iMyanmarHouse.com - Best Property Website for Myanmar
×

မေန႔တုန္းက ျဖစ္ရပ္မွန္ဇာတ္လမ္းေလးတစ္ပုဒ္ ဖတ္လိုက္ရတယ္။ နယူးေအာ္လင္းၿမိဳ႕က “ေမရီ” လို႔ေခၚတဲ့ ဆယ္ေက်ာ္သက္ လူမည္းမေလးတစ္ေယာက္အေၾကာင္းပါ။ သူဟာ လူတိုင္းရဲ႕ပါးစပ္ဖ်ားမွာ “က႐ုဏာရွင္ ဆရာဝန္မေလး” ဆိုၿပီး တဖြဖြနဲ႔ ေလးစားဂုဏ္ယူေနရတဲ့ ကမၻာေက်ာ္သူ တစ္ဦးဆိုပဲဗ်။ သူ႔အေၾကာင္းေလးက ေလးစားအတုယူစရာ ေကာင္းသလို စိတ္ဝင္စားစရာလည္း အေကာင္းသားဗ်။

တကယ္ေတာ့ သူဟာ မူလတန္းေက်ာင္းေတာင္ ဆံုးေအာင္ေနခဲ့ရတဲ့သူ မဟုတ္ဘူးဗ်။ ေက်ာင္းထြက္ခဲ့ရတယ္။ ေက်ာင္းထြက္ၿပီးေတာ့လည္း အျခားပညာမဲ့ လူမည္းဆင္းရဲသားေလးေတြလိုပဲ လမ္းေပၚေရာက္၊ ခိုး၊ ဆိုး၊ လု၊ ႏႈိက္ ျဖစ္လို႔ လူငယ္ထိန္းသိန္းေရး စခန္းကို ႏွစ္ႀကိမ္ေတာင္ ေရာက္သြားခဲ့ရတယ္ဗ်။ ပိုဆိုးတာက “ဒစ္စလီးယား”  လို႔ေခၚတဲ့ ေမြးရာပါ သတိေမ့တတ္တဲ့ ေရာဂါ ရွိေနတဲ့အျပင္ ႀကိဳးစားခြင့္ရလာျပန္ေတာ့လည္း ေလျဖတ္ၿပီး ကိုယ္တစ္ပိုင္းေသသြားခဲ့ျပန္တယ္။

အားလံုးစဥ္းစားၾကည့္ဗ်ာ။ သူ႔ဆီမွာ ေကာင္းတာ ဘာရွိေသးလဲ။ ဒါေတာင္ သူက ဘယ္လိုလုပ္ၿပီး လူတိုင္းရဲ႕ အသည္းႏွလံုး “က႐ုဏာရွင္ ဆရာဝန္မေလး” ျဖစ္သြားတာလဲ။ ယံုဖို႔က ေတာ္ေတာ္ေတာ့ အခက္သားဗ်။ ဒါေပမဲ့ ဒီဇာတ္လမ္းေလးက ဒ႑ာရီမဟုတ္တဲ့ ျဖစ္ရပ္မွန္ေလးပဲဗ်။

သူ႔မွာ ဘယ္ေတာ့မွ ေပ်ာက္ဆံုးမသြားတာ တစ္ခုေတာ့ရွိတယ္။ တျခားေတာ့ မဟုတ္ပါဘူး။ ကေလးတို႔ သဘာဝအတိုင္း ေျပာေလ့ရွိတဲ့ “ႀကီးရင္ ဆရာဝန္လုပ္မယ္” ဆိုတဲ့  စကားေလးေပါ့ဗ်ာ။ ဒီစကားေလးကို ဘယ္ေနရာ ဘယ္အေျခအေနမ်ိဳးမွာပဲ ေရာက္ေရာက္ သူကေတာ့ ေျပာၿမဲေျပာဆဲဆိုပဲဗ်။ ဒီခံယူခ်က္ေလးနဲ႔ပဲ ဒုကၡိတဘဝကလြတ္ေအာင္ ႀကိဳးစားၿပီး ေလ့က်င့္ခန္းေတြလုပ္ခဲ့တယ္။ အဲဒီလိုနဲ႔ပဲ ေနာက္ဆံုးေတာ့ သူ သိပ္ကို တမ္းတခဲ့တဲ့ ဆရာဝန္တစ္ေယာက္ ျဖစ္သြားခဲ့တယ္ဗ်။ ျဖစ္႐ံုတင္ေတာင္မဟုတ္ဘူးဗ်။ လူတိုင္းရဲ႕ပါးစပ္ဖ်ားမွာ တဖြဖြေျပာရေလာက္ေအာင္ကို နာမည္ေက်ာ္သြားခဲ့တယ္။

သိပ္ကို မွတ္သားစရာဇာတ္လမ္းေလးပဲဗ်။ က်ေနာ္တို႔ရဲ႕ ပိတ္မိေနတဲ့ ႏွလံုးသားေတြကို လႈပ္ခါျပလိုက္တာပဲ။ ဘာလို႔လဲဆိုရင္ က်ေနာ္တို႔ပတ္ဝန္းက်င္က ေတြ႔ေန၊ ၾကားေနရတဲ့အထဲမွာ မျဖစ္စေလာက္အခက္အခဲေလးမွာပဲ သူတို႔ရဲ႕ ယံုၾကည္ခ်က္ေတြ၊ အိပ္မက္ေတြ အားလံုး ပ်က္ျပယ္သြားၾကတာကမ်ားတယ္ဗ်။ ဒါေၾကာင့္ ျပႆနာေတြ အခက္အခဲေတြ ဘယ္ေလာက္ပဲႀကံဳႀကံဳ၊ ေလာကဓံ႐ိုက္ခိုက္မႈေတြ ဘယ္ေလာက္ပဲ ျပင္းထန္ေနပါေစ ကိုယ့္အိပ္မက္၊ ကိုယ့္ကမၻာကို ဘယ္ေတာ့မွ အပ်က္စီးမခံပါနဲ႔။ “ေမရီ” လိုပဲ ဘဝကို ယံုၾကည္မႈရွိရွိနဲ႔ ႀကိဳးစားရင္း ျဖတ္သန္းၾကဖို႔လိုပါတယ္။

“မွန္ကန္တဲ့ ယံုၾကည္ႀကိဳးစားမႈတိုင္းမွာ အခြင့္အလမ္းေတြ ရွိၾကစၿမဲပါ။”

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
မနေ့တုန်းက ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ် ဖတ်လိုက်ရတယ်။ နယူးအော်လင်းမြို့က “မေရီ” လို့ခေါ်တဲ့ ဆယ်ကျော်သက် လူမည်းမလေးတစ်ယောက်အကြောင်းပါ။ သူဟာ လူတိုင်းရဲ့ပါးစပ်ဖျားမှာ “ကရုဏာရှင် ဆရာဝန်မလေး” ဆိုပြီး တဖွဖွနဲ့ လေးစားဂုဏ်ယူနေရတဲ့ ကမ္ဘာကျော်သူ တစ်ဦးဆိုပဲဗျ။ သူ့အကြောင်းလေးက လေးစားအတုယူစရာ ကောင်းသလို စိတ်ဝင်စားစရာလည်း အကောင်းသားဗျ။

တကယ်တော့ သူဟာ မူလတန်းကျောင်းတောင် ဆုံးအောင်နေခဲ့ရတဲ့သူ မဟုတ်ဘူးဗျ။ ကျောင်းထွက်ခဲ့ရတယ်။ ကျောင်းထွက်ပြီးတော့လည်း အခြားပညာမဲ့ လူမည်းဆင်းရဲသားလေးတွေလိုပဲ လမ်းပေါ်ရောက်၊ ခိုး၊ ဆိုး၊ လု၊ နှိုက် ဖြစ်လို့ လူငယ်ထိန်းသိန်းရေး စခန်းကို နှစ်ကြိမ်တောင် ရောက်သွားခဲ့ရတယ်ဗျ။ ပိုဆိုးတာက “ဒစ်စလီးယား”  လို့ခေါ်တဲ့ မွေးရာပါ သတိမေ့တတ်တဲ့ ရောဂါ ရှိနေတဲ့အပြင် ကြိုးစားခွင့်ရလာပြန်တော့လည်း လေဖြတ်ပြီး ကိုယ်တစ်ပိုင်းသေသွားခဲ့ပြန်တယ်။

အားလုံးစဉ်းစားကြည့်ဗျာ။ သူ့ဆီမှာ ကောင်းတာ ဘာရှိသေးလဲ။ ဒါတောင် သူက ဘယ်လိုလုပ်ပြီး လူတိုင်းရဲ့ အသည်းနှလုံး “ကရုဏာရှင် ဆရာဝန်မလေး” ဖြစ်သွားတာလဲ။ ယုံဖို့က တော်တော်တော့ အခက်သားဗျ။ ဒါပေမဲ့ ဒီဇာတ်လမ်းလေးက ဒဏ္ဍာရီမဟုတ်တဲ့ ဖြစ်ရပ်မှန်လေးပဲဗျ။

သူ့မှာ ဘယ်တော့မှ ပျောက်ဆုံးမသွားတာ တစ်ခုတော့ရှိတယ်။ တခြားတော့ မဟုတ်ပါဘူး။ ကလေးတို့ သဘာဝအတိုင်း ပြောလေ့ရှိတဲ့ “ကြီးရင် ဆရာဝန်လုပ်မယ်” ဆိုတဲ့  စကားလေးပေါ့ဗျာ။ ဒီစကားလေးကို ဘယ်နေရာ ဘယ်အခြေအနေမျိုးမှာပဲ ရောက်ရောက် သူကတော့ ပြောမြဲပြောဆဲဆိုပဲဗျ။ ဒီခံယူချက်လေးနဲ့ပဲ ဒုက္ခိတဘဝကလွတ်အောင် ကြိုးစားပြီး လေ့ကျင့်ခန်းတွေလုပ်ခဲ့တယ်။ အဲဒီလိုနဲ့ပဲ နောက်ဆုံးတော့ သူ သိပ်ကို တမ်းတခဲ့တဲ့ ဆရာဝန်တစ်ယောက် ဖြစ်သွားခဲ့တယ်ဗျ။ ဖြစ်ရုံတင်တောင်မဟုတ်ဘူးဗျ။ လူတိုင်းရဲ့ပါးစပ်ဖျားမှာ တဖွဖွပြောရလောက်အောင်ကို နာမည်ကျော်သွားခဲ့တယ်။

သိပ်ကို မှတ်သားစရာဇာတ်လမ်းလေးပဲဗျ။ ကျနော်တို့ရဲ့ ပိတ်မိနေတဲ့ နှလုံးသားတွေကို လှုပ်ခါပြလိုက်တာပဲ။ ဘာလို့လဲဆိုရင် ကျနော်တို့ပတ်ဝန်းကျင်က တွေ့နေ၊ ကြားနေရတဲ့အထဲမှာ မဖြစ်စလောက်အခက်အခဲလေးမှာပဲ သူတို့ရဲ့ ယုံကြည်ချက်တွေ၊ အိပ်မက်တွေ အားလုံး ပျက်ပြယ်သွားကြတာကများတယ်ဗျ။ ဒါကြောင့် ပြဿနာတွေ အခက်အခဲတွေ ဘယ်လောက်ပဲကြုံကြုံ၊ လောကဓံရိုက်ခိုက်မှုတွေ ဘယ်လောက်ပဲ ပြင်းထန်နေပါစေ ကိုယ့်အိပ်မက်၊ ကိုယ့်ကမ္ဘာကို ဘယ်တော့မှ အပျက်စီးမခံပါနဲ့။ “မေရီ” လိုပဲ ဘဝကို ယုံကြည်မှုရှိရှိနဲ့ ကြိုးစားရင်း ဖြတ်သန်းကြဖို့လိုပါတယ်။

“မှန်ကန်တဲ့ ယုံကြည်ကြိုးစားမှုတိုင်းမှာ အခွင့်အလမ်းတွေ ရှိကြစမြဲပါ။”


Credit:Duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top