iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္စရာေကာင္းတဲ့ သားေလးေတြအတြက္ ရတနာခင္ရဲ႕ ဆုံးမစကား

သားတို႔ေရ .....

ငါ့သား​ေလး အိမ္​​ေထာင္​ျပဳတဲ့အခါ မိန္​းမ​ေရွ႕မွာ မားမားမတ္​မတ္​ ရပ္​တည္​​ေပးႏိုင္​တဲ့​

ေယာက်္​ားျဖစ္​ပါ​ေစ ငါ့သား.....

မိန္​းမအရိပ္​မခိုပါနဲ႔ မိန္​းမ အကူအညီမယူပါနဲ႔ အထင္​​ေသးခံရမယ္​ငါ့သား....

​ေမာင္​တစ္​ထမ္​း မယ္​တစ္​႐ြက္​ဆိုတဲ့စကားရွိ​ေပမဲ့တတ္​ႏိုင္​ရင္​​ေတာ့ ကိုယ္​ခ်စ္​ရတဲ့ဇနီးသည္​ရဲ႕ပခုံး​ေပၚ ဝန္​ထုတ္​ဝန္​ပိုးႀကီး မတင္​​ေပးပါနဲ႔

တတ္​ႏိုင္​ရင္​​ေလ ငါ့သားပဲထမ္​းၿပီး သားပဲ႐ြက္​လိုက္​ပါ

အိမ္​​ေထာင္​့တာဝန္​ သားသမီးတာဝန္​နဲ႔ပိ​ေနတဲ့သူ႔ခမ်ာ မယ္​တစ္​႐ြက္​​ေလး​ေတာင္​ မ႐ြက္​ႏိုင္​တဲ့အ​ေျခအ​ေနဆို ငါ့သားက ​ေသခ်ာ​ေပါက္​ကူ႐ြက္​​ေပးလိုက္​ပါ

စကားကို ဆိုခဲ​ေစၿမဲ​ေစထုံးႏွလုံးမူပါ ငါ့သား​ေလး ကတိမတည္​ စကားလက္​လြတ္​စပါယ္​​ေျပာတတ္​တဲ့​ေယာက်္​ားကို မိန္​းမက မ​ေလးစားဘူး ငါ့သား...

အ​ေမကိုခ်စ္​တဲ့သားဟာ မယားမခ်စ္​ဘူးဆိုတာမ်ိဳးမျဖစ္​​ပါေစနဲ႔ငါ့သား

အ​ေမနဲ႔မိသားစုကိုလဲခ်စ္​ပါ မိခင္​မ်ိဳးႏြယ္​ဝင္​ဇနီးသည္​ကိုလဲခ်စ္​ပါ....

အ​ေမ့အတြက္​သား​ေကာင္​း အစ္​မညီမအတြက္​ ​ေမာင္​​ေကာင္​း၊ အစ္​ကို​ေကာင္​းျဖစ္​​ေပမဲ့ ဇနီးသည္​ကို

မ​ေကာင္​းဘူး ဆိုတာမ်ိဳး မျဖစ္​​ေစနဲ႔ကြဲ ့

မိသားစုကိုခ်စ္​သလို ဇနီးသည္​ကိုခ်စ္​​ေပးပါ.....

မိဘအိမ္​ ​ေမာင္​ႏွမအိမ္​ ဇနီးသည္​ မသိပဲမသြားနဲ႔ငါ့သား

သူတို႔မိသားစု​ေတြ ငါ့ကြယ္​ရာ ငါ့​ေယာက်္​ားကိုဘာ​ေသြးထိုး​ေနပါလိမ္​့လို႔ သူ႔ဖက္​ကအျမင္​မ်ိဳးျဖစ္​​ေစတတ္​လို႔ တတ္​ႏိုင္​ရင္​ ငါ့သားမိသားစုဆီသြားရင္​ ဇနီးကို​ေခၚသြားကြဲ႕

မလိုက္​တာ​ေတာ့သူ႔အပိုင္​း​ေပါ့ ​ေခၚပါရဲ႕နဲ႔မလိုက္​ပဲ စကားနာထိုးတာ ​ေသြးထိုးတာလဲလက္​မခံနဲ႔ငါ့သား

မိသားစုနဲ႔ဇနီးသည္​ၾကား သမာသမတ္​က်က် မွ်မွ်တတျဖစ္​ပါ​ေစ...

ငါ့လုပ္​စာပဲ ငါ့မိဘ ​ေမာင္​ႏွမ ​ေပးတာ မိန္​းမ​ေျပာစရာမလိုဘူး မထင္​နဲ႔ငါ့သား အမွားႀကီးမွားမယ္​

အ​ေမက​ေမြး အ​ေမျပဳစုယုယ​ေပး​ေပမဲ့ အိမ္​​ ေထာင္​က်ရင္​အ​ေမ မပိုင္​ဘူးငါ့သား​ေလးရဲ႕....

မိန္​းမ မသိ​ေအာင္​ခိုး​ေပးျခင္​းဟာ အ​ေမ့သိကၡာထိခိုက္​သလို ​ေခြၽးမ အ​ေနနဲ႔ၾကည္​့ရင္​ သူ႔မာနထိခိုက္​​ေစတယ္​ ငါ့သား​ေလးရဲ႕..

မိန္​းမ​ေရ ဒီ​ေလာက္​ ဒီမွ်​ေတာ့ မိဘ​ေတြကန္​​ေတာ့ရ​ေအာင္​ကြာ ငါမ​ေပးဘူး မင္​းလက္​နဲ႔​ေပးလို႔​ေျပာတဲ့အခါ

​ေယာကၡမအ​ေပၚ သိတတ္​တဲ့​ေခြၽးမအျဖစ္​သူဂုဏ္​တတ္​ရလို႔ ၾကည္​ျဖဴ​ေက်နပ္​မွာပါ.....

လ်ိဳ႕ဝွက္​အပ္​ရာ အရာရာကို အစ္​ကိုညီသား မိဘကိုထား

မယား​ေသာ္​မွမ​ေျပာရ ဆို​ေပမဲ အရာရာအတိုင္​းလ်ိွ ု႔ဝွက္​စရာ မလိုဘူးငါ့သား

ဇနီးသည္​ကို အ​ေလးထားပါ တိုင္​ပင္​ပါ ဇနီးသည္​ရဲ႕ဂုဏ္​ကို ျမႇင္​့တင္​​ေပးပါ ငါ့သား....

........

ငါ့သားမ်ားအိမ္​​ေထာင္​ျပဳခဲ့ရင္​​ေလ........ အ​ေမမွာခ်င္​တာ​ေတြအမ်ားႀကီးပါသားႀကီး​ေရ ဒီ​ေန႔​ေတာ့ ဒီမွ်သာ

မူရင္းေရးသားသူ မမ Yadanar Soeဆိုၿပီး သားေလးေတြအတြက္ ဒီလိုစာေကာင္းေလးေတြကို ျပန္လည္ေဝမွ်ထားပါတယ္။
Credit:Myanmarload
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ချစ်စရာကောင်းတဲ့ သားလေးတွေအတွက် ရတနာခင်ရဲ့ ဆုံးမစကား

သားတို့ရေ .....

ငါ့သားလေး အိမ်ထောင်ပြုတဲ့အခါ မိန်းမရှေ့မှာ မားမားမတ်မတ် ရပ်တည်ပေးနိုင်တဲ့

ယောကျ်ားဖြစ်ပါစေ ငါ့သား.....

မိန်းမအရိပ်မခိုပါနဲ့ မိန်းမ အကူအညီမယူပါနဲ့ အထင်သေးခံရမယ်ငါ့သား....

မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုတဲ့စကားရှိပေမဲ့တတ်နိုင်ရင်တော့ ကိုယ်ချစ်ရတဲ့ဇနီးသည်ရဲ့ပခုံးပေါ် ဝန်ထုတ်ဝန်ပိုးကြီး မတင်ပေးပါနဲ့

တတ်နိုင်ရင်လေ ငါ့သားပဲထမ်းပြီး သားပဲရွက်လိုက်ပါ

အိမ်ထောင့်တာဝန် သားသမီးတာဝန်နဲ့ပိနေတဲ့သူ့ခမျာ မယ်တစ်ရွက်လေးတောင် မရွက်နိုင်တဲ့အခြေအနေဆို ငါ့သားက သေချာပေါက်ကူရွက်ပေးလိုက်ပါ

စကားကို ဆိုခဲစေမြဲစေထုံးနှလုံးမူပါ ငါ့သားလေး ကတိမတည် စကားလက်လွတ်စပါယ်ပြောတတ်တဲ့ယောကျ်ားကို မိန်းမက မလေးစားဘူး ငါ့သား...

အမေကိုချစ်တဲ့သားဟာ မယားမချစ်ဘူးဆိုတာမျိုးမဖြစ်ပါစေနဲ့ငါ့သား

အမေနဲ့မိသားစုကိုလဲချစ်ပါ မိခင်မျိုးနွယ်ဝင်ဇနီးသည်ကိုလဲချစ်ပါ....

အမေ့အတွက်သားကောင်း အစ်မညီမအတွက် မောင်ကောင်း၊ အစ်ကိုကောင်းဖြစ်ပေမဲ့ ဇနီးသည်ကို

မကောင်းဘူး ဆိုတာမျိုး မဖြစ်စေနဲ့ကွဲ့

မိသားစုကိုချစ်သလို ဇနီးသည်ကိုချစ်ပေးပါ.....

မိဘအိမ် မောင်နှမအိမ် ဇနီးသည် မသိပဲမသွားနဲ့ငါ့သား

သူတို့မိသားစုတွေ ငါ့ကွယ်ရာ ငါ့ယောကျ်ားကိုဘာသွေးထိုးနေပါလိမ့်လို့ သူ့ဖက်ကအမြင်မျိုးဖြစ်စေတတ်လို့ တတ်နိုင်ရင် ငါ့သားမိသားစုဆီသွားရင် ဇနီးကိုခေါ်သွားကွဲ့

မလိုက်တာတော့သူ့အပိုင်းပေါ့ ခေါ်ပါရဲ့နဲ့မလိုက်ပဲ စကားနာထိုးတာ သွေးထိုးတာလဲလက်မခံနဲ့ငါ့သား

မိသားစုနဲ့ဇနီးသည်ကြား သမာသမတ်ကျကျ မျှမျှတတဖြစ်ပါစေ...

ငါ့လုပ်စာပဲ ငါ့မိဘ မောင်နှမ ပေးတာ မိန်းမပြောစရာမလိုဘူး မထင်နဲ့ငါ့သား အမှားကြီးမှားမယ်

အမေကမွေး အမေပြုစုယုယပေးပေမဲ့ အိမ်ထောင်ကျရင်အမေ မပိုင်ဘူးငါ့သားလေးရဲ့....

မိန်းမ မသိအောင်ခိုးပေးခြင်းဟာ အမေ့သိက္ခာထိခိုက်သလို ချွေးမ အနေနဲ့ကြည့်ရင် သူ့မာနထိခိုက်စေတယ် ငါ့သားလေးရဲ့..

မိန်းမရေ ဒီလောက် ဒီမျှတော့ မိဘတွေကန်တော့ရအောင်ကွာ ငါမပေးဘူး မင်းလက်နဲ့ပေးလို့ပြောတဲ့အခါ

ယောက္ခမအပေါ် သိတတ်တဲ့ချွေးမအဖြစ်သူဂုဏ်တတ်ရလို့ ကြည်ဖြူကျေနပ်မှာပါ.....

လျို့ဝှက်အပ်ရာ အရာရာကို အစ်ကိုညီသား မိဘကိုထား

မယားသော်မှမပြောရ ဆိုပေမဲ အရာရာအတိုင်းလျှိ ု့ဝှက်စရာ မလိုဘူးငါ့သား

ဇနီးသည်ကို အလေးထားပါ တိုင်ပင်ပါ ဇနီးသည်ရဲ့ဂုဏ်ကို မြှင့်တင်ပေးပါ ငါ့သား....

........

ငါ့သားများအိမ်ထောင်ပြုခဲ့ရင်လေ........ အမေမှာချင်တာတွေအများကြီးပါသားကြီးရေ ဒီနေ့တော့ ဒီမျှသာ

မူရင်းရေးသားသူ မမ Yadanar Soeဆိုပြီး သားလေးတွေအတွက် ဒီလိုစာကောင်းလေးတွေကို ပြန်လည်ဝေမျှထားပါတယ်။

Credit:Myanmarload

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top