iMyanmarHouse.com - Best Property Website for Myanmar
×

သြားဆိုတာ အလွတရားရဲ႕မရွိမျဖစ္လို႔လည္း ဆိုလို႔ရပါတယ္။ “သြားက်ိဳးေလးနဲ႔ မိန္းမေခ်ာ” ဆိုလို႔ ရာဇ၀င္မွာေတာင္မရွိေသးပါဘူး။ ဒီ့အျပင္ သြားရွိလို႔အစားအစာမ်ိဳးစံုကို အရသာခံစားလို႔ရတာ၊ သြားရွိိလို႔ စကားပီပီေျပာႏုိင္တာ၊ သြားရွိလို႔ မ်က္ႏွာအံ၀င္ခြင္က်ျဖစ္ေနရတာ။ သြားေတြက အဲ့ဒီေလာက္ေတာင္အေရးပါေနတာပါ။ ဒါေတာင္ ကိုယ္ေတြမသိေသးတဲ့အခ်က္ေတြရွိေနေသးတာမို႔ အနည္းအက်ဥ္းေလာက္ကိုေယာင္းတို႔ိသိေအာင္ မွ်ေ၀ေပးလုိက္ပါ့မယ္။

၁။သြားေတြဟာ လက္ေဗြရာေတြလိုပါပဲ။ လူတစ္ေယာက္နဲ႔တစ္ေယာက္လံုး၀မတူနိုင္ပါဘူး။ ဒါေၾကာင့္မို႔လည္း မႈခင္းျဖစ္ရပ္ေတြမွာ သြားကိုသက္ေသအေထာက္အထားရယူဖို႔စစ္ေဆးၾကပါတယ္။

၂။ခ်ည္မွ်င္နဲ႔ သြားသန္႔ရွင္းေရးျပဳလုပ္ေပးျခင္းက ဘ၀သက္တမ္းကို ခန္႔မွန္းေခ် ၆ႏွစ္ထပ္တိုးေစပါတယ္။

၃။လူ႔ခႏၶာကိုယ္တစ္ခုလံုးမွာ သြားအေပၚယံေၾကြသားက အမာေၾကာဆံုး ပစၥညး္ပါ။

၄။အရုိးနဲ႔ မတူတဲ့အခ်က္ကေတာ့ သြားေတြဟာ ပ်က္စီးသြားရင္ သူ႔အလိုလိုျပန္လည္ျပဳျပင္ႏုိင္စြမ္းမရွိပါဘူး။

၅။သြားေဆြးျခင္းက အျဖစ္မ်ားဆံုးကေလးေရာဂါပါ။

၆။လူၾကီးေတြမွာ သြား (၃၂)ေခ်ာင္းရွိျပီး ကေလးေတြမွာေတာ့ အေခ်ာင္း(၂၀)ပဲရွိပါတယ္။

၇။လူတစ္ေယာက္မေမြးခင္ကတည္းက သြားျဖစ္ေပၚျပီးသားပါ။ ဒါေပမဲ႔ ေမြးျပီး (၆)လၾကာမွသာ ျမင္ရတာျဖစ္ပါတယ္။

၈။လူတစ္ေယာက္က ပ်မ္းမွ်အားျဖင့္ သူ႔ဘ၀သက္တမ္းရဲ႕ ရက္(၄၀)ေလာက္ကို သြားတိုက္ျခင္းျဖင့္ ကုန္ဆံုးရပါတယ္။

၉။ကမၻာေပၚမွာေနထိုင္ေနတဲ့လူဦးေရထက္ သင့္သြားေပၚမွာေအာင္းေနတဲ့ ဘက္တီးရီးယားအေရအတြက္က ပိုမ်ားပါတယ္။

၁၀။ေခတ္ေပၚသြားတိုက္ေဆးအႏွစ္ေတြကို စတင္အသံုးျပဳတာႏွစ္တစ္ရာေလာက္ပဲ ရွိပါဦးမယ္။ ေရွးေခတ္အခါကဆို သြားသန္႔စင္ေစဖို႔အတြက္ မီးေသြး၊ ျပာ၊ ေျမျဖဴ၊ သံပုရာရည္ စသျဖင့္အသံုးၾကပါတယ္။

ကဲ..ေယာင္းတို႔ေရ။ သြားဆိုတာ လူတိုင္းမွာရွိတဲ့အတြက္ သြားအေၾကာင္းသိထားတာမမွားပါဘူး။ အေပၚကဆယ္ခ်က္လံုးကို ေယာင္းတို႔သိျပီးသားျဖစ္ေနရင္ေတာင္မွ ျပန္သတိျပဳမိသြားမယ္လို႔ အက္ဒမင္ထင္ပါတယ္။
Credit:For Her Myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သွားဆိုတာ အလှတရားရဲ့မရှိမဖြစ်လို့လည်း ဆိုလို့ရပါတယ်။ “သွားကျိုးလေးနဲ့ မိန်းမချော” ဆိုလို့ ရာဇဝင်မှာတောင်မရှိသေးပါဘူး။ ဒီ့အပြင် သွားရှိလို့အစားအစာမျိုးစုံကို အရသာခံစားလို့ရတာ၊ သွားရှိလို့ စကားပီပီပြောနိုင်တာ၊ သွားရှိလို့ မျက်နှာအံဝင်ခွင်ကျဖြစ်နေရတာ။ သွားတွေက အဲ့ဒီလောက်တောင်အရေးပါနေတာပါ။ ဒါတောင် ကိုယ်တွေမသိသေးတဲ့အချက်တွေရှိနေသေးတာမို့ အနည်းအကျဉ်းလောက်ကိုယောင်းတို့ိသိအောင် မျှဝေပေးလိုက်ပါ့မယ်။

၁။သွားတွေဟာ လက်ဗွေရာတွေလိုပါပဲ။ လူတစ်ယောက်နဲ့တစ်ယောက်လုံးဝမတူနိုင်ပါဘူး။ ဒါကြောင့်မို့လည်း မှုခင်းဖြစ်ရပ်တွေမှာ သွားကိုသက်သေအထောက်အထားရယူဖို့စစ်ဆေးကြပါတယ်။

၂။ချည်မျှင်နဲ့ သွားသန့်ရှင်းရေးပြုလုပ်ပေးခြင်းက ဘဝသက်တမ်းကို ခန့်မှန်းချေ ၆နှစ်ထပ်တိုးစေပါတယ်။

၃။လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ သွားအပေါ်ယံကြွေသားက အမာကြောဆုံး ပစ္စည်းပါ။

၄။အရိုးနဲ့ မတူတဲ့အချက်ကတော့ သွားတွေဟာ ပျက်စီးသွားရင် သူ့အလိုလိုပြန်လည်ပြုပြင်နိုင်စွမ်းမရှိပါဘူး။

၅။သွားဆွေးခြင်းက အဖြစ်များဆုံးကလေးရောဂါပါ။

၆။လူကြီးတွေမှာ သွား (၃၂)ချောင်းရှိပြီး ကလေးတွေမှာတော့ အချောင်း(၂၀)ပဲရှိပါတယ်။

၇။လူတစ်ယောက်မမွေးခင်ကတည်းက သွားဖြစ်ပေါ်ပြီးသားပါ။ ဒါပေမဲ့ မွေးပြီး (၆)လကြာမှသာ မြင်ရတာဖြစ်ပါတယ်။

၈။လူတစ်ယောက်က ပျမ်းမျှအားဖြင့် သူ့ဘဝသက်တမ်းရဲ့ ရက်(၄၀)လောက်ကို သွားတိုက်ခြင်းဖြင့် ကုန်ဆုံးရပါတယ်။

၉။ကမ္ဘာပေါ်မှာနေထိုင်နေတဲ့လူဦးရေထက် သင့်သွားပေါ်မှာအောင်းနေတဲ့ ဘက်တီးရီးယားအရေအတွက်က ပိုများပါတယ်။

၁၀။ခေတ်ပေါ်သွားတိုက်ဆေးအနှစ်တွေကို စတင်အသုံးပြုတာနှစ်တစ်ရာလောက်ပဲ ရှိပါဦးမယ်။ ရှေးခေတ်အခါကဆို သွားသန့်စင်စေဖို့အတွက် မီးသွေး၊ ပြာ၊ မြေဖြူ၊ သံပုရာရည် စသဖြင့်အသုံးကြပါတယ်။

ကဲ..ယောင်းတို့ရေ။ သွားဆိုတာ လူတိုင်းမှာရှိတဲ့အတွက် သွားအကြောင်းသိထားတာမမှားပါဘူး။ အပေါ်ကဆယ်ချက်လုံးကို ယောင်းတို့သိပြီးသားဖြစ်နေရင်တောင်မှ ပြန်သတိပြုမိသွားမယ်လို့ အက်ဒမင်ထင်ပါတယ်။
Credit:For Her Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top