iMyanmarHouse.com - Best Property Website for Myanmar
×

ႏွလံုး က်န္းမာေရး အတြက္ အိုမီဂါ-၃ အဆီ စားသင့္တယ္ ဆိုတာ သိထားၾက ေပမယ့္ အိုမီဂါ-၉ အဆီကို စားသံုးဖို႔ လိုတယ္ဆိုတာ သင္သိခ်င္မွ သိပါ လိမ့္မယ္။

မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့ သုေတသနေတြ အရ အိုမီဂါ-၉က ကင္ဆာဆဲလ္ ေတြကို ေသေစႏိုင္ၿပီး ရင္သား ကင္ဆာ ေရာဂါအတြက္ ေသာက္ေနရတဲ့ ေဆးေတြရဲ႕ အာနိသင္ကို ပိုမို ထက္ျမက္ ေစပါတယ္။ အိုမီဂါ -၉ ဆိုတာ အိုလိအက္စစ္ (Oleic Acid) ျဖစ္ၿပီး ဗာဒံေစ့၊ ေထာပတ္သီးနဲ႔ သံလြင္ဆီေတြမွာ ပါဝင္ပါတယ္။ ေျပာင္းလဲမႈ အဆင့္ဆင့္ မျပဳလုပ္မီ ပထမဆံုး ႀကိတ္ယူ ရရွိလာတဲ့ သံလြင္ဆီမွာ ဖိုက္တိုကမ္မီကယ္ေတြ ပါဝင္တာေၾကာင့္ Free radicals ေတြကို ဟန္႔တား ေပးပါတယ္။ တစ္ေန႔ကို အိုမီဂါ-၉ အဆီ အနည္းဆံုး စားသင့္တဲ့ ပမာဏက ေထာပတ္သီး တစ္လံုးရဲ႕ ငါးပံုတစ္ပံု၊ ဗာဒံေစ့ တစ္ေအာင္စ၊ သံလြင္ဆီ ထမင္းစားဇြန္း တစ္ဇြန္းပါ။

အပိုေဆာင္း ရႏိုင္ေသာ အက်ဳိးတရား

သုေတသီ ေတြက အိုမီဂါ - ၉ မွာ မျပည့္ဝဆီေတြ ပါဝင္တာေၾကာင့္ ဗိုက္မွာရွိတဲ့ အဆီေတြ ေလ်ာ့က် ေစတယ္လို႔ ဆိုပါတယ္။ အင္ဆူလင္ေဆး မတိုးတာကို ေလွ်ာ့ခ်ေပးၿပီး ႏွလံုးေရာဂါ ျဖစ္ပြား ႏိုင္ေျခကို ပါ ေလ်ာ့နည္းေစ တယ္လို႔ ေျပာပါတယ္။

ဖေလဗိုႏိြဳက္

အင္တီ ေအာက္ဆီးဒင့္ တစ္မ်ဳိးျဖစ္ၿပီး ေရာင္ရမ္းမႈ ေလွ်ာ့ခ်ေပးႏိုင္တဲ့ အာနိသင္အျပင္ ကင္ဆာ ျဖစ္ေစႏိုင္တဲ့ အႏၲရာယ္ေတြ ကိုလည္း ေလွ်ာ့ခ်ေပး ပါတယ္။ ဖေလဗိုႏြိဳက္ ေတြက Free radicals ကို ဖယ္ရွားေပးၿပီး ဆဲလ္နံရံေတြ ပ်က္စီးမႈ မရွိေအာင္ ကာကြယ္ ေပးပါတယ္။ လက္ဖက္စိမ္း၊ စပ်စ္သီးနဲ႔ ေခ်ာကလက္ အညိဳမွာ ဖေလဗိုႏိြဳက္ေတြ မ်ားစြာ ပါဝင္ပါတယ္။ ေန႔စဥ္ သင္စားတဲ့ အစားအေသာက္ေတြထဲမွာ ဖေလဗိုႏိြဳက္ ပါဝင္ေအာင္ စားေပးပါ။

အပိုေဆာင္း ရႏိုင္ေသာ အက်ဳိးတရား

ဖေလဗိုႏိြဳက္က ေသြးေၾကာနံရံေတြကို ေပ်ာ့ေပ်ာင္း ေစၿပီး ေသြးေၾကာတြင္း ေသြးခဲ ျဖစ္ေပၚမႈႏႈန္း
 ေလ်ာ့နည္းေစျခင္းျဖင့္ ႏွလံုး က်န္းမာေရးကို အေထာက္အကူ ျပဳပါတယ္။

ဗီတာမင္ေအ

လတ္တေလာ ေတြ႕ရွိခ်က္အရ ဗီတာမင္ေအက ရင္သား ကင္ဆာ ေရာဂါနဲ႔ ဆက္စပ္မႈ ရွိႏိုင္ တယ္လို႔ သုေတသီေတြက ေျပာပါတယ္။ ဗီတာမင္ေအက အင္တီ ေအာက္ဆီးဒင့္ ျဖစ္တာေၾကာင့္ Free Radicals ေတြရဲ႕ ဖ်က္ဆီးမႈကေန ကာကြယ္ ေပးတာေၾကာင့္လို႔ ေလ့လာသူ ေတြက ေကာက္ခ်က္ခ် ပါတယ္။ အစိမ္းရင့္ေရာင္ ဟင္းသီးဟင္းရြက္ေတြျဖစ္တဲ့ ပန္းေဂၚဖီ စိမ္းနဲ႔ ဟင္းႏုနယ္ရြက္၊ လိေမၼာ္ေရာင္ အသီးအရြက္ေတြျဖစ္တဲ့ မုန္လာဥနီ၊ ကန္စြန္းဥ၊ သရက္သီးေတြမွာ ဗီတာမင္ေအ ေပါမ်ားစြာ ပါဝင္ႏိုင္ပါတယ္။ မိန္းကေလး တစ္ေယာက္က တစ္ေန႔ကို ဗီတာမင္ေအ ၇၀၀-၉၀၀ မိုက္ခ႐ိုဂရမ္ လိုအပ္ပါတယ္။ ဗီတာမင္ေအက အဆီမွာ ေပ်ာ္ဝင္တဲ့ ဗီတာမင္ျဖစ္ၿပီး ပိုလွ်ံေနပါက အသည္းထဲမွာ သိုေလွာင္ သိမ္းဆည္း ထားပါတယ္။ ခႏၶာကိုယ္ထဲကို ကာလၾကာရွည္စြာနဲ႔ ပမာဏ မ်ားမ်ား ေရာက္ရွိေန ပါက ခႏၶာကိုယ္မွာ အဆိပ္အေတာက္ ျဖစ္ေစပါတယ္။ ဒါေၾကာင့္ ဗီတာမင္ေအ ရရွိဖုိ႔ ေဆးေသာက္မယ့္ အစား အစားအစာကေန ရေအာင္ ယူပါ။

ပိုေဆာင္း ရႏိုင္ေသာ အက်ဳိးတရား

ဗီတာမင္ေအက သင့္ခႏၶာကိုယ္ရဲ႕ ခုခံအားစနစ္ကို ထိန္းထား ေပးပါတယ္။

ေဖာလိတ္

ေဖာလိတ္က ဒီအင္န္ေအ မပ်က္စီးေအာင္ ထိန္းေပးၿပီး ဆဲလ္ေတြ ႀကီးထြားဖို႔လည္း လိုအပ္ပါတယ္။ သဘာဝ အစားအစာေတြ ကေန ရယူစားသံုးပါက ခႏၶာကိုယ္ထဲမွာ လြန္ကဲ သြားတယ္ဆိုတာ မျဖစ္ႏိုင္ပါဘူး။ အစိမ္းရင့္ေရာင္ ဟင္းသီး ဟင္းရြက္ေတြ၊ ပဲအမ်ဳိးမ်ဳိး၊ ပဲၫြန္႔နဲ႔ အခ်ဥ္ဓာတ္ ပါဝင္တဲ့ အသီးေတြကေန ရရွိႏိုင္ပါတယ္။ တစ္ေန႔ကို ၄၀၀ မိုက္ခ႐ိုဂရမ္ေလာက္ လိုအပ္ၿပီး ၁၀၀၀ မီလီဂရမ္ထက္ ေက်ာ္လြန္ပါက အႏၲရာယ္ ရွိႏိုင္ပါတယ္။

အပိုေဆာင္း ရႏိုင္ေသာ အက်ဳိးတရား

ခႏၶာကိုယ္မွာ ေသြးနီဥေတြ ထုတ္လုပ္ဖို႔အတြက္ ေဖာလိတ္ လိုအပ္ပါတယ္။

လိုင္ကိုဖင္း

လိုင္ကိုဖင္းက ရင္သား ကင္ဆာဆဲလ္ေတြ ႀကီးထြားမႈကို ဟန္႔တား ႏိုင္ပါတယ္။ ဖရဲသီး၊ ကၫြတ္၊ မာလာကာသီး၊ သေဘၤာသီးနဲ႔ ခရမ္းခ်ဥ္သီးေတြ ကေန ရယူ ႏိုင္ပါတယ္။ ခရမ္းခ်ဥ္သီးကို ခ်က္ျပဳတ္စားပါက အစိမ္းထက္ လိုင္ကိုဖင္းဓာတ္ကို ပိုမိုရရွိႏိုင္ပါတယ္။ အဆီမွာ ေပ်ာ္ဝင္တာေၾကာင့္ ခရမ္းခ်ဥ္သီးကို ခ်က္ျပဳတ္စားပါက သံလြင္ဆီ ထည့္ခ်က္ၿပီး တစ္ပတ္ ႏွစ္ႀကိမ္ စားေပးပါ။

အပိုေဆာင္း ရႏိုင္ေသာ အက်ဳိးတရား

လိုင္ကိုဖင္းက အဆုတ္နဲ႔ အစာအိမ္ကင္ဆာ ျဖစ္ပြားမႈေတြကိုပါ ကာကြယ္ ေပးႏိုင္ပါတယ္။

ဗီတာမင္ဒီ

ရင္သား ကင္ဆာေရာဂါ ခံစားေနရသူေတြရဲ႕ ၅၀ ရာခိုင္ႏႈန္းမွာ ဗီတာမင္ဒီ ခ်ဳိ႕တဲ့ ေနတတ္ပါတယ္။ ေလ့လာမႈအရ အေမရိကန္ႏိုင္ငံမွာ ေနထိုင္ၾကတဲ့ အမ်ဳိးသမီးေတြရဲ႕ ၅၃ ရာခိုင္ႏႈန္းက ဗီတာမင္ဒီ ခ်ဳိ႕တဲ့ေနတာကို ေတြ႕ရ ပါတယ္။ ဗီတာမင္ဒီကို ဆယ္လ္မြန္ငါး၊ တူနာငါး၊ မက္ကရယ္ငါးနဲ႔ ဥအမ်ဳိးမ်ဳိးကေန ရယူႏိုင္ပါတယ္။

အပိုေဆာင္း ရႏိုင္ေသာ အက်ဳိးတရား

ခႏၶာကိုယ္ အတြက္ ဗီတာမင္ဒီ လံုေလာက္တဲ့ ပမာဏအတိုင္း ရွိေနပါက ရင္သား ကင္ဆာတင္ မကပါဘူး။ အားလံုးေသာ ကင္ဆာေရာဂါေတြကေန ကာကြယ္ႏိုင္ၿပီး အရြယ္ မတိုင္မီ ေသဆံုးႏိုင္ေျခလည္း ေလ်ာ့နည္း ေစႏိုင္ပါတယ္။

Credit:ဇာျခည္ဝင္း (ေဆးဝါးတကၠသိုလ္)
ျမ၀တီ
https://www.facebook.com/mwdmedia

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
နှလုံး ကျန်းမာရေး အတွက် အိုမီဂါ-၃ အဆီ စားသင့်တယ် ဆိုတာ သိထားကြ ပေမယ့် အိုမီဂါ-၉ အဆီကို စားသုံးဖို့ လိုတယ်ဆိုတာ သင်သိချင်မှ သိပါ လိမ့်မယ်။

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသနတွေ အရ အိုမီဂါ-၉က ကင်ဆာဆဲလ် တွေကို သေစေနိုင်ပြီး ရင်သား ကင်ဆာ ရောဂါအတွက် သောက်နေရတဲ့ ဆေးတွေရဲ့ အာနိသင်ကို ပိုမို ထက်မြက် စေပါတယ်။ အိုမီဂါ -၉ ဆိုတာ အိုလိအက်စစ် (Oleic Acid) ဖြစ်ပြီး ဗာဒံစေ့၊ ထောပတ်သီးနဲ့ သံလွင်ဆီတွေမှာ ပါဝင်ပါတယ်။ ပြောင်းလဲမှု အဆင့်ဆင့် မပြုလုပ်မီ ပထမဆုံး ကြိတ်ယူ ရရှိလာတဲ့ သံလွင်ဆီမှာ ဖိုက်တိုကမ်မီကယ်တွေ ပါဝင်တာကြောင့် Free radicals တွေကို ဟန့်တား ပေးပါတယ်။ တစ်နေ့ကို အိုမီဂါ-၉ အဆီ အနည်းဆုံး စားသင့်တဲ့ ပမာဏက ထောပတ်သီး တစ်လုံးရဲ့ ငါးပုံတစ်ပုံ၊ ဗာဒံစေ့ တစ်အောင်စ၊ သံလွင်ဆီ ထမင်းစားဇွန်း တစ်ဇွန်းပါ။

အပိုဆောင်း ရနိုင်သော အကျိုးတရား

သုတေသီ တွေက အိုမီဂါ - ၉ မှာ မပြည့်ဝဆီတွေ ပါဝင်တာကြောင့် ဗိုက်မှာရှိတဲ့ အဆီတွေ လျော့ကျ စေတယ်လို့ ဆိုပါတယ်။ အင်ဆူလင်ဆေး မတိုးတာကို လျှော့ချပေးပြီး နှလုံးရောဂါ ဖြစ်ပွား နိုင်ခြေကို ပါ လျော့နည်းစေ တယ်လို့ ပြောပါတယ်။

ဖလေဗိုနွိုက်

အင်တီ အောက်ဆီးဒင့် တစ်မျိုးဖြစ်ပြီး ရောင်ရမ်းမှု လျှော့ချပေးနိုင်တဲ့ အာနိသင်အပြင် ကင်ဆာ ဖြစ်စေနိုင်တဲ့ အန္တရာယ်တွေ ကိုလည်း လျှော့ချပေး ပါတယ်။ ဖလေဗိုနွိုက် တွေက Free radicals ကို ဖယ်ရှားပေးပြီး ဆဲလ်နံရံတွေ ပျက်စီးမှု မရှိအောင် ကာကွယ် ပေးပါတယ်။ လက်ဖက်စိမ်း၊ စပျစ်သီးနဲ့ ချောကလက် အညိုမှာ ဖလေဗိုနွိုက်တွေ များစွာ ပါဝင်ပါတယ်။ နေ့စဉ် သင်စားတဲ့ အစားအသောက်တွေထဲမှာ ဖလေဗိုနွိုက် ပါဝင်အောင် စားပေးပါ။

အပိုဆောင်း ရနိုင်သော အကျိုးတရား

ဖလေဗိုနွိုက်က သွေးကြောနံရံတွေကို ပျော့ပျောင်း စေပြီး သွေးကြောတွင်း သွေးခဲ ဖြစ်ပေါ်မှုနှုန်း
 လျော့နည်းစေခြင်းဖြင့် နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုပါတယ်။

ဗီတာမင်အေ

လတ်တလော တွေ့ရှိချက်အရ ဗီတာမင်အေက ရင်သား ကင်ဆာ ရောဂါနဲ့ ဆက်စပ်မှု ရှိနိုင် တယ်လို့ သုတေသီတွေက ပြောပါတယ်။ ဗီတာမင်အေက အင်တီ အောက်ဆီးဒင့် ဖြစ်တာကြောင့် Free Radicals တွေရဲ့ ဖျက်ဆီးမှုကနေ ကာကွယ် ပေးတာကြောင့်လို့ လေ့လာသူ တွေက ကောက်ချက်ချ ပါတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ပန်းဂေါ်ဖီ စိမ်းနဲ့ ဟင်းနုနယ်ရွက်၊ လိမ္မော်ရောင် အသီးအရွက်တွေဖြစ်တဲ့ မုန်လာဥနီ၊ ကန်စွန်းဥ၊ သရက်သီးတွေမှာ ဗီတာမင်အေ ပေါများစွာ ပါဝင်နိုင်ပါတယ်။ မိန်းကလေး တစ်ယောက်က တစ်နေ့ကို ဗီတာမင်အေ ၇၀၀-၉၀၀ မိုက်ခရိုဂရမ် လိုအပ်ပါတယ်။ ဗီတာမင်အေက အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်ဖြစ်ပြီး ပိုလျှံနေပါက အသည်းထဲမှာ သိုလှောင် သိမ်းဆည်း ထားပါတယ်။ ခန္ဓာကိုယ်ထဲကို ကာလကြာရှည်စွာနဲ့ ပမာဏ များများ ရောက်ရှိနေ ပါက ခန္ဓာကိုယ်မှာ အဆိပ်အတောက် ဖြစ်စေပါတယ်။ ဒါကြောင့် ဗီတာမင်အေ ရရှိဖို့ ဆေးသောက်မယ့် အစား အစားအစာကနေ ရအောင် ယူပါ။

ပိုဆောင်း ရနိုင်သော အကျိုးတရား

ဗီတာမင်အေက သင့်ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ထိန်းထား ပေးပါတယ်။

ဖောလိတ်

ဖောလိတ်က ဒီအင်န်အေ မပျက်စီးအောင် ထိန်းပေးပြီး ဆဲလ်တွေ ကြီးထွားဖို့လည်း လိုအပ်ပါတယ်။ သဘာဝ အစားအစာတွေ ကနေ ရယူစားသုံးပါက ခန္ဓာကိုယ်ထဲမှာ လွန်ကဲ သွားတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ အစိမ်းရင့်ရောင် ဟင်းသီး ဟင်းရွက်တွေ၊ ပဲအမျိုးမျိုး၊ ပဲညွန့်နဲ့ အချဉ်ဓာတ် ပါဝင်တဲ့ အသီးတွေကနေ ရရှိနိုင်ပါတယ်။ တစ်နေ့ကို ၄၀၀ မိုက်ခရိုဂရမ်လောက် လိုအပ်ပြီး ၁၀၀၀ မီလီဂရမ်ထက် ကျော်လွန်ပါက အန္တရာယ် ရှိနိုင်ပါတယ်။

အပိုဆောင်း ရနိုင်သော အကျိုးတရား

ခန္ဓာကိုယ်မှာ သွေးနီဥတွေ ထုတ်လုပ်ဖို့အတွက် ဖောလိတ် လိုအပ်ပါတယ်။

လိုင်ကိုဖင်း

လိုင်ကိုဖင်းက ရင်သား ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ဟန့်တား နိုင်ပါတယ်။ ဖရဲသီး၊ ကညွတ်၊ မာလာကာသီး၊ သင်္ဘောသီးနဲ့ ခရမ်းချဉ်သီးတွေ ကနေ ရယူ နိုင်ပါတယ်။ ခရမ်းချဉ်သီးကို ချက်ပြုတ်စားပါက အစိမ်းထက် လိုင်ကိုဖင်းဓာတ်ကို ပိုမိုရရှိနိုင်ပါတယ်။ အဆီမှာ ပျော်ဝင်တာကြောင့် ခရမ်းချဉ်သီးကို ချက်ပြုတ်စားပါက သံလွင်ဆီ ထည့်ချက်ပြီး တစ်ပတ် နှစ်ကြိမ် စားပေးပါ။

အပိုဆောင်း ရနိုင်သော အကျိုးတရား

လိုင်ကိုဖင်းက အဆုတ်နဲ့ အစာအိမ်ကင်ဆာ ဖြစ်ပွားမှုတွေကိုပါ ကာကွယ် ပေးနိုင်ပါတယ်။

ဗီတာမင်ဒီ

ရင်သား ကင်ဆာရောဂါ ခံစားနေရသူတွေရဲ့ ၅၀ ရာခိုင်နှုန်းမှာ ဗီတာမင်ဒီ ချို့တဲ့ နေတတ်ပါတယ်။ လေ့လာမှုအရ အမေရိကန်နိုင်ငံမှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေရဲ့ ၅၃ ရာခိုင်နှုန်းက ဗီတာမင်ဒီ ချို့တဲ့နေတာကို တွေ့ရ ပါတယ်။ ဗီတာမင်ဒီကို ဆယ်လ်မွန်ငါး၊ တူနာငါး၊ မက်ကရယ်ငါးနဲ့ ဥအမျိုးမျိုးကနေ ရယူနိုင်ပါတယ်။

အပိုဆောင်း ရနိုင်သော အကျိုးတရား

ခန္ဓာကိုယ် အတွက် ဗီတာမင်ဒီ လုံလောက်တဲ့ ပမာဏအတိုင်း ရှိနေပါက ရင်သား ကင်ဆာတင် မကပါဘူး။ အားလုံးသော ကင်ဆာရောဂါတွေကနေ ကာကွယ်နိုင်ပြီး အရွယ် မတိုင်မီ သေဆုံးနိုင်ခြေလည်း လျော့နည်း စေနိုင်ပါတယ်။

Credit:ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
မြဝတီ
https://www.facebook.com/mwdmedia

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top