iMyanmarHouse.com - Best Property Website for Myanmar
×
(၁)သံလွင်ဆီနဲ့ နနွင်း
(၂) ကြက်​ဥ
(၅) အကာအကွယ်ယူပါ။
Credit:For Her Myanmar
#Unicode Version
မနေ့က မတွေ့ဖြစ်တာကြာတဲ့ သူငယ်ချင်းမတစ်ယောက်နဲ့တွေ့မိတော့ သူ အသားအရေ တော်တော်လှလာတာကို သတိထားမိခဲ့တယ်။ အက်မင်လည်း မနေနိုင်တာနဲ့မေးကြည့်လိုက်တော့ သူကဒီလို နည်းလမ်းလေးတွေမျှဝေပေးလိုက်လေရဲ့။
(၁)သံလွင်ဆီနဲ့ နနွင်း
သံလွင်ဆီ (စားဆီ)ကို နနွင်းနဲ့ ရောပြီး အရည်ပျစ်ပျစ်ရအောင် အရင်လုပ်ထားပါတယ်။ ပြီးရင်တော့ ရေခဲသေတ္တာထဲ တစ်ညထားပြီး နောက်နေ့ရောက်တာနဲ့ စားပွဲတင်ဇွန်းစာကို မနက်ည ပုံမှန်သောက်ပေးရပါမယ်။ အကျိုးဆက်ကတော့ ၂ လပြည့်တဲ့အခါ အသားအရေဝင်းလာပြီးတော့ အဖုအပိမ့်တွေ ကင်းစင်သွားပါလိမ့်မယ်။
(၂) ကြက်ဥ
ကြက်ဥအကာကို ခွက်အလွတ် (ရေလုံးဝမစိုရပါ) ထဲထည့်ပြီး သကြားစားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး အမြှုပ်ထသည်အထိ မွှေပေးပါ။ ပြီးနောက်မျက်နှာပေါ်လိမ်းပေးပြီး မိနစ် ၂၀ ကြာလျှင် ရေဆေးချပါ။ ဒါက တစ်ပတ်တစ်ခါ သူလုပ်တဲ့နည်းလမ်းတဲ့။
(၃)  နွားနို့နဲ့သံပုရာရည်(သို့)ခရမ်းချဉ်သီးနဲ့ သံပုရာရည်
နွားနို့ထဲ သံပုရာရည် ၁စက်၂စက်ထည့်ပြီး ခန္ဓာကိုယ်မှာလိမ်းပေးလို့ရသလို ခရမ်းချဉ်သီးမွှေပြီးသားကိုသံပုရာရည် ၁စက် ၂စက် ထည့်လိမ်းပေးတာမျိုးလည်း လုပ်ပါသတဲ့ရှင်။
(၄) ဆေးတစ်မျိုးမျိုးမှီဝဲပါ။
E net , Ferrovit, eposoft, Omega 3 အစရှိတဲ့ အမျိုးသမီးထုအတွက် အလှအပနဲ့ ကျန်းမာရေး အတွက် ထုတ်ထားတဲ့ဆေးလည်း ပုံမှန်မှီဝဲပါတယ်။ ဒါကတော့ ယောင်းတို့ ကိုယ်နဲ့သင့်တော်တဲ့ဆေးတစ်မျိုးမျိုး ဆရာဝန်နဲ့ တိုင်ပင်ပြီး ရွေးချယ်ပေါ့။ မြန်မာတိုင်းရင်းဆေးဖြစ်တဲ့ ရှမ်းပျိုမယ်၊ ပန်းဝတ်မှုန် တို့လည်း သောက်နိုင်တယ်နော်။
(၅) အကာအကွယ်ယူပါ။
နေပူထဲသွားခါနီး sun creanm, ထီး, ဦးထုပ် ဆောင်သွားပေးပါ။ လက်ရှည်အကျီၤဝတ်တာမျိုး လက်ရှည်ကို (အနက်ရောင်တော့ မဝတ်နဲ့ပေါ့။ ပူတဲ့ရာသီဆို သေပြီလေ)။နောက် သင့်တော်တဲ့ lotion လိမ်းပေးပါ။ တစ်လ တစ်ခါ ပုံမှန် scrub လုပ်ပေးပါ။ အကောင်းစားကြီး သုံးနိုင်မှမဟုတ်ပါဘူး။ ယောင်းတို့ကိုယ်တိုုင်က စိတ်ရှည်လက်ရှည်နဲ့ ဂရုစိုက်ပေးဖို့ပဲလိုပါတယ်တဲ့။
ကဲ အပေါ်ကနည်းလမ်းတွေက တကယ်လက်တွေ့ကို အသားအရေကို ပြောင်းလဲပြီး လှပသွားအောင် လုပ်နိုင်တဲ့ သယ်ရင်းကို အင်တာဗျူးးထားတာပါ။ အက်မင်တာဝန်တော့ ကျေပြီ။ ယောင်းတို့က စမ်းသပ်ကြည့်ပြီး တကယ်ပဲ ဖြူလား မဖြူလားကတော့ ၂လအတွင်း ရလဒ်လေး ပြန်လည်ဝေမျှပါနော်။
Credit:For Her Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top