iMyanmarHouse.com - Best Property Website for Myanmar
×

ေပ်ာ္ရႊင္ ခ်မ္းေျမ႕ေသာ အိမ္ ေထာင္ တစ္ခုသည္ စိတ္ဖိစီးမႈ ကင္းေ၀းၿပီး က်န္းမာေရး အတြက္ အေထာက္အကူ ျပဳေၾကာင္း ယခင္ ကတည္းက သတ္မွတ္ ထားၾကသည္။
သုိ႔ေသာ္ ယခုေနာက္ဆံုး ေတြ႕ရွိမႈမ်ားအရ ေပ်ာ္ရႊင္မႈ အျပည့္ႏွင့္ လက္ထပ္ခြင့္ ရျခင္းသည္ စိတ္ခ်မ္းသာ၊ ကိုယ္က်န္းမာ ေစရံုမွ်မက လူ၏ သက္တမ္းကိုပါ ဆြဲဆန္႔ ႏိုင္ေၾကာင္း သိရွိရသည္။

စစ္တမ္းမ်ားအရ ေပ်ာ္ရႊင္မႈ အျပည့္အ၀ႏွင့္ လက္ထပ္ခြင့္ ရသူမ်ားမွာ ေသြးေပါင္ခ်ိန္ ျပႆနာမ်ား ျဖစ္ႏိုင္ေျခနည္းၿပီး ဆက္ဆံေရး အေျခအေန ေကာင္းမြန္ၿပီး အိမ္ေထာင္ေရး အဆင္ေျပေသာ စံုတြဲမ်ားမွာ ေဆးရံု၊ ေဆးခန္းမ်ားသို႔ သြားေရာက္ရသည့္ ေ၀ဒနာမ်ိဳး ျဖစ္ႏိုင္ေျခ နည္းပါးေၾကာင္း ေဖာ္ျပခဲ့သည္။

 ယခုေနာက္ဆံုး ေဖာ္ထုတ္မႈအရ ေသႏိုင္ေလာက္ေသာ ေရာဂါမ်ိဳး စြဲကပ္ၿပီး ေနာက္ဆံုး အခ်ိန္ကို ေစာင့္ေမွ်ာ္ ေနရေသာ လူမမာ မ်ားပင္လ်င္ စိတ္ခ်မ္းသာ ေပ်ာ္ရႊင္စြာ လက္ထပ္ခြင့္ ရခဲ့ပါက ၄င္းတို႔၏ သက္တမ္းကို (၅)ႏွစ္ႏွင့္ အထက္ ပိုမိုဆြဲဆန္႔ ႏိုင္ေၾကာင္း ပညာရွင္မ်ားက ေၾကညာ ခဲ့သည္။

သုေတသီမ်ားက မည္သို႔ေသာ အက်ိဳး သက္ေရာက္မႈ မ်ားေၾကာင့္ ယခုကဲ့သို႔ လူ႔သက္တမ္းကို ရွည္လ်ား ေစသည္ကို အတိအက် မေျပာႏိုင္ ေသာ္လည္း ၄င္းတို႔ သုေတသန ျပဳလုပ္ခဲ့သည့္ စမ္းသပ္မႈမ်ားက အထက္ပါ အေျဖအား အတည္ျပဳ ေပးခဲ့သည္ဟု ဆိုသည္။

 ကင္ဆာ ေရာဂါႏွင့္ ႏွလံုး ေရာဂါတို႔အား ျပင္းထန္ ဆိုးရြားစြာ ခံစားေနရသည့္ ပုဂၢိဳလ္ အခ်ိဳ႕တို႔မွာ ၎တို႔၏ ခ်စ္သူမ်ားႏွင့္ ေပ်ာ္ရႊင္စြာ ထိမ္းျမားခြင့္ ရရွိခဲ့ၿပီးေနာက္ ဆရာ၀န္မ်ား အံ့ၾသရေလာက္ေအာင္ပင္ မူလ ခန္႔မွန္းထားသည့္ ေနာက္ဆံုး ေန႔အား ေက်ာ္လြန္ၿပီး ကာလ ရွည္ၾကာစြာ အသက္ရွင္ ေနထိုင္ခြင့္ ရေနၾကေၾကာင္း သိရွိရသည္။

အေမရိကန္၊ ဆြီဒင္ႏွင့္ ဒိန္းမတ္ ႏိုင္ငံမ်ားရွိ ေဆးရံုမ်ားႏွင့္ တကၠသိုလ္မ်ားတြင္ စမ္းသပ္ ျပဳလုပ္ခဲ့သည့္ သုေတသန လုပ္ငန္းမ်ားမွ ရလဒ္မ်ားအရ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ လက္ထပ္ျခင္းသည္ ပရိုစတိတ္ ကင္ဆာ၊ တုပ္ေကြး၊ အယ္လ္ဇုိင္းမား၊ ႏွလံုးေရာဂါ၊ ေသြးေပါင္ခ်ိန္ က်ဆင္းမႈ စသည့္ ေ၀ဒနာမ်ား ခံစားေနရသည့္ လူနာမ်ားအတြက္ ထိေရာက္စြာ အက်ိဳး ျဖစ္ထြန္းေစၿပီး စိတ္ဖိစီးမႈႏွင့္ ေသႏိုင္ ေလာက္ေသာ ေရာဂါမ်ား ျဖစ္ပြားမႈ တို႔ကို ေလ်ာ့နည္း ေသသည္ဟု သိရွိ ရသည္။

ဆရာ၀န္မ်ားက နားလည္မႈရွိသည့္ ခ်စ္သူျခင္း လက္ထပ္မႈမွာ အခ်ိဳ႕ေသာ က်န္းမာေရး ျပႆနာမ်ားတြင္ ၎တို႔ နားမလည္ ႏိုင္ေလာက္ေအာင္ အက်ိဳး ျဖစ္ထြန္းမႈမ်ား ရွိေၾကာင္း ထုတ္ေဖာ္ ၀န္ခံ သြားခဲ့သည္။
Credit:Love Shop
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
ပျော်ရွှင် ချမ်းမြေ့သော အိမ်ထောင် တစ်ခုသည် စိတ်ဖိစီးမှု ကင်းဝေးပြီး ကျန်းမာရေး အတွက် အထောက်အကူ ပြုကြောင်း ယခင် ကတည်းက သတ်မှတ် ထားကြသည်။
သို့သော် ယခုနောက်ဆုံး တွေ့ရှိမှုများအရ ပျော်ရွှင်မှု အပြည့်နှင့် လက်ထပ်ခွင့် ရခြင်းသည် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ စေရုံမျှမက လူ၏ သက်တမ်းကိုပါ ဆွဲဆန့် နိုင်ကြောင်း သိရှိရသည်။

စစ်တမ်းများအရ ပျော်ရွှင်မှု အပြည့်အဝနှင့် လက်ထပ်ခွင့် ရသူများမှာ သွေးပေါင်ချိန် ပြဿနာများ ဖြစ်နိုင်ခြေနည်းပြီး ဆက်ဆံရေး အခြေအနေ ကောင်းမွန်ပြီး အိမ်ထောင်ရေး အဆင်ပြေသော စုံတွဲများမှာ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ရသည့် ဝေဒနာမျိုး ဖြစ်နိုင်ခြေ နည်းပါးကြောင်း ဖော်ပြခဲ့သည်။

 ယခုနောက်ဆုံး ဖော်ထုတ်မှုအရ သေနိုင်လောက်သော ရောဂါမျိုး စွဲကပ်ပြီး နောက်ဆုံး အချိန်ကို စောင့်မျှော် နေရသော လူမမာ များပင်လျင် စိတ်ချမ်းသာ ပျော်ရွှင်စွာ လက်ထပ်ခွင့် ရခဲ့ပါက ၎င်းတို့၏ သက်တမ်းကို (၅)နှစ်နှင့် အထက် ပိုမိုဆွဲဆန့် နိုင်ကြောင်း ပညာရှင်များက ကြေညာ ခဲ့သည်။

သုတေသီများက မည်သို့သော အကျိုး သက်ရောက်မှု များကြောင့် ယခုကဲ့သို့ လူ့သက်တမ်းကို ရှည်လျား စေသည်ကို အတိအကျ မပြောနိုင် သော်လည်း ၎င်းတို့ သုတေသန ပြုလုပ်ခဲ့သည့် စမ်းသပ်မှုများက အထက်ပါ အဖြေအား အတည်ပြု ပေးခဲ့သည်ဟု ဆိုသည်။

 ကင်ဆာ ရောဂါနှင့် နှလုံး ရောဂါတို့အား ပြင်းထန် ဆိုးရွားစွာ ခံစားနေရသည့် ပုဂ္ဂိုလ် အချို့တို့မှာ ၎င်းတို့၏ ချစ်သူများနှင့် ပျော်ရွှင်စွာ ထိမ်းမြားခွင့် ရရှိခဲ့ပြီးနောက် ဆရာဝန်များ အံ့သြရလောက်အောင်ပင် မူလ ခန့်မှန်းထားသည့် နောက်ဆုံး နေ့အား ကျော်လွန်ပြီး ကာလ ရှည်ကြာစွာ အသက်ရှင် နေထိုင်ခွင့် ရနေကြကြောင်း သိရှိရသည်။

အမေရိကန်၊ ဆွီဒင်နှင့် ဒိန်းမတ် နိုင်ငံများရှိ ဆေးရုံများနှင့် တက္ကသိုလ်များတွင် စမ်းသပ် ပြုလုပ်ခဲ့သည့် သုတေသန လုပ်ငန်းများမှ ရလဒ်များအရ ပျော်ပျော်ရွှင်ရွှင် လက်ထပ်ခြင်းသည် ပရိုစတိတ် ကင်ဆာ၊ တုပ်ကွေး၊ အယ်လ်ဇိုင်းမား၊ နှလုံးရောဂါ၊ သွေးပေါင်ချိန် ကျဆင်းမှု စသည့် ဝေဒနာများ ခံစားနေရသည့် လူနာများအတွက် ထိရောက်စွာ အကျိုး ဖြစ်ထွန်းစေပြီး စိတ်ဖိစီးမှုနှင့် သေနိုင် လောက်သော ရောဂါများ ဖြစ်ပွားမှု တို့ကို လျော့နည်း သေသည်ဟု သိရှိ ရသည်။

ဆရာဝန်များက နားလည်မှုရှိသည့် ချစ်သူခြင်း လက်ထပ်မှုမှာ အချို့သော ကျန်းမာရေး ပြဿနာများတွင် ၎င်းတို့ နားမလည် နိုင်လောက်အောင် အကျိုး ဖြစ်ထွန်းမှုများ ရှိကြောင်း ထုတ်ဖော် ဝန်ခံ သွားခဲ့သည်။
Credit:Love Shop

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top