iMyanmarHouse.com - Best Property Website for Myanmar
×

လူ႔ဘဝတစ္ခဏမွာ ဘာမဟုတ္တဲ့အလွတစ္ခုအတြက္နဲ႔ အႏၲရာယ္ကို ဝယ္ယူဖို႔ စိတ္ကူးမရွိပါဘူးလို႔ သ႐ုပ္ေဆာင္ ေမပန္းခ်ီက ေျပာပါတယ္။

"စီလီကြန္ စီလီကြန္ နဲ႔ ေတြ႕ေတြ႕ေနရလို႔ ကၽြန္မကို အဲ့ေလာက္အထင္မႀကီးပါနဲ႔။ အဲဒီေလာက္ေငြေၾကးကို ကၽြန္မ အလွအပအတြက္ တစ္ခါမွ အကုန္အက်ခံမယ္လို႔ မစဥ္းစားခဲ့မိဘူး။ ေနာင္လဲစဥ္းစားျဖစ္မယ္မထင္ပါ" လို႔ အစခ်ီကာ ေမပန္းခ်ီက သူမဟာ အလွအပကို အဲဒီေလာက္ စိတ္ဝင္စားသူမဟုတ္ေၾကာင္း သူမရဲ႕ေဖ့စ္ဘြတ္မွာ မေန႔ (ေမလ ၁၄ ရက္ေန႔)က ေရးသားထားတာ ျဖစ္ပါတယ္။

သူမဟာ လူလွဖို႔ထက္ စိတ္လွဖုိ႔သာ ႀကိဳးစားေးနပါတယ္လို႔လည္း ေမပန္းခ်ီက ဆုိပါတယ္။

ျပည့္ျပည့္ၿဖိဳးၿဖိဳးနဲ႔ လွပတဲ့ ေမပန္းခ်ီဟာ သူမကို ကိတ္တယ္လို႔ ေျပာတာကိုလည္း လက္ခံခဲ့သူ မဟုတ္ပါဘူး။ သူမဟာ အမွန္ေတာ့ ဝေနတာသာျဖစ္ေၾကာင္း ဧၿပီလ ေနာက္ဆံုးပတ္တုန္းကလည္း သူမရဲ႕ေဖ့စ္ဘြတ္ခ္မွာ ေရးခဲ့ဖူးပါတယ္။

"ဘာလုပ္ရမလဲဆိုတာသိလာေတာ့ ေျခလွမ္းေတြပိုသြက္လာတယ္။  မွတ္ခ်က္ ။ ကၽြန္မ ကိတ္တာမဟုတ္ပါ ဝတာ ျဖစ္ေနပါသျဖင္ ကိတ္တယ္ ဝတယ္နဲ႔ အျငင္းမပြားပါနဲ႔ လက္ေညာင္းပါမည္ ကၽြန္မဝတာျဖစ္သည္။  ထို႔ေၾကာင့္ ဝတယ္ ေျပာတာကို ေက်နပ္ပါေၾကာင္း သတင္းေကာင္းပါးအပ္ပါသည္။ (2)လေလာက္ဝခြင့္ျပဳပါ။ (2)လျပည့္ရင္ပိန္ပါမည္ ကၽြန္မအသဲမ်ားကိုခြင့္ေတာင္းတာပါ" လို႔ ေရးခဲ့တာပါ။

သရုပ္ေဆာင္ ေမပန္းခ်ီဟာ ေခါင္းေဆာင္မင္းသမီး တစ္ေယာက္မဟုတ္ေပမဲ့လည္း က်ရာဇာတ္ရုပ္ကို ပိုင္ဆုိင္စြာ သရုပ္ေဆာင္ႏုိင္မႈေၾကာင့္ ပရိသတ္အားေပးမႈ ရရွိထားသူ တစ္ဦးျဖစ္ပါတယ္။ အခုေနာက္ပိုင္းမွာ သရုပ္ေဆာင္ပိုင္းမွာသာမက ပြဲေတြ ေတာ္ေတာ္မ်ားမ်ားမွာ သီခ်င္းဆိုုျဖစ္ေနတာလည္း ေတြ႕ရပါတယ္။

အဲ့လိုမ်ိဳး သီခ်င္းဆုိျဖစ္ေနတာေၾကာင့္လည္း ကိုယ္ပိုင္သီခ်င္းေလးေတြ လုပ္ထားၿပီး ပရိသတ္ေတြတင္ဆက္ႏုိင္ဖို႕ ႀကိဳးစားဦးမယ္လို႕ အင္တာဗ်ဴးတခ်ိဳ႕မွာ ေျဖဆိုဖူးပါတယ္။ ယခုေနာက္ပိုင္းမွာ အႏုပညာပုိင္းသာမက ပရဟိတ အလုပ္ေလး ေတြကိုပါ  အခ်ိန္ရရင္ ရသလို လုပ္ကိုင္လာတာလည္း ေတြ႕ရပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
လူ့ဘဝတစ်ခဏမှာ ဘာမဟုတ်တဲ့အလှတစ်ခုအတွက်နဲ့ အန္တရာယ်ကို ဝယ်ယူဖို့ စိတ်ကူးမရှိပါဘူးလို့ သရုပ်ဆောင် မေပန်းချီက ပြောပါတယ်။

"စီလီကွန် စီလီကွန် နဲ့ တွေ့တွေ့နေရလို့ ကျွန်မကို အဲ့လောက်အထင်မကြီးပါနဲ့။ အဲဒီလောက်ငွေကြေးကို ကျွန်မ အလှအပအတွက် တစ်ခါမှ အကုန်အကျခံမယ်လို့ မစဉ်းစားခဲ့မိဘူး။ နောင်လဲစဉ်းစားဖြစ်မယ်မထင်ပါ" လို့ အစချီကာ မေပန်းချီက သူမဟာ အလှအပကို အဲဒီလောက် စိတ်ဝင်စားသူမဟုတ်ကြောင်း သူမရဲ့ဖေ့စ်ဘွတ်မှာ မနေ့ (မေလ ၁၄ ရက်နေ့)က ရေးသားထားတာ ဖြစ်ပါတယ်။

သူမဟာ လူလှဖို့ထက် စိတ်လှဖို့သာ ကြိုးစားေးနပါတယ်လို့လည်း မေပန်းချီက ဆိုပါတယ်။

ပြည့်ပြည့်ဖြိုးဖြိုးနဲ့ လှပတဲ့ မေပန်းချီဟာ သူမကို ကိတ်တယ်လို့ ပြောတာကိုလည်း လက်ခံခဲ့သူ မဟုတ်ပါဘူး။ သူမဟာ အမှန်တော့ ဝနေတာသာဖြစ်ကြောင်း ဧပြီလ နောက်ဆုံးပတ်တုန်းကလည်း သူမရဲ့ဖေ့စ်ဘွတ်ခ်မှာ ရေးခဲ့ဖူးပါတယ်။

"ဘာလုပ်ရမလဲဆိုတာသိလာတော့ ခြေလှမ်းတွေပိုသွက်လာတယ်။  မှတ်ချက် ။ ကျွန်မ ကိတ်တာမဟုတ်ပါ ဝတာ ဖြစ်နေပါသဖြင် ကိတ်တယ် ဝတယ်နဲ့ အငြင်းမပွားပါနဲ့ လက်ညောင်းပါမည် ကျွန်မဝတာဖြစ်သည်။  ထို့ကြောင့် ဝတယ် ပြောတာကို ကျေနပ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ (2)လလောက်ဝခွင့်ပြုပါ။ (2)လပြည့်ရင်ပိန်ပါမည် ကျွန်မအသဲများကိုခွင့်တောင်းတာပါ" လို့ ရေးခဲ့တာပါ။

သရုပ်ဆောင် မေပန်းချီဟာ ခေါင်းဆောင်မင်းသမီး တစ်ယောက်မဟုတ်ပေမဲ့လည်း ကျရာဇာတ်ရုပ်ကို ပိုင်ဆိုင်စွာ သရုပ်ဆောင်နိုင်မှုကြောင့် ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ သရုပ်ဆောင်ပိုင်းမှာသာမက ပွဲတွေ တော်တော်များများမှာ သီချင်းဆိုုဖြစ်နေတာလည်း တွေ့ရပါတယ်။

အဲ့လိုမျိုး သီချင်းဆိုဖြစ်နေတာကြောင့်လည်း ကိုယ်ပိုင်သီချင်းလေးတွေ လုပ်ထားပြီး ပရိသတ်တွေတင်ဆက်နိုင်ဖို့ ကြိုးစားဦးမယ်လို့ အင်တာဗျူးတချို့မှာ ဖြေဆိုဖူးပါတယ်။ ယခုနောက်ပိုင်းမှာ အနုပညာပိုင်းသာမက ပရဟိတ အလုပ်လေး တွေကိုပါ  အချိန်ရရင် ရသလို လုပ်ကိုင်လာတာလည်း တွေ့ရပါတယ်။


Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top