iMyanmarHouse.com - Best Property Website for Myanmar
×

ေႏြရာသီကို ေရာက္လာတာနဲ႔ လူတုိင္းလိုလို ၾကံဳရတဲ့ စိတ္ညစ္စရာတစ္ခုက ေခၽြးထြက္မ်ားတဲ့ျပႆနာပါ။

ေခၽြးအရမ္းထြက္ရင္ ခႏၶာကိုယ္ထဲမွာ ေရဓာတ္ခမ္းသြားၿပီး လူကိုႏြမ္းနယ္ေစပါတယ္။ အခ်ိဳ႕လူေတြရွိတယ္ နည္းနည္းေလး လႈပ္လုိက္တာနဲ႔၊ နည္းနည္းေလး ပူလာတာနဲ႔ ေခၽြးေတြ႐ႊဲနစ္ေနေအာင္ ထြက္လာတာမ်ိဳးေလ။ အခ်ိဳ႕က်ေတာ့လည္း ဘယ္ေလာက္ပူပူ ေခၽြးက သိပ္မထြက္ဘူး။

၁။ အမ်ိဳးသမီးေတြနဲ႔ယွဥ္ရင္ အမ်ိဳးသားေတြက ေခၽြးပိုထြက္ၾကပါတယ္။

၂။ ကာယေလ့က်င့္ခန္း ျပဳလုပ္ေလ့ရွိသူေတြက်ေတာ့ ေခၽြးထြက္နည္းေလ့ရွိသတဲ့။

၃။ ႐ွိသင့္တဲ့ ကိုယ္အေလးခ်ိန္ထက္ ပိုဝေနတဲ့လူေတြဟာလည္း ပိုၿပီး ေခၽြးထြက္သန္ၾကတယ္လို႔ သိပၸံပညာရွင္ေတြက ဆုိပါတယ္။

၄။ ကမၻာ့လူဦးေရရဲ႕ ၃% အထက္ဟာ Hyperhidrosis လို႔ေခၚတဲ့ ေခၽြးထြက္သန္သူေတြ ျဖစ္ၾကပါသတဲ့။ ဒါေၾကာင့္မုိ႔လို႔ အလိုလိုေနရင္း ေခၽြးထြက္ေနၾကတာ ျဖစ္ပါတယ္။ ဒီလိုျဖစ္ရတာက မ်ိဳး႐ိုးနဲ႔လည္း သက္ဆိုင္တယ္လို႔ သိရပါတယ္။

တကယ္ေတာ့ ေခၽြးထြက္ျခင္းဟာ ခႏၶာကိုယ္ကို ေအးျမေအာင္ အလိုအေလ်ာက္ လုပ္ေဆာင္တဲ့ျဖစ္စဥ္တစ္ခုပါ။ ေခၽြးနည္းနည္းေလာက္ ပိုထြက္လာ႐ံုနဲ႔ သိပ္ၿပီးစိတ္ပူေနဖုိ႔ မလိုပါဘူး။ အပူခ်ိန္မ်ားေတာ့ ခႏၶာကိုယ္ေအးျမေအာင္ ေခၽြးေတြထြက္လာေပးတာသာ ျဖစ္ပါတယ္။ ခုလိုမ်ိဳး အပူခ်ိန္ျပင္းတဲ့ရာသီဥတုမွာေတာ့ ေခၽြးထြက္မ်ားေလ့ရွိပါတယ္။ ေရမ်ားမ်ားေသာက္ဖုိ႔ မေမ့ပါနဲ႔။
Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

နွေရာသီကို ရောက်လာတာနဲ့ လူတိုင်းလိုလို ကြုံရတဲ့ စိတ်ညစ်စရာတစ်ခုက ချွေးထွက်များတဲ့ပြဿနာပါ။

ချွေးအရမ်းထွက်ရင် ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းသွားပြီး လူကိုနွမ်းနယ်စေပါတယ်။ အချို့လူတွေရှိတယ် နည်းနည်းလေး လှုပ်လိုက်တာနဲ့၊ နည်းနည်းလေး ပူလာတာနဲ့ ချွေးတွေရွှဲနစ်နေအောင် ထွက်လာတာမျိုးလေ။ အချို့ကျတော့လည်း ဘယ်လောက်ပူပူ ချွေးက သိပ်မထွက်ဘူး။

၁။ အမျိုးသမီးတွေနဲ့ယှဉ်ရင် အမျိုးသားတွေက ချွေးပိုထွက်ကြပါတယ်။

၂။ ကာယလေ့ကျင့်ခန်း ပြုလုပ်လေ့ရှိသူတွေကျတော့ ချွေးထွက်နည်းလေ့ရှိသတဲ့။

၃။ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုဝနေတဲ့လူတွေဟာလည်း ပိုပြီး ချွေးထွက်သန်ကြတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

၄။ ကမ္ဘာ့လူဦးရေရဲ့ ၃% အထက်ဟာ Hyperhidrosis လို့ခေါ်တဲ့ ချွေးထွက်သန်သူတွေ ဖြစ်ကြပါသတဲ့။ ဒါကြောင့်မို့လို့ အလိုလိုနေရင်း ချွေးထွက်နေကြတာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာက မျိုးရိုးနဲ့လည်း သက်ဆိုင်တယ်လို့ သိရပါတယ်။

တကယ်တော့ ချွေးထွက်ခြင်းဟာ ခန္ဓာကိုယ်ကို အေးမြအောင် အလိုအလျောက် လုပ်ဆောင်တဲ့ဖြစ်စဉ်တစ်ခုပါ။ ချွေးနည်းနည်းလောက် ပိုထွက်လာရုံနဲ့ သိပ်ပြီးစိတ်ပူနေဖို့ မလိုပါဘူး။ အပူချိန်များတော့ ခန္ဓာကိုယ်အေးမြအောင် ချွေးတွေထွက်လာပေးတာသာ ဖြစ်ပါတယ်။ ခုလိုမျိုး အပူချိန်ပြင်းတဲ့ရာသီဥတုမှာတော့ ချွေးထွက်များလေ့ရှိပါတယ်။ ရေများများသောက်ဖို့ မမေ့ပါနဲ့။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top