iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္႔ရဲ႕အထက္လူႀကီးေတြ၊ အရာရွိေတြ၊ သူေဌးေတြနဲ႔ ေျပာဆုိဆက္ဆံရတဲ႔အခါ သင္႔ရဲ႕အရည္အခ်င္းနဲ႔ လုပ္ရည္ကိုင္ရည္ကို အေကာင္းဆံုး ထုတ္ေဖာ္ျပသႏိုင္ဖို႔ ေအာက္ပါစကားရပ္ေတြက အသံုး၀င္လိမ္႔မယ္ ထင္ပါတယ္။ အမွန္ေတာ႔ ဒီစကား ၅ ခြန္းဟာ ဘာရယ္ေတာ႔မဟုတ္ေပမယ္႔ သင္႔ရဲ႕ Performance အတြက္ေတာ႔ အေကာင္းဆံုး အေထာက္အကူေပးႏုိင္ပါလိမ္႔မယ္။

၁ - "ဒါကိုကြ်န္ေတာ္/ကြ်န္မ လုပ္ႏိုင္တယ္"

ကိုယ္႔အထက္လူႀကီးဟာ အၿမဲတမ္း အေသးစိတ္အခ်က္အလက္ေတြကို လိုက္ၾကည္႔မေနႏိုင္သလို၊ တစ္ခါတစ္ေလမွာ လက္လႊဲရမယ္႔သူတစ္ဦးကို မျဖစ္မေနလိုအပ္တာပါ။ သင္ဟာသူခိုင္းလိုက္တဲ႔ ကိစၥတစ္ခုကို ေသခ်ာၿပီးေျမာက္ေအာင္ လုပ္ႏိုင္တယ္လို႔ ကတိေပးႏိုင္တဲ႔အခါ။ တကယ္လည္း ေအာင္ျမင္ေအာင္ထမ္းေဆာင္ႏိုင္တဲ႔အခါ၊ သူ႔အတြက္အားကိုးစရာလူသားဟာ သင္ပါပဲ။

၂ - "ဒါကြ်န္ေတာ္႔/ကြ်န္မရဲ႕ အမွားပါ"

ဒါဟာ တာ၀န္ယူမႈ၊ တာ၀န္ခံမႈရွိေၾကာင္း ျပသတဲ႔ စကားတစ္ခြန္းလည္း ျဖစ္ပါတယ္။ အၿမဲတမ္းမွားေနတာမ်ိဳးေတာ႔ မျဖစ္သင္႔ပါဘူး။ ဒါေပမယ္႔ တစ္ခါတစ္ေလ သင္႔အမွားမဟုတ္ေတာင္ သင္႔လက္ေအာက္က လူရဲ႕အမွားကို သင္ကတာ၀န္ယူေပးလိုက္တာမ်ိဳးဟာ သင္႔ကိုပိုမိုအထင္ႀကီးေလးစားစရာ ေကာင္းေစမွာပါ။

၃ - "အဲ႔ဒါကိုေတာ႔ သေဘာမတူဘူး ဘာလို႔လည္းဆိုေတာ႔..."

တစ္ခ်ိဳ႕ေဘာ႔စ္ေတြက သူတုိ႔ေျပာသမွ်နားေထာင္၊ လိုက္လုပ္၊ ေထာက္ခံေနတာမ်ိဳးထက္ အျပန္အလွန္ေဆြးေႏြး အႀကံေပးတတ္တာမ်ိဳးကို ပိုသေဘာက်ေလ႔ ရွိၾကပါတယ္။ ဒါဟာသင္က အလုပ္အေပၚ ပိုမိုစိတ္၀င္တစား ေလ႔လာေနေၾကာင္း ျပသရာေရာက္ၿပီး ယဥ္ယဥ္ေက်းေက်း ေလးေလးစားစား တံု႔ျပန္ေဆြးေႏြးဖို႔ ၀န္မေလးပါနဲ႔။

၄ - "ဒါကိုကြ်န္ေတာ္/ကြ်န္မ လုပ္လိုက္မယ္"

အစည္းအေ၀းမွာျဖစ္ျဖစ္၊ အေၾကာင္းတစ္ခုခုေၾကာင္႔ျဖစ္ျဖစ္ တစ္စံုတစ္ခုကို ခိုင္းတဲ႔အခါ တာ၀န္ယူႏိုင္တယ္၊ လုပ္ႏိုင္တယ္၊ ကူညီေပးႏိုင္တယ္ဆုိတာမ်ိဳး ျပသပါ။ ဒီအခ်က္အတြက္ သင္ဟာပူးေပါင္းေဆာင္ရြက္လိုစိတ္ရွိတယ္။ လူမႈ၀န္ထမ္းစိတ္ရွိတယ္ဆုိၿပီး အမွတ္ေကာင္းေကာင္း ရေစပါလိမ္႔မယ္။

၅ - "ဘာကူညီေပးရမလဲ?"

တခ်ိဳ႕ကလည္း ကိုယ္႔အလုပ္ ကိုယ္႔တာ၀န္ၿပီးရင္ၿပီးၿပီ က်န္တာေတြ လာမခိုင္းနဲ႔ မလုပ္ခ်င္ဘူးဆိုတာမ်ိဳး ရွိတတ္ပါတယ္။ ဒါေပမယ္႔ အလုပ္ကိုမတြက္ကပ္တဲ႔သူနဲ႔ တြက္ကပ္တဲ႔သူ ယွဥ္လိုက္တဲ႔အခါ ဘယ္သူက ရာထူးတိုးဖို႔ နာမည္ေကာငး္ရဖို႔ ပိုအားသာမလဲ စဥ္းစားၾကည္႔လိုက္ေလ။ ဒီေတာ႔ မိမိတတ္ႏိုင္တဲ႔ဘက္က အကူအညီေပးရဖို႔အတြက္ ၀န္မေလးပါနဲ႔။

Credit:Momolay
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္.

#Unicode Version

ကိုယ့်ရဲ့အထက်လူကြီးတွေ၊ အရာရှိတွေ၊ သူဌေးတွေနဲ့ ပြောဆိုဆက်ဆံရတဲ့အခါ သင့်ရဲ့အရည်အချင်းနဲ့ လုပ်ရည်ကိုင်ရည်ကို အကောင်းဆုံး ထုတ်ဖော်ပြသနိုင်ဖို့ အောက်ပါစကားရပ်တွေက အသုံးဝင်လိမ့်မယ် ထင်ပါတယ်။ အမှန်တော့ ဒီစကား ၅ ခွန်းဟာ ဘာရယ်တော့မဟုတ်ပေမယ့် သင့်ရဲ့ Performance အတွက်တော့ အကောင်းဆုံး အထောက်အကူပေးနိုင်ပါလိမ့်မယ်။

၁ - "ဒါကိုကျွန်တော်/ကျွန်မ လုပ်နိုင်တယ်"

ကိုယ့်အထက်လူကြီးဟာ အမြဲတမ်း အသေးစိတ်အချက်အလက်တွေကို လိုက်ကြည့်မနေနိုင်သလို၊ တစ်ခါတစ်လေမှာ လက်လွှဲရမယ့်သူတစ်ဦးကို မဖြစ်မနေလိုအပ်တာပါ။ သင်ဟာသူခိုင်းလိုက်တဲ့ ကိစ္စတစ်ခုကို သေချာပြီးမြောက်အောင် လုပ်နိုင်တယ်လို့ ကတိပေးနိုင်တဲ့အခါ။ တကယ်လည်း အောင်မြင်အောင်ထမ်းဆောင်နိုင်တဲ့အခါ၊ သူ့အတွက်အားကိုးစရာလူသားဟာ သင်ပါပဲ။

၂ - "ဒါကျွန်တော့်/ကျွန်မရဲ့ အမှားပါ"

ဒါဟာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိကြောင်း ပြသတဲ့ စကားတစ်ခွန်းလည်း ဖြစ်ပါတယ်။ အမြဲတမ်းမှားနေတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေ သင့်အမှားမဟုတ်တောင် သင့်လက်အောက်က လူရဲ့အမှားကို သင်ကတာဝန်ယူပေးလိုက်တာမျိုးဟာ သင့်ကိုပိုမိုအထင်ကြီးလေးစားစရာ ကောင်းစေမှာပါ။

၃ - "အဲ့ဒါကိုတော့ သဘောမတူဘူး ဘာလို့လည်းဆိုတော့..."

တစ်ချို့ဘော့စ်တွေက သူတို့ပြောသမျှနားထောင်၊ လိုက်လုပ်၊ ထောက်ခံနေတာမျိုးထက် အပြန်အလှန်ဆွေးနွေး အကြံပေးတတ်တာမျိုးကို ပိုသဘောကျလေ့ ရှိကြပါတယ်။ ဒါဟာသင်က အလုပ်အပေါ် ပိုမိုစိတ်ဝင်တစား လေ့လာနေကြောင်း ပြသရာရောက်ပြီး ယဉ်ယဉ်ကျေးကျေး လေးလေးစားစား တုံ့ပြန်ဆွေးနွေးဖို့ ဝန်မလေးပါနဲ့။

၄ - "ဒါကိုကျွန်တော်/ကျွန်မ လုပ်လိုက်မယ်"

အစည်းအဝေးမှာဖြစ်ဖြစ်၊ အကြောင်းတစ်ခုခုကြောင့်ဖြစ်ဖြစ် တစ်စုံတစ်ခုကို ခိုင်းတဲ့အခါ တာဝန်ယူနိုင်တယ်၊ လုပ်နိုင်တယ်၊ ကူညီပေးနိုင်တယ်ဆိုတာမျိုး ပြသပါ။ ဒီအချက်အတွက် သင်ဟာပူးပေါင်းဆောင်ရွက်လိုစိတ်ရှိတယ်။ လူမှုဝန်ထမ်းစိတ်ရှိတယ်ဆိုပြီး အမှတ်ကောင်းကောင်း ရစေပါလိမ့်မယ်။

၅ - "ဘာကူညီပေးရမလဲ?"

တချို့ကလည်း ကိုယ့်အလုပ် ကိုယ့်တာဝန်ပြီးရင်ပြီးပြီ ကျန်တာတွေ လာမခိုင်းနဲ့ မလုပ်ချင်ဘူးဆိုတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် အလုပ်ကိုမတွက်ကပ်တဲ့သူနဲ့ တွက်ကပ်တဲ့သူ ယှဉ်လိုက်တဲ့အခါ ဘယ်သူက ရာထူးတိုးဖို့ နာမည်ကောင်းရဖို့ ပိုအားသာမလဲ စဉ်းစားကြည့်လိုက်လေ။ ဒီတော့ မိမိတတ်နိုင်တဲ့ဘက်က အကူအညီပေးရဖို့အတွက် ဝန်မလေးပါနဲ့။


Credit:Momolay

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်.
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top