iMyanmarHouse.com - Best Property Website for Myanmar
×

ဝက္ဝံေရတံခြန္၌ ဇာတ္ဝင္ခန္းတစ္ခု ႐ိုက္ကူးစဥ္ ေျခေခ်ာ္က်ရာ လူၾကမ္းတစ္ဦးက ဆြဲထားေသာေၾကာင့္ ျပဳတ္မက် ခဲ့ေၾကာင္း သင္ဇာဝင့္ေက်ာ္က ေျပာသည္။

‘‘လန္႔သြားတာေပါ့။ သြားၿပီ ေပါ့။ ေအာက္ကိုျပဳတ္က်ရင္ ေသ မ်ားေသမလား၊ မေသရင္ေတာင္ က်ိဳးမလား၊ ပဲ့မလား၊ တစ္ခုခုျဖစ္ သြားမလားေပါ့။ တစ္ခုခုျဖစ္ရင္ အလုပ္ေတြရပ္လိုက္ရမွာလည္း စိုးရိမ္တယ္’’ဟု ၎ကေျပာသည္။

သင္ဇာဝင့္ေက်ာ္က ‘တည္ ၾကက္’႐ုပ္ရွင္ဇာတ္ကားကို ျပင္ဦး လြင္ၿမိဳ႕တြင္ ႐ိုက္ကူးၿပီး ယင္း႐ိုက္ကူးေရးတြင္ မႀကံဳဖူးသည့္ အခက္ အခဲမ်ား ႀကံဳခဲ့ရသည္ဟုဆုိသည္။

‘ဝက္ဝံေရတံခြန္အဆင္း လမ္း၊ အဆင္းတုန္းကေတာ့ ဘာ မွမျဖစ္ဘူး။ အတက္က်ေတာ့ ေအာက္မွာ႐ိုက္ၿပီး ေမာပန္းေန တာ။ ေရတံခြန္မွာ႐ိုက္ေတာ့ ဖိနပ္ေတြကလည္း ေရစိုေနတယ္။ ေရ စိုေတာ့ ေခ်ာၿပီး ေအာက္ကိုေလွ်ာ က်ေတာ့မလုိ႔။ ဆြဲတဲ့လူေတာင္ ျပဳတ္က်ေတာ့မလို႔။ ေနာက္ဆံုး လူၾကမ္းတစ္ေယာက္က အစ္ကို တစ္ေယာက္က ေသခ်ာဆြဲ၊ ေနာက္ကလည္း ႏွစ္ေယာက္ ေလာက္ပါလို႔’’ဟု ၎ႀကံဳေတြ႕ခဲ့ ရသည့္အေၾကာင္း သင္ဇာဝင့္ ေက်ာ္က ေျပာသည္။

‘တည္ၾကက္’ ႐ုပ္ရွင္တြင္ ေနတိုးႏွင့္ မင္းသမီးေျခာက္ဦး ပါဝင္႐ိုက္ကူးေနၿပီး ရတနာေျမ ပံုကိုရွာေဖြသည့္ ဇာတ္လမ္းျဖစ္ကာ ဖိုက္တင္ဇာတ္ဝင္ခန္းမ်ား ပါဝင္သည္ဟု ၎က ဆုိသည္။

‘‘တခ်ိဳ႕ကားေတြလည္း ပင္ ပန္းခဲ့ပါတယ္။ ဒီကားကေတာ့ ေတာ္ေတာ္အမွတ္တရမ်ားတဲ့ ကား။ ေန႔တုိင္းလိုလို ပင္ပန္းတာ။ တခ်ိဳ႕ကားေတြက တစ္ရက္၊ ႏွစ္ ရက္ေလာက္ပဲ ပင္ပန္းတယ္။ က်န္တဲ့ဆင္းန္ေတြက အဲဒီ ေလာက္ႀကီး မပင္ပန္းဘူး။ အခု ကားက အရမ္းၾကမ္းတမ္းတဲ့ခရီး ထြက္ရတာကို ႐ိုက္တာဆုိေတာ့ အရမ္းပင္ပန္းပါတယ္’’ဟု တည္ ၾကက္႐ုပ္ရွင္႐ိုက္ကူးေရးႏွင့္ပတ္ သက္၍ သင္ဇာဝင့္ေက်ာ္က ေျပာ ျပသည္။

လတ္တေလာ အႏုပညာ လႈပ္ရွားမႈအေနျဖင့္ ေမလပထမ ပတ္အတြင္း ပုပၸားဘက္၌ ႐ုပ္ရွင္ တစ္ကား ႐ိုက္ကူးရန္ လက္ခံထား ေၾကာင္း သင္ဇာဝင့္ေက်ာ္က ေျပာသည္။

Credit: 7Day Daily

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
တည်ကြက် ရုပ်ရှင်ရိုက်ကွင်းတွင်တွေ့ရသည့်သင်ဇာဝင့်ကျော်

ဝက်ဝံရေတံခွန်၌ ဇာတ်ဝင်ခန်းတစ်ခု ရိုက်ကူးစဉ် ခြေချော်ကျရာ လူကြမ်းတစ်ဦးက ဆွဲထားသောကြောင့် ပြုတ်မကျ ခဲ့ကြောင်း သင်ဇာဝင့်ကျော်က ပြောသည်။

‘‘လန့်သွားတာပေါ့။ သွားပြီ ပေါ့။ အောက်ကိုပြုတ်ကျရင် သေ များသေမလား၊ မသေရင်တောင် ကျိုးမလား၊ ပဲ့မလား၊ တစ်ခုခုဖြစ် သွားမလားပေါ့။ တစ်ခုခုဖြစ်ရင် အလုပ်တွေရပ်လိုက်ရမှာလည်း စိုးရိမ်တယ်’’ဟု ၎င်းကပြောသည်။

သင်ဇာဝင့်ကျော်က ‘တည် ကြက်’ရုပ်ရှင်ဇာတ်ကားကို ပြင်ဦး လွင်မြို့တွင် ရိုက်ကူးပြီး ယင်းရိုက်ကူးရေးတွင် မကြုံဖူးသည့် အခက် အခဲများ ကြုံခဲ့ရသည်ဟုဆိုသည်။

‘‘ဝက်ဝံရေတံခွန်အဆင်း လမ်း၊ အဆင်းတုန်းကတော့ ဘာ မှမဖြစ်ဘူး။ အတက်ကျတော့ အောက်မှာရိုက်ပြီး မောပန်းနေ တာ။ ရေတံခွန်မှာရိုက်တော့ ဖိနပ်တွေကလည်း ရေစိုနေတယ်။ ရေ စိုတော့ ချောပြီး အောက်ကိုလျှော ကျတော့မလို့။ ဆွဲတဲ့လူတောင် ပြုတ်ကျတော့မလို့။ နောက်ဆုံး လူကြမ်းတစ်ယောက်က အစ်ကို တစ်ယောက်က သေချာဆွဲ၊ နောက်ကလည်း နှစ်ယောက် လောက်ပါလို့’’ဟု ၎င်းကြုံတွေ့ခဲ့ ရသည့်အကြောင်း သင်ဇာဝင့် ကျော်က ပြောသည်။

‘တည်ကြက်’ ရုပ်ရှင်တွင် နေတိုးနှင့် မင်းသမီးခြောက်ဦး ပါဝင်ရိုက်ကူးနေပြီး ရတနာမြေ ပုံကိုရှာဖွေသည့် ဇာတ်လမ်းဖြစ်ကာ ဖိုက်တင်ဇာတ်ဝင်ခန်းများ ပါဝင်သည်ဟု ၎င်းက ဆိုသည်။

‘‘တချို့ကားတွေလည်း ပင် ပန်းခဲ့ပါတယ်။ ဒီကားကတော့ တော်တော်အမှတ်တရများတဲ့ ကား။ နေ့တိုင်းလိုလို ပင်ပန်းတာ။ တချို့ကားတွေက တစ်ရက်၊ နှစ် ရက်လောက်ပဲ ပင်ပန်းတယ်။ ကျန်တဲ့ဆင်းန်တွေက အဲဒီ လောက်ကြီး မပင်ပန်းဘူး။ အခု ကားက အရမ်းကြမ်းတမ်းတဲ့ခရီး ထွက်ရတာကို ရိုက်တာဆိုတော့ အရမ်းပင်ပန်းပါတယ်’’ဟု တည် ကြက်ရုပ်ရှင်ရိုက်ကူးရေးနှင့်ပတ် သက်၍ သင်ဇာဝင့်ကျော်က ပြော ပြသည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် မေလပထမ ပတ်အတွင်း ပုပ္ပားဘက်၌ ရုပ်ရှင် တစ်ကား ရိုက်ကူးရန် လက်ခံထား ကြောင်း သင်ဇာဝင့်ကျော်က ပြောသည်။
Credit: 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top