iMyanmarHouse.com - Best Property Website for Myanmar
×

လိင္ေဖ်ာ္ေျဖေရးဇာတ္လမ္း (အျပာကား)ေတြကို ႏွစ္သက္တဲ့ အမ်ိဳးသားေတြရဲ႕ ဦးေႏွာက္ဟာ က်ံဳ႕သြားႏုိင္ၿပီး လိင္ပိုင္းဆိုင္ရာလႈံ႕ေဆာ္မႈကို ပ်င္းရိစြာတံု႔ျပန္လာတယ္လို႔ သုေတသီေတြက သတိေပးလိုက္ပါတယ္။

ဘာလင္ၿမိဳ႕ရွိ Max Planck Institute ရွိ သုေတသီေတြဟာ လူေတြအေနနဲ႔ စိတ္တက္ၾကြမႈ သို႔မဟုတ္ ခ်ီးေျမႇာက္ခံမႈနဲ႔ၾကံဳရတဲ့အခါ လႈပ္ရွားလာတဲ့ ဦးေႏွာက္ရဲ႕တစ္စိတ္တစ္ေဒသဟာ က်ံဳ႕သြားၿပီး လုပ္ေဆာင္ႏိုင္စြမ္းနည္းသြားတာကို ေတြ႔ခဲ့ရပါတယ္။ အထူးသျဖင့္ လိင္လႈံ႕ေဆာ္တဲ့ဓာတ္ပံုေတြကိုု ပံုမွန္ၾကည့္ျခင္းဟာ အမ်ိဳးသားေတြရဲ႕ဦးေႏွာက္ကို က်ံဳ႕သြားေစပါတယ္။

ဦးေႏွာက္မွာရွိေနတဲ့ stariatum လို႔ေခၚတဲဲဲ့ အစိတ္အပိုင္းေလးဟာ ေသးငယ္ေနမယ္ဆိုရင္ အျပာကားေတြပိုႀကိဳက္သူလို႔ သိႏိုင္ပါတယ္။ ဒါေပမဲ့ ဒီအစိတ္အပိုင္းေလးေသးေနတာက အျပာကားေတြၾကည့္လို႔ပဲလား ဒါမွမဟုတ္ ဒီအစိတ္အပိုင္းေလး ေသးၿပီး ေမြးလာသူေတြကပဲ အျပာကားႀကိဳက္ၾကသလားဆုိတာေတာ့ မသဲကြဲဘူးလို႔ ေလ့လာမႈမွာပါဝင္ခဲ့သူ ေဒါက္တာ Simone Kuhn က ေျပာပါတယ္။

ေလ့လာမႈမွာေတာ့ အသက္ ၂၁ ႏွစ္မွ ၄၅ ႏွစ္ၾကား က်န္းမာေရးေကာင္းတဲ့အမ်ိဳးသား ၆၄ ဦး ပါဝင္ခဲ့ၿပီး သူတုိ႔ရဲ႕ အျပာကားၾကည့္ပံုအေလ့အထေတြကို ေမးခြန္းေတြထုတ္ခဲ့တာပါ။ ဦးေႏွာက္ရဲ႕အရြယ္အစားကို တုိင္းတာထားခဲ့ၿပီး လိင္ခံစားခ်က္လံႈံ႕ေဆာ္တဲ့ဓာတ္ပံုေတြကို ၾကည့္ရႈေစကာ ဦးေႏွာက္ရဲ႕ ေျပာင္းလဲမႈကို ေလ့လာခဲ့ၾကပါတယ္။ အျပာကား၊ ဓာတ္ပံု ပုံမွန္ၾကည့္ေလ့ရွိသူေတြနဲ႔ မၾကည့္သူေတြအနက္ ဦးေႏွာက္ရဲ႕အ၇ြယ္အစားပိုင္းမွာ သိသာတဲ့ကြာျခားမႈရွိေနတာကိုလည္း ေတြ႔ခဲ့ရပါတယ္။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
လိင်ဖျော်ဖြေရေးဇာတ်လမ်း (အပြာကား)တွေကို နှစ်သက်တဲ့ အမျိုးသားတွေရဲ့ ဦးနှောက်ဟာ ကျုံ့သွားနိုင်ပြီး လိင်ပိုင်းဆိုင်ရာလှုံ့ဆော်မှုကို ပျင်းရိစွာတုံ့ပြန်လာတယ်လို့ သုတေသီတွေက သတိပေးလိုက်ပါတယ်။

ဘာလင်မြို့ရှိ Max Planck Institute ရှိ သုတေသီတွေဟာ လူတွေအနေနဲ့ စိတ်တက်ကြွမှု သို့မဟုတ် ချီးမြှောက်ခံမှုနဲ့ကြုံရတဲ့အခါ လှုပ်ရှားလာတဲ့ ဦးနှောက်ရဲ့တစ်စိတ်တစ်ဒေသဟာ ကျုံ့သွားပြီး လုပ်ဆောင်နိုင်စွမ်းနည်းသွားတာကို တွေ့ခဲ့ရပါတယ်။ အထူးသဖြင့် လိင်လှုံ့ဆော်တဲ့ဓာတ်ပုံတွေကိုု ပုံမှန်ကြည့်ခြင်းဟာ အမျိုးသားတွေရဲ့ဦးနှောက်ကို ကျုံ့သွားစေပါတယ်။

ဦးနှောက်မှာရှိနေတဲ့ stariatum လို့ခေါ်တဲဲ့ အစိတ်အပိုင်းလေးဟာ သေးငယ်နေမယ်ဆိုရင် အပြာကားတွေပိုကြိုက်သူလို့ သိနိုင်ပါတယ်။ ဒါပေမဲ့ ဒီအစိတ်အပိုင်းလေးသေးနေတာက အပြာကားတွေကြည့်လို့ပဲလား ဒါမှမဟုတ် ဒီအစိတ်အပိုင်းလေး သေးပြီး မွေးလာသူတွေကပဲ အပြာကားကြိုက်ကြသလားဆိုတာတော့ မသဲကွဲဘူးလို့ လေ့လာမှုမှာပါဝင်ခဲ့သူ ဒေါက်တာ Simone Kuhn က ပြောပါတယ်။

လေ့လာမှုမှာတော့ အသက် ၂၁ နှစ်မှ ၄၅ နှစ်ကြား ကျန်းမာရေးကောင်းတဲ့အမျိုးသား ၆၄ ဦး ပါဝင်ခဲ့ပြီး သူတို့ရဲ့ အပြာကားကြည့်ပုံအလေ့အထတွေကို မေးခွန်းတွေထုတ်ခဲ့တာပါ။ ဦးနှောက်ရဲ့အရွယ်အစားကို တိုင်းတာထားခဲ့ပြီး လိင်ခံစားချက်လှုံံ့ဆော်တဲ့ဓာတ်ပုံတွေကို ကြည့်ရှုစေကာ ဦးနှောက်ရဲ့ ပြောင်းလဲမှုကို လေ့လာခဲ့ကြပါတယ်။ အပြာကား၊ ဓာတ်ပုံ ပုံမှန်ကြည့်လေ့ရှိသူတွေနဲ့ မကြည့်သူတွေအနက် ဦးနှောက်ရဲ့အရွယ်အစားပိုင်းမှာ သိသာတဲ့ကွာခြားမှုရှိနေတာကိုလည်း တွေ့ခဲ့ရပါတယ်။
Credit:Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top