iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္၀န္ေဆာင္မိခင္ေတြ ကိုယ္၀န္ ၁၀ ပတ္ရွိ႐ုံနဲ႔  မိမိ ရင္ေသြးငယ္ရဲ႕ က်ား၊ မအေျဖကို သိလိုပါက ေသြးစစ္ျခင္းနဲ႔ သိႏုိင္ၿပီး စင္ကာပူႏိုင္ငံဓာတ္ခြဲခန္းသို႔ ပို႔ေဆာင္စစ္ေဆးေနေၾကာင္း BioSecure ကုမၸဏီဒါ႐ိုက္တာ ေဒါက္တာ ေက်ာ္ထြန္းလြင္က ေျပာၾကားထားပါတယ္။

လက္ရွိမွာ အဆိုပါ၀န္ေဆာင္မႈကို Bio Secure ကုမၸဏီနဲ႔အတူ ဆာကူရာေဆး႐ုံန႔ဲ ၀ိတိုရိယေဆး႐ုံႀကီးတို႔မွာ ေဆာင္ရြက္ေပးေနတာ ျဖစ္ပါတယ္။

‘‘ကိုယ္၀န္က အနည္းဆံုး ၁၀ ပတ္ျပည့္ရပါမယ္။ ၁၀ ပတ္ကေန ၂၄ ပတ္အတြင္း စစ္ႏိုင္တယ္။ ကိုယ္၀န္ေဆာင္ဆီက ေသြးယူၿပီးေတာ့ စင္ကာပူႏိုင္ငံ ဓာတ္ခြဲခန္းကို ပို႔စစ္တာပါ။ အေျဖကေတာ့ ခုနစ္ရက္ကေန ၁၀ ရက္ အတြင္းသိရတယ္။ ရလဒ္ကလည္း ၉၉ ရာခိုင္ႏႈန္းအထက္ တိက်မႈရွိပါတယ္’’ လို႔ ေဒါက္တာေက်ာ္ထြန္းလြင္က ေျပာထားေၾကာင္း 7Day Daily ရဲ႕ သတင္းတစ္ရပ္မွာ ေရးသားထားတာ ျဖစ္ပါတယ္။

အႏုပညာရွင္ေတြျဖစ္တဲ့ ခ်စ္သုေ၀၊ သၪၨာႏြယ္၀င္း၊ မိုးယုစံ တို႔အပါအ၀င္ ၂၀၁၆ ၾသဂုတ္မွစကာ လက္ရွိအခ်ိန္ထိ လူဦးေရ ၈၀ အထိ အဆိုပါ၀န္ေဆာင္မႈနဲ႔ ေဆာင္ရြက္ေပးခဲ့ျပီး ရလဒ္အေျဖေတြဟာလည္း ေမြးဖြားၿပီးခ်ိန္နဲ႔ တူညီမႈရွိခဲ့ပါတယ္။

က်ား၊ မစစ္ေဆးတာေတြအျပင္ ေဒါင္းဆင္ဒ႐ုန္း၊ ကေလးမ်ဳိးဗီဇခြၽတ္ယြင္းမႈေရာဂါ၊ ဉာဏ္ရည္ပိုင္းဆိုင္ရာေရာဂါ ၁၆ မ်ဳိးကိုပါ ပူးတြဲစစ္ေဆးႏုိင္တာျဖစ္ပါတယ္။ ဝန္ေဆာင္ခအတြက္ က်ား၊ မအေျဖတစ္မ်ဳိးတည္း စစ္ေဆးမယ္ဆုိရင္ ေဒၚလာ ၄၀၀ က်သင့္မွာျဖစ္ျပီး က်ား၊ မအေျဖစစ္ေဆးျခင္းအျပင္ ေရာဂါ ၁၆ မ်ဳိးပါ ပူးတြဲစစ္ေဆးလိုပါက ေဒၚလာ ၈၅၀ က်သင့္မွာျဖစ္ပါတယ္။

‘‘အခုကေတာ့ ေမလ ပ႐ိုမိုး ရွင္းအေနနဲ႔ ေရာဂါ ၁၆ မ်ဳိးနဲ႔ က်ား၊မစစ္တာ ႏွစ္ခုေပါင္းကို ေဒၚလာ ၇၉၀ ျဖစ္ပါတယ္။ က်ား၊ မတစ္ခုတည္း စစ္ခ်င္ရင္ေတာ့ ေဒၚလာ ၄၀၀ ပါ။ ကြၽန္ေတာ္တို႔အေနနဲ႔ ေဆး႐ုံ ႏွစ္ခုတည္းကို ခ်ိတ္ဆက္ထားၿပီး ေဆး႐ုံတစ္ခုနဲ႔ တစ္ခုကေတာ့ ေစ်းႏႈန္းအနည္းငယ္ ကြာျခားႏုိင္ပါတယ္’’ လို႔ ေဒါက္တာေက်ာ္ထြန္းလြင္က ဆက္လက္ေျပာၾကားထားပါတယ္။

အဆိုပါ၀န္ေဆာင္မႈကို ဆာကူရာေဆး႐ုံနဲ႔ ၀ိတိုရိယေဆး႐ုံတုိ႔မွာ  အပတ္စဥ္ တနလၤာ၊ အဂၤါ၊ ဗုဒၶဟူးေန႔ေတြတုိင္း နံနက္ ၉ နာရီမွ ညေန ၅ နာရီအထိ၊ ၾကာသပေတးေန႔မွာ နံနက္ ၉ နာရီမွ ၁၁ နာရီအထိေဆာင္ရြက္ေပးေနတာ ျဖစ္ပါတယ္။
Credit: 7Day Daily

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန် ၁၀ ပတ်ရှိရုံနဲ့  မိမိ ရင်သွေးငယ်ရဲ့ ကျား၊ မအဖြေကို သိလိုပါက သွေးစစ်ခြင်းနဲ့ သိနိုင်ပြီး စင်ကာပူနိုင်ငံဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးနေကြောင်း BioSecure ကုမ္ပဏီဒါရိုက်တာ ဒေါက်တာ ကျော်ထွန်းလွင်က ပြောကြားထားပါတယ်။

လက်ရှိမှာ အဆိုပါဝန်ဆောင်မှုကို Bio Secure ကုမ္ပဏီနဲ့အတူ ဆာကူရာဆေးရုံနဲ့ ဝိတိုရိယဆေးရုံကြီးတို့မှာ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

‘‘ကိုယ်ဝန်က အနည်းဆုံး ၁၀ ပတ်ပြည့်ရပါမယ်။ ၁၀ ပတ်ကနေ ၂၄ ပတ်အတွင်း စစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်ဆီက သွေးယူပြီးတော့ စင်ကာပူနိုင်ငံ ဓာတ်ခွဲခန်းကို ပို့စစ်တာပါ။ အဖြေကတော့ ခုနစ်ရက်ကနေ ၁၀ ရက် အတွင်းသိရတယ်။ ရလဒ်ကလည်း ၉၉ ရာခိုင်နှုန်းအထက် တိကျမှုရှိပါတယ်’’ လို့ ဒေါက်တာကျော်ထွန်းလွင်က ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

အနုပညာရှင်တွေဖြစ်တဲ့ ချစ်သုဝေ၊ သဉ္ဇာနွယ်ဝင်း၊ မိုးယုစံ တို့အပါအဝင် ၂၀၁၆ သြဂုတ်မှစကာ လက်ရှိအချိန်ထိ လူဦးရေ ၈၀ အထိ အဆိုပါဝန်ဆောင်မှုနဲ့ ဆောင်ရွက်ပေးခဲ့ပြီး ရလဒ်အဖြေတွေဟာလည်း မွေးဖွားပြီးချိန်နဲ့ တူညီမှုရှိခဲ့ပါတယ်။

ကျား၊ မစစ်ဆေးတာတွေအပြင် ဒေါင်းဆင်ဒရုန်း၊ ကလေးမျိုးဗီဇချွတ်ယွင်းမှုရောဂါ၊ ဉာဏ်ရည်ပိုင်းဆိုင်ရာရောဂါ ၁၆ မျိုးကိုပါ ပူးတွဲစစ်ဆေးနိုင်တာဖြစ်ပါတယ်။ ဝန်ဆောင်ခအတွက် ကျား၊ မအဖြေတစ်မျိုးတည်း စစ်ဆေးမယ်ဆိုရင် ဒေါ်လာ ၄၀၀ ကျသင့်မှာဖြစ်ပြီး ကျား၊ မအဖြေစစ်ဆေးခြင်းအပြင် ရောဂါ ၁၆ မျိုးပါ ပူးတွဲစစ်ဆေးလိုပါက ဒေါ်လာ ၈၅၀ ကျသင့်မှာဖြစ်ပါတယ်။

‘‘အခုကတော့ မေလ ပရိုမိုး ရှင်းအနေနဲ့ ရောဂါ ၁၆ မျိုးနဲ့ ကျား၊မစစ်တာ နှစ်ခုပေါင်းကို ဒေါ်လာ ၇၉၀ ဖြစ်ပါတယ်။ ကျား၊ မတစ်ခုတည်း စစ်ချင်ရင်တော့ ဒေါ်လာ ၄၀၀ ပါ။ ကျွန်တော်တို့အနေနဲ့ ဆေးရုံ နှစ်ခုတည်းကို ချိတ်ဆက်ထားပြီး ဆေးရုံတစ်ခုနဲ့ တစ်ခုကတော့ ဈေးနှုန်းအနည်းငယ် ကွာခြားနိုင်ပါတယ်’’ လို့ ဒေါက်တာကျော်ထွန်းလွင်က ဆက်လက်ပြောကြားထားပါတယ်။

အဆိုပါဝန်ဆောင်မှုကို ဆာကူရာဆေးရုံနဲ့ ဝိတိုရိယဆေးရုံတို့မှာ  အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တွေတိုင်း နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ၊ ကြာသပတေးနေ့မှာ နံနက် ၉ နာရီမှ ၁၁ နာရီအထိဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
Credit: 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top