iMyanmarHouse.com - Best Property Website for Myanmar
×
READ
Credit:Shwemom
#Unicode Version
နေ့စဉ်ပြုမူဆောင်ရွက်ရတဲ့ လုပ်ငန်းဆောင်တာများကို ခွန်အားပြည့်ဝစွာ ဆောင်ရွက်နိုင်ဖို့က ညဘက်မှာ အိပ်ရေးဝဖို့ အရေးကြီးတယ်ဆိုတာကို လူတိုင်းသိကြပါတယ်။ ညဘက်မှာကောင်းမွန်စွာ အိပ်စက်ဖို့အတွက် အရေးကြီးသလို အိပ်စက်ပုံ မှန်ကန်ဖို့လည်း အရေးကြီးပါတယ်။ဒါကြောင့်  ပရိတ်သတ်ကြီးအတွက် ညဘက်အိပ်စက်ရင် ဘယ်ဘက်ကို စောင်းပြီး အိပ်စက်ခြင်းရဲ့ ကောင်းကျိုး ၆ ချက်ကို ဖော်ပြလိုက်ပါတယ်။
၁။ ခန္ဓာကိုယ် သွေးဖြူကြော စနစ် လှုပ်ရှားမှုကိုကောင်းမွန်စေတယ်။
သွေးဖြူကြောစနစ်ဟာ ခန္ဓာကိုယ်ရဲ့ စွန့်ပစ်ပစ္စည်းများနဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းများကို ဖယ်ရှားပေးရာမှာ အဓိက ကျတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ကျွမ်းကျင်သူများရဲ့ အဆိုအရတော့ သွေးဖြူကြော စနစ်ရဲ့ အဓိက အကြောမကြီး ဖြစ်တဲ့  thoracic duct ဟာ ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်ခြမ်းမှာ ရှိတဲ့အတွက် ဘယ်ဘက်ခြမ်းကို စောင်းအိပ်ပေးခြင်း ကသွေးဖြူကြော စနစ်ရဲ့ လုပ်ဆောင်ခြင်းကို ပိုပြီး မြန်ဆန်စေတယ် လို့ဆိုပါတယ်။
၂။ သရက်ရွက်ကို အလုပ်လုပ်နှုန်း ပိုကောင်းမွန်စေတယ်။
သရက်ရွက်ဟာ သွေးဖြူကြော စနစ်မှာ အကြီးဆုံး အင်္ဂါ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး သူလည်းပဲ ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်ခြမ်းမှာ တည်ရှိပါတယ်။ဒါ့ကြောင့် သင့်ရဲ့ ခန္ဓာကိုယ် ဘယ်ဘက်ခြမ်းကို စောင်းအိပ်တဲ့ အခါမှာ မြေဆွဲအားကြောင်း သရက်ရွက်ထဲကို ပိုပြီး သွေးများစီးဆင်းစေပြီး အညစ်အကြေးများကို ပိုမို များပြားစွာ  စစ်ထုတ်နိုင်စေပါတယ်။
READ
အမြင်အာရုံအားကောင်းလာစေမယ့် သဘာဝဆေး(ပျားရည်+ကြက်သွန်ဖြူ)
၃။ အညစ်အကြေးများကို ပိုမို လွယ်ကူစွာ စစ်ထုတ်စေနိုင်တယ်။
ileocecal valve အဆို့လို့ခေါ်တဲ့ အူမကြီးနဲ့ အူသိမ်ဆုံရာ နေရာဟာ ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်ခြမ်းမှာ တည်ရှိပါတယ်။ဒါ့ကြောင့် သင်ညာဘက်ခြမ်းကို စောင်းအိပ်မယ်ဆိုရင် အူသိမ်မှာ အစာ အညစ်အကြေးများဟာ ကမ္ဘာမြေဆွဲအားကြောင့် ပိုမိုလွယ်ကူစွာ ရွေ့လျားနိုင်တဲ့အတွက် သင့်ရဲ့ အူမကြီးဟာ အညစ်အကြေးများကို ပိုမိုလွယ်ကူစွာ စွန့်ပစ်နိုင်စေမှာ ပဲဖြစ်ပါတယ်။
၄။ ညဘက် ရင်ပူရင်ဆာဖြစ်ခြင်း ကို ကာကွယ်ပေးခြင်း။
သင့်ဟာ ညဘက်မှာ ရင်ပူရင်ဆာဖြစ်တတ်သူတစ်ယောက်ဆိုရင် သင့်ရဲ့ ဘယ်ဘက်ခြမ်းကို စောင်းပြီး အိပ်စက်ဖို့က အကောင်းဆုံး ဖြစ်စေမှာပါ။ ညာဘက်ကို စောင်းအိပ်လိုက်ရင် သင့်ရဲ့ အစာအိမ်ဟာ  အစာရေမျိုပြွန်နဲ့ အစာအိမ်ကို ဆက်ထားတဲ့ ညစ်ကြွက်သားအောက်ကို ရောက်နေမှာ ဖြစ်ပါတယ်။ဒါကြောင့် ဘယ်လက်ကို အိပ်စက်ခြင်းဟာ အစာအိမ်ထဲမှာ အစာများကို အစာရေမျိုပြွန်ထဲ ပြန်လည်ရောက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
၅။ သင့်ရဲ့ အသည်းကို အလွန်အကျွံ အလုပ်လုပ်ခြင်းမှာ ကာကွယ်ပေးတယ်။
အသည်းဟာ ခန္ဓာကိုယ်ရဲ့ ညာဘက်ခြမ်းမှာ တည်ရှိတဲ့ အင်္ဂါတစ်ခုဖြစ်တဲ့အတွက် ဘယ်ဘက်သို့ စောင်းအိပ်ခြင်းဟာ အသည်းကို ဖိမိထားခြင်းမှ ကာကွယ်ပေးပါတယ်။ဒါအပြင် ဘယ်ဘက်ကို စောင်း အိပ်ခြင်းဟာ အဆိပ်အတောက်ဓာတ်တွေ အသည်းထဲကို စုပြုံ မဝင်စေဖို့ ကာကွယ်ပေးမှာ ဖြစ်ပါတယ်။
၆။ သင့်ရဲ့ နှလုံးအတွက် ကောင်းမွန်တယ်။
နှလုံးရဲ့ ဘယ်ဘက်ခြမ်းမှ အခန်းဟာ အဆုတ်မှ သွေးများကို လက်ခံပြီး ခန္ဓာကိုယ်အနှံ ပြန်လည်ပန်းထုတ်ပေးတဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်ပါတယ်။ဒါကြောင့် ဘယ်ဘက်ခြမ်းကို စောင်းအိတ်ခြင်းဟာ သင်ရဲ့ နှလုံး ဘယ်ဘက်ခြမ်းကို ပို၍လွယ်ကူစွာ အလုပ်လုပ်စေနိုင်ပြီး ပင်မသွေးလွှတ်ကြော (နှလုံးဘယ်ဘက်ခန်းက) ရဲ့ လုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်စေပါတယ်။
Credit:Shwemom
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top