iMyanmarHouse.com - Best Property Website for Myanmar
×

တစ္စံုတစ္ေယာက္ကို ခ်စ္မိၿပီဆုိတာနဲ႔ ေနာက္ဆက္တြဲအေနနဲ႔ အဲ့ဒီလူကို ဆံုး ရႈံးမွာေၾကာက္တဲ့ စိတ္ကလည္း တပါတည္း ကပ္ပါလာေလ့ရွိပါတယ္။ဒါေပမယ့္ အခ်စ္မွာ Guarantee လည္းမရွိသလို၊တစ္သက္လံုး မေျပာင္းမလဲ ပဲရွိေနမ ယ္လုိ႔ လည္း တစ္ထစ္ခ်ေတာ့ တြက္ထားလို႔ မရပါဘူး။ဒါေပမယ့္ ရာသီခြင္အ လိုက္ လူတစ္ေယာက္ရဲ႕ သဘာ၀ေလးေတြကို သိထားရင္ေတာ့ လူတစ္ေ ယာက္ကို ကိုယ့္ဘက္ပါေအာင္ ဘယ္လို လုပ္လုိ႔ရႏိုင္တယ္ဆုိတာကို သိႏိုင္ ပါတယ္။သူ႔အႀကိဳက္၊သူ႔သဘာ၀ေလးေတြကို သိထားမယ္၊သူလို ခ်င္တာဘာလဲ ဆိုတာကို သိရင္ေတာ့ သူ႔ႏွလံုးသားေသာ့ခ်က္ကို ကိုင္ႏိုင္ၿပီး၊သင့္ကို ထားသြား တဲ့ အျဖစ္မိ်ဳးကေန ေရွာင္ႏိုင္မွာပါ။

(၁)Aries (မိႆရာသီဖြား – မတ္လ ၂၁ မွ ဧၿပီ ၁၉ )

ဒီီရာသီခြင္အမ်ိဳးသားကို ခ်စ္သူေတာ္မိထားတယ္ဆိုရင္ေတာ့ သူသင့္ကို ရိုး မသြားေစဖုိ႔အတြက္Open Book လို မေနပါနဲ႔။အၿမဲတမ္းသူ႔က ဘာျဖစ္ မလဲ၊ဘာလုပ္မလဲဆုိၿပီး ခန္႔မွန္းေနရတာမ်ိဳးပဲ ျဖစ္ပါေစ။သူေျပာတဲ့ စကားလံုး တုိင္းကို ေသခ်ာနားေထာင္ေပးပါ။သူ႔အတြက္ သင္က ခ်စ္သူတစ္ေယာက္အေန နဲ႔ တင္မဟုတ္ပဲ အားေပးေဖာ္ လက္တြဲေဖာ္တစ္ေယာက္အျဖစ္္ ေနေပးလိုက္ပါ။ သင့္ရဲ႕ ရိုးသားမႈ၊ဂရုစိုက္မႈေတြနဲ႔ ခ်ည္ေႏွာင္ထားလိုက္ပါ။သင္မွသင္ျဖစ္ေနၿပီး ဘယ္ေတာ့မွ ထားသြားမွာ မဟုတ္ပါဘူး။

(၂) Taurus (ၿပိႆရာသီဖြား–ဧၿပီ ၂ဝ မွ ေမ ၂ဝ )

ဒီရာသီခြင္အမ်ိဳးသားေတြဆိုရင္ေတာ့ သူတို႔အဓိကလိုခ်င္တာက ယံုၾကည္ မႈပါ။သင့္ဘက္ကေနသာ သူ႔ကို ယံုၾကည္မႈေပးလိုက္ပါ။သင္အနားမွာရွိေနရင္ သူ႔အတြက္ Safe ျဖစ္တယ္ဆိုတဲ့ ခံစားခ်က္ကိုသာေပးလိုက္ပါ။ ဒီရာသီဖြားေတြ ဟာသ၀န္တိုတတ္လုိ႔ သူသ၀န္တိုေစမယ့္ အျပဳအမႈေတြ မလုပ္ပါနဲ႔။ယံုၾကည္မႈ၊ စိတ္ခ်မႈေတြနဲ႔သာ သူ႔စိတ္ကို အပိုင္သိမ္းပါ။

(၃) Gemini (ေမထုန္ရာသီဖြား– ေမ ၂၁ မွ ဇြန္ ၂ဝ )

သူတို႔လိုခ်င္တာက လြတ္လပ္မႈပါ။ဒီရာသီဖြားေတြကို ခ်စ္သူေတာ္ထားရင္ေတာ့ မခ်ဳပ္ခ်ယ္ပါနဲ႔။သူလိုခ်င္တဲ့ လြတ္လပ္မႈမ်ိဳးေပးလိုက္ပါ။သူ႔ရဲ႕အျမင္မွာ သင္ဟာ ဘယ္သူနဲ႔မဆုိ၊ဘယ္ကိစၥမွာမဆို လိုက္ေလ်ာညီေထြေနတတ္တဲ့ မိန္း ကေလးတစ္ေယာက္ ျဖစ္ေနပါေစ။

(၄) Cancer (ကရကဋ္ရာသီဖြား– ဇြန္ ၂၁ မွ ဇူလိုင္ ၂၂)

သူတို႔လိုခ်င္တာက အားေပးမႈႈနဲ႔ ဂရုစိုက္မႈပါ။သူလိုအပ္ခ်ိန္တိုင္း အနားမွာ ေနေနေပးတာ၊သူ႕ကို အၿမဲတမ္း ဂရုစိုက္ေပးတာေတြက သူ႔ႏွလံုးသားကို အပိုင္ကိုင္ႏိုင္မယ့္ နည္းလမ္းေတြလို႔ ေျပာလို႔ရပါတယ္။သူဘယ္လို အရာမ်ိဳးကုိ မႀကိဳက္ဘူး။ဘယ္လို အျပဳအမႈေတြက သူ႔စိတ္ကို ဒဏ္ရာရေစတယ္ဆိုတာကို သိေအာင္လုပ္ပါ။သူ႔ကို စိတ္ထိခိုက္ေအာင္ေတာ့ မလုပ္မိပါေစနဲ႔။

(၅) Leo (သိဟ္ရာသီဖြား– ဇူလိုင္ ၂၃ မွ ၾသဂုတ္၂၂ )

surprise နဲ႔ လက္ေဆာင္ႀကိဳက္သူပါ။တန္ဖိုးႀကီးလက္ေဆာင္ လို႔ မဆုိလိုပါဘူး။အေသးအမႊားေလးေတြလည္္း ရပါတယ္။အဓိကကေတာ့ သူ႔စိတ္ ကို ထိေအာင္ လုပ္ဖုိ႔ပါ။

(၆) virgo (ကန္ရာသီဖြား– ၾသဂုတ္ ၂၃ မွ စက္တင္ဘာ ၂၂ )

သူတို႔လိုခ်င္တာက မိတ္ေဆြေကာင္း၊ရဲေဘာ္ရဲဖက္လို ခ်စ္သူမ်ိဳးပါ။သူနဲ႔အတူ ျပႆနာေတြကို ရင္ဆိုင္ေျဖရွင္းမယ္၊သူ႔ဆီမွာ မေကာင္းတဲ့ အရာေတြရွိေနရင္ ျပဳျပင္တည့္မတ္ေပးႏိုင္တဲ့ သူမ်ိဳးပါ။သူနာက်င္ခဲ့ရင္ ကုစားေပမယ့္သူ၊ သူ႔ႏွ လံုးသားက ဒဏ္ရာရထားတယ္ဆုိရင္ ျပန္ကုစားေပးႏိုင္မယ့္ သူမ်ိဳးကို လိုိခ်င္ တာပါ။သင့္ဘက္ကေန အေမတစ္ေယာက္၊အစ္မတစ္ေယာက္၊ရဲေဘာ္ ရဲဖက္တစ္ေယာက္လို သူ႔အတြက္ ရွိေနေပးရင္ေတာ့ သူ႔စိတ္ကို လံုး၀ သိမ္းပိုက္ႏိုင္မွာပါ။

(၇) Libra (တူရာသီဖြား– စက္တင္ဘာ ၂၃ မွ ေအာက္တိုဘာ ၂၂ )

ဒီရာသီဖြားေတြကေတာ့ အေပၚက လူေတြနဲ႔ ဆန္႔က်င္ဘက္ကပါ။သူ႔ကို ထိန္းခ်ဳပ္တာ၊ေျပာင္္းလဲဖို႔ ႀကိဳးစားတာမ်ိဳးကို မႀကိဳက္ပါဘူး။သူ႔ရဲ႕ အရွိအတိုင္း ပင္ကိုယ္သဘာ၀ကို လက္ခံေပးၿပီး ခ်စ္ႏိုင္မယ့္ ခ်စ္သူကို သူတို႔လိုခ်င္တာ ပါ။အနားမွာရွိေနခ်ိန္တိုင္း သူ႔စိတ္ကို သက္ေသာင့္သက္သာရွိေအာင္္ လုပ္ေပးႏိုင္တဲ့ ခ်စ္သူမ်ိဳးကို လိုအပ္တာျဖစ္ၿပီး၊သူ႔ကိုသြားၿပီး ခ်ဳပ္ေႏွာင္၊ေျပာင္း လဲဖို႔ ႀကိဳးစားတာမ်ိဳး မလုပ္ပါနဲ႔။

(၈)Scorpio (ၿဗိစၧာရာသီဖြား– ေအာက္တိုဘာ ၂၃ မွ ႏို၀င္ဘာ ၂၁)

သူ႔အတြက္လိုေနတာက သံလိုက္လို ခ်စ္သူမ်ိဳးပါ။သူ႔ကို စြဲေဆာင္ ညွိဳ႕ယူ ဖမ္းစားႏိုင္မယ့္ မိန္းကေလးမ်ိဳးပါ။ရိုးသားမႈ၊သစၥာရွိမႈနဲ႔ စြဲေဆာင္မႈက ခ်စ္ သူဆီကေန သူလိုခ်င္ေနတဲ့ အရာေတြပါ။

(၉) Sagittarius (ဓႏုရာသီဖြား– ႏိုဝင္ဘာ ၂၂ မွ ဒီဇင္ဘာ ၂၁ )

ဒီရာသီဖြားေတြအတြက္ဆိုရင္ေတာ့ သူ႔ရဲ႕ မ်က္လံုးေတြကို ဖြင့္ေပးၿပီး၊အလင္းေ ရာင္သစ္၊ေလာကသစ္ဆီ ေခၚသြားေပးႏိုင္မယ့္ မိနး္ကေလးမ်ိဳးပါ။သူ႔ ႏွလံုး သားကို သိမ္းပိုက္ခ်င္ရင္ လုပ္ရမွာက သူေပ်ာ္ေအာင္၊သူရယ္ေအာင္၊ သူ႔ဘ ၀၊သူ႔ရည္မွနး္ခ်က္ေတြအတြက္ တစ္ဖက္တစ္လမ္းကေန ကူညီေပးႏိုင္ေအာင္ လုပ္ေပးပါ။သူ႔အတြက္ ေပ်ာ္ရႊင္မႈေတြကို ယူေဆာင္လာေပးႏုိင္ေအာင္ ႀကိဳးစားပါ။

(၁ဝ)Capricorn (မကာရရာသီဖြား– ဒီဇင္ဘာ ၂၂ မွ ဇန္နဝါရီ ၁၉ )

ဒီရာသီဖြားေတြကေတာ့ သင္လုပ္ေပးရမွာက သူတိုု႔ကိုယ္သူတို႔ ေတာ္ တယ္၊ထက္တဲ့ ေယာက္်ားလို႔ ထင္ရေအာင္ လုပ္ေပးရမွာပါ။သူ႔ကို အားေ ပးပါ။သူ႔ဘက္ကေန မားမားမတ္မတ္ ရပ္တည္ေပးပါ။သူ႔လိုအပ္ေနတာက သူ႔ဘ၀အတြက္ လမ္းျပေပးႏိုင္မယ့္ ဓူ၀ံၾကယ္လို မိန္းကေလးမ်ိဳးပါ။

(၁၁) Aquarius (ကံုရာသီဖြား– ဇန္နဝါရီ ၂ဝ မွ ေဖေဖာ္ဝါရီ ၁၈ )

သူ႕ကို အထီးမက်န္္ေစမယ့္ မိနး္ကေလးမ်ိဳးပါ။သူအားငယ္ေနခ်ိန္တုိင္း အနားမွာ ရွိေနသူ၊သူ႔ကို စိတ္လႈပ္ရွားေအာင္ လုပ္ႏိုင္မယ့္သူမ်ိဳးကို လိုခ်င္တာပါ။လွ်ိဳ႕၀ွက္၊ ထက္ျမက္တဲ့ မိနး္ကေလးမ်ိဳးျဖစ္ေအာင္ ေနရင္ေတာ့ သူ႔စိတ္ကို သိမ္းပို္က္ႏိုင္မွာပါ။

(၁၂) Pisces (မိန္ရာသီဖြား– ေဖေဖၚ၀ါရီ ၁၉ မွ မတ္လ ၂ဝ )

သူအထင္ႀကီးေအာင္ ေနျပရပါမယ္။သင့္ရဲ႕ စဥ္းစားေတြးေခၚႏိုင္စြမ္းေတြ၊သင့္ရဲ႕ အရည္အခ်င္းေတြက သူ႔အတြက္ ေလးစားေလာက္စရာ ျဖစ္ေနမွရပါမယ္။ေ နာက္တစ္ခု က်န္ပါေသးတယ္။ခ်စ္ျပရပါမယ္။သင္က သူထင္ထားတာထက္ ပိုၿပီး သူ႔ကို ခ်စ္တယ္လုိ႔ သူခံစားမိတဲ့ တစ္ေန႔ သင့္ဆီကေန ဘယ္ေတာ့မွ ခြာမွာ မဟုတ္ပါဘူး။

Credit:Shwemom

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

တစ်စုံတစ်ယောက်ကို ချစ်မိပြီဆိုတာနဲ့ နောက်ဆက်တွဲအနေနဲ့ အဲ့ဒီလူကို ဆုံး ရှုံးမှာကြောက်တဲ့ စိတ်ကလည်း တပါတည်း ကပ်ပါလာလေ့ရှိပါတယ်။ဒါပေမယ့် အချစ်မှာ Guarantee လည်းမရှိသလို၊တစ်သက်လုံး မပြောင်းမလဲ ပဲရှိနေမ ယ်လို့ လည်း တစ်ထစ်ချတော့ တွက်ထားလို့ မရပါဘူး။ဒါပေမယ့် ရာသီခွင်အ လိုက် လူတစ်ယောက်ရဲ့ သဘာဝလေးတွေကို သိထားရင်တော့ လူတစ်ေ ယာက်ကို ကိုယ့်ဘက်ပါအောင် ဘယ်လို လုပ်လို့ရနိုင်တယ်ဆိုတာကို သိနိုင် ပါတယ်။သူ့အကြိုက်၊သူ့သဘာဝလေးတွေကို သိထားမယ်၊သူလို ချင်တာဘာလဲ ဆိုတာကို သိရင်တော့ သူ့နှလုံးသားသော့ချက်ကို ကိုင်နိုင်ပြီး၊သင့်ကို ထားသွား တဲ့ အဖြစ်မျိုးကနေ ရှောင်နိုင်မှာပါ။

(၁)Aries (မိဿရာသီဖွား – မတ်လ ၂၁ မှ ဧပြီ ၁၉ )

ဒီရာသီခွင်အမျိုးသားကို ချစ်သူတော်မိထားတယ်ဆိုရင်တော့ သူသင့်ကို ရိုး မသွားစေဖို့အတွက်Open Book လို မနေပါနဲ့။အမြဲတမ်းသူ့က ဘာဖြစ် မလဲ၊ဘာလုပ်မလဲဆိုပြီး ခန့်မှန်းနေရတာမျိုးပဲ ဖြစ်ပါစေ။သူပြောတဲ့ စကားလုံး တိုင်းကို သေချာနားထောင်ပေးပါ။သူ့အတွက် သင်က ချစ်သူတစ်ယောက်အနေ နဲ့ တင်မဟုတ်ပဲ အားပေးဖော် လက်တွဲဖော်တစ်ယောက်အဖြစ် နေပေးလိုက်ပါ။ သင့်ရဲ့ ရိုးသားမှု၊ဂရုစိုက်မှုတွေနဲ့ ချည်နှောင်ထားလိုက်ပါ။သင်မှသင်ဖြစ်နေပြီး ဘယ်တော့မှ ထားသွားမှာ မဟုတ်ပါဘူး။

(၂) Taurus (ပြိဿရာသီဖွား–ဧပြီ ၂ဝ မှ မေ ၂ဝ )

ဒီရာသီခွင်အမျိုးသားတွေဆိုရင်တော့ သူတို့အဓိကလိုချင်တာက ယုံကြည် မှုပါ။သင့်ဘက်ကနေသာ သူ့ကို ယုံကြည်မှုပေးလိုက်ပါ။သင်အနားမှာရှိနေရင် သူ့အတွက် Safe ဖြစ်တယ်ဆိုတဲ့ ခံစားချက်ကိုသာပေးလိုက်ပါ။ ဒီရာသီဖွားတွေ ဟာသဝန်တိုတတ်လို့ သူသဝန်တိုစေမယ့် အပြုအမှုတွေ မလုပ်ပါနဲ့။ယုံကြည်မှု၊ စိတ်ချမှုတွေနဲ့သာ သူ့စိတ်ကို အပိုင်သိမ်းပါ။

(၃) Gemini (မေထုန်ရာသီဖွား– မေ ၂၁ မှ ဇွန် ၂ဝ )

သူတို့လိုချင်တာက လွတ်လပ်မှုပါ။ဒီရာသီဖွားတွေကို ချစ်သူတော်ထားရင်တော့ မချုပ်ချယ်ပါနဲ့။သူလိုချင်တဲ့ လွတ်လပ်မှုမျိုးပေးလိုက်ပါ။သူ့ရဲ့အမြင်မှာ သင်ဟာ ဘယ်သူနဲ့မဆို၊ဘယ်ကိစ္စမှာမဆို လိုက်လျောညီထွေနေတတ်တဲ့ မိန်း ကလေးတစ်ယောက် ဖြစ်နေပါစေ။

(၄) Cancer (ကရကဋ်ရာသီဖွား– ဇွန် ၂၁ မှ ဇူလိုင် ၂၂)

သူတို့လိုချင်တာက အားပေးမှုှုနဲ့ ဂရုစိုက်မှုပါ။သူလိုအပ်ချိန်တိုင်း အနားမှာ နေနေပေးတာ၊သူ့ကို အမြဲတမ်း ဂရုစိုက်ပေးတာတွေက သူ့နှလုံးသားကို အပိုင်ကိုင်နိုင်မယ့် နည်းလမ်းတွေလို့ ပြောလို့ရပါတယ်။သူဘယ်လို အရာမျိုးကို မကြိုက်ဘူး။ဘယ်လို အပြုအမှုတွေက သူ့စိတ်ကို ဒဏ်ရာရစေတယ်ဆိုတာကို သိအောင်လုပ်ပါ။သူ့ကို စိတ်ထိခိုက်အောင်တော့ မလုပ်မိပါစေနဲ့။

(၅) Leo (သိဟ်ရာသီဖွား– ဇူလိုင် ၂၃ မှ သြဂုတ်၂၂ )

surprise နဲ့ လက်ဆောင်ကြိုက်သူပါ။တန်ဖိုးကြီးလက်ဆောင် လို့ မဆိုလိုပါဘူး။အသေးအမွှားလေးတွေလည်း ရပါတယ်။အဓိကကတော့ သူ့စိတ် ကို ထိအောင် လုပ်ဖို့ပါ။

(၆) virgo (ကန်ရာသီဖွား– သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ )

သူတို့လိုချင်တာက မိတ်ဆွေကောင်း၊ရဲဘော်ရဲဖက်လို ချစ်သူမျိုးပါ။သူနဲ့အတူ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းမယ်၊သူ့ဆီမှာ မကောင်းတဲ့ အရာတွေရှိနေရင် ပြုပြင်တည့်မတ်ပေးနိုင်တဲ့ သူမျိုးပါ။သူနာကျင်ခဲ့ရင် ကုစားပေမယ့်သူ၊ သူ့နှ လုံးသားက ဒဏ်ရာရထားတယ်ဆိုရင် ပြန်ကုစားပေးနိုင်မယ့် သူမျိုးကို လိုချင် တာပါ။သင့်ဘက်ကနေ အမေတစ်ယောက်၊အစ်မတစ်ယောက်၊ရဲဘော် ရဲဖက်တစ်ယောက်လို သူ့အတွက် ရှိနေပေးရင်တော့ သူ့စိတ်ကို လုံး၀ သိမ်းပိုက်နိုင်မှာပါ။

(၇) Libra (တူရာသီဖွား– စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ )

ဒီရာသီဖွားတွေကတော့ အပေါ်က လူတွေနဲ့ ဆန့်ကျင်ဘက်ကပါ။သူ့ကို ထိန်းချုပ်တာ၊ပြောင်းလဲဖို့ ကြိုးစားတာမျိုးကို မကြိုက်ပါဘူး။သူ့ရဲ့ အရှိအတိုင်း ပင်ကိုယ်သဘာဝကို လက်ခံပေးပြီး ချစ်နိုင်မယ့် ချစ်သူကို သူတို့လိုချင်တာ ပါ။အနားမှာရှိနေချိန်တိုင်း သူ့စိတ်ကို သက်သောင့်သက်သာရှိအောင် လုပ်ပေးနိုင်တဲ့ ချစ်သူမျိုးကို လိုအပ်တာဖြစ်ပြီး၊သူ့ကိုသွားပြီး ချုပ်နှောင်၊ပြောင်း လဲဖို့ ကြိုးစားတာမျိုး မလုပ်ပါနဲ့။

(၈)Scorpio (ဗြိစ္ဆာရာသီဖွား– အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁)

သူ့အတွက်လိုနေတာက သံလိုက်လို ချစ်သူမျိုးပါ။သူ့ကို စွဲဆောင် ညှို့ယူ ဖမ်းစားနိုင်မယ့် မိန်းကလေးမျိုးပါ။ရိုးသားမှု၊သစ္စာရှိမှုနဲ့ စွဲဆောင်မှုက ချစ် သူဆီကနေ သူလိုချင်နေတဲ့ အရာတွေပါ။

(၉) Sagittarius (ဓနုရာသီဖွား– နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ )

ဒီရာသီဖွားတွေအတွက်ဆိုရင်တော့ သူ့ရဲ့ မျက်လုံးတွေကို ဖွင့်ပေးပြီး၊အလင်းေ ရာင်သစ်၊လောကသစ်ဆီ ခေါ်သွားပေးနိုင်မယ့် မိန်းကလေးမျိုးပါ။သူ့ နှလုံး သားကို သိမ်းပိုက်ချင်ရင် လုပ်ရမှာက သူပျော်အောင်၊သူရယ်အောင်၊ သူ့ဘ ဝ၊သူ့ရည်မှန်းချက်တွေအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်အောင် လုပ်ပေးပါ။သူ့အတွက် ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးနိုင်အောင် ကြိုးစားပါ။

(၁ဝ)Capricorn (မကာရရာသီဖွား– ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ )

ဒီရာသီဖွားတွေကတော့ သင်လုပ်ပေးရမှာက သူတိုု့ကိုယ်သူတို့ တော် တယ်၊ထက်တဲ့ ယောက်ျားလို့ ထင်ရအောင် လုပ်ပေးရမှာပါ။သူ့ကို အားေ ပးပါ။သူ့ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးပါ။သူ့လိုအပ်နေတာက သူ့ဘဝအတွက် လမ်းပြပေးနိုင်မယ့် ဓူဝံကြယ်လို မိန်းကလေးမျိုးပါ။

(၁၁) Aquarius (ကုံရာသီဖွား– ဇန်နဝါရီ ၂ဝ မှ ဖေဖော်ဝါရီ ၁၈ )

သူ့ကို အထီးမကျန်စေမယ့် မိန်းကလေးမျိုးပါ။သူအားငယ်နေချိန်တိုင်း အနားမှာ ရှိနေသူ၊သူ့ကို စိတ်လှုပ်ရှားအောင် လုပ်နိုင်မယ့်သူမျိုးကို လိုချင်တာပါ။လျှို့ဝှက်၊ ထက်မြက်တဲ့ မိန်းကလေးမျိုးဖြစ်အောင် နေရင်တော့ သူ့စိတ်ကို သိမ်းပိုက်နိုင်မှာပါ။

(၁၂) Pisces (မိန်ရာသီဖွား– ဖေဖေါ်ဝါရီ ၁၉ မှ မတ်လ ၂ဝ )

သူအထင်ကြီးအောင် နေပြရပါမယ်။သင့်ရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ၊သင့်ရဲ့ အရည်အချင်းတွေက သူ့အတွက် လေးစားလောက်စရာ ဖြစ်နေမှရပါမယ်။ေ နာက်တစ်ခု ကျန်ပါသေးတယ်။ချစ်ပြရပါမယ်။သင်က သူထင်ထားတာထက် ပိုပြီး သူ့ကို ချစ်တယ်လို့ သူခံစားမိတဲ့ တစ်နေ့ သင့်ဆီကနေ ဘယ်တော့မှ ခွာမှာ မဟုတ်ပါဘူး။

Credit:Shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top