iMyanmarHouse.com - Best Property Website for Myanmar
×

ေျပးျခင္းဟာ သက္လံုကိုေကာင္းေစၿပီး ခႏၶာကိုယ္ကို က်န္းမာၾကံ႕ခိုင္ေစပါတယ္။ ဒီ့ထက္မကတဲ့ ေကာင္းက်ိဳးေတြလည္း ႐ွိေပမဲ့ သတိထားရမယ့္ ေနာက္ဆက္တြဲ က်န္းမာေရးပိုင္းေတြလည္း ရွိေနပါေသးတယ္။

၁။ ေဝွးေစ့ေတြကို နာက်င္ေစ

အေျပးသမား အမ်ိဳးသား ၇ ဦးမွာ ၁ ဦးႏႈန္းဟာ ေျပးေနစဥ္မွာ ေဝွးေစ့နာက်င္မႈကို ခံစားရေလ့ရွိပါတယ္။ ကပ္ပယ္အိတ္တြင္္း႐ွိ ေဝွးေစ့ထဲက ေသြးျပန္ေၾကာခၽြတ္ယြင္းမႈကို ျဖစ္ေစလာၿပီး ေဝွးေစ့က ႀကီးလာကာ နာက်င္မႈကို ယာယီခံစားရတာပါ။ မ်ိဳး႐ိုးလိုက္တတ္တဲ့ လကၡဏာလည္း ျဖစ္ပါတယ္။

၂။ ဖိအားမ်ားလြန္းျခင္းက ျပႆနာ

လူက ေမာေနေပမဲ့ အတင္းအက်ပ္ ကိုယ့္ကိုယ္ကိုယ္ေစခိုင္းၿပီး ေျပးေနတာလည္း သိပ္ေတာ့မေကာင္းပါဘူး။ အေျပးေလ့က်င့္ရာမွာ ကိုယ့္ခႏၶာကိုယ္ကိုလည္း ငဲ့ရပါမယ္။ အရမ္းေျပးလြန္းရင္ ေပါင္ျခံကို ေသြးစီးဆင္းမႈ ဟန္႔တားလိုက္သလိုျဖစ္သြားၿပီး ေဝွးေစ့ေတြ ပိုနာက်င္လာရပါတယ္။ နာက်င္လာၿပီ သို႔မဟုတ္ ထံုလာသလို ခံစားရၿပီဆို ေျပးတာရပ္လိုက္ပါ။ ေျပးလႊားတုန္း ေဝွးေစ့နာက်င္ျခင္းက မ်ိဳးပြားႏိုင္မႈနဲ႔ေတာ့ မဆက္ႏႊယ္ပါဘူး။

၃။ သုက္အားေကာင္းေစ

ပံုမွန္ အေျပးေလ့က်င့္တဲ့ အမ်ိဳးသားေတြဟာ သုက္အားေကာင္းေစတယ္လို႔ သိရပါတယ္။ ၿဗိတိန္ႏိုင္ငံထုတ္ ေဆးပညာဂ်ာနယ္ Sports Medicine မွာ ေဖာ္ျပခ်က္အရ တစ္ပတ္ကို ၁၅ နာရီၾကာ အသင့္အတင့္ေျပးျခင္း သို႔မဟုတ္ တက္တက္ၾကြၾကြေလးေျပးတဲ့ အမ်ိဳးသားေတြဟာ ထိုင္ခံုမွာထုိင္ၿပီးအလုပ္လုပ္ရတဲ့ အမ်ိဳးသားေတြနဲ႔ယွဥ္ရင္ သုက္စုစည္းမႈ ၇၃ % ပိုျမင့္မားတယ္လို႔ သိရပါတယ္။

၄။ အလြန္အကၽြံမေျပးသင့္ဘူး

တစ္ပတ္ကို ၆၇ မိုင္ထက္ ပိုၿပီးေျပးတဲ့ အမ်ိဳးသားေတြဟာ testosterone လည္ပတ္မႈ ၂၈ % ေလ်ာ့က်သြားပါတယ္။ သုက္ရဲ႕အရည္အေသြး နိမ့္သြားတယ္လို႔ မွတ္ယူႏိုင္ပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
ပြေးခြင်းဟာ သက်လုံကိုကောင်းစေပြီး ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်စေပါတယ်။ ဒီ့ထက်မကတဲ့ ကောင်းကျိုးတွေလည်း ရှိပေမဲ့ သတိထားရမယ့် နောက်ဆက်တွဲ ကျန်းမာရေးပိုင်းတွေလည်း ရှိနေပါသေးတယ်။

၁။ ဝှေးစေ့တွေကို နာကျင်စေ

အပြေးသမား အမျိုးသား ၇ ဦးမှာ ၁ ဦးနှုန်းဟာ ပြေးနေစဉ်မှာ ဝှေးစေ့နာကျင်မှုကို ခံစားရလေ့ရှိပါတယ်။ ကပ်ပယ်အိတ်တွင်းရှိ ဝှေးစေ့ထဲက သွေးပြန်ကြောချွတ်ယွင်းမှုကို ဖြစ်စေလာပြီး ဝှေးစေ့က ကြီးလာကာ နာကျင်မှုကို ယာယီခံစားရတာပါ။ မျိုးရိုးလိုက်တတ်တဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။

၂။ ဖိအားများလွန်းခြင်းက ပြဿနာ

လူက မောနေပေမဲ့ အတင်းအကျပ် ကိုယ့်ကိုယ်ကိုယ်စေခိုင်းပြီး ပြေးနေတာလည်း သိပ်တော့မကောင်းပါဘူး။ အပြေးလေ့ကျင့်ရာမှာ ကိုယ့်ခန္ဓာကိုယ်ကိုလည်း ငဲ့ရပါမယ်။ အရမ်းပြေးလွန်းရင် ပေါင်ခြံကို သွေးစီးဆင်းမှု ဟန့်တားလိုက်သလိုဖြစ်သွားပြီး ဝှေးစေ့တွေ ပိုနာကျင်လာရပါတယ်။ နာကျင်လာပြီ သို့မဟုတ် ထုံလာသလို ခံစားရပြီဆို ပြေးတာရပ်လိုက်ပါ။ ပြေးလွှားတုန်း ဝှေးစေ့နာကျင်ခြင်းက မျိုးပွားနိုင်မှုနဲ့တော့ မဆက်နွှယ်ပါဘူး။

၃။ သုက်အားကောင်းစေ

ပုံမှန် အပြေးလေ့ကျင့်တဲ့ အမျိုးသားတွေဟာ သုက်အားကောင်းစေတယ်လို့ သိရပါတယ်။ ဗြိတိန်နိုင်ငံထုတ် ဆေးပညာဂျာနယ် Sports Medicine မှာ ဖော်ပြချက်အရ တစ်ပတ်ကို ၁၅ နာရီကြာ အသင့်အတင့်ပြေးခြင်း သို့မဟုတ် တက်တက်ကြွကြွလေးပြေးတဲ့ အမျိုးသားတွေဟာ ထိုင်ခုံမှာထိုင်ပြီးအလုပ်လုပ်ရတဲ့ အမျိုးသားတွေနဲ့ယှဉ်ရင် သုက်စုစည်းမှု ၇၃ % ပိုမြင့်မားတယ်လို့ သိရပါတယ်။

၄။ အလွန်အကျွံမပြေးသင့်ဘူး

တစ်ပတ်ကို ၆၇ မိုင်ထက် ပိုပြီးပြေးတဲ့ အမျိုးသားတွေဟာ testosterone လည်ပတ်မှု ၂၈ % လျော့ကျသွားပါတယ်။ သုက်ရဲ့အရည်အသွေး နိမ့်သွားတယ်လို့ မှတ်ယူနိုင်ပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top