iMyanmarHouse.com - Best Property Website for Myanmar
×


ပထမ ၅ မိနစ်


၁၀ မိနစ်


၁၅ မိနစ်



Credit:Momolay

#Unicode Version

မိုဘိုင်းဖုန်းဆိုတာ ယနေ့ခေတ်လူတိုင်းနီးပါး ကိုင်ဆောင်အသုံးပြုလာကြတဲ့ အရာတစ်ခုဖြစ်ပြီး ဖုန်းမကိုင်တဲ့သူဆိုတာ မရှိသလောက်ပါပဲ။ ဖုန်းတွေကို အမြဲတမ်းနေ့စဉ် အသုံးပြုလာကြတဲ့အခါ ဖုန်းတွေထဲမှာ မလိုအပ်တဲ့ ဖိုင်တွေ၊ ဓါတ်ပုံတွေဟာ များပြားပြည့်ကျပ်ပြီး ဖုန်းဘက်ကကြည့်ရင်လည်း ကြေး(ဂျီး) အထပ်ထပ်နဲ့ ရေမချိုးထားရတဲ့ ဖုန်းညစ်ပတ်လေးကို ဖြစ်နေတော့တာပါ။ ဒီတော့ သနားစရာကောင်းတဲ့ ဖုန်းလေးကို အတူတူ သန့်စင်ပေးကြရအောင်။

ပထမ ၅ မိနစ်

ကိုယ်တော်ရုံတန်ရုံ မသုံးဖြစ်တဲ့ မလိုအပ်တဲ့ Application တွေကို ဖျက်ပစ်ပါ။ ပြီးတော့ ဖုန်းထဲမှာ Download လုပ်ထားပြီး မသွင်းဖြစ်တဲ့ App apk တွေ၊ Down ထားမှန်းတောင် မသိတဲ့ apk တွေကို ဖျက်ပစ်လိုက်ပါ။ ဒီအတွက် သီးသန့် Service ပေးတဲ့ Application တွေလည်း အသုံးပြုနိုင်ပါတယ်။ ပြီးတော့ သက်တမ်းကြာရှည်နေပြီဖြစ်တဲ့ Background ပုံကြီးကို ပြောင်းပစ်လိုက်ပါ။

၁၀ မိနစ်

ALBUM ကိုဖွင့်လိုက်ပါ။ တစ်ခါတစ်လေ ဆယ်လ်ဖီဆွဲတဲ့အခါ မလိုအပ်ပဲ ၃၊ ၄ ပုံရိုက်မိတာတွေ အများအပြားရှိနေသလို။ FACEBOOK ပေါ်က Save ထားမိတာတွေ၊ Screenshot တွေ၊ မှားရိုက်မိတာတွေကို တစ်ခုခြင်း လိုက်ဖျက်ပစ်ပါ။

၁၅ မိနစ်

Contact ထဲသွားပြီး contact ဖုန်းနံပါတ်တွေကိုကြည့်ပါ။ တစ်ချို့တွေကို ကိုယ်နဲ့အဆက်အသွယ်မရှိတော့တာမျိုး၊ တစ်ခါတစ်လေ ဘယ်သူတွေမှန်းမသိတဲ့ contact မျိုး။ အမှန်တကယ် ဆက်သွယ်လို့မရတဲ့ ဖုန်းနံပါတ်ပိုင်ရှင်မျိုးတွေကို လိုက်ရှာပြီး ဖျက်ပစ်လိုက်ပါ။ ပြီးရင်တော့ Notes ထဲသွားပြီး နှစ်ပေါင်းများစွာ ပဝေသဏီက Notes ထဲ ထည့်ထားမိတဲ့ အကြောင်းအရာတွေကို မလိုအပ်ရင် ဖျက်ပစ်လိုက်ပါတော့။

ကျန်းမာသန့်ရှင်းသော ဖုန်းလေးတစ်လုံး ပိုင်ဆိုင်ကြပါစေ။


Credit:Momolay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top