iMyanmarHouse.com - Best Property Website for Myanmar
×
မျက်ခွံက မျက်လုံးကို ပတ်စည်းထားတဲ့ ကြွက်သား အစိတ်အပိုင်းများဖြစ်ပြီး မျက်စိ ဖွင့်၊ ပိတ်လို့ ရစေနိုင်တာကြောင့် ယင်းကြွက်သားက လွန်စွာ အရေးကြီးပါတယ်။
ကြက်ဥ (၁) လုံး
ဂွမ်းဖတ် (၁) ခု
လုပ်ထုံးလုပ်နည်း
Credit:Myawady Health
#Unicode Version
မျက်ခွံက မျက်လုံးကို ပတ်စည်းထားတဲ့ ကြွက်သား အစိတ်အပိုင်းများဖြစ်ပြီး မျက်စိ ဖွင့်၊ ပိတ်လို့ ရေစေနိုင်တာကြောင့် ယင်းကြွက်သားက လွန်စွာ အရေးကြီးပါတယ်။
မျက်ခွံညွတ်ကျမှု၊ အိတွဲမှု ဖြစ်စေတဲ့ အကြောင်းရင်းအမျိုးမျိုး ရှိပါတယ်။ တချို့က အသက်ကြီးခြင်း၊ နှစ်ရှည်ဘဝနေထိုင်မှု အလေ့အကျင့်များနဲ့ မျိုးရိုး ဗီဇတွေကြောင့် ဖြစ်ပါတယ်။
အိတွဲကျနေတဲ့ မျက်ခွံရဲ့ လေးလံမှုက မျက်လုံးကြွက်သား ညောင်းညာ ပင်ပန်းမှု ဖြစ်စေပါတယ်။ အဲဒီအတွက်ကြောင့် မိတ်ကပ်ခြယ်သရန် ပိုခက်ခဲစေပါတယ်။
ပြီးတဲ့အပြင် eyeliner သို့မဟုတ် eye shadow တွေကို မျက်ခွံအောက် ဖုံးဖိသွားပါတယ်။ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းပါတယ်။ ဒ့ီအတွက်ကြောင့် ယင်းပြသနာအတွက် သဘာဝဖြေရှင်းနည်း တစ်ခု ဖော်ပြပေးလိုက်ပါတယ်။ ပြုလုပ်ပြင်ဆင်ရ လွယ်ကူပြီး ကြက်ဥလေးသာ လိုအပ်မှာဖြစ်ပါတယ်။
ကြက်ဥအကာက အသားရေကို တင်းရင်း ကျစ်လစ်စေပါလိမ့်မယ်။ မိနစ် အနည်းငယ်အတွင်း အကျိုးရလဒ် မြင်တွေ့ရမှာဖြစ်ပြီး အချိန် ၂ ရက် နီးပါးသာ ကြန့်ကြာမှာလည်း ဖြစ်ပါတယ်။
လိုအပ်သည့်ပစ္စည်းများ
ကြက်ဥ (၁) လုံး
ဂွမ်းဖတ် (၁) ခု
လုပ်ထုံးလုပ်နည်း
ပထမဦးဆုံး မျက်ခွံကို မိတ်ကပ်တွေ သေချာသန့်စင်ပြီး ခြောက်အောင် လုပ်ရပါမယ်။ နောက် ကြက်ဥဖောက်ပြီး အနှစ်တွေ ဖယ်ထုတ်ပါ။ ကြက်ဥအကာသာ လိုအပ်ပါတယ်။ မျက်ခွံကို မှိတ်ထားပြီး ဂွမ်းစကို ကြက်ဥအကာထဲ နှစ်ပါ။ နောက်ဆုံး ဂွမ်းစနဲ့ မျက်ခွံအဝိုက် ပွတ်ပေးရပါမယ်။ ကြက်ဥကာတွေ မခြောက်မချင်း မျက်စိမှိတ်ထားရပါမယ်။ အမြန်ခြောက်အောင် ပန်ကာရှေ့ သွားနေလည်း ရပါတယ်။ ထိုနည်းအတိုင်း ပြန်ပြန် လုပ်ပေးနိုင်ပါတယ်။ နောက်ဆုံး ကောင်းမွန်ထိရောက်တဲ့ အကျိုးရလဒ်ကို မြင်တွေ့ပါလိမ့်မယ်။
Credit:Myawady Health
https://www.facebook.com/pg/myawadyhealth
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top