတွေနဲ့ နာမကျန်းဖြစ်နေသူတွေဟာလည်း အပူကို များများ စုပ်ယူထားကာ အပူဒဏ်သင့်နိုင်ပါတယ်။

Credit:Mg Mandalay
https://www.facebook.com/mg.mandalay

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top