iMyanmarHouse.com - Best Property Website for Myanmar
×
#Unicode Version
မြန်မာပြည်မှာ မျက်မှန်တပ်ထားပြီးချစ်စရာကောင်းတဲ့ မိန်းကလေးအများကြီးရှိပါတယ်နော်။ မျက်မှန်တပ်ထားတာဟာ တမျိုးလေး ဖက်ရှင်ကျပြီး မြင်သူတိုင်း သတိထားမိစေတဲ့သူတွေပါ။
မျက်မှန်တပ်ထားတဲ့ သူတွေအတွက် လိုက်ဖက်မဲ့ ဆံပင်ပုံစံနဲ့ မိတ်ကပ်အကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
၁။ ဆံပင်ကို ထိတ်မှာ ဆံထုံးကြီးကြီးလေးထုံးပေးထားလိုက်ပါ။ မိတ်ကပ်ကိုတော့ ခပ်ပါးပါးလေးနဲ့ နှုတ်ခမ်းနီကိုလည်း ဖျော့ဖျော့လေးပဲဆိုးပါ။ ဖက်ရှင်ကတော့ နွေရာသီနဲ့လိုက်ဖက်တာ ဝတ်ဆင်လို့ရပါတယ်။ နွေရာသီဆိုတော့ ဒီလိုပုံလေးကို စာရေးသူလည်း သဘောကျနေတယ်။
၂။ မျက်လုံးကိုချယ်သမယ်ဆိုရင် ရှဲဒိုးကိုသုံးပါ။ Liner ကိုတော့ ကော့ကော့လေးနဲ့ ဘေးထွက်ဆွဲပေးပါ။ နှုတ်ခမ်းနီအရောင်ကိုလည်း စိုစိုလေးဆိုးပေးပါ။
၃။ ဆံပင်ကို တစ်ဝက်ကနေ ရှင်းရှင်းလေးချည်ပြီး ချထားပေးပါ။ မိန်းကလေးပိုဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။ အဖျားနားမှာ ဆံပင်ကို နည်းနည်းကောက်ပေးပါ။
၄။ ပန်းနုရောင်စိုစို နှုတ်ခမ်းနီကို စိုးပေးတာကလည်း မျက်မှန်တပ်ထားတဲ့ ပျိုမေတို့နဲ့ လိုက်ဖက်ညီပါတယ်။
၅။ မျက်လုံးကို Liner နဲ့ Mascara ခပ်ထူထူလေးဆိုးပေးတာက နေ့ဖက်ရော ညဖက်အပြင်သွားတဲ့အခါရော အဆင်ပြေပါတယ်။ နှုတ်ခမ်းနီကိုတော့ မက်မွန်ရောင် ပန်းနုရောင်လေး စိုးပေးလိုက်ပါနော်။ ဆံပင်ကိုတော့ လပ်ရှင်းရှင်းပဲစည်းထားပါ။
၆။ အခုခေတ်စားနေတဲ့ Matte နှုတ်ခမ်းနီ အနီရောင်လေးနဲ့ ဆံပင်ကိုနှစ်ဖက်စည်းပြီး မျက်မှန်တပ်ထားတာကလည်း စတိုင်လ်တစ်မျိုးလေးနဲ့ လန်းနေတာပဲနော်။
Credit:mystylemyanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top