iMyanmarHouse.com - Best Property Website for Myanmar
×

လက္သည္းအတိုပဲထားထား၊ အ႐ွည္ပဲထားထား ဝါက်င့္က်င့္အေရာင္သမ္းေနတဲ့ လက္သည္းေတြက သင့္လက္ကေလးေတြရဲ႕အလွကို ဖ်က္ဆီးေနတာပါပဲ။ လက္သည္းဝါဝါႀကီးေတြကိုမႀကိဳက္လို႔ လက္သည္းနီကို အၿမဲတမ္းဆိုးေနရတာလည္း မွန္ကန္တဲ့ေျဖ႐ွင္းနည္းမဟုတ္ပါဘူး။ ပိုေတာင္ဆိုးလာေစပါတယ္။ လက္သည္းခြံေတြ အေရာင္မညစ္ခ်င္ရင္ေတာ့ လက္သည္းဆုိးေဆးမဆိုးမီ base coat အၾကည္ကို ဆိုးေပးဖို႔ လိုပါတယ္။

ဘာေၾကာင့္ လက္သည္းေတြဝါရတာလဲဆုိရင္ ေစာနကေျပာသလို လက္သည္းဆိုးေဆးေၾကာင့္က မ်ားပါတယ္။ အေရာင္ရင့္ေတြဆိုးေလေလ လက္သည္းပိုဝါေလေလပါပဲ။ ေဆးလိပ္ေသာက္ရင္လည္း လက္သည္းေတြဝါတတ္ပါေသးတယ္။ က်န္းမာေရးနဲ႔ဆက္ႏႊယ္ၿပီးေတာ့လည္း လက္သည္းအေရာင္ေတြ ညစ္တတ္ပါေသးတယ္။ ဥပမာအားျဖင့္ မႈိစြဲတာမ်ိဳး ျဖစ္ပါတယ္။ လည္ပင္းအႀကိတ္ (သိြဳင္း႐ြိဳက္)၊ အသည္း၊ အဆုတ္တို႔နဲ႔ ဆက္စပ္ေနတဲ့ေရာဂါေတြေၾကာင့္လည္း လက္သည္းေတြ ဝါႏိုင္ပါတယ္။ သံဓာတ္နဲ႔ ဇင့္ဓာတ္ မလံုေလာက္တဲ့အခါမွာလည္း လက္သည္းေတြ ဝါပါတယ္။

 လက္သည္းဝါေနတာေတြ ေပ်ာက္ခ်င္ရင္ေတာ့

- သံပရာျခမ္းေလးနဲ႔ လက္သည္းကို ေန႔စဥ္ပြတ္တုိက္ေပးလို႔ ရပါတယ္။ ၁၀ မိနစ္ေလာက္ေတာ့ တိုက္ေပးရပါမယ္။ ဒီနည္းက အလြယ္ဆံုးပါ။ ၅ ရက္ေလာက္ဆို ထူးျခားလာပါလိမ့္မယ္။ ဒါမွမဟုတ္ သံပရာ/သံပ႐ိုရည္ထဲကို လက္သည္းေလးေတြ ၁၀ မိနစ္ေလာက္ ႏွစ္ထားေပးလို႔လည္းရတယ္။

- သြားတိုက္ေဆးနဲ႔လည္း လက္သည္းျဖဴေအာင္ လုပ္လုိ႔ရပါေသးတယ္။ သြားကိုျဖဴေဖြးေစတဲ့ သြားတိုက္ေဆးေတြနဲ႔ လက္သည္းကိုလည္း သြားတုိက္သလို ပြတ္တုိက္ေပးလို႔ရပါတယ္။ ဒါေပမဲ့ ဒါက ယာယီစြန္းထင္းေနတာေတြအတြက္ပဲ သံုးရမွာေနာ္။

- Hydrogen peroxide (ဟိုက္ၿဒိဳဂ်င္ပါေအာက္ဆိုဒ္) ထမင္းစားဇြန္း ၁ ဇြန္းနဲ႔ မုန္႔ဖုတ္ဆိုဒါ ထမင္းစားဇြန္း ၂ဇြန္းခြဲကို ေရာစပ္ၿပီး ဂြမ္းေလးနဲ႔တုိ႔ကာ လက္သည္းကိုပြတ္တုိက္ေပးပါ။ ဟိုက္ၿဒိဳဂ်င္ပါေအာက္ဆုိဒ္က ခၽြတ္ေဆးပါ။ ဒါေၾကာင့္မို႔လို႔ ၃ မိနစ္ေလာက္ပဲ လက္သည္းေပၚမွာ ထားေပးၿပီးရင္ ျပန္ေဆးရပါမယ္။ ႏွစ္လလွ်င္တစ္ႀကိမ္ သို႔မဟုတ္ တစ္ႀကိမ္ျပဳလုပ္ၿပီး တစ္လခြဲအၾကာမွ ေနာက္တစ္ႀကိမ္ျပန္လုပ္သင့္ပါတယ္။

Credit:duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

လက်သည်းအတိုပဲထားထား၊ အရှည်ပဲထားထား ဝါကျင့်ကျင့်အရောင်သမ်းနေတဲ့ လက်သည်းတွေက သင့်လက်ကလေးတွေရဲ့အလှကို ဖျက်ဆီးနေတာပါပဲ။ လက်သည်းဝါဝါကြီးတွေကိုမကြိုက်လို့ လက်သည်းနီကို အမြဲတမ်းဆိုးနေရတာလည်း မှန်ကန်တဲ့ဖြေရှင်းနည်းမဟုတ်ပါဘူး။ ပိုတောင်ဆိုးလာစေပါတယ်။ လက်သည်းခွံတွေ အရောင်မညစ်ချင်ရင်တော့ လက်သည်းဆိုးဆေးမဆိုးမီ base coat အကြည်ကို ဆိုးပေးဖို့ လိုပါတယ်။

ဘာကြောင့် လက်သည်းတွေဝါရတာလဲဆိုရင် စောနကပြောသလို လက်သည်းဆိုးဆေးကြောင့်က များပါတယ်။ အရောင်ရင့်တွေဆိုးလေလေ လက်သည်းပိုဝါလေလေပါပဲ။ ဆေးလိပ်သောက်ရင်လည်း လက်သည်းတွေဝါတတ်ပါသေးတယ်။ ကျန်းမာရေးနဲ့ဆက်နွှယ်ပြီးတော့လည်း လက်သည်းအရောင်တွေ ညစ်တတ်ပါသေးတယ်။ ဥပမာအားဖြင့် မှိုစွဲတာမျိုး ဖြစ်ပါတယ်။ လည်ပင်းအကြိတ် (သွိုင်းရွိုက်)၊ အသည်း၊ အဆုတ်တို့နဲ့ ဆက်စပ်နေတဲ့ရောဂါတွေကြောင့်လည်း လက်သည်းတွေ ဝါနိုင်ပါတယ်။ သံဓာတ်နဲ့ ဇင့်ဓာတ် မလုံလောက်တဲ့အခါမှာလည်း လက်သည်းတွေ ဝါပါတယ်။

 လက်သည်းဝါနေတာတွေ ပျောက်ချင်ရင်တော့

- သံပရာခြမ်းလေးနဲ့ လက်သည်းကို နေ့စဉ်ပွတ်တိုက်ပေးလို့ ရပါတယ်။ ၁၀ မိနစ်လောက်တော့ တိုက်ပေးရပါမယ်။ ဒီနည်းက အလွယ်ဆုံးပါ။ ၅ ရက်လောက်ဆို ထူးခြားလာပါလိမ့်မယ်။ ဒါမှမဟုတ် သံပရာ/သံပရိုရည်ထဲကို လက်သည်းလေးတွေ ၁၀ မိနစ်လောက် နှစ်ထားပေးလို့လည်းရတယ်။

- သွားတိုက်ဆေးနဲ့လည်း လက်သည်းဖြူအောင် လုပ်လို့ရပါသေးတယ်။ သွားကိုဖြူဖွေးစေတဲ့ သွားတိုက်ဆေးတွေနဲ့ လက်သည်းကိုလည်း သွားတိုက်သလို ပွတ်တိုက်ပေးလို့ရပါတယ်။ ဒါပေမဲ့ ဒါက ယာယီစွန်းထင်းနေတာတွေအတွက်ပဲ သုံးရမှာနော်။

- Hydrogen peroxide (ဟိုက်ဒြိုဂျင်ပါအောက်ဆိုဒ်) ထမင်းစားဇွန်း ၁ ဇွန်းနဲ့ မုန့်ဖုတ်ဆိုဒါ ထမင်းစားဇွန်း ၂ဇွန်းခွဲကို ရောစပ်ပြီး ဂွမ်းလေးနဲ့တို့ကာ လက်သည်းကိုပွတ်တိုက်ပေးပါ။ ဟိုက်ဒြိုဂျင်ပါအောက်ဆိုဒ်က ချွတ်ဆေးပါ။ ဒါကြောင့်မို့လို့ ၃ မိနစ်လောက်ပဲ လက်သည်းပေါ်မှာ ထားပေးပြီးရင် ပြန်ဆေးရပါမယ်။ နှစ်လလျှင်တစ်ကြိမ် သို့မဟုတ် တစ်ကြိမ်ပြုလုပ်ပြီး တစ်လခွဲအကြာမှ နောက်တစ်ကြိမ်ပြန်လုပ်သင့်ပါတယ်။


Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top