iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္နဲ႔ေဝးရာမွာေနၿပီး အလုပ္လုပ္ေနရတယ္။ ကိုယ့္ကို ဘယ္သူကမွ ခ်က္ျပဳတ္ေပးမယ့္လူမရွိ။ ကိုယ္ကလည္း အျပင္စာေတြခ်ည္း အၿမဲတမ္းမစားႏိုင္တဲ့အခါ ကိုယ္တိုင္ပဲ ခ်က္ျပဳတ္ရေတာ့တယ္ေလ။ တစ္ကိုယ္တည္းေနၿပီး ခ်က္စားရတာ သိပ္ေတာ့မလြယ္ဘူး။ ပင္ပန္းတာထက္ အကုန္အက်ပိုမ်ားေနရတယ္ဆုိရင္ ဒါေလးေတြကို သတိမထားမိလို႔ျဖစ္ပါလိမ့္မယ္။

၁။ ပိုတာေတြသိမ္း

စားၿပီးလို႔ ပိုေနတာေတြကို လႊင့္ပစ္ရတယ္ဆုိတာ ဆုိင္မွာဆုိရင္ေတာ့ ကိစၥမ႐ွိဘူး။ ကိုယ္တိုင္ခ်က္ထားတာေတြကိုေတာ့ ပိုေနရင္ လႊင့္မပစ္ပါနဲ႔။ သိမ္းလို႔ရတာေတြကို သိမ္းပါ။ တခ်ိဳ႕ဟာေတြဆုိရင္ ဒီေန႔ခ်က္ၿပီး ေနာက္ေန႔ျပန္စားတာ ပိုေတာင္ေကာင္းေနေသးတယ္။

၂။ အသုတ္အလိုက္

ခ်က္တဲ့အခါ အမ်ားႀကီး တစ္ခါတည္းျပင္ဆင္တာမ်ိဳး မလုပ္ပါနဲ႔။ ဥပမာ ဟင္းသီးဟင္းရြက္ေတြကို အကုန္လံုး လွီးျဖတ္တံုးတစ္ၿပီးမွ ပိုတာကိုသိမ္းတာက လတ္ဆတ္မႈကိုေလ်ာ့သြားေစတယ္။ လိုသေလာက္ေလးပဲလွီးခၽြတ္ပါ။ ခ်က္မယ္ဆုိလည္း ကုန္သေလာက္ကိုပဲခ်က္တာက ပိုေနတာကို သိမ္းတာထက္ ပိုသင့္ေလ်ာ္ပါတယ္။

၃။ ေအးခဲထားလို႔ရမယ့္ဟင္းကိုေရြး

ကိုယ္က တစ္ကိုယ္တည္းသမားဆုိေတာ့ ခ်က္ၿပီးပိုေနတာေလးေတြ သိမ္းထားရမွာ။ ေနာက္ရက္က် ျပန္ေႏႊးၿပီး စားမွာေလ။ ခ်က္ရတာလည္းသက္သာတယ္ ၊ အကုန္အက်လည္း သက္သာတယ္။ ျဖစ္ႏိုင္မယ္ဆုိ ေရခဲေသတၱာထဲမွာ သိမ္းထားလို႔ရမယ့္ ဟင္းေတြကိုပဲ ဦးစားေပးခ်က္ပါလို႔ အၾကံေပးပါရေစ။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အိမ်နဲ့ဝေးရာမှာနေပြီး အလုပ်လုပ်နေရတယ်။ ကိုယ့်ကို ဘယ်သူကမှ ချက်ပြုတ်ပေးမယ့်လူမရှိ။ ကိုယ်ကလည်း အပြင်စာတွေချည်း အမြဲတမ်းမစားနိုင်တဲ့အခါ ကိုယ်တိုင်ပဲ ချက်ပြုတ်ရတော့တယ်လေ။ တစ်ကိုယ်တည်းနေပြီး ချက်စားရတာ သိပ်တော့မလွယ်ဘူး။ ပင်ပန်းတာထက် အကုန်အကျပိုများနေရတယ်ဆိုရင် ဒါလေးတွေကို သတိမထားမိလို့ဖြစ်ပါလိမ့်မယ်။

၁။ ပိုတာတွေသိမ်း

စားပြီးလို့ ပိုနေတာတွေကို လွှင့်ပစ်ရတယ်ဆိုတာ ဆိုင်မှာဆိုရင်တော့ ကိစ္စမရှိဘူး။ ကိုယ်တိုင်ချက်ထားတာတွေကိုတော့ ပိုနေရင် လွှင့်မပစ်ပါနဲ့။ သိမ်းလို့ရတာတွေကို သိမ်းပါ။ တချို့ဟာတွေဆိုရင် ဒီနေ့ချက်ပြီး နောက်နေ့ပြန်စားတာ ပိုတောင်ကောင်းနေသေးတယ်။

၂။ အသုတ်အလိုက်

ချက်တဲ့အခါ အများကြီး တစ်ခါတည်းပြင်ဆင်တာမျိုး မလုပ်ပါနဲ့။ ဥပမာ ဟင်းသီးဟင်းရွက်တွေကို အကုန်လုံး လှီးဖြတ်တုံးတစ်ပြီးမှ ပိုတာကိုသိမ်းတာက လတ်ဆတ်မှုကိုလျော့သွားစေတယ်။ လိုသလောက်လေးပဲလှီးချွတ်ပါ။ ချက်မယ်ဆိုလည်း ကုန်သလောက်ကိုပဲချက်တာက ပိုနေတာကို သိမ်းတာထက် ပိုသင့်လျော်ပါတယ်။

၃။ အေးခဲထားလို့ရမယ့်ဟင်းကိုရွေး

ကိုယ်က တစ်ကိုယ်တည်းသမားဆိုတော့ ချက်ပြီးပိုနေတာလေးတွေ သိမ်းထားရမှာ။ နောက်ရက်ကျ ပြန်နွှေးပြီး စားမှာလေ။ ချက်ရတာလည်းသက်သာတယ် ၊ အကုန်အကျလည်း သက်သာတယ်။ ဖြစ်နိုင်မယ်ဆို ရေခဲသေတ္တာထဲမှာ သိမ်းထားလို့ရမယ့် ဟင်းတွေကိုပဲ ဦးစားပေးချက်ပါလို့ အကြံပေးပါရစေ။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top