iMyanmarHouse.com - Best Property Website for Myanmar
×

တုိးတက္လာတဲ႔နည္းပညာနဲ႔အတူ ေခါင္းေလွ်ာ္ရည္မ်ိဳးစံု၊ ေခါင္းလိမ္းဆီမ်ိဳးစံုေတြ ထြက္ရွိလာေနေပမယ့္လည္း သင့္ဆံပင္ေတြက ကၽြတ္ျမဲအတိုင္းကၽြတ္ေနလို႔စိတ္ညစ္ေနပါသလား။ ဒါမွမဟုတ္ သင္နဲ႔မတည့္တဲ႔ ဓာတုပစၥည္းေတြ ပါမွာဆိုးလို႔ ေခါင္းလိမ္းဆီဝယ္ရတာ အခက္အခဲျဖစ္ေနပါလား။ ဒါဆိုရင္ေတာ့ မပူပါနဲ႔ေတာ့ေနာ္။ ဆံပင္ကၽြတ္ျခင္းကို ေလွ်ာ့က်ေစၿပီး ဆံပင္အေရာင္မြဲေျခာက္ျခင္းကေန ကာကြယ္ေပးႏိုင္မယ့္ သဘာဝ ဆီးျဖဴသီး ေခါင္းလိမ္းဆီျပဳလုပ္နည္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္။
လိုအပ္ေသာပစၥည္းမ်ား - ဆီးျဖဴသီးမႈန္႔(၁၂၀)ဂရမ္၊ အုန္းဆီ(သို႔) ႏွမ္းဆီ (၂၅၀)မီလီလီတာ တို႔ပဲျဖစ္ပါတယ္။

ျပဳလုပ္ပံုအဆင့္ဆင့္
(၁) ဒယ္အိုးတစ္ခုထဲမွာ ဆီးျဖဴသီးမႈန္႔(၁၀၀)ဂရမ္နဲ႔ ေရနဲ႔ေရာၿပီး ေဖ်ာ္ပါ။ ေနာက္ ေရတစ္ဝက္ခန္႔ကို အေငြ႔ျပန္သြားေအာင္ အပူေပးပါ။ ၿပီးလွ်င္ ပန္းကန္တစ္လံုးထဲထည့္ထားပါ။
(၂) ေနာက္ဒယ္အိုးတစ္ခုထဲမွာ က်န္တဲ႔ ဆီးျဖဴသီးမႈန္႔ (၂၀)ဂရမ္၊ အုန္းဆီနဲ႔ ခုနကပန္းကန္ထဲထည့္ထားတဲ႔ ဆီးျဖဴသီးေပ်ာ္ရည္ကို ထည့္ပါ။ ေနာက္ က်န္တဲ႔ ေရအားလံုးအေငြ႔ျပန္သြားသည္အထိ မီးမွ်င္းမွ်င္းျဖင့္ အပူေပးပါ။
(၃) ေရအားလံုးအေငြ႔ျပန္သြားတဲ႔အခါ ဆီအေရာင္က ၾကည္လင္ၿပီး အဝါေရာင္သန္းလာပါလိမ့္မယ္။ အဲ႔ဒီအခါ အေအးခံၿပီး ပုလင္းတစ္လံုးထဲထည့္ပါ။ ေခါင္းလိမ္းဆီဗူးကို ေနေရာင္နဲ႔ တိုင္ရိုက္မထိေတြ႔တဲ႔ ေနရာမွာ သိမ္းဆည္းသင့္ပါတယ္။

Credit:momolay
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
တိုးတက်လာတဲ့နည်းပညာနဲ့အတူ ခေါင်းလျှော်ရည်မျိုးစုံ၊ ခေါင်းလိမ်းဆီမျိုးစုံတွေ ထွက်ရှိလာနေပေမယ့်လည်း သင့်ဆံပင်တွေက ကျွတ်မြဲအတိုင်းကျွတ်နေလို့စိတ်ညစ်နေပါသလား။ ဒါမှမဟုတ် သင်နဲ့မတည့်တဲ့ ဓာတုပစ္စည်းတွေ ပါမှာဆိုးလို့ ခေါင်းလိမ်းဆီဝယ်ရတာ အခက်အခဲဖြစ်နေပါလား။ ဒါဆိုရင်တော့ မပူပါနဲ့တော့နော်။ ဆံပင်ကျွတ်ခြင်းကို လျှော့ကျစေပြီး ဆံပင်အရောင်မွဲခြောက်ခြင်းကနေ ကာကွယ်ပေးနိုင်မယ့် သဘာဝ ဆီးဖြူသီး ခေါင်းလိမ်းဆီပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သောပစ္စည်းများ - ဆီးဖြူသီးမှုန့်(၁၂၀)ဂရမ်၊ အုန်းဆီ(သို့) နှမ်းဆီ (၂၅၀)မီလီလီတာ တို့ပဲဖြစ်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်
(၁) ဒယ်အိုးတစ်ခုထဲမှာ ဆီးဖြူသီးမှုန့်(၁၀၀)ဂရမ်နဲ့ ရေနဲ့ရောပြီး ဖျော်ပါ။ နောက် ရေတစ်ဝက်ခန့်ကို အငွေ့ပြန်သွားအောင် အပူပေးပါ။ ပြီးလျှင် ပန်းကန်တစ်လုံးထဲထည့်ထားပါ။
(၂) နောက်ဒယ်အိုးတစ်ခုထဲမှာ ကျန်တဲ့ ဆီးဖြူသီးမှုန့် (၂၀)ဂရမ်၊ အုန်းဆီနဲ့ ခုနကပန်းကန်ထဲထည့်ထားတဲ့ ဆီးဖြူသီးပျော်ရည်ကို ထည့်ပါ။ နောက် ကျန်တဲ့ ရေအားလုံးအငွေ့ပြန်သွားသည်အထိ မီးမျှင်းမျှင်းဖြင့် အပူပေးပါ။
(၃) ရေအားလုံးအငွေ့ပြန်သွားတဲ့အခါ ဆီအရောင်က ကြည်လင်ပြီး အဝါရောင်သန်းလာပါလိမ့်မယ်။ အဲ့ဒီအခါ အအေးခံပြီး ပုလင်းတစ်လုံးထဲထည့်ပါ။ ခေါင်းလိမ်းဆီဗူးကို နေရောင်နဲ့ တိုင်ရိုက်မထိတွေ့တဲ့ နေရာမှာ သိမ်းဆည်းသင့်ပါတယ်။

Credit:momolay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top