iMyanmarHouse.com - Best Property Website for Myanmar
×

မိန္း ကေလး တေယာက္ ကေန အက်ိဳးတခုခုကို ေမွ်ာ္ ကိုးျပီး မမွန္ဘဲနဲ႔ အပ်ိဳစစ္ ပါတယ္လို႔ ေျပာလိုက္ တာကို Virginity fraud အပ်ိဳရည္- လိမ္ တယ္၊ Virginity lie အပ်ိဳရည္-မုသား နဲ႔ Chastity fraud အျဗဟၼစရိယ-အ က်င့္ လို႔လဲ ေခၚ တယ္။ မိဖ မစစ္ဘူးဆိုတာလိုဘဲ ဒီ အယူအ ဆဟာလဲ ျငင္းခုန္စရာ တခုပါဘဲ။ အပ်ိဳ စစ္-မစစ္ရဲ႕ အဓိပၸါယ္ဖြင့္မႈ နဲ႔ အေရးပါမႈ ဆိုတာကို လူ႔အသိုင္း အဝိုင္းမွာ တသေဘာ ထဲ မရွိပါ။ က်ား-မ ႏွစ္ခြအျမင္ ရွိတာနဲ႔ မရွိတာမွာ ကြာၾက တယ္။

အပ်ိဳစစ္မႈကို
1. အပ်ိဳေျမွး ရွိတာ-မရွိတာနဲ႔ တိုင္းမလား။
 2. ဒႆနိက-သတ္မွတ္ခ်က္ေကာ ထားမလား။
 လူမႈအသိုင္းအဝိုင္းေတြက မတူၾကပါ။အဓမၼျပဳက်င့္ခံရသူမ်ိဳးကို အကဲျဖတ္တာေတာ့ တူၾကတာ မ်ားပါတယ္။ မိန္းကေလး တေယာက္ Boyfriend ေယာက္်ားေလးအေဖၚ ထားျပီဆိုကတည္းက (လိင္ဆက္ဆံမႈ မရွိအံုးေတာ့) တန္ဘိုး သတ္မွတ္မႈမွာ အမွတ္ ေလ်ာ့ခံရျပီ။ မိန္းကေလးခ်င္းခ်င္း လိင္ကိစၥထိ ေရာက္ၾကအံုးေတာ့ ေစာေစာက မိန္းကေလးေလာက္ အမွတ္ မေလွ်ာ့တတ္ဘူး။ ေရွးေခတ္လို႔ ေျပာရမယ္၊ ခုေခတ္လဲ ရွိေတာ့ ရွိေသးတာပါ၊

မဂၤလာဦးညမွာ အိပ္ယာခင္း၊ အဝတ္အစားမယ္ ကညာေျမွးစုတ္လို႔ ထြက္တဲ့ ေသြးစြန္းတာ လက္ေတြ႔ ျမင္ရမွသာ သတို႔သမီးဟာ အပ်ိဳစစ္ခဲ့ပါတယ္ ဆိုတာရဲ႕ Proof သက္ေသခံ ျဖစ္တယ္။ ဒီအခ်က္ကို မဂၤလာေဆာင္ စာခ်ဳပ္ကတည္းက တည့္ထားတတ္တယ္။ ဘယ္ရမလဲ လူဆိုတာ ၾကံရည္-ဖန္ရည္ ရွိတယ္ မဟုတ္လား။ ေခတ္လူေတြမွ ေတာ္ၾကတယ္ မထင္ပါနဲ႔။ ေသြးအတု လုပ္နည္းတို႔ စုတ္ျပဲသြားလို႔ နာက်င္မႈ အေယာင္ေဆာင္တို႔ ဆိုတာေတြလဲ ေရွးကတည္းက ရွိေနခဲ့ပါတယ္။

 Methods of detection ဘယ္လို စမ္းသပ္မလဲ -
1. အပ်ိဳေျမွးကို ခြဲစိတ္ကုသျပီး ျပန္လုပ္ေပးထားသလား။ ပံုမွန္ရွိအပ္တဲ့ (ဗဂ်ိဳင္းနား) ရဲ႕ ၾကံဳ႕ႏိုင္-ဆန္႔ႏိုင္စြမ္း ရွိသလား-မရွိဘူးလား ဆိုတာေတြ စစ္တာကို လူမ်ိဳးစု အေတာ္မ်ားမ်ားမွာ ဆရာဝန္ေတြက လုပ္ရတာေတာ့ မဟုတ္ပါ။ အမ်ားလက္ခံတဲ့ အမ်ိဳးလဲေတာ္တဲ့ အမ်ိဳးသမီးၾကီး တဦးဦးကေန လုပ္ရပါတယ္။ ေနာက္ပိုင္းမွာေတာ့ ဆရာဝန္ေတြကို သံုးလာတာလဲ ရွိပါတယ္။ ေဆးလက္မွတ္ ထုတ္ေပးဘို႔ လိုတတ္လို႔ပါ။

2. ဆရာဝန္နဲ႔ မလံုေလာက္ရင္ "စံုေထာက္" အားကိုးၾကတာလဲ ရွိတယ္။ မိန္းကေလးရဲ႕ သမီးရည္းစားထား သမိုင္း ျပန္လွန္မယ္။ သြားဘူး-လာဘူးတဲ့ ေဆးရံု-ေဆးခန္းေတြ လိုက္စံုစမ္းမယ္။ မေပၚေပၚေအာင္ ေဖၚမယ္။ အေနာက္ႏိုင္ငံေတြမွာ အပ်ိဳေျမွးျပန္လုပ္ေပးတာကို ေဝဖန္လာၾကတယ္။ ဆးပညာအရ မလိုအပ္ဘူးတဲ့။ လူေတြ အဲလို လိုက္လုပ္ၾကတဲ့ Social practices အေလ့အထက မေကာင္းဘူးလို႔ ေျပာတယ္။ သိတဲ့အတိုင္း ဒီနည္းေၾကာင့္ အပ်ိဳမဟုတ္သူေတြက အပ်ိဳတု လုပ္လာပါတယ္။

၂ဝဝ၆ တံုးက ျပင္သစ္ႏိုင္ငံ Lille မွာေနတဲ့ သတို႔သားက သူ႔ သတို႔သမီးကို အပ်ိဳမစစ္လို႔ မယူေတာ့ဘူး ျငင္းခဲ့တယ္။ မိန္းကေလးကလဲ စစ္ပါတယ္ေျပာေပမဲ့ အယူခံ မတက္ေတာ့ ေယာက္်ားလုပ္သူက အႏိုင္ရလိုက္တယ္။ ၂ဝဝ၉ ေရာက္ေတာ့ မီဒီယာ အာရံုစိုက္မႈမ်ားတဲ့ၾကားကေန တရားေရးဝန္ၾကီး Rachida Dati က အစိုးရကို အယူခံဘို႔ အမိန္႔ခ်လိုက္တယ္။ အယူခံတရားရံုးက အရင္အမိန္႔ကို ေျပာင္းျပန္လုပ္လိုက္တယ္။ လက္ထပ္တာမွာ အပ်ိဳ စစ္-မစစ္ဟာ Essential condition မရွိမျဖစ္ လိုအပ္ခ်က္ မဟုတ္လို႔ ခ်မွတ္ထာ ျဖစ္တယ္။ မိန္းကေလးက မုသားဆိုအံုးေတာ့ အိမ္ ေထာင္သည္ဘဝအတြက္ အပ်ိဳရည္ပ်က္လဲ ကိစၥမရွိဘူးတဲ့။ သူ႔အတိတ္ဟာ အတိတ္ဘဲတဲ့။  

Credit:Dr. တင့္ေဆြ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
မိန်း ကလေး တယောက် ကနေ အကျိုးတခုခုကို မျှော် ကိုးပြီး မမှန်ဘဲနဲ့ အပျိုစစ် ပါတယ်လို့ ပြောလိုက် တာကို Virginity fraud အပျိုရည်- လိမ် တယ်၊ Virginity lie အပျိုရည်-မုသား နဲ့ Chastity fraud အဗြဟ္မစရိယ-အ ကျင့် လို့လဲ ခေါ် တယ်။ မိဖ မစစ်ဘူးဆိုတာလိုဘဲ ဒီ အယူအ ဆဟာလဲ ငြင်းခုန်စရာ တခုပါဘဲ။ အပျို စစ်-မစစ်ရဲ့ အဓိပ္ပါယ်ဖွင့်မှု နဲ့ အရေးပါမှု ဆိုတာကို လူ့အသိုင်း အဝိုင်းမှာ တသဘော ထဲ မရှိပါ။ ကျား-မ နှစ်ခွအမြင် ရှိတာနဲ့ မရှိတာမှာ ကွာကြ တယ်။

အပျိုစစ်မှုကို

1. အပျိုမြှေး ရှိတာ-မရှိတာနဲ့ တိုင်းမလား။

 2. ဒဿနိက-သတ်မှတ်ချက်ကော ထားမလား။

 လူမှုအသိုင်းအဝိုင်းတွေက မတူကြပါ။အဓမ္မပြုကျင့်ခံရသူမျိုးကို အကဲဖြတ်တာတော့ တူကြတာ များပါတယ်။ မိန်းကလေး တယောက် Boyfriend ယောက်ျားလေးအဖေါ် ထားပြီဆိုကတည်းက (လိင်ဆက်ဆံမှု မရှိအုံးတော့) တန်ဘိုး သတ်မှတ်မှုမှာ အမှတ် လျော့ခံရပြီ။ မိန်းကလေးချင်းချင်း လိင်ကိစ္စထိ ရောက်ကြအုံးတော့ စောစောက မိန်းကလေးလောက် အမှတ် မလျှော့တတ်ဘူး။ ရှေးခေတ်လို့ ပြောရမယ်၊ ခုခေတ်လဲ ရှိတော့ ရှိသေးတာပါ၊

မင်္ဂလာဦးညမှာ အိပ်ယာခင်း၊ အဝတ်အစားမယ် ကညာမြှေးစုတ်လို့ ထွက်တဲ့ သွေးစွန်းတာ လက်တွေ့ မြင်ရမှသာ သတို့သမီးဟာ အပျိုစစ်ခဲ့ပါတယ် ဆိုတာရဲ့ Proof သက်သေခံ ဖြစ်တယ်။ ဒီအချက်ကို မင်္ဂလာဆောင် စာချုပ်ကတည်းက တည့်ထားတတ်တယ်။ ဘယ်ရမလဲ လူဆိုတာ ကြံရည်-ဖန်ရည် ရှိတယ် မဟုတ်လား။ ခေတ်လူတွေမှ တော်ကြတယ် မထင်ပါနဲ့။ သွေးအတု လုပ်နည်းတို့ စုတ်ပြဲသွားလို့ နာကျင်မှု အယောင်ဆောင်တို့ ဆိုတာတွေလဲ ရှေးကတည်းက ရှိနေခဲ့ပါတယ်။
Methods of detection ဘယ်လို စမ်းသပ်မလဲ -

1. အပျိုမြှေးကို ခွဲစိတ်ကုသပြီး ပြန်လုပ်ပေးထားသလား။ ပုံမှန်ရှိအပ်တဲ့ (ဗဂျိုင်းနား) ရဲ့ ကြုံ့နိုင်-ဆန့်နိုင်စွမ်း ရှိသလား-မရှိဘူးလား ဆိုတာတွေ စစ်တာကို လူမျိုးစု အတော်များများမှာ ဆရာဝန်တွေက လုပ်ရတာတော့ မဟုတ်ပါ။ အများလက်ခံတဲ့ အမျိုးလဲတော်တဲ့ အမျိုးသမီးကြီး တဦးဦးကနေ လုပ်ရပါတယ်။ နောက်ပိုင်းမှာတော့ ဆရာဝန်တွေကို သုံးလာတာလဲ ရှိပါတယ်။ ဆေးလက်မှတ် ထုတ်ပေးဘို့ လိုတတ်လို့ပါ။

2. ဆရာဝန်နဲ့ မလုံလောက်ရင် "စုံထောက်" အားကိုးကြတာလဲ ရှိတယ်။ မိန်းကလေးရဲ့ သမီးရည်းစားထား သမိုင်း ပြန်လှန်မယ်။ သွားဘူး-လာဘူးတဲ့ ဆေးရုံ-ဆေးခန်းတွေ လိုက်စုံစမ်းမယ်။ မပေါ်ပေါ်အောင် ဖေါ်မယ်။ အနောက်နိုင်ငံတွေမှာ အပျိုမြှေးပြန်လုပ်ပေးတာကို ဝေဖန်လာကြတယ်။ ဆးပညာအရ မလိုအပ်ဘူးတဲ့။ လူတွေ အဲလို လိုက်လုပ်ကြတဲ့ Social practices အလေ့အထက မကောင်းဘူးလို့ ပြောတယ်။ သိတဲ့အတိုင်း ဒီနည်းကြောင့် အပျိုမဟုတ်သူတွေက အပျိုတု လုပ်လာပါတယ်။

၂ဝဝ၆ တုံးက ပြင်သစ်နိုင်ငံ Lille မှာနေတဲ့ သတို့သားက သူ့ သတို့သမီးကို အပျိုမစစ်လို့ မယူတော့ဘူး ငြင်းခဲ့တယ်။ မိန်းကလေးကလဲ စစ်ပါတယ်ပြောပေမဲ့ အယူခံ မတက်တော့ ယောက်ျားလုပ်သူက အနိုင်ရလိုက်တယ်။ ၂ဝဝ၉ ရောက်တော့ မီဒီယာ အာရုံစိုက်မှုများတဲ့ကြားကနေ တရားရေးဝန်ကြီး Rachida Dati က အစိုးရကို အယူခံဘို့ အမိန့်ချလိုက်တယ်။ အယူခံတရားရုံးက အရင်အမိန့်ကို ပြောင်းပြန်လုပ်လိုက်တယ်။ လက်ထပ်တာမှာ အပျို စစ်-မစစ်ဟာ Essential condition မရှိမဖြစ် လိုအပ်ချက် မဟုတ်လို့ ချမှတ်ထာ ဖြစ်တယ်။ မိန်းကလေးက မုသားဆိုအုံးတော့ အိမ် ထောင်သည်ဘဝအတွက် အပျိုရည်ပျက်လဲ ကိစ္စမရှိဘူးတဲ့။ သူ့အတိတ်ဟာ အတိတ်ဘဲတဲ့။

Credit:Dr. တင့်ဆွေ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top