iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူရွိတယ္ဆိုရင္ သင့္ခ်စ္သူကို ဘယ္လိုေမးခြန္းေတြ ေမးဖူးပါသလဲ။ အမ်ိဳးသားေတြ ေၾကာက္တာမဟုတ္ရင္ေတာင္ မေျဖခ်င္တဲ့ ေမးခြန္းေတြ ရွိပါတယ္။ ကိုယ္နဲ႔ သူအခုမွ ခ်စ္သူစျဖစ္တယ္ဆိုရင္ေတာ့ ဒီေမးခြန္းေတြကို မေမးသင့္ေသးပါဘူး။

ရည္းစားေဟာင္းက ဘာႀကိဳက္သလဲ

သ၀န္တိုလို႔ပဲျဖစ္ျဖစ္ တခါတေလမွာ ဒီေမးခြန္းမ်ိဳး ေမးတတ္ၾကပါတယ္။ ဒါေပမယ့္ အရင္ဆံုး သင္စဥ္းစားရမွာက ဘာလို႔ဒီေမးခြန္းေမးမွာလဲ။ ဘာလို႔ သိခ်င္တာလဲဆိုတဲ့အရာပါ။ သင္ေမးလိုက္လို႔ စိတ္သက္ေသာင့္သက္သာရွိရင္ သူဖက္ကေရာ။ သင္နဲ႔မေတြ႔ခင္မွာ သူ႔မွာ အတိတ္ေဟာင္းေတြရွိခဲ့မွာ အမွန္ပါ။ ဒါေပမယ့္ ဒီလိုေမးခြန္းမ်ိဳးက သင္မေမးသင့္ပါဘူး။

ေနာက္ ၅ ႏွစ္ၾကာရင္ ငါတို႔ ဘာျဖစ္မယ္ထင္လဲ။

ေနာက္ ၅ ႏွစ္ၾကာရင္ ငါတို႔ေတြ ဘာျဖစ္မယ္ထင္တယ္။ ငါတို႔ႏွစ္ေယာက္ဘာဆက္လုပ္ၾကမလဲဆိုတဲ့ ေမးခြန္းက အခုမွခ ်စ္သူစျဖစ္တဲ့အခ်ိန္ မေမးသင့္ပါဘူး။ အနာဂတ္အတြက္ အစီစဥ္တစ္ခုရွိတာဟာ ေကာင္းပါတယ္။ ဒါေပမယ့္လည္း ဒီေမးခြန္းမ်ိဳးက သူ႔ကို ငါဘာဆက္လုပ္ရမွာပါလိမ့္ဆိုၿပီး ေတြးစရာအေတြးေတြ ရွိသြားေစပါတယ္။ အဲဒီအစား ရွင့္ရဲ့ ကိုယ္ပိုင္ရည္ရြယ္ခ်က္ ပန္းတိုင္ကဘာလဲ ဆိုတဲ့ ေမးခြန္းေမးတာ ပိုၿပီးသူ႕ကို သက္ေသာင့္သက္သာရွိေစမွာပါ။

ရွင့္မိဘေတြနဲ႔ ဘယ္ေတာ့ေတြ႔ရမလဲ။

ဒါက ခ်စ္သူႏွစ္ဦးဆက္ဆံေရးမွာ အေရးႀကီးတဲ့ေမးခြန္းမဟုတ္ဘူးလား။ ဆိုေတာ့ ဟုတ္ပါတယ္။ ဒါေပမယ့္ သင္တို႔ႏွစ္ေယာက္ဆက္ဆံေရးကိုသာမက သူ႔မိသားစုနဲ႔ သူ႔ရဲ့ ဆက္ဆံေရး ဘယ္လိုရွိတယ္ဆိုတာကို သင္အရင္ေလ့လာသင့္ပါတယ္။ သူက Broken Family လား။ ဒါမွမဟုတ္ မိသားစုေတြနဲ႔ဆက္ဆံေရး အငဆ္ေျပသူလားမေျပသူလားဆိုတာကို အရင္သိေအာင္လုပ္ပါ။ ဘယ္အခ်ိန္မဆို ေတြ႔ႏိုင္တယ္လို႔ ေမွ်ာ္လင့္မထားပါနဲ႔။ အရင္ဆံုး သူ႔ကို ကိုယ့္မိသားစု၀င္ေတြနဲ႔ မိတ္ဆက္ေပးပါ။

ကေလးေတြအမ်ားႀကီးလိုခ်င္လား။

ဒီေမးခြန္းေတြက သင့္ခ်စ္သူထက္ သင္ကပိုအေရးႀကီးပါတယ္။ သင္က ဘယ္ေလာက္ထိအေလးထားသလဲဆိုတဲ့အေပၚမွာမူတည္ပါတယ္။ သူ႔ရဲ့ ငယ္စဥ္က ဆိုက္ကိုေတြကိုလည္း အရင္ေလ့လာသင့္ပါတယ္။ သင့္ကို အေပ်ာ္တြဲတာမ်ိဳးမဟုတ္ေပမယ့္ တခါတေလမွာ သူတို႔စိတ္ထဲ ကေလးဘ၀ရဲ့ စိတ္ထိခို္က္မႈေတြရွိတတ္ပါတယ္။

အဲဒီေကာင္မေလး လွတယ္လို႔ထင္လား။

ဒီေမးခြန္းက သင့္အတြက္ေရာ သင့္ခ်စ္သူအတြက္ေရာ မေကာင္းတဲ့ေမးခြန္းတစ္ခုပါ။ မသိရင္ပဲ ငါက ေကာင္မေလးေတြကို လိုက္ၾကည့္ေနတယ္ထင္လုိ႔လားဆိုတဲ့ ဘုေဘာက္က်က် စကားသံမ်ိဳး သင္ျပန္ၾကားရပါလိမ့္မယ္။

Credit:mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ချစ်သူရှိတယ်ဆိုရင် သင့်ချစ်သူကို ဘယ်လိုမေးခွန်းတွေ မေးဖူးပါသလဲ။ အမျိုးသားတွေ ကြောက်တာမဟုတ်ရင်တောင် မဖြေချင်တဲ့ မေးခွန်းတွေ ရှိပါတယ်။ ကိုယ်နဲ့ သူအခုမှ ချစ်သူစဖြစ်တယ်ဆိုရင်တော့ ဒီမေးခွန်းတွေကို မမေးသင့်သေးပါဘူး။

ရည်းစားဟောင်းက ဘာကြိုက်သလဲ

သဝန်တိုလို့ပဲဖြစ်ဖြစ် တခါတလေမှာ ဒီမေးခွန်းမျိုး မေးတတ်ကြပါတယ်။ ဒါပေမယ့် အရင်ဆုံး သင်စဉ်းစားရမှာက ဘာလို့ဒီမေးခွန်းမေးမှာလဲ။ ဘာလို့ သိချင်တာလဲဆိုတဲ့အရာပါ။ သင်မေးလိုက်လို့ စိတ်သက်သောင့်သက်သာရှိရင် သူဖက်ကရော။ သင်နဲ့မတွေ့ခင်မှာ သူ့မှာ အတိတ်ဟောင်းတွေရှိခဲ့မှာ အမှန်ပါ။ ဒါပေမယ့် ဒီလိုမေးခွန်းမျိုးက သင်မမေးသင့်ပါဘူး။

နောက် ၅ နှစ်ကြာရင် ငါတို့ ဘာဖြစ်မယ်ထင်လဲ။

နောက် ၅ နှစ်ကြာရင် ငါတို့တွေ ဘာဖြစ်မယ်ထင်တယ်။ ငါတို့နှစ်ယောက်ဘာဆက်လုပ်ကြမလဲဆိုတဲ့ မေးခွန်းက အခုမှခ ျစ်သူစဖြစ်တဲ့အချိန် မမေးသင့်ပါဘူး။ အနာဂတ်အတွက် အစီစဉ်တစ်ခုရှိတာဟာ ကောင်းပါတယ်။ ဒါပေမယ့်လည်း ဒီမေးခွန်းမျိုးက သူ့ကို ငါဘာဆက်လုပ်ရမှာပါလိမ့်ဆိုပြီး တွေးစရာအတွေးတွေ ရှိသွားစေပါတယ်။ အဲဒီအစား ရှင့်ရဲ့ ကိုယ်ပိုင်ရည်ရွယ်ချက် ပန်းတိုင်ကဘာလဲ ဆိုတဲ့ မေးခွန်းမေးတာ ပိုပြီးသူ့ကို သက်သောင့်သက်သာရှိစေမှာပါ။

ရှင့်မိဘတွေနဲ့ ဘယ်တော့တွေ့ရမလဲ။

ဒါက ချစ်သူနှစ်ဦးဆက်ဆံရေးမှာ အရေးကြီးတဲ့မေးခွန်းမဟုတ်ဘူးလား။ ဆိုတော့ ဟုတ်ပါတယ်။ ဒါပေမယ့် သင်တို့နှစ်ယောက်ဆက်ဆံရေးကိုသာမက သူ့မိသားစုနဲ့ သူ့ရဲ့ ဆက်ဆံရေး ဘယ်လိုရှိတယ်ဆိုတာကို သင်အရင်လေ့လာသင့်ပါတယ်။ သူက Broken Family လား။ ဒါမှမဟုတ် မိသားစုတွေနဲ့ဆက်ဆံရေး အငဆ်ပြေသူလားမပြေသူလားဆိုတာကို အရင်သိအောင်လုပ်ပါ။ ဘယ်အချိန်မဆို တွေ့နိုင်တယ်လို့ မျှော်လင့်မထားပါနဲ့။ အရင်ဆုံး သူ့ကို ကိုယ့်မိသားစုဝင်တွေနဲ့ မိတ်ဆက်ပေးပါ။

ကလေးတွေအများကြီးလိုချင်လား။

ဒီမေးခွန်းတွေက သင့်ချစ်သူထက် သင်ကပိုအရေးကြီးပါတယ်။ သင်က ဘယ်လောက်ထိအလေးထားသလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ သူ့ရဲ့ ငယ်စဉ်က ဆိုက်ကိုတွေကိုလည်း အရင်လေ့လာသင့်ပါတယ်။ သင့်ကို အပျော်တွဲတာမျိုးမဟုတ်ပေမယ့် တခါတလေမှာ သူတို့စိတ်ထဲ ကလေးဘဝရဲ့ စိတ်ထိခိုက်မှုတွေရှိတတ်ပါတယ်။

အဲဒီကောင်မလေး လှတယ်လို့ထင်လား။

ဒီမေးခွန်းက သင့်အတွက်ရော သင့်ချစ်သူအတွက်ရော မကောင်းတဲ့မေးခွန်းတစ်ခုပါ။ မသိရင်ပဲ ငါက ကောင်မလေးတွေကို လိုက်ကြည့်နေတယ်ထင်လို့လားဆိုတဲ့ ဘုဘောက်ကျကျ စကားသံမျိုး သင်ပြန်ကြားရပါလိမ့်မယ်။

Credit:mystylemyanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top