iMyanmarHouse.com - Best Property Website for Myanmar
×

Related image
ကိုယ္တုိင္ေရး ၊ ကုိယ္တုိင္ဆို သီခ်င္းမ်ားနဲ႕ ပရိသတ္ရဲ႕ အားေပးမႈကို အားရပါးရ အရယူႏုိင္ခဲ့
သူၾကီးကေတာ့ျဖင့္ ေတးသံရွင္ ပိုပိုပါ။ ပိုပိုဟာ တစ္ကုိယ္ေတာ္ေခြသံုးေခြထြက္ရွိျပီးခဲ့ျပီျဖစ္သလို အခုလက္ရွိမွာလဲ Mini Album တစ္ခုကုိအျမန္ဆံုးထြက္ႏုိင္ေအာင္ဖန္တီးေနတယ္လို႕သိရပါတယ္။ ဒါ့အျပင္ ေကာင္းကင္မ်ားဆိုတဲ့ ကဗ်ာစာအုပ္တစ္အုပ္နဲ႕ Iron Cross နဲ႕တီးမဲ့ ေလးေခြေျမာက္ ေတးအယ္လ္ဘမ္ကုိလဲ ဖန္တီးပံုေဖာ္ေနသလို Mini Album အတြက္လဲ အမ္တီဗီႏွစ္ပုဒ္
ရုိက္ကူးဖို႕ရွိေၾကာင္း ေျပာျပလာတဲ့ ပိုပိုရဲ႕ ပရိသတ္သိခ်င္မဲ့ အေၾကာင္းအရာမ်ိဳးစံုနဲ႕ အခုလက္ရွိ အႏုပညာလႈပ္ရွားမႈမ်ားအေၾကာင္းကို သြားေရာက္ေမးျမန္းျဖစ္တဲ့အခါ


-အခုလက္ရွိ ဂီတလႈပ္ရွားမႈ အေနနဲ႕ ဘာေတြလုပ္ျဖစ္ေနလဲ။

အလုပ္က Mini album ထြက္ဖို႕လုပ္ေနတယ္။ ၅ လပိုင္း ၁၆ ထြက္မယ္လုပ္ျပီးကာမွ ရက္ျပန္ခ်ိန္းသြားတယ္။ ဒါေပမဲ့ ၅လပိုင္း ၁၆ ရက္ေန႕မွာ အမ္တီဗီ သီခ်င္းတစ္ပုဒ္ အြန္လိုင္းမွာျဖန္႕မယ္။ အဲ့ဒီေန႕က ၂၇ ႏွစ္ျပည့္ ေမြးေန႕ဆိုေတာ့ ေမြးေန႕လက္ေဆာင္အေနနဲ႕ပါ။ ျပီးေတာ့ ေနာက္ထပ္ ေလးေခြေျမာက္စီစဥ္ေနတယ္။ Iron Cross နဲ႕တီးဖို႕ေျပာထားတယ္။ စေတာ့မတီးရေသးပါဘူး။

-Mini Album ထဲက ဘာသီခ်င္းေလးတင္ျဖစ္မွာလဲ။

ေမ့ေနျပီလား ဆိုတဲ့သီခ်င္းေလးပါ။ ေရးထားတာေတာ့ ပိုပိုေရးထားတာမဟုတ္ပါဘူး။ ညီမင္းခုိင္ေရးထားတာပါ။

-Mini Album အေၾကာင္းေလးကိုလဲ ေ၀မွ်ေပးပါဦး။

၇ပုဒ္လုပ္ထားတယ္။ ၅ပုဒ္က ပိုပိုေရးတယ္။ တစ္ပုဒ္က ကုိေဆာင္းဦးလႈိင္၊ ေနာက္တစ္ပုဒ္က ကုိညီမင္းခုိင္ေရးပါတယ္။ ဗီစီဒီကေတာ့ ၅ပုဒ္ေလာက္ရိုက္ျပီးသြားျပီ။ Mini Album ဆိုေတာ့ နည္းနည္းေလးေပးရင္လဲ မေကာင္းလို႕၇ပုဒ္လုပ္ျဖစ္သြားတယ္။ ျပီးေတာ့ပါ၀င္တဲ့သီခ်င္း ၇ပုဒ္လံုးကလဲ ကိုယ့္စိတ္ၾကိဳက္ျဖစ္ေနေတာ့ ၇ပုဒ္လုပ္ျဖစ္သြားတယ္။ စီဒီကိုေတာ့ ဒီအတုိင္းပဲထြက္လိုက္မယ္။ ဗီစီဒီက်မွ ပရိုမိုးရွင္းလုပ္ဖို႕စိတ္ကူးပါတယ္။ တစ္ေခြကို ၁၅၀၀ ေလာက္နဲ႕ပဲေရာင္းမယ္။ အဓိက ပရိသတ္၀ယ္ႏုိင္တဲ့ေစ်းႏႈန္းေလးတစ္ခုသတ္မွတ္ေပးလိုက္တဲ့ သေဘာပါ။

-Mini Album ကိုၾကားထဲမွာေဖာက္ျပီးလုပ္ျဖစ္တာကေရာ ဘယ္လိုမ်ိဳးေၾကာင့္လဲ။

မင္းကိုမခ်စ္လို႕ မဟုတ္ဘူးကြယ္ဆိုတဲ့ သီခ်င္းကို ပရိသတ္ကုိေပးခ်င္တာေၾကာင့္ပါ။ အဲ့ဒီသီခ်င္းေလးက ေတာ္ေတာ္လဲၾကာေနျပီဆိုေတာ့ ေပးလဲအရမ္းေပးခ်င္ေနျပီ။ အဲ့ဒါေၾကာင့္ ဒီအေခြေလးကိုေဖာက္ျပီး ျမန္ျမန္လုပ္ျဖစ္သြားတယ္။ ပရိသတ္လဲသိျပီးသားသီခ်င္းျဖစ္ေနတဲ့အတြက္ အေကာင္းဆံုးဖန္တီးေနတယ္။ အဲ့ဒီသီခ်င္းကိုပဲ တေယာေတြျပန္တီးလုိက္ႏွစ္ေခါက္တိတိျပန္တီးရတယ္။ အဲ့ဒီသီခ်င္းကိုအေကာင္းဆံုးေတြဖန္တီးထားတယ္။ နည္းနည္းေတာ့ၾကာသြားတယ္။ ထြက္လာလို႕နားေထာင္တဲ့အခါ ပရိသတ္ေတြငိုမွာပဲ။ အဲ့ဒီသီခ်င္းက ေမွာ္ပါလားမသိဘူး။ ဆိုတိုင္းအျမဲငိုရတယ္။ ကုိယ့္ဟာကုိစိတ္မေကာင္းျဖစ္ရတယ္။

-ခံစားခ်က္နဲ႕တိုက္ဆုိင္ေနလို႕လား။

ဟုတ္ပါတယ္။ အရင္တုန္းကခံစားခ်က္ပါပဲ။

-စီစဥ္ျဖစ္ေနတယ္ဆိုတဲ့ ကဗ်ာ စာအုပ္ေလးအေၾကာင္းကို ေျပာျပေပးပါဦး။

စီစဥ္ေနတာကေတာ့ ၁၂လပိုင္းေလာက္ကတည္းကေပါ့။ ထြက္မယ္။ ထြက္မယ္နဲ႕ မထြက္ျဖစ္ဘူး။ အခုေတာ့ ေျခာက္လပိုင္း ပထမပတ္မွာထြက္ဖို႕စီစဥ္ထားတယ္။ ကဗ်ာစာအုပ္ပထမဆံုးထုတ္ျဖစ္တာဆိုေတာ့ ပရိသတ္နဲ႕လဲ အမွတ္တရျဖစ္ေအာင္လို႕ပါ။

-ပါ၀င္ေရးေပးထားတဲ့သူေတြကေရာ ဘယ္သူေတြမ်ားလဲ။

ကဗ်ာ ဆရာ အေယာက္ ၁၀၀ ေက်ာ္အျပင္ကုိ မၾကီးစိုး၊ ကုိေနတိုး၊ ကုိခန္႕၊ ဒါရိုက္တာ ၾသရသ၊ ေနာက္ကိုေက်ာ္ေက်ာ္ တျခားအႏုပညာသမားေတြလဲအမ်ားၾကီးပါပါတယ္။ ကဗ်ာစာအုပ္နာမည္ကိုေတာ့ ေကာင္းကင္မ်ားလို႕ေပးထားပါတယ္။ ေကာင္းကင္မ်ားဆိုတဲ့ အဓိပၸါယ္က ေကာင္းကင္ၾကီးတစ္ခုေအာက္မွာ ရပ္တည္ေနထုိင္ၾကတဲ့ သူမ်ားဆိုတဲ့ အဓိပၸါယ္ေပါ့။ လူေတြအားလံုးမွာ ကိုယ္ပုိင္ေကာင္းကင္ေတြရွိၾကတယ္ဆိုတဲ့သေဘာေလးေပါ့။

-၁၆ ရက္ေန႕မွာက်ေရာက္မဲ့ ၂၇ ႏွစ္ျပည့္ ေမြးေန႕ကိုေရာ ဘယ္လိုျဖတ္သန္းျဖစ္မလဲ။

ရန္ကုန္မွာမရွိဘူး။ ၁၄ ရက္ကေန ၁၈ ထိ Maldives မွာပြဲတစ္ခုလက္ခံထားလို႕ ဟိုမွာပဲျဖတ္သန္းျဖစ္မယ္ေပါ့။ ေဖ်ာ္ေျဖေရးအေသးစားေလးလဲပါေတာ့ ေမြးေန႕မွာ ကိတ္မုန္႕ခြဲမယ္။ Live လႊင့္မယ္။ ေမြးေန႕ အမွတ္တရအေနနဲ႕ တစ္ေနရာရာမွာ အလွဴအတန္းလုပ္ဖို႕အစီအစဥ္ရွိပါတယ္။ ဘယ္ေနရာမွာလွဴျဖစ္မလဲဆိုေတာ့ အခုထက္ထိေတာ့ ေရြးခ်ယ္ေနတုန္းပါပဲ။

-အသက္တစ္ႏွစ္ၾကီးလာျပီဆိုေတာ့ ထူးျခားေျပာင္းလဲမႈ အေနနဲ႕ဘာေတြရွိမလဲ။

ပုိျပီးရင့္က်က္လာတယ္။ ပိုျပိး အေတြးအေခၚေကာင္းတာေတြေတြးတတ္လာတယ္။ ပညာရွိကုိ ဆည္းပူးရမယ္။ သူေတာ္ေကာင္းကို ဆည္းပူးရမယ္ဆိုတဲ့ အေတြးအေခၚေတြ၀င္လာတယ္။ ငယ္ငယ္တုန္းက အဖြားတို႕ေျပာတဲ့ နားမလည္ခဲ့တဲ့ ဟာေတြကို အခုနားလည္လာတယ္။ အလွဴအတန္းလုပ္ဖို႕၊ ဘ၀မွာလူမ်ားကုိကူညီဖို႕၊ ခ်ီးေျမွာက္ဖို႕၊ လွဴတယ္။ သူမ်ားကိုေပးတယ္။ ေပးတဲ့အခ်ိန္မွာေပးတဲ့ပီတိနဲ႕ပတ္သက္ျပီး အမ်ားၾကီးခံစားနားလည္သိရွိလာတယ္။ ျပီးေတာ့ တည္တည္ျငိမ္ျငိမ္ျဖစ္လာတယ္။ ဘာလိုခ်င္လဲလို႕ေမးရင္ ဘာမွမလိုခ်င္ဘူးလို႕ပဲျပန္ေျဖရမွာေပါ့။ ကုိယ့္အေနနဲ႕လဲသင့္တင့္ေလ်ာက္ပတ္စြာ ျပည့္စံုျပီးသားပါပဲ။ ဒါေပမဲ့လဲ သာယာတဲ့မိသားစုဘ၀ေလးေတာ့လိုခ်င္တယ္။ ကုိယ့္ကိုလဲတကယ္ခ်စ္ျမတ္ႏုိးတဲ့သူနဲ႕မိသားစုဘ၀ေလးတစ္ခုေတာ့လိုခ်င္ပါေသးတယ္။ အခုခ်ိန္မွာေတာ့ အရာအားလံုးျပည့္စံုေနတယ္။ ဘာမွလဲသိပ္လိုခ်င္တာမ်ိဳးမရွိဘူး။ အသက္ၾကီးလာတာနဲ႕အမွ် ေရာင့္ရဲတင္းတိမ္တက္လာတယ္။ ဘာေၾကာင့္အသက္ရွင္ရသလဲဆိုတာေတြ ေတြးတတ္လာတယ္။ အေကာင္းဆံုးေတြကိုၾကိဳးစားတယ္။ မရခဲ့ဘူးဆိုရင္လဲစိတ္ဓာတ္မက်ဘူး။ ေလာကဓံလို႕ပဲေတြးတယ္။

-ေလာဘနည္းတယ္လို႕ပဲေျပာရမွာေပါ့။

ဟုတ္ေျပာလို႕ရပါတယ္။ ကိုယ့္ကိုဘာလိုခ်င္လဲလို႕လာေမးရင္ ဘာေျပာရမွန္းမသိဘူး။ ကုိယ္ပံုမွန္ၾကိဳးစားေနတယ္။ ဒီ့ထက္ပိုျပီးေအာင္ျမင္ခ်င္ေပမဲ့ ဒါၾကီးကိုငါရမွျဖစ္မယ္ေဟ့ေတာ့မဟုတ္ဘူး။ ပံုမွန္ၾကိဳးစာေနတဲ့သူအတြက္ကရမွာပဲေလ။ ကုိယ္ၾကိဳးစားဖို႕ပဲလိုတယ္။

-အခုလက္ရွိမွာ အခ်စ္ေရးနဲ႕ပတ္သက္ျပီး အိမ္ေထာင္ျပဳျဖစ္ဖို႕မ်ားလား။ တစ္ေယာက္တည္းေနသြားဖို႕မ်ားလား။

တစ္ေယာက္တည္းရရင္ တစ္ေယာက္တည္းပဲေနမယ္။ ဖူးစာကလဲရွိေသးတာကိုေနာ္။ တစ္ေယာက္တည္းေနရင္ အေကာင္း ေယာက်ား္ယူလုိက္မွ ဒုကၡေရာက္မွာစိုးရင္ေတာ့ ေယာက်ာ္းမယူတာပဲေကာင္းပါတယ္။ တစ္သက္လံုးစိတ္ဆင္းရဲေနမယ့္အစား ကုိယ့္ဟာကို တစ္ေယာက္တည္းေနျပီး အထီးက်န္တာက ပိုေကာင္းပါတယ္။ ေနတတ္ရင္တရားရတာေပါ့။ ကိုယ့္ကုိခ်စ္ျပီး ကိုယ္ကလဲျပန္ခ်စ္တဲ့သူေတြ႕လာရင္ေတာ့ အသက္သံုးဆယ္ျပည့္ရင္ယူမယ္။ ဒါေပမဲ့ ပိုပို႕မွာ အိမ္ေထာင္ျပဳခ်င္စိတ္သိပ္မရွိဘူး။ စီးပြားေရးလုပ္ခ်င္တယ္။ သီခ်င္းေတြအမ်ားၾကီးဖန္တီးခ်င္တယ္။ သံုးဆယ္မျပည့္ခင္ One Lady Show လုပ္ခ်င္တယ္။ ေနာက္ျပီးေတာ့ ႏုိင္ငံျခားမွာ ျမဴးဆစ္သင္တန္းေက်ာင္းသြားတက္ခ်င္ေသးတယ္။ ကေလးလုပ္ခ်င္ေသးတယ္။ အိမ္ေထာင္မျပဳခင္အခ်ိန္မွာ အမ်ားၾကီးလုပ္စရာေတြရွိေသးတယ္။ တစ္ေယာက္တည္းေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနဦးမွာပါ။ မိသားစုဘ၀ကေပ်ာ္ရႊင္ဖို႕ေကာင္းမွန္းသိပါတယ္။ ဒါေပမဲ့ ခ်ဳပ္ေႏွာင္တယ္လို႕လဲခံစားမိတယ္။ အခုလက္ရွိကေတာ့ တစ္ေယာက္တည္းအရမ္းသာယာေနတယ္။

-အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားကလဲ အခုေနာက္ပိုင္း စီးပြားေရးေတြလုပ္လာၾကေတာ့ စီးပြားေရးနဲ႕ပတ္သက္ျပီး စိတ္၀င္စားတာမ်ိဳးရွိလား။

စီးပြားေရးကေတာ့ လုပ္ကိုလုပ္မွာပါ။ ဘာလို႕လဲဆိုေတာ့ ပိုပိုတို႕အနုပညာသမားဆိုတာက ပြင့္ပြင့္လင္းလင္းေျပာရရင္ အခ်ိန္ အတိုင္းအတာတစ္ခုအရပဲ ေအာင္ျမင္တယ္။ ဒါေပမဲ့ အသက္ၾကီးသြားရင္၊ အိမ္ေထာင္ျပဳလုိက္ရင္ေတာ့ အႏုပညာသမားတစ္ေယာက္ရဲ႕စန္းက ေျပာလို႕မရဘူး။ က်ရင္လဲက်သြားမယ္။ ဒါေပမဲ့ အႏုပညာတစ္ခုထဲနဲ႕လဲရပ္တည္လို႕မရဘူး။ ကုိယ္လုပ္ခ်င္လုပ္ရဖို႕က ပိုက္ဆံရွိမွရမယ္။ အရင္တုန္းကဆို အေခြထြက္တယ္။ ေရာင္းရတယ္။ ပိုက္ဆံျပန္ရတယ္။ အခုက အရင္းေတာင္ျပန္မရတဲ့အေနအထားဆိုေတာ့ ရပ္တည္ဖို႕ကဘယ္လိုမွမလြယ္ဘူး။ ပရိသတ္ကုိလဲေကာင္းေကာင္းေလးပဲေပးခ်င္တယ္။ အဲ့ဒါေၾကာင့္ ေရရွည္ရပ္တည္ႏုိင္ေအာင္စီးပြားေရးလုပ္ဖို႕စဥ္းစားမိတယ္။ စီးပြားေရးလုပ္မယ္။ အခုစဥ္းစားေနတယ္။ အဲ့ဒီအလုပ္က ကိုယ္နဲ႕အရမ္းစိမ္းေတာ့စိမ္းတယ္။ ဒါေပမဲ့ လူကိုယ္တုိင္လိုက္ၾကိဳးစားေနတယ္။ အရင္တုန္းကဆိုရင္ ပိုပိုကစီးပြားေရးဖက္ကို သိပ္၀ါသနာပါေလ့ပါထမရွိဘူး။ အလုပ္လုပ္ရင္ေတာင္မွ သီခ်င္းေတြနဲ႕ပတ္သက္တဲ့ဟာလုပ္ခ်င္တာ ဒါေပမဲ့ အဲဒ့ါေတြက အခုခ်ိန္မွာ ျပန္ျပီးပိုက္ဆံမရတဲ့ ကာလျဖစ္ေနေတာ့ စီးပြားေရးတစ္ခုလုပ္ျပီး အေျခခ်မယ္။ အဲ့ဒီကရတဲ့ပိုက္ဆံနဲ႕မွ အႏုပညာေတြဖန္တီးမယ္။ အဲ့ဒီလိုေတာ့စဥ္းစားထားတယ္။ ကိုယ္မကၽြမ္းက်င္တဲ့ စီးပြားေရးနယ္ပယ္ထဲကိုလုပ္မွာဆိုေတာ့ ေတာ္ေတာ္ေလးၾကိဳးစားရမွာေပါ့။ တစ္ႏုိင္ငံလံုးကိုျဖန္႕ေ၀ေရာင္းခ်ခ်င္တဲ့ လူသံုးကုန္ပစၥည္းတစ္ခုလုပ္ဖုိ႕ ရွိပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : Trend Myanmar

#Unicode Version
ကိုယ်တိုင်ရေး ၊ ကိုယ်တိုင်ဆို သီချင်းများနဲ့ ပရိသတ်ရဲ့ အားပေးမှုကို အားရပါးရ အရယူနိုင်ခဲ့သူကြီးကတော့ဖြင့် တေးသံရှင် ပိုပိုပါ။ ပိုပိုဟာ တစ်ကိုယ်တော်ခွေသုံးခွေထွက်ရှိပြီးခဲ့ပြီဖြစ်သလို အခုလက်ရှိမှာလဲ Mini Album တစ်ခုကိုအမြန်ဆုံးထွက်နိုင်အောင်ဖန်တီးနေတယ်လို့သိရပါတယ်။ ဒါ့အပြင် ကောင်းကင်များဆိုတဲ့ ကဗျာစာအုပ်တစ်အုပ်နဲ့ Iron Cross နဲ့တီးမဲ့ လေးခွေမြောက် တေးအယ်လ်ဘမ်ကိုလဲ ဖန်တီးပုံဖော်နေသလို Mini Album အတွက်လဲ အမ်တီဗီနှစ်ပုဒ်ရိုက်ကူးဖို့ရှိကြောင်း ပြောပြလာတဲ့ ပိုပိုရဲ့ ပရိသတ်သိချင်မဲ့ အကြောင်းအရာမျိုးစုံနဲ့ အခုလက်ရှိ အနုပညာလှုပ်ရှားမှုများအကြောင်းကို သွားရောက်မေးမြန်းဖြစ်တဲ့အခါ

-အခုလက်ရှိ ဂီတလှုပ်ရှားမှု အနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။

အလုပ်က Mini album ထွက်ဖို့လုပ်နေတယ်။ ၅ လပိုင်း ၁၆ ထွက်မယ်လုပ်ပြီးကာမှ ရက်ပြန်ချိန်းသွားတယ်။ ဒါပေမဲ့ ၅လပိုင်း ၁၆ ရက်နေ့မှာ အမ်တီဗီ သီချင်းတစ်ပုဒ် အွန်လိုင်းမှာဖြန့်မယ်။ အဲ့ဒီနေ့က ၂၇ နှစ်ပြည့် မွေးနေ့ဆိုတော့ မွေးနေ့လက်ဆောင်အနေနဲ့ပါ။ ပြီးတော့ နောက်ထပ် လေးခွေမြောက်စီစဉ်နေတယ်။ Iron Cross နဲ့တီးဖို့ပြောထားတယ်။ စတော့မတီးရသေးပါဘူး။

-Mini Album ထဲက ဘာသီချင်းလေးတင်ဖြစ်မှာလဲ။

မေ့နေပြီလား ဆိုတဲ့သီချင်းလေးပါ။ ရေးထားတာတော့ ပိုပိုရေးထားတာမဟုတ်ပါဘူး။ ညီမင်းခိုင်ရေးထားတာပါ။

-Mini Album အကြောင်းလေးကိုလဲ ဝေမျှပေးပါဦး။

၇ပုဒ်လုပ်ထားတယ်။ ၅ပုဒ်က ပိုပိုရေးတယ်။ တစ်ပုဒ်က ကိုဆောင်းဦးလှိုင်၊ နောက်တစ်ပုဒ်က ကိုညီမင်းခိုင်ရေးပါတယ်။ ဗီစီဒီကတော့ ၅ပုဒ်လောက်ရိုက်ပြီးသွားပြီ။ Mini Album ဆိုတော့ နည်းနည်းလေးပေးရင်လဲ မကောင်းလို့၇ပုဒ်လုပ်ဖြစ်သွားတယ်။ ပြီးတော့ပါဝင်တဲ့သီချင်း ၇ပုဒ်လုံးကလဲ ကိုယ့်စိတ်ကြိုက်ဖြစ်နေတော့ ၇ပုဒ်လုပ်ဖြစ်သွားတယ်။ စီဒီကိုတော့ ဒီအတိုင်းပဲထွက်လိုက်မယ်။ ဗီစီဒီကျမှ ပရိုမိုးရှင်းလုပ်ဖို့စိတ်ကူးပါတယ်။ တစ်ခွေကို ၁၅၀၀ လောက်နဲ့ပဲရောင်းမယ်။ အဓိက ပရိသတ်ဝယ်နိုင်တဲ့ဈေးနှုန်းလေးတစ်ခုသတ်မှတ်ပေးလိုက်တဲ့ သဘောပါ။

-Mini Album ကိုကြားထဲမှာဖောက်ပြီးလုပ်ဖြစ်တာကရော ဘယ်လိုမျိုးကြောင့်လဲ။

မင်းကိုမချစ်လို့ မဟုတ်ဘူးကွယ်ဆိုတဲ့ သီချင်းကို ပရိသတ်ကိုပေးချင်တာကြောင့်ပါ။ အဲ့ဒီသီချင်းလေးက တော်တော်လဲကြာနေပြီဆိုတော့ ပေးလဲအရမ်းပေးချင်နေပြီ။ အဲ့ဒါကြောင့် ဒီအခွေလေးကိုဖောက်ပြီး မြန်မြန်လုပ်ဖြစ်သွားတယ်။ ပရိသတ်လဲသိပြီးသားသီချင်းဖြစ်နေတဲ့အတွက် အကောင်းဆုံးဖန်တီးနေတယ်။ အဲ့ဒီသီချင်းကိုပဲ တယောတွေပြန်တီးလိုက်နှစ်ခေါက်တိတိပြန်တီးရတယ်။ အဲ့ဒီသီချင်းကိုအကောင်းဆုံးတွေဖန်တီးထားတယ်။ နည်းနည်းတော့ကြာသွားတယ်။ ထွက်လာလို့နားထောင်တဲ့အခါ ပရိသတ်တွေငိုမှာပဲ။ အဲ့ဒီသီချင်းက မှော်ပါလားမသိဘူး။ ဆိုတိုင်းအမြဲငိုရတယ်။ ကိုယ့်ဟာကိုစိတ်မကောင်းဖြစ်ရတယ်။

-ခံစားချက်နဲ့တိုက်ဆိုင်နေလို့လား။

ဟုတ်ပါတယ်။ အရင်တုန်းကခံစားချက်ပါပဲ။

-စီစဉ်ဖြစ်နေတယ်ဆိုတဲ့ ကဗျာ စာအုပ်လေးအကြောင်းကို ပြောပြပေးပါဦး။

စီစဉ်နေတာကတော့ ၁၂လပိုင်းလောက်ကတည်းကပေါ့။ ထွက်မယ်။ ထွက်မယ်နဲ့ မထွက်ဖြစ်ဘူး။ အခုတော့ ခြောက်လပိုင်း ပထမပတ်မှာထွက်ဖို့စီစဉ်ထားတယ်။ ကဗျာစာအုပ်ပထမဆုံးထုတ်ဖြစ်တာဆိုတော့ ပရိသတ်နဲ့လဲ အမှတ်တရဖြစ်အောင်လို့ပါ။

-ပါဝင်ရေးပေးထားတဲ့သူတွေကရော ဘယ်သူတွေများလဲ။

ကဗျာ ဆရာ အယောက် ၁၀၀ ကျော်အပြင်ကို မကြီးစိုး၊ ကိုနေတိုး၊ ကိုခန့်၊ ဒါရိုက်တာ သြရသ၊ နောက်ကိုကျော်ကျော် တခြားအနုပညာသမားတွေလဲအများကြီးပါပါတယ်။ ကဗျာစာအုပ်နာမည်ကိုတော့ ကောင်းကင်များလို့ပေးထားပါတယ်။ ကောင်းကင်များဆိုတဲ့ အဓိပ္ပါယ်က ကောင်းကင်ကြီးတစ်ခုအောက်မှာ ရပ်တည်နေထိုင်ကြတဲ့ သူများဆိုတဲ့ အဓိပ္ပါယ်ပေါ့။ လူတွေအားလုံးမှာ ကိုယ်ပိုင်ကောင်းကင်တွေရှိကြတယ်ဆိုတဲ့သဘောလေးပေါ့။

-၁၆ ရက်နေ့မှာကျရောက်မဲ့ ၂၇ နှစ်ပြည့် မွေးနေ့ကိုရော ဘယ်လိုဖြတ်သန်းဖြစ်မလဲ။

ရန်ကုန်မှာမရှိဘူး။ ၁၄ ရက်ကနေ ၁၈ ထိ Maldives မှာပွဲတစ်ခုလက်ခံထားလို့ ဟိုမှာပဲဖြတ်သန်းဖြစ်မယ်ပေါ့။ ဖျော်ဖြေရေးအသေးစားလေးလဲပါတော့ မွေးနေ့မှာ ကိတ်မုန့်ခွဲမယ်။ Live လွှင့်မယ်။ မွေးနေ့ အမှတ်တရအနေနဲ့ တစ်နေရာရာမှာ အလှူအတန်းလုပ်ဖို့အစီအစဉ်ရှိပါတယ်။ ဘယ်နေရာမှာလှူဖြစ်မလဲဆိုတော့ အခုထက်ထိတော့ ရွေးချယ်နေတုန်းပါပဲ။

-အသက်တစ်နှစ်ကြီးလာပြီဆိုတော့ ထူးခြားပြောင်းလဲမှု အနေနဲ့ဘာတွေရှိမလဲ။

ပိုပြီးရင့်ကျက်လာတယ်။ ပိုပြိး အတွေးအခေါ်ကောင်းတာတွေတွေးတတ်လာတယ်။ ပညာရှိကို ဆည်းပူးရမယ်။ သူတော်ကောင်းကို ဆည်းပူးရမယ်ဆိုတဲ့ အတွေးအခေါ်တွေဝင်လာတယ်။ ငယ်ငယ်တုန်းက အဖွားတို့ပြောတဲ့ နားမလည်ခဲ့တဲ့ ဟာတွေကို အခုနားလည်လာတယ်။ အလှူအတန်းလုပ်ဖို့၊ ဘဝမှာလူများကိုကူညီဖို့၊ ချီးမြှောက်ဖို့၊ လှူတယ်။ သူများကိုပေးတယ်။ ပေးတဲ့အချိန်မှာပေးတဲ့ပီတိနဲ့ပတ်သက်ပြီး အများကြီးခံစားနားလည်သိရှိလာတယ်။ ပြီးတော့ တည်တည်ငြိမ်ငြိမ်ဖြစ်လာတယ်။ ဘာလိုချင်လဲလို့မေးရင် ဘာမှမလိုချင်ဘူးလို့ပဲပြန်ဖြေရမှာပေါ့။ ကိုယ့်အနေနဲ့လဲသင့်တင့်လျောက်ပတ်စွာ ပြည့်စုံပြီးသားပါပဲ။ ဒါပေမဲ့လဲ သာယာတဲ့မိသားစုဘဝလေးတော့လိုချင်တယ်။ ကိုယ့်ကိုလဲတကယ်ချစ်မြတ်နိုးတဲ့သူနဲ့မိသားစုဘဝလေးတစ်ခုတော့လိုချင်ပါသေးတယ်။ အခုချိန်မှာတော့ အရာအားလုံးပြည့်စုံနေတယ်။ ဘာမှလဲသိပ်လိုချင်တာမျိုးမရှိဘူး။ အသက်ကြီးလာတာနဲ့အမျှ ရောင့်ရဲတင်းတိမ်တက်လာတယ်။ ဘာကြောင့်အသက်ရှင်ရသလဲဆိုတာတွေ တွေးတတ်လာတယ်။ အကောင်းဆုံးတွေကိုကြိုးစားတယ်။ မရခဲ့ဘူးဆိုရင်လဲစိတ်ဓာတ်မကျဘူး။ လောကဓံလို့ပဲတွေးတယ်။

-လောဘနည်းတယ်လို့ပဲပြောရမှာပေါ့။

ဟုတ်ပြောလို့ရပါတယ်။ ကိုယ့်ကိုဘာလိုချင်လဲလို့လာမေးရင် ဘာပြောရမှန်းမသိဘူး။ ကိုယ်ပုံမှန်ကြိုးစားနေတယ်။ ဒီ့ထက်ပိုပြီးအောင်မြင်ချင်ပေမဲ့ ဒါကြီးကိုငါရမှဖြစ်မယ်ဟေ့တော့မဟုတ်ဘူး။ ပုံမှန်ကြိုးစာနေတဲ့သူအတွက်ကရမှာပဲလေ။ ကိုယ်ကြိုးစားဖို့ပဲလိုတယ်။

-အခုလက်ရှိမှာ အချစ်ရေးနဲ့ပတ်သက်ပြီး အိမ်ထောင်ပြုဖြစ်ဖို့များလား။ တစ်ယောက်တည်းနေသွားဖို့များလား။

တစ်ယောက်တည်းရရင် တစ်ယောက်တည်းပဲနေမယ်။ ဖူးစာကလဲရှိသေးတာကိုနော်။ တစ်ယောက်တည်းနေရင် အကောင်း ယောကျာ်းယူလိုက်မှ ဒုက္ခရောက်မှာစိုးရင်တော့ ယောကျာ်းမယူတာပဲကောင်းပါတယ်။ တစ်သက်လုံးစိတ်ဆင်းရဲနေမယ့်အစား ကိုယ့်ဟာကို တစ်ယောက်တည်းနေပြီး အထီးကျန်တာက ပိုကောင်းပါတယ်။ နေတတ်ရင်တရားရတာပေါ့။ ကိုယ့်ကိုချစ်ပြီး ကိုယ်ကလဲပြန်ချစ်တဲ့သူတွေ့လာရင်တော့ အသက်သုံးဆယ်ပြည့်ရင်ယူမယ်။ ဒါပေမဲ့ ပိုပို့မှာ အိမ်ထောင်ပြုချင်စိတ်သိပ်မရှိဘူး။ စီးပွားရေးလုပ်ချင်တယ်။ သီချင်းတွေအများကြီးဖန်တီးချင်တယ်။ သုံးဆယ်မပြည့်ခင် One Lady Show လုပ်ချင်တယ်။ နောက်ပြီးတော့ နိုင်ငံခြားမှာ မြူးဆစ်သင်တန်းကျောင်းသွားတက်ချင်သေးတယ်။ ကလေးလုပ်ချင်သေးတယ်။ အိမ်ထောင်မပြုခင်အချိန်မှာ အများကြီးလုပ်စရာတွေရှိသေးတယ်။ တစ်ယောက်တည်းပျော်ပျော်ရွှင်ရွှင်နေဦးမှာပါ။ မိသားစုဘဝကပျော်ရွှင်ဖို့ကောင်းမှန်းသိပါတယ်။ ဒါပေမဲ့ ချုပ်နှောင်တယ်လို့လဲခံစားမိတယ်။ အခုလက်ရှိကတော့ တစ်ယောက်တည်းအရမ်းသာယာနေတယ်။

-အနုပညာရှင်တော်တော်များများကလဲ အခုနောက်ပိုင်း စီးပွားရေးတွေလုပ်လာကြတော့ စီးပွားရေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားတာမျိုးရှိလား။

စီးပွားရေးကတော့ လုပ်ကိုလုပ်မှာပါ။ ဘာလို့လဲဆိုတော့ ပိုပိုတို့အနုပညာသမားဆိုတာက ပွင့်ပွင့်လင်းလင်းပြောရရင် အချိန် အတိုင်းအတာတစ်ခုအရပဲ အောင်မြင်တယ်။ ဒါပေမဲ့ အသက်ကြီးသွားရင်၊ အိမ်ထောင်ပြုလိုက်ရင်တော့ အနုပညာသမားတစ်ယောက်ရဲ့စန်းက ပြောလို့မရဘူး။ ကျရင်လဲကျသွားမယ်။ ဒါပေမဲ့ အနုပညာတစ်ခုထဲနဲ့လဲရပ်တည်လို့မရဘူး။ ကိုယ်လုပ်ချင်လုပ်ရဖို့က ပိုက်ဆံရှိမှရမယ်။ အရင်တုန်းကဆို အခွေထွက်တယ်။ ရောင်းရတယ်။ ပိုက်ဆံပြန်ရတယ်။ အခုက အရင်းတောင်ပြန်မရတဲ့အနေအထားဆိုတော့ ရပ်တည်ဖို့ကဘယ်လိုမှမလွယ်ဘူး။ ပရိသတ်ကိုလဲကောင်းကောင်းလေးပဲပေးချင်တယ်။ အဲ့ဒါကြောင့် ရေရှည်ရပ်တည်နိုင်အောင်စီးပွားရေးလုပ်ဖို့စဉ်းစားမိတယ်။ စီးပွားရေးလုပ်မယ်။ အခုစဉ်းစားနေတယ်။ အဲ့ဒီအလုပ်က ကိုယ်နဲ့အရမ်းစိမ်းတော့စိမ်းတယ်။ ဒါပေမဲ့ လူကိုယ်တိုင်လိုက်ကြိုးစားနေတယ်။ အရင်တုန်းကဆိုရင် ပိုပိုကစီးပွားရေးဖက်ကို သိပ်ဝါသနာပါလေ့ပါထမရှိဘူး။ အလုပ်လုပ်ရင်တောင်မှ သီချင်းတွေနဲ့ပတ်သက်တဲ့ဟာလုပ်ချင်တာ ဒါပေမဲ့ အဲဒ့ါတွေက အခုချိန်မှာ ပြန်ပြီးပိုက်ဆံမရတဲ့ ကာလဖြစ်နေတော့ စီးပွားရေးတစ်ခုလုပ်ပြီး အခြေချမယ်။ အဲ့ဒီကရတဲ့ပိုက်ဆံနဲ့မှ အနုပညာတွေဖန်တီးမယ်။ အဲ့ဒီလိုတော့စဉ်းစားထားတယ်။ ကိုယ်မကျွမ်းကျင်တဲ့ စီးပွားရေးနယ်ပယ်ထဲကိုလုပ်မှာဆိုတော့ တော်တော်လေးကြိုးစားရမှာပေါ့။ တစ်နိုင်ငံလုံးကိုဖြန့်ဝေရောင်းချချင်တဲ့ လူသုံးကုန်ပစ္စည်းတစ်ခုလုပ်ဖို့ ရှိပါတယ်။


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit : Trend Myanmar

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top