iMyanmarHouse.com - Best Property Website for Myanmar
×

တိုးတက္ျမင့္မားလာတဲ႔ နည္းပညာ ေခတ္စနစ္ေတြနဲ႔အတူ လူသားေတြရဲ႕ ႀကိဳးစားအားထုတ္မႈေတြကလည္း အၿပိဳင္အဆိုင္ ျဖစ္လာပါတယ္။ ဒီအတြက္ အလုပ္ခ်ိန္ေတြ တစ္စတစ္စ တိုးျမွင့္လာၿပီး အိပ္ခ်ိန္ကလည္း နည္းပါးလာပါတယ္။ ဒီလိုျဖစ္လာတဲ႔ အခါ အလုပ္ခ်ိန္ၾကာျမင့္မႈေၾကာင့္ ညစ္ညဴးေနတဲ႔ ကိုယ့္စိတ္ကို ျပန္လည္အားျဖည့္ဖို႔ လိုလာပါတယ္။

(၁) ကိုယ္ပိုင္အခ်ိန္ ထားပါ။
အလုပ္မ်ားလွတဲ႔ သင့္အခ်ိန္ဇယားမွာ ကိုယ္ပိုင္အခ်ိန္ဆိုတာ မရွိသေလာက္ နည္းပါးေနပါလိမ့္မယ္။ ဒါေပမယ့္လို႔ သင့္မွာ ကိုယ္ပိုင္အခ်ိန္ဆိုတာ သတ္သတ္မွတ္မွတ္ ရွိသင့္ပါတယ္။ တရားထိုင္ျခင္း၊ ေယာဂက်င့္ျခင္းေတြမွ ကိုယ္ပိုင္အခ်ိန္လို႔ မဆိုလိုပါဘူး။ မိသားစု ဒါမွမဟုတ္ သူငယ္ခ်င္းတစ္ေယာက္ေယာက္ကို ဖုန္းေခၚၿပီး စကားစျမည္ေျပာဆိုျခင္းကလည္း သင့္စိတ္ကို ေပါ့ပါးေစမွာပါ။

(၂) အေျခခံ အေၾကာင္းအရာေတြကို အာရံုစိုက္ပါ။
က်န္းမာတဲ႔ ဘဝေနထိုင္မႈပံုစံဆိုတာ အာဟာရမွ်တတဲ့ အစားအစာကို စားသံုးျခင္း၊ ေလ့က်င့္ခန္းျပဳလုပ္ျခင္း၊ စိတ္ၾကည္လင္ျပတ္သားျခင္းတို႔ ပါဝင္ပါတယ္။ အထက္ပါအေျခခံ အေၾကာင္းအရာေတြကို သင့္ရဲ႕တစ္ေန႔သာမွာ ေသခ်ာပါဝင္ေအာင္ အာရံုစိုက္ၿပီး ျပဳလုပ္ဖို႔လိုပါတယ္။

(၃) ရိုးရွင္းလြယ္ကူမႈကို ဦးစားေပးပါ။
သင့္ရဲ႕တစ္ေန႔တာအခ်ိန္ဇယားမွာရွိတဲ႔ တခ်ိဳ႕အလုပ္ေတြကို ပိုၿပီး လြယ္ကူရိုးရွင္းေအာင္ ျပဳလုပ္ျခင္းျဖင့္ သင့္ရဲ႕အခ်ိန္ကို ပိုလာေစႏိုင္ပါတယ္။ ဥပမာဆိုရင္ မီးပူတိုက္စရာမလိုပဲ သင့္ေတာ္တဲ႔ အဝတ္အစားမ်ိဳးကို ေရြးခ်ယ္ဝယ္ယူ ဝတ္ဆင္ျခင္းနဲ႔ အလုပ္ပိတ္ရက္အတြက္ အစားအစာမ်ားကို ႀကိဳျပင္ဆင္ထားျခင္းတို႔ ျဖစ္ပါတယ္။

(၄) ပန္းတိုင္ထားၿပီး အာရံုစိုက္ပါ။
အလုပ္တစ္ခုၿပီးဆံုးဖို႔ ပန္းတိုင္သတ္မွတ္တာက လြယ္ကူပါတယ္။ သင့္စိတ္ကို တက္ၾကြေစတဲ႔ တခ်ိဳ႕ပန္းတိုင္ေတြကို စိတ္ကူးထဲမွာ ထားရွိျခင္းက သင့္ရဲ႕အလုပ္လုပ္ခ်င္စိတ္ကို တိုးျမွင့္ေပးပါတယ္။ ဥပမာ သင္အလုပ္ၿပီးတဲ႔အခါ အိမ္ျပန္ၿပီး မိသားစုနဲ႔ ညစာအတူစားမယ့္ စိတ္ကူးမ်ိဳး၊ ဒါမွမဟုတ္ သိပ္မၾကာခင္ သြားဖို႔စီစဥ္ထားတဲ႔ အပန္းေျဖခရီးတစ္ခုကို စိတ္ထဲမွာ ေတြးေနတာမ်ိဳးက သင့္ရဲ႕စိတ္ကို ေပ်ာ္ရႊင္လာေစပါလိမ့္မယ္။
Credit:momoly
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

 တိုးတက်မြင့်မားလာတဲ့ နည်းပညာ ခေတ်စနစ်တွေနဲ့အတူ လူသားတွေရဲ့ ကြိုးစားအားထုတ်မှုတွေကလည်း အပြိုင်အဆိုင် ဖြစ်လာပါတယ်။ ဒီအတွက် အလုပ်ချိန်တွေ တစ်စတစ်စ တိုးမြှင့်လာပြီး အိပ်ချိန်ကလည်း နည်းပါးလာပါတယ်။ ဒီလိုဖြစ်လာတဲ့ အခါ အလုပ်ချိန်ကြာမြင့်မှုကြောင့် ညစ်ညူးနေတဲ့ ကိုယ့်စိတ်ကို ပြန်လည်အားဖြည့်ဖို့ လိုလာပါတယ်။

(၁) ကိုယ်ပိုင်အချိန် ထားပါ။
အလုပ်များလှတဲ့ သင့်အချိန်ဇယားမှာ ကိုယ်ပိုင်အချိန်ဆိုတာ မရှိသလောက် နည်းပါးနေပါလိမ့်မယ်။ ဒါပေမယ့်လို့ သင့်မှာ ကိုယ်ပိုင်အချိန်ဆိုတာ သတ်သတ်မှတ်မှတ် ရှိသင့်ပါတယ်။ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းတွေမှ ကိုယ်ပိုင်အချိန်လို့ မဆိုလိုပါဘူး။ မိသားစု ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်ကို ဖုန်းခေါ်ပြီး စကားစမြည်ပြောဆိုခြင်းကလည်း သင့်စိတ်ကို ပေါ့ပါးစေမှာပါ။

(၂) အခြေခံ အကြောင်းအရာတွေကို အာရုံစိုက်ပါ။
ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံဆိုတာ အာဟာရမျှတတဲ့ အစားအစာကို စားသုံးခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ စိတ်ကြည်လင်ပြတ်သားခြင်းတို့ ပါဝင်ပါတယ်။ အထက်ပါအခြေခံ အကြောင်းအရာတွေကို သင့်ရဲ့တစ်နေ့သာမှာ သေချာပါဝင်အောင် အာရုံစိုက်ပြီး ပြုလုပ်ဖို့လိုပါတယ်။

(၃) ရိုးရှင်းလွယ်ကူမှုကို ဦးစားပေးပါ။
သင့်ရဲ့တစ်နေ့တာအချိန်ဇယားမှာရှိတဲ့ တချို့အလုပ်တွေကို ပိုပြီး လွယ်ကူရိုးရှင်းအောင် ပြုလုပ်ခြင်းဖြင့် သင့်ရဲ့အချိန်ကို ပိုလာစေနိုင်ပါတယ်။ ဥပမာဆိုရင် မီးပူတိုက်စရာမလိုပဲ သင့်တော်တဲ့ အဝတ်အစားမျိုးကို ရွေးချယ်ဝယ်ယူ ဝတ်ဆင်ခြင်းနဲ့ အလုပ်ပိတ်ရက်အတွက် အစားအစာများကို ကြိုပြင်ဆင်ထားခြင်းတို့ ဖြစ်ပါတယ်။

(၄) ပန်းတိုင်ထားပြီး အာရုံစိုက်ပါ။
အလုပ်တစ်ခုပြီးဆုံးဖို့ ပန်းတိုင်သတ်မှတ်တာက လွယ်ကူပါတယ်။ သင့်စိတ်ကို တက်ကြွစေတဲ့ တချို့ပန်းတိုင်တွေကို စိတ်ကူးထဲမှာ ထားရှိခြင်းက သင့်ရဲ့အလုပ်လုပ်ချင်စိတ်ကို တိုးမြှင့်ပေးပါတယ်။ ဥပမာ သင်အလုပ်ပြီးတဲ့အခါ အိမ်ပြန်ပြီး မိသားစုနဲ့ ညစာအတူစားမယ့် စိတ်ကူးမျိုး၊ ဒါမှမဟုတ် သိပ်မကြာခင် သွားဖို့စီစဉ်ထားတဲ့ အပန်းဖြေခရီးတစ်ခုကို စိတ်ထဲမှာ တွေးနေတာမျိုးက သင့်ရဲ့စိတ်ကို ပျော်ရွှင်လာစေပါလိမ့်မယ်။

Credit:momoly

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top