iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္တဲ့သူကို ရွာေတြ႔ဖို႔မလြယ္သလို ခ်စ္သူေတြ႔ၿပီဆိုရင္ေတာင္ ခ်စ္ျခင္းႏွစ္ခု ထပ္တူက်ဖို႔လည္းမလြယ္ပါဘူး။ ပိုၿပီးမလြယ္တာက ခ်စ္သူႏွစ္ဦး ဆက္ဆံေရး တည္ၿမဲဖို႔ဆိုတာပါပဲ။ ခ်စ္သူႏွစ္ဦး ခ်စ္တာထက္ နားလည္မႈရွိမွ ေရရွည္ လက္တြဲသြားႏိုင္တာပါ။ ခ်စ္သူႏွစ္ဦးေရရွည္တည္ၿမဲၿပီး သင့္အတြက္ေရာ သူ႔အတြက္ပါေကာင္းမြန္တဲ့ ေကာင္ေလး ေကာင္မေလးကို ရွာေတြ႕ေနၿပီဆိုတဲ့ လကၡဏာရပ္ေတြကို မွ်ေ၀ေပးခ်င္ပါတယ္။ သေဘာထားခ်င္းမတိုက္ဆိုင္ရင္လည္း ခြင့္လႊတ္ပါေနာ္။

သူ႔ကို ျမင္ျမင္ခ်င္း သတိထားမိတယ္။

သူ႔ကို ပထမဆံုး စေတြ႔တုန္းက သူက သင့္ကို တစ္ခုခု ခံစားရေစတယ္။ သူ႔ရဲ့ အျပဳအမူေတြက သင့္အတြက္ ထူးျခားေနတယ္။ စြဲေဆာင္ထားတယ္ဆိုရင္ သင့္ခ်စ္ရမယ့္ ေကာင္မေလးတစ္ေယာက္ကို သင္ရွာေတြ႔ေနပါၿပီ။ သူ႔ရဲ့ ေျပာဆိုဆက္ဆံပံုေတြကို သင္စြဲလန္းမိေနတယ္ဆိုရင္ သင္သူ႔ကို ခ်စ္မိေတာ့မွာျဖစ္သလို ခ်က္ခ်င္းလည္း ခ်စ္သြားႏိုင္ပါတယ္။

သင္ရဲ့ ခ်စ္ျခင္းေတြက တဆထက္တဆ ႀကီးထြားလာတယ္။

သူနဲ႔ေတြ႔ေနရင္းနဲ႔ ပိုၿပီးေတြ႔ခ်င္လာတယ္။ အခုေတြ႔ၿပီးရင္ခဏေန ေတြ႕ခ်င္လာတယ္။ တစ္ရက္ၿပီးတစ္ရက္ တစ္လၿပီးတစ္လ တစ္ႏွစ္ၿပီးတစ္ႏွစ္ ပိုၿပီး ေတြ႔ခ်င္ ျမင္ခ်င္လာတယ္ဆိုရင္ သင့္ရဲ့အခ်စ္ေတြ တျဖည္းျဖည္း ခိုင္မာ ႀကီးထြားလာေနပါၿပီ။

အတူတူ ရယ္ၾကတယ္။

ဆိုလိုခ်င္တာက သင္တို႔ႏွစ္ေယာက္ရဲ့ အခ်စ္ေရးမွာ ရယ္စရာေမာစရာ ေပ်ာ္ရႊင္စရာေတြနဲ႔ ျပည့္ေနရင္ သင့္ဟာ ခ်စ္သူေကာင္းတစ္ေယာက္ကို ရွာေတြ႔ထားရံုသာမက မွန္ကန္တဲ့ သူတစ္ေယာက္နဲ႔ သင္ဆံုေတြ႔ရေနၿပီျဖစ္ပါတယ္။

တစ္ေယာက္ကိုယ္တစ္ေယာက္ ေလးစားမႈရွိတယ္။

ခ်စ္သူႏွစ္ဦးဆက္ဆံေရးမွာ တကယ္ကို လိုအပ္တဲ့ အရာပါ။ တစ္ေယာက္ကို တစ္ေယာက္ အျပန္အလွန္ ေလးစားမႈရွိမွ တစ္ေယာက္ဆႏၵကို တစ္ေယာက္က ျဖည့္ဆည္း လိုက္ေလ်ာေပးမွာ အခ်စ္ဆိုတာ ခိုင္ၿမဲမွာျဖစ္ပါတယ္။

သင္ဦးစားေပးလုပ္ေဆာင္ထားတဲ့အရာေတြ ေျပာင္းလဲသြားတယ္။

ခ်စ္သူေကာင္းတစ္ေယာက္ဆိုရင္ သင့္မိတ္ေဆြ သူငယ္ခ်င္းေတြနဲ႔ သင့္ကို ေ၀းကြာေစမွာမဟုတ္ပါဘူး။ ဒါေပမယ့္ သင့္ႏွလံုးသားကိုေတာ့ သူတိတ္တိတ္ေလးခိုးယူသြားပါၿပီ။ သင့္အရင္က နံပါတ္၁ ေငြ နံပါတ္ ၂ ရည္ရြယ္ခ်က္ စသျဖင့္ ဦးစားေပးခဲ့တဲ့အရာေတြက သင့္ခ်စ္သူ ျဖစ္လာမွာပါ။

စိတ္တူကိုယ္တူပဲ။

ႏွစ္ေယာက္သား အႀကိဳက္ခ်င္းတူတာမ်ားတယ္။ စိတ္ခ်င္းနီးစပ္တယ္ဆိုတာ သိပ္ကိုေကာင္းပါတယ္။ အတူတာေလးေတြကိုေတာ့ ညွိယူလို႔ရပါတယ္။ မတူတာထက္ တူတာမ်ားေနတာဟာ သင္တို႔ႏွစ္ဦးရ့ဲ ဆက္ဆံေရးကို ပိုၿပီး ခိုင္ၿမဲေစမွာပါ။

Credit:Mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

ချစ်တဲ့သူကို ရှာတွေ့ဖို့မလွယ်သလို ချစ်သူတွေ့ပြီဆိုရင်တောင် ချစ်ခြင်းနှစ်ခု ထပ်တူကျဖို့လည်းမလွယ်ပါဘူး။ ပိုပြီးမလွယ်တာက ချစ်သူနှစ်ဦး ဆက်ဆံရေး တည်မြဲဖို့ဆိုတာပါပဲ။ ချစ်သူနှစ်ဦး ချစ်တာထက် နားလည်မှုရှိမှ ရေရှည် လက်တွဲသွားနိုင်တာပါ။ ချစ်သူနှစ်ဦးရေရှည်တည်မြဲပြီး သင့်အတွက်ရော သူ့အတွက်ပါကောင်းမွန်တဲ့ ကောင်လေး ကောင်မလေးကို ရှာတွေ့နေပြီဆိုတဲ့ လက္ခဏာရပ်တွေကို မျှဝေပေးချင်ပါတယ်။ သဘောထားချင်းမတိုက်ဆိုင်ရင်လည်း ခွင့်လွှတ်ပါနော်။

သူ့ကို မြင်မြင်ချင်း သတိထားမိတယ်။

သူ့ကို ပထမဆုံး စတွေ့တုန်းက သူက သင့်ကို တစ်ခုခု ခံစားရစေတယ်။ သူ့ရဲ့ အပြုအမူတွေက သင့်အတွက် ထူးခြားနေတယ်။ စွဲဆောင်ထားတယ်ဆိုရင် သင့်ချစ်ရမယ့် ကောင်မလေးတစ်ယောက်ကို သင်ရှာတွေ့နေပါပြီ။ သူ့ရဲ့ ပြောဆိုဆက်ဆံပုံတွေကို သင်စွဲလန်းမိနေတယ်ဆိုရင် သင်သူ့ကို ချစ်မိတော့မှာဖြစ်သလို ချက်ချင်းလည်း ချစ်သွားနိုင်ပါတယ်။

သင်ရဲ့ ချစ်ခြင်းတွေက တဆထက်တဆ ကြီးထွားလာတယ်။

သူနဲ့တွေ့နေရင်းနဲ့ ပိုပြီးတွေ့ချင်လာတယ်။ အခုတွေ့ပြီးရင်ခဏနေ တွေ့ချင်လာတယ်။ တစ်ရက်ပြီးတစ်ရက် တစ်လပြီးတစ်လ တစ်နှစ်ပြီးတစ်နှစ် ပိုပြီး တွေ့ချင် မြင်ချင်လာတယ်ဆိုရင် သင့်ရဲ့အချစ်တွေ တဖြည်းဖြည်း ခိုင်မာ ကြီးထွားလာနေပါပြီ။

အတူတူ ရယ်ကြတယ်။

ဆိုလိုချင်တာက သင်တို့နှစ်ယောက်ရဲ့ အချစ်ရေးမှာ ရယ်စရာမောစရာ ပျော်ရွှင်စရာတွေနဲ့ ပြည့်နေရင် သင့်ဟာ ချစ်သူကောင်းတစ်ယောက်ကို ရှာတွေ့ထားရုံသာမက မှန်ကန်တဲ့ သူတစ်ယောက်နဲ့ သင်ဆုံတွေ့ရနေပြီဖြစ်ပါတယ်။

တစ်ယောက်ကိုယ်တစ်ယောက် လေးစားမှုရှိတယ်။

ချစ်သူနှစ်ဦးဆက်ဆံရေးမှာ တကယ်ကို လိုအပ်တဲ့ အရာပါ။ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် လေးစားမှုရှိမှ တစ်ယောက်ဆန္ဒကို တစ်ယောက်က ဖြည့်ဆည်း လိုက်လျောပေးမှာ အချစ်ဆိုတာ ခိုင်မြဲမှာဖြစ်ပါတယ်။

သင်ဦးစားပေးလုပ်ဆောင်ထားတဲ့အရာတွေ ပြောင်းလဲသွားတယ်။

ချစ်သူကောင်းတစ်ယောက်ဆိုရင် သင့်မိတ်ဆွေ သူငယ်ချင်းတွေနဲ့ သင့်ကို ဝေးကွာစေမှာမဟုတ်ပါဘူး။ ဒါပေမယ့် သင့်နှလုံးသားကိုတော့ သူတိတ်တိတ်လေးခိုးယူသွားပါပြီ။ သင့်အရင်က နံပါတ်၁ ငွေ နံပါတ် ၂ ရည်ရွယ်ချက် စသဖြင့် ဦးစားပေးခဲ့တဲ့အရာတွေက သင့်ချစ်သူ ဖြစ်လာမှာပါ။

စိတ်တူကိုယ်တူပဲ။

နှစ်ယောက်သား အကြိုက်ချင်းတူတာများတယ်။ စိတ်ချင်းနီးစပ်တယ်ဆိုတာ သိပ်ကိုကောင်းပါတယ်။ အတူတာလေးတွေကိုတော့ ညှိယူလို့ရပါတယ်။ မတူတာထက် တူတာများနေတာဟာ သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးကို ပိုပြီး ခိုင်မြဲစေမှာပါ။

Credit:Mystylemyanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top