iMyanmarHouse.com - Best Property Website for Myanmar
×

ထိုင္ရာက မထႏိုင္ေလာက္ေအာင္ အလုပ္ေတြ႐ႈပ္ေနတဲ့အခ်ိန္မွာ အေပါ့အပါးသြားခ်င္တာမ်ိဳး ျဖစ္ဖူးပါသလား ? ခႏၶာကိုယ္နဲ႔ပတ္သက္ၿပီး ေလ့လာဆန္းစစ္မႈေတြအရ အေပါ့သြားခ်င္တာကို ေအာင့္ထားတာက သင့္ရဲ႕စိတ္စြမ္းအားကို တိုးတက္လာေစႏိုင္တယ္လို႔ ဆိုပါတယ္။

ဒီလိုျဖစ္ရတာဟာ လႈံ႕ေဆာ္မႈကို ထိန္းခ်ဳပ္ႏိုင္စြမ္းနဲ႔သက္ဆုိင္တယ္လို႔ ပညာရွင္ေတြက ရွင္းျပထားပါတယ္။ ဆီးသြားခ်င္ေနေပမယ့္ မသြားပဲေအာင့္ထားတာက ႐ုတ္တရက္လႈံ႕ေဆာ္မႈေတြကို ဆန္႔က်င္တဲ့ဦးေႏွာက္ အစိတ္အပိုင္းကို လႈပ္ရွားေစပါတယ္။ ဒါ့ေၾကာင့္ အျခားေသာစိတ္လႈံ႕ေဆာ္မႈေတြျဖစ္တဲ့ သြားရည္စာ စားခ်င္စိတ္ေတြ၊ အပ်င္းထူတာေတြကိုလည္း ဆန္႔က်င္ႏိုင္လာမွာျဖစ္ပါတယ္။

ဒါ့အျပင္ ဆီးသြားခ်င္စိတ္ကို ထိန္းႏိုင္တာက အာ႐ုံစူးစိုက္ႏိုင္စြမ္းကိုလည္း ပိုေကာင္းလာေစပါတယ္။ ေလ့လာမႈေတြအရ ဆီးအိတ္ထဲမွာ ဆီးအျပည့္ရွိေနၿပီး အေပါ့သြားခ်င္စိတ္ကို ထိန္းခ်ဳပ္ထားရသူေတြက စမ္းသပ္ေမးခြန္းေတြကို အျပည့္အ၀အာ႐ုံစိုက္ႏိုင္တယ္လို႔ သိရပါတယ္။

ဒီလိုေကာင္းက်ိဳးေတြရွိတယ္ဆိုၿပီး ေရေတြအမ်ားႀကီးေသာက္၊ ဆီးသြားခ်င္တာကို စြတ္အတင္းထိန္းခ်ဳပ္ထားလို႔ေတာ့ မျဖစ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဆီးေအာင့္ထားျခင္းေၾကာင့္ ၾကံဳေတြ႕ရႏိုင္တဲ့ အႏၱရာယ္ေတြ ရွိလို႔ျဖစ္ပါတယ္။ ဆီးကို အၾကာႀကီးေအာင့္ထားမယ္ဆိုရင္ အစပိုင္းမွာ ဆီးလမ္းေၾကာင္း ပိုး၀င္ႏိုင္ေခ်တိုးျမင့္လာႏိုင္ၿပီး ေရရွည္မွာဆိုရင္ေတာ့ ဆီးအိမ္နံရံကို ထိခိုက္လာေစႏိုင္ပါတယ္။

၀မ္းဗိုက္ေအာက္ပိုင္းနဲ႔ ခါးေအာက္ပိုင္းေတြ နာက်င္လာသည္အထိ ဆီးကိုထိန္းမထားသင့္ပါဘူး။ ဒီလကၡဏာေတြက ဆီးသြားခ်င္တာကို ခံႏိုင္တာထက္ပိုၿပီး ထိန္းခ်ဳပ္ထားလို႔ျဖစ္ပါတယ္။ ဒါေပမယ့္ ေနာက္တစ္ခါ အေရးႀကီးတဲ့အလုပ္ေတြ အၿပီးလုပ္ရမယ့္အခ်ိန္မ်ိဳးမွာ ဆီးသြားခ်င္စိတ္ကို အနည္းငယ္ထိန္းၿပီး ေအာင့္ထားမယ္ဆိုရင္ အလုပ္မွာအေကာင္းဆံုးရလဒ္ေတြ ရရွိႏိုင္မွာျဖစ္ပါတယ္။ ဒီအခ်က္က အနည္းငယ္ ေၾကာင္ေတာင္ေတာင္ႏိုင္ေပမယ့္ အလုပ္ျဖစ္တာကေတာ့ ေသခ်ာပါတယ္။
Credit:thithtoolwin

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ထိုင်ရာက မထနိုင်လောက်အောင် အလုပ်တွေရှုပ်နေတဲ့အချိန်မှာ အပေါ့အပါးသွားချင်တာမျိုး ဖြစ်ဖူးပါသလား ? ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်မှုတွေအရ အပေါ့သွားချင်တာကို အောင့်ထားတာက သင့်ရဲ့စိတ်စွမ်းအားကို တိုးတက်လာစေနိုင်တယ်လို့ ဆိုပါတယ်။

ဒီလိုဖြစ်ရတာဟာ လှုံ့ဆော်မှုကို ထိန်းချုပ်နိုင်စွမ်းနဲ့သက်ဆိုင်တယ်လို့ ပညာရှင်တွေက ရှင်းပြထားပါတယ်။ ဆီးသွားချင်နေပေမယ့် မသွားပဲအောင့်ထားတာက ရုတ်တရက်လှုံ့ဆော်မှုတွေကို ဆန့်ကျင်တဲ့ဦးနှောက် အစိတ်အပိုင်းကို လှုပ်ရှားစေပါတယ်။ ဒါ့ကြောင့် အခြားသောစိတ်လှုံ့ဆော်မှုတွေဖြစ်တဲ့ သွားရည်စာ စားချင်စိတ်တွေ၊ အပျင်းထူတာတွေကိုလည်း ဆန့်ကျင်နိုင်လာမှာဖြစ်ပါတယ်။

ဒါ့အပြင် ဆီးသွားချင်စိတ်ကို ထိန်းနိုင်တာက အာရုံစူးစိုက်နိုင်စွမ်းကိုလည်း ပိုကောင်းလာစေပါတယ်။ လေ့လာမှုတွေအရ ဆီးအိတ်ထဲမှာ ဆီးအပြည့်ရှိနေပြီး အပေါ့သွားချင်စိတ်ကို ထိန်းချုပ်ထားရသူတွေက စမ်းသပ်မေးခွန်းတွေကို အပြည့်အဝအာရုံစိုက်နိုင်တယ်လို့ သိရပါတယ်။

ဒီလိုကောင်းကျိုးတွေရှိတယ်ဆိုပြီး ရေတွေအများကြီးသောက်၊ ဆီးသွားချင်တာကို စွတ်အတင်းထိန်းချုပ်ထားလို့တော့ မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆီးအောင့်ထားခြင်းကြောင့် ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်တွေ ရှိလို့ဖြစ်ပါတယ်။ ဆီးကို အကြာကြီးအောင့်ထားမယ်ဆိုရင် အစပိုင်းမှာ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ချေတိုးမြင့်လာနိုင်ပြီး ရေရှည်မှာဆိုရင်တော့ ဆီးအိမ်နံရံကို ထိခိုက်လာစေနိုင်ပါတယ်။

ဝမ်းဗိုက်အောက်ပိုင်းနဲ့ ခါးအောက်ပိုင်းတွေ နာကျင်လာသည်အထိ ဆီးကိုထိန်းမထားသင့်ပါဘူး။ ဒီလက္ခဏာတွေက ဆီးသွားချင်တာကို ခံနိုင်တာထက်ပိုပြီး ထိန်းချုပ်ထားလို့ဖြစ်ပါတယ်။ ဒါပေမယ့် နောက်တစ်ခါ အရေးကြီးတဲ့အလုပ်တွေ အပြီးလုပ်ရမယ့်အချိန်မျိုးမှာ ဆီးသွားချင်စိတ်ကို အနည်းငယ်ထိန်းပြီး အောင့်ထားမယ်ဆိုရင် အလုပ်မှာအကောင်းဆုံးရလဒ်တွေ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီအချက်က အနည်းငယ် ကြောင်တောင်တောင်နိုင်ပေမယ့် အလုပ်ဖြစ်တာကတော့ သေချာပါတယ်။
Credit:thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top