iMyanmarHouse.com - Best Property Website for Myanmar
×

ကၽြန္ေတာ္တို႔ ေယာကၤ်ားေလးအမ်ားစုက ဖိုမခ်စ္တင္းေႏွာျခင္း (လိင္ဆက္ဆံျခင္း)နဲ႔ ပတ္သက္ၿပီး ျငင္းဆိုကန္႔ကြက္စရာ အမ်ားႀကီးမရွိၾကပါဘူး။ မနက္ခင္းပိုင္းျဖစ္ျဖစ္၊ ေရခ်ိဳးရင္းပဲျဖစ္ျဖစ္၊ ကားေနာက္ခံုမွာပဲျဖစ္ျဖစ္၊ ႏွစ္ပတ္လည္ေန႔၊ ခ်စ္သူမ်ားေန႔ စတဲ့ေန႔ေတြပဲျဖစ္ျဖစ္၊ ပထမဆံုးအႀကိမ္ပဲျဖစ္ျဖစ္၊ ဘယ္လိုခ်စ္တင္းေႏွာျခင္းကိုမဆို သာယာတတ္ၾကပါတယ္။ ဒါေပမယ့္ ခ်စ္တင္းေႏွာျခင္းဟာ သာယာေက်နပ္မႈတစ္ခုပဲ ေပးႏိုင္တာမဟုတ္ပါဘူး။ ေလ့လာမႈေတြအရ လိင္ဆက္ဆံျခင္းဟာ သင့္ဘ၀အတြက္ အေထာက္အကူျဖစ္ေစႏိုင္တဲ့ အက်ိဳးေက်းဇူး (၁၀)မ်ိဳးကိုလည္း ေပးစြမ္းႏိုင္ပါတယ္။

၁။ သင့္ကို ပိုၿပီးေပ်ာ္ရႊင္ေစတယ္
ဒီအခ်က္ကေတာ့ သိပ္အမ်ားႀကီးစဥ္းစားေနစရာမလိုေလာက္ပါဘူး။ ခ်စ္တင္းေႏွာၿပီး ခံစားမႈအထြဋ္အထိပ္ကို ေရာက္ရွိၿပီးေနာက္မွာ သင့္အေနနဲ႔ သာယာေပ်ာ္ရႊင္မႈကို ခံစားရမွာပါ။ ဒါဟာ ဘာေၾကာင့္လဲဆိုရင္ ကိစၥၿပီးလို႔ မိနစ္အနည္းငယ္ေလာက္အၾကာမွာ သင့္ရဲ႕ခႏၶာကိုယ္က စိတ္ဖိစီးမႈေတြကို ေလွ်ာ့ခ်ေပးႏိုင္တဲ့ ေအာက္စီတိုဂ်င္ေဟာမုန္းေတြ အမ်ားအျပားထုတ္လုပ္ေပးေနတာေၾကာင့္ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္အေနနဲ႔ စိတ္ၾကည္လင္ေလ်ာ့ပါးၿပီး ေပ်ာ္ရႊင္ေနရသလို႔ သင့္လက္တြဲေဖာ္နဲ႔လည္း ပိုၿပီးရင္းႏွီးေစမွာျဖစ္ပါတယ္။

၂။ ဆီးက်ိတ္ကင္ဆာျဖစ္ႏိုင္ေခ်ကို ေလွ်ာ့ခ်ေပးတယ္
ေယာကၤ်ားေလးေတြအတြက္ မၾကာခဏသုတ္ရည္ထြက္ျခင္းက ဆီးက်ိတ္ကင္ဆာျဖစ္ႏိုင္ေခ်ကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ သုတ္ရည္ထုတ္ျခင္းဟာ ဆီးက်ိတ္အတြင္း ကင္ဆာျဖစ္ေစႏိုင္တဲ့ ဓာတ္ပစၥည္းေတြ စုပံုမ်ားျပားျခင္းကို ရွင္းထုတ္ပစ္ႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။ တစ္ကိုယ္တည္းသမားေတြလည္း စိတ္ပူစရာမလိုပါဘူး။ လိင္ဆက္ဆံျခင္းေၾကာင့္ သုတ္ရည္ထြက္ျခင္းတစ္ခုတည္းက ဒီအက်ိဳးေက်းဇူးေပးႏုိင္တာ မဟုတ္ပါဘူး။ တစ္ကုိယ္ရည္စိတ္ေျဖျခင္းကေနလည္း ဒီအက်ိဳးေက်းဇူးကို ရႏိုင္ပါတယ္။

၃။ အလုပ္ကို မုန္းတီးစိတ္ေတြ ေလ်ာ့နည္းေစတယ္
ေပ်ာ္ရႊင္ေက်နပ္စရာေကာင္းတဲ့ လိင္မႈဘ၀ကို ရရွိထားသူေတြအေနနဲ႔ အလုပ္မွာ ပိုမိုေပ်ာ္ရႊင္ရၿပီး အေကာင္းဆံုးလုပ္ေဆာင္ႏိုင္တယ္လို႔ ေလ့လာမႈတစ္ခုမွာ ေဖာ္ျပထားပါတယ္။ ေလ့လာမႈအရ အလုပ္မ၀င္ခင္ ညမွာ လိင္ဆက္ဆံေလ့ရွိသူေတြဟာ ေနာက္တစ္ေန႔အလုပ္ထဲမွာ ပိုမိုစိတ္၀င္စား အာ႐ုံစိုက္ႏိုင္တယ္လို႔ ဆိုပါတယ္။ ဒီလိုျဖစ္ရတာဟာ လိင္ဆက္ဆံျခင္းေၾကာင့္ ခံစားမႈကို ေကာင္းမြန္ေစတဲ့ ေအာက္စီတိုဂ်င္နဲ႔ ဒိုပါမင္းတို႔လို ေဟာ္မုန္းေတြ ထြက္လာတာေၾကာင့္ ျဖစ္ပါတယ္။

၄။ သင့္ ဖြားဖက္ေတာ္ စြမ္းေဆာင္ႏိုင္ဖို႔ ကူညီေပးတယ္
လိင္ဆက္ဆံျခင္းဟာ သင့္ရဲ႕ဖြားဖက္ေတာ္ကို သန္စြမ္းက်န္းမာေနေစဖို႔လည္း အေထာက္အကူ ျဖစ္ေစႏိုင္ပါတယ္။ ေလ့လာမႈေတြအရ မၾကာခဏလိင္ဆက္ဆံမႈ ရွိသူေတြဟာ လိင္ဆက္ဆံမႈနည္းသူေတြထက္ ပန္းေသပန္းညွိဳးျဖစ္ႏိုင္ေခ်နည္းတယ္လို႔ ဆိုပါတယ္။ လိင္တံေထာင္မတ္မႈဟာ သင့္ဖြားဖက္ေတာ္ကို ေအာက္စီဂ်င္ျပည့္၀စြာ ရရွိေစႏိုင္ပါတယ္။ ဖြားဖက္ေတာ္မွာ ေအာက္စီဂ်င္လံုေလာက္စြာ မရရွိမႈက အနာရြတ္တစ္႐ႈးေတြကို မ်ားျပားလာေစၿပီး လိင္တံေထာင္မတ္မႈကို ခက္ခဲေစႏိုင္ပါတယ္။ ေဆးလိပ္ေသာက္ျခင္း၊ ကိုယ္လက္လႈပ္ရွားမႈနည္းျခင္းတို႔ကလည္း သင့္ဖြားဖက္ေတာ္ကို စြမ္းေဆာင္ရည္က်ဆင္းေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ က်န္းမာေရးနဲ႔ညီညြတ္တဲ့ ဘ၀ေနထိုင္မႈပံုစံရွိဖို႔လည္း လိုပါတယ္။

၅။ ႏွစ္ႏွစ္ျခိဳက္ျခိဳက္ အိပ္ေပ်ာ္ေစတယ္
ခ်စ္တင္းေႏွာၿပီးတဲ့ေနာက္မွာ မ်က္လံုးမဖြင့္ခ်င္ေလာက္ေအာင္ ျဖစ္သြားပါသလား။ ဒါဟာ စိတ္ဖိစီးမႈေတြကို ေလ်ာ့ပါးသက္သာေစႏိုင္တဲ့ ေအာက္စီတိုဂ်င္ေဟာ္မုန္းရဲ႕ သက္ေရာက္မႈေၾကာင့္ ျဖစ္ပါတယ္။ လိင္ဆက္ဆံၿပီးတဲ့အခါ ခႏၶာကိုယ္က ေအာက္စီတိုဂ်င္ေဟာ္မုန္းတစ္ခုထဲ ထုတ္ေပးတာမဟုတ္ပါဘူး။ သင့္ကို ႏိုးၾကားလန္းဆန္းေစႏိုင္တဲ့ ဒိုပါမင္းဓာတ္ကို နည္းသြားေစႏိုင္တဲ့ ပ႐ုိလက္တင္ ေဟာ္မုန္းေတြကိုလည္း ထုတ္ေပးပါတယ္။ ဒါ့အျပင္ ခ်စ္တင္းေႏွာတဲ့အခါ မီးေရာင္မွိန္မွိန္နဲ႔ အခန္းကလည္း ခႏၶာကိုယ္ကို အိပ္စက္အနားယူေစဖို႔ လႈံ႔ေဆာ္ေပးေနပါတယ္။

၆။ ကယ္လိုရီေတြ ေလာင္ကၽြမ္းေစတယ္
အားကစားခန္းမမွာ နာရီနဲ႔ခ်ီၿပီး ေလ့က်င့္ခန္းလုပ္တာကို ဆိုလိုတာမဟုတ္ပါဘူး။ ခ်စ္တင္းေႏွာျခင္းမွာ ခႏၶာကိုယ္လႈပ္ရွားမႈေတြ လုပ္ေဆာင္ရပါတယ္။ ပ်မ္းမွ်အားျဖင့္ အမ်ိဳးသားေတြဟာ (၂၅)မိနစ္ၾကာ တစ္ခါလိင္ဆက္ဆံၿပီးတိုင္း ကယ္လိုရီ ၁၀၀ ခန္႔ ေလာင္ကၽြမ္းသြားေလ့ရွိပါတယ္။ ဒီႏႈန္းထားဟာ တစ္နာရီ သံုးမိုင္ႏႈန္းနဲ႔ (၂၅)မိနစ္ၾကာ လမ္းေလွ်ာက္တာထက္ ပိုမ်ားပါတယ္။ ဒီေတာ့ လိင္ဆက္ဆံမႈအခ်ိန္ ပိုၾကာေလေလ၊ ကယ္လိုရီေလာင္ကၽြမ္းမႈ ပိုမ်ားေလေလပဲျဖစ္ပါတယ္။

၇။ ႏွလံုးက်န္းမာေရးကို အေထာက္အကူျဖစ္ေစတယ္
သီတင္းတစ္ပတ္ကို ႏွစ္ႀကိမ္သံုးႀကိမ္အထိ လိင္ဆက္ဆံေလ့ရွိသူေတြဟာ တစ္လမွ အႀကိမ္အနည္းငယ္ေလာက္ပဲ လိင္ဆက္ဆံသူေတြထက္ ႏွလံုးနဲ႔ပတ္သက္တဲ့ ေရာဂါေတြ ျဖစ္ႏိုင္ေခ်နည္းတာကို ေလ့လာမႈတစ္ခုက ေဖာ္ျပထားပါတယ္။ လိင္ဆက္ဆံျခင္းဟာ ႐ုပ္ပိုင္းဆိုင္ရာလႈပ္ရွားမႈေတြ မ်ားတဲ့အတြက္ ႏွလံုးက်န္းမာေရးကို ေကာင္းမြန္ေစတာျဖစ္တယ္လို႔လည္း ဆိုပါတယ္။ ဒါ့အျပင္ မၾကာခဏလိင္ဆက္ဆံျခင္းက လက္တြဲေဖာ္နဲ႔ဆက္ဆံေရးကို ေကာင္းမြန္ေစတာေၾကာင့္ စိတ္ဖိစီးမႈနည္းပါၿပီး ေပ်ာ္ရႊင္ရတာေၾကာင့္လည္း ျဖစ္ပါတယ္။ စိတ္ဖိစီးမႈမ်ားျခင္းက ရုတ္တရက္ႏွလံုးေဖာက္ျပန္တာ၊ ေလျဖတ္တာနဲ႔ ခႏၶာကိုယ္ေရာင္ယမ္းတာေတြကို ျဖစ္ေစႏိုင္ပါတယ္။ ဒါေပမယ့္ သင့္အေနနဲ႔ ႏွလံုးနဲ႔ပတ္သက္တဲ့ ေရာဂါေ၀ဒနာတစ္ခုခုရွိခဲ့ဖူးမယ္ဆိုရင္ေတာ့ လိင္မဆက္ဆံခင္မွာ ဆရာ၀န္နဲ႔ တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။

၈။ ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစတယ္
ပံုမွန္လိင္ဆက္ဆံမႈရွိသူေတြမွာ ကိုယ္ခံအားစနစ္ပိုမိုေကာင္းမြန္ၿပီး နာမက်န္းမႈေတြကို ပိုမိုခံႏိုင္ရည္စြမ္းရွိပါတယ္။ ဒီလိုျဖစ္ရတာဟာ ပံုမွန္လိင္ဆက္ဆံမႈရွိသူေတြမွာ နာမက်န္းမႈေတြကို တိုက္ခိုက္ကာကြယ္ေပးတဲ့ ဓာတ္ပစၥည္းေတြ ပိုမိုမ်ားျပားတဲ့အတြက္ပဲ ျဖစ္ပါတယ္။

၉။ ေခါင္းကိုက္ေ၀ဒနာကို သက္သာေစတယ္
လိင္ဆက္ဆံၿပီး ခံစားမႈအထြဋ္အထိပ္ေရာက္တဲ့အခါ သဘာ၀အကိုက္အခဲေပ်ာက္ေဆးနဲ႔ တူပါတယ္။ ဒီအခ်ိန္မွာ သင့္ရဲ႕ဦးေႏွာက္ထဲမွာ သာယာမႈကို ခံစားရေစၿပီး နာက်ဥ္မႈကို ေလ်ာ့ပါးသက္သာေစတဲ့ အန္ဒိုဖင္းဓာတ္ေတြ အျပည့္ျဖစ္ေနတတ္ပါတယ္။ ဒါ့ေၾကာင့္ လိင္ဆက္ဆံျခင္းဟာ သင့္ရဲ႕ ေခါင္းကိုက္ေ၀ဒနာကို ေလ်ာ့ပါးသက္သာေစႏိုင္တာ ျဖစ္ပါတယ္။

၁၀။ လက္တြဲေဖာ္နဲ႔ဆက္ဆံေရးကို ပိုမိုေကာင္းမြန္ေစတယ္
ေရရွည္ခိုင္ျမဲေပ်ာ္ရႊင္တဲ့ ဆက္ဆံေရးအတြက္ လိင္ဆက္ဆံမႈဟာ လ်ိဳ႕၀ွက္ခ်က္တစ္ခု မဟုတ္ပါဘူး။ သင့္တို႔ ႏွစ္ဦးစလံုးေပ်ာ္ရႊင္ရဖို႔အတြက္ တစ္ပတ္မွာ တစ္ခါေလာက္ အတူေနခ်စ္တင္းေႏွာ႐ုံနဲ႔ လံုေလာက္ပါတယ္။ ပိုလုပ္လို႔ ပိုေပ်ာ္ရမယ္လို႔ေတာ့ မမွတ္ယူလိုက္ပါနဲ႔။ ဒါေပမယ့္ တစ္ေနကုန္အလုပ္ေတြလုပ္ၿပီး ညဖက္အထိ ခြန္အားရွိေနေသးတယ္ဆိုရင္ေတာ့ သင့္သေဘာပါပဲ။ ပညာရွင္ေတြကေတာ့ တစ္ပတ္ကို တစ္ႀကိမ္က အေကာင္းဆံုးလို႔ သတ္မွတ္ထားပါတယ္။

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ရေစမည့္
Credit:Gentleman Magazine
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကျွန်တော်တို့ ယောင်္ကျားလေးအများစုက ဖိုမချစ်တင်းနှောခြင်း (လိင်ဆက်ဆံခြင်း)နဲ့ ပတ်သက်ပြီး ငြင်းဆိုကန့်ကွက်စရာ အများကြီးမရှိကြပါဘူး။ မနက်ခင်းပိုင်းဖြစ်ဖြစ်၊ ရေချိုးရင်းပဲဖြစ်ဖြစ်၊ ကားနောက်ခုံမှာပဲဖြစ်ဖြစ်၊ နှစ်ပတ်လည်နေ့၊ ချစ်သူများနေ့ စတဲ့နေ့တွေပဲဖြစ်ဖြစ်၊ ပထမဆုံးအကြိမ်ပဲဖြစ်ဖြစ်၊ ဘယ်လိုချစ်တင်းနှောခြင်းကိုမဆို သာယာတတ်ကြပါတယ်။ ဒါပေမယ့် ချစ်တင်းနှောခြင်းဟာ သာယာကျေနပ်မှုတစ်ခုပဲ ပေးနိုင်တာမဟုတ်ပါဘူး။ လေ့လာမှုတွေအရ လိင်ဆက်ဆံခြင်းဟာ သင့်ဘဝအတွက် အထောက်အကူဖြစ်စေနိုင်တဲ့ အကျိုးကျေးဇူး (၁၀)မျိုးကိုလည်း ပေးစွမ်းနိုင်ပါတယ်။

၁။ သင့်ကို ပိုပြီးပျော်ရွှင်စေတယ်
ဒီအချက်ကတော့ သိပ်အများကြီးစဉ်းစားနေစရာမလိုလောက်ပါဘူး။ ချစ်တင်းနှောပြီး ခံစားမှုအထွဋ်အထိပ်ကို ရောက်ရှိပြီးနောက်မှာ သင့်အနေနဲ့ သာယာပျော်ရွှင်မှုကို ခံစားရမှာပါ။ ဒါဟာ ဘာကြောင့်လဲဆိုရင် ကိစ္စပြီးလို့ မိနစ်အနည်းငယ်လောက်အကြာမှာ သင့်ရဲ့ခန္ဓာကိုယ်က စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်တဲ့ အောက်စီတိုဂျင်ဟောမုန်းတွေ အများအပြားထုတ်လုပ်ပေးနေတာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ စိတ်ကြည်လင်လျော့ပါးပြီး ပျော်ရွှင်နေရသလို့ သင့်လက်တွဲဖော်နဲ့လည်း ပိုပြီးရင်းနှီးစေမှာဖြစ်ပါတယ်။

၂။ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးတယ်
ယောင်္ကျားလေးတွေအတွက် မကြာခဏသုတ်ရည်ထွက်ခြင်းက ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ သုတ်ရည်ထုတ်ခြင်းဟာ ဆီးကျိတ်အတွင်း ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေ စုပုံများပြားခြင်းကို ရှင်းထုတ်ပစ်နိုင်တာကြောင့် ဖြစ်ပါတယ်။ တစ်ကိုယ်တည်းသမားတွေလည်း စိတ်ပူစရာမလိုပါဘူး။ လိင်ဆက်ဆံခြင်းကြောင့် သုတ်ရည်ထွက်ခြင်းတစ်ခုတည်းက ဒီအကျိုးကျေးဇူးပေးနိုင်တာ မဟုတ်ပါဘူး။ တစ်ကိုယ်ရည်စိတ်ဖြေခြင်းကနေလည်း ဒီအကျိုးကျေးဇူးကို ရနိုင်ပါတယ်။

၃။ အလုပ်ကို မုန်းတီးစိတ်တွေ လျော့နည်းစေတယ်
ပျော်ရွှင်ကျေနပ်စရာကောင်းတဲ့ လိင်မှုဘဝကို ရရှိထားသူတွေအနေနဲ့ အလုပ်မှာ ပိုမိုပျော်ရွှင်ရပြီး အကောင်းဆုံးလုပ်ဆောင်နိုင်တယ်လို့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ လေ့လာမှုအရ အလုပ်မဝင်ခင် ညမှာ လိင်ဆက်ဆံလေ့ရှိသူတွေဟာ နောက်တစ်နေ့အလုပ်ထဲမှာ ပိုမိုစိတ်ဝင်စား အာရုံစိုက်နိုင်တယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်ရတာဟာ လိင်ဆက်ဆံခြင်းကြောင့် ခံစားမှုကို ကောင်းမွန်စေတဲ့ အောက်စီတိုဂျင်နဲ့ ဒိုပါမင်းတို့လို ဟော်မုန်းတွေ ထွက်လာတာကြောင့် ဖြစ်ပါတယ်။

၄။ သင့် ဖွားဖက်တော် စွမ်းဆောင်နိုင်ဖို့ ကူညီပေးတယ်
လိင်ဆက်ဆံခြင်းဟာ သင့်ရဲ့ဖွားဖက်တော်ကို သန်စွမ်းကျန်းမာနေစေဖို့လည်း အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ မကြာခဏလိင်ဆက်ဆံမှု ရှိသူတွေဟာ လိင်ဆက်ဆံမှုနည်းသူတွေထက် ပန်းသေပန်းညှိုးဖြစ်နိုင်ချေနည်းတယ်လို့ ဆိုပါတယ်။ လိင်တံထောင်မတ်မှုဟာ သင့်ဖွားဖက်တော်ကို အောက်စီဂျင်ပြည့်ဝစွာ ရရှိစေနိုင်ပါတယ်။ ဖွားဖက်တော်မှာ အောက်စီဂျင်လုံလောက်စွာ မရရှိမှုက အနာရွတ်တစ်ရှုးတွေကို များပြားလာစေပြီး လိင်တံထောင်မတ်မှုကို ခက်ခဲစေနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းတို့ကလည်း သင့်ဖွားဖက်တော်ကို စွမ်းဆောင်ရည်ကျဆင်းစေနိုင်ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဘဝနေထိုင်မှုပုံစံရှိဖို့လည်း လိုပါတယ်။

၅။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတယ်
ချစ်တင်းနှောပြီးတဲ့နောက်မှာ မျက်လုံးမဖွင့်ချင်လောက်အောင် ဖြစ်သွားပါသလား။ ဒါဟာ စိတ်ဖိစီးမှုတွေကို လျော့ပါးသက်သာစေနိုင်တဲ့ အောက်စီတိုဂျင်ဟော်မုန်းရဲ့ သက်ရောက်မှုကြောင့် ဖြစ်ပါတယ်။ လိင်ဆက်ဆံပြီးတဲ့အခါ ခန္ဓာကိုယ်က အောက်စီတိုဂျင်ဟော်မုန်းတစ်ခုထဲ ထုတ်ပေးတာမဟုတ်ပါဘူး။ သင့်ကို နိုးကြားလန်းဆန်းစေနိုင်တဲ့ ဒိုပါမင်းဓာတ်ကို နည်းသွားစေနိုင်တဲ့ ပရိုလက်တင် ဟော်မုန်းတွေကိုလည်း ထုတ်ပေးပါတယ်။ ဒါ့အပြင် ချစ်တင်းနှောတဲ့အခါ မီးရောင်မှိန်မှိန်နဲ့ အခန်းကလည်း ခန္ဓာကိုယ်ကို အိပ်စက်အနားယူစေဖို့ လှုံ့ဆော်ပေးနေပါတယ်။

၆။ ကယ်လိုရီတွေ လောင်ကျွမ်းစေတယ်
အားကစားခန်းမမှာ နာရီနဲ့ချီပြီး လေ့ကျင့်ခန်းလုပ်တာကို ဆိုလိုတာမဟုတ်ပါဘူး။ ချစ်တင်းနှောခြင်းမှာ ခန္ဓာကိုယ်လှုပ်ရှားမှုတွေ လုပ်ဆောင်ရပါတယ်။ ပျမ်းမျှအားဖြင့် အမျိုးသားတွေဟာ (၂၅)မိနစ်ကြာ တစ်ခါလိင်ဆက်ဆံပြီးတိုင်း ကယ်လိုရီ ၁၀၀ ခန့် လောင်ကျွမ်းသွားလေ့ရှိပါတယ်။ ဒီနှုန်းထားဟာ တစ်နာရီ သုံးမိုင်နှုန်းနဲ့ (၂၅)မိနစ်ကြာ လမ်းလျှောက်တာထက် ပိုများပါတယ်။ ဒီတော့ လိင်ဆက်ဆံမှုအချိန် ပိုကြာလေလေ၊ ကယ်လိုရီလောင်ကျွမ်းမှု ပိုများလေလေပဲဖြစ်ပါတယ်။

၇။ နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်
သီတင်းတစ်ပတ်ကို နှစ်ကြိမ်သုံးကြိမ်အထိ လိင်ဆက်ဆံလေ့ရှိသူတွေဟာ တစ်လမှ အကြိမ်အနည်းငယ်လောက်ပဲ လိင်ဆက်ဆံသူတွေထက် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်နိုင်ချေနည်းတာကို လေ့လာမှုတစ်ခုက ဖော်ပြထားပါတယ်။ လိင်ဆက်ဆံခြင်းဟာ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေ များတဲ့အတွက် နှလုံးကျန်းမာရေးကို ကောင်းမွန်စေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် မကြာခဏလိင်ဆက်ဆံခြင်းက လက်တွဲဖော်နဲ့ဆက်ဆံရေးကို ကောင်းမွန်စေတာကြောင့် စိတ်ဖိစီးမှုနည်းပါပြီး ပျော်ရွှင်ရတာကြောင့်လည်း ဖြစ်ပါတယ်။ စိတ်ဖိစီးမှုများခြင်းက ရုတ်တရက်နှလုံးဖောက်ပြန်တာ၊ လေဖြတ်တာနဲ့ ခန္ဓာကိုယ်ရောင်ယမ်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါဝေဒနာတစ်ခုခုရှိခဲ့ဖူးမယ်ဆိုရင်တော့ လိင်မဆက်ဆံခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

၈။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်
ပုံမှန်လိင်ဆက်ဆံမှုရှိသူတွေမှာ ကိုယ်ခံအားစနစ်ပိုမိုကောင်းမွန်ပြီး နာမကျန်းမှုတွေကို ပိုမိုခံနိုင်ရည်စွမ်းရှိပါတယ်။ ဒီလိုဖြစ်ရတာဟာ ပုံမှန်လိင်ဆက်ဆံမှုရှိသူတွေမှာ နာမကျန်းမှုတွေကို တိုက်ခိုက်ကာကွယ်ပေးတဲ့ ဓာတ်ပစ္စည်းတွေ ပိုမိုများပြားတဲ့အတွက်ပဲ ဖြစ်ပါတယ်။

၉။ ခေါင်းကိုက်ဝေဒနာကို သက်သာစေတယ်
လိင်ဆက်ဆံပြီး ခံစားမှုအထွဋ်အထိပ်ရောက်တဲ့အခါ သဘာဝအကိုက်အခဲပျောက်ဆေးနဲ့ တူပါတယ်။ ဒီအချိန်မှာ သင့်ရဲ့ဦးနှောက်ထဲမှာ သာယာမှုကို ခံစားရစေပြီး နာကျဉ်မှုကို လျော့ပါးသက်သာစေတဲ့ အန်ဒိုဖင်းဓာတ်တွေ အပြည့်ဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံခြင်းဟာ သင့်ရဲ့ ခေါင်းကိုက်ဝေဒနာကို လျော့ပါးသက်သာစေနိုင်တာ ဖြစ်ပါတယ်။

၁၀။ လက်တွဲဖော်နဲ့ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေတယ်
ရေရှည်ခိုင်မြဲပျော်ရွှင်တဲ့ ဆက်ဆံရေးအတွက် လိင်ဆက်ဆံမှုဟာ လျို့ဝှက်ချက်တစ်ခု မဟုတ်ပါဘူး။ သင့်တို့ နှစ်ဦးစလုံးပျော်ရွှင်ရဖို့အတွက် တစ်ပတ်မှာ တစ်ခါလောက် အတူနေချစ်တင်းနှောရုံနဲ့ လုံလောက်ပါတယ်။ ပိုလုပ်လို့ ပိုပျော်ရမယ်လို့တော့ မမှတ်ယူလိုက်ပါနဲ့။ ဒါပေမယ့် တစ်နေကုန်အလုပ်တွေလုပ်ပြီး ညဖက်အထိ ခွန်အားရှိနေသေးတယ်ဆိုရင်တော့ သင့်သဘောပါပဲ။ ပညာရှင်တွေကတော့ တစ်ပတ်ကို တစ်ကြိမ်က အကောင်းဆုံးလို့ သတ်မှတ်ထားပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျရစေမည့်
Credit:Gentleman Magazine

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top