iMyanmarHouse.com - Best Property Website for Myanmar
×

သင့္အေနနဲ႔ သက္သတ္လြတ္စားသံုးသူတစ္ေယာက္ျဖစ္တယ္ဆိုရင္ေတာ့ ဂုဏ္ယူစရာပါပဲ။ သင့္ရဲ႕ သက္သတ္လြတ္စားတတ္တဲ့အက်င့္ဟာ သင့္ခႏၵာကိုယ္မွာ တုိးတက္မႈေတြ ရွိေစတယ္ဆုိတာကို ေလာေလာဆယ္ ေလ့လာခ်က္တစ္ခုုုုုုုျပသခဲ့ၿပီျဖစ္ပါတယ္။

၁၆ ႏွစ္အထက္ သတ္သက္လြတ္စားတတ္တဲ့သူေတြကုို ေလ့လာမႈျပဳလုပ္ခဲ့ရာမွာေတာ့ သူတို႔ေတြဟာ သာမန္လူေတြထက္ မွတ္ဥာဏ္ပိုမိုထက္ျမက္သလုိ သူငယ္ခ်င္းေတြရဲ႕ ခံစားခ်က္ေတြကိုလည္း ပိုၿပီး မွ်ေဝခံစားတတ္တဲ့သူတစ္ေယာက္ျဖစ္တာကို ေတြ႕ရွိခဲ့ရပါတယ္။

ကေလးဘဝတုန္းကရင္း သက္သတ္လြတ္စတင္စားသံုးခဲ့သူေတြဟာဆိုရင္ေတာ့ ကေလးဘဝ IQ စမ္းသပ္မႈမွာ ပ်မ္းမွ် ရမွတ္ဟာ ၁၀၈ မွတ္ရွိခဲ့ၿပီး သက္သတ္လြတ္မစားသူေတြက ပ်မ္းမွ် အမွတ္ ၁၀၀ သာရရွိခဲ့တာျဖစ္ပါတယ္။ တစ္ျခားအသက္အရြယ္ IQ စမ္းသပ္မႈေတြမွာလည္ သက္သတ္လြတ္စားသံုးသူေတြကပဲ ၁၀ မွတ္အသာေလာက္နဲ႔ အျမဲလုိလုိ ဦးေဆာင္ေနတာကို ေတြ႕ရွိခဲ့ရပါတယ္။

သဘာဝကို ဆန္႔က်င္တဲ့ အလုပ္ေတြကို လုပ္တတ္ၾကသူေတြဟာဆိုရင္ေတာ့ သာမန္လူေတြထက္ ခံစားလည္း လြယ္သလုိ အျမဲလုိုလိုလည္း ဥာဏ္ရည္ထက္ျမက္တဲ့သူေတြျဖစ္ေနတာကို ေတြ႕ရတယ္လို႔ ဂ်ပန္သုေတသနပညာရွင္ေတြက ေထာက္ျပခဲ့ပါတယ္။

သက္သတ္လြတ္စားသံုးတတ္သူေတြဟာဆိုရင္ေတာ့ ပိုေကာင္းတဲ့ အၾကံေကာင္းေတြကိုလည္း ေရြးခ်ယ္တတ္ၿပီး ခႏၵာကုိယ္နဲ႔ ဦးေႏွာက္ပုိင္း က်န္းမာေရးကုိလညး္ အထူးအေလးထားတဲ့သူေတြျဖစ္ပါတယ္။

တစ္ခ်ိဳ႕လူေတြကေတာ့ သတ္သတ္လြတ္စားသံုးသူေတြဟာ ပရိုတိန္းဓာတ္ခ်ိဳ႕တဲ့ၾကတယ္လို႔ ဆိုၾကေပမယ့္ အမွန္တကယ္မွာေတာ့ အသားအစားထုိးစားသံုးတဲ့ ေျမပဲ ၊ အေစ့နဲ႔ တစ္ျခားအစားအစာေတြဟာဆိုရင္ေတာ့ ကၽြန္ေတာ္တို႔ ေန႔စဥ္လုိအပ္ေနတဲ့ ပရိုတိန္းပမာဏရဲ႕ ႏွစ္ဆေလာက္အထိကို ရရွိတယ္လို႔ သိရပါတယ္။

ဒါ့ေၾကာင့္ သက္သတ္လြတ္စားသံုးတာဟာဆုိရင္ေတာ့ သင့္ရဲ႕ ဥာဏ္ရည္ဥာဏ္စြမ္းကို တိုးတက္ေစတဲ့အျပင္ သင့္ရဲ႕ စိတ္ပိုင္းဆိုင္ရာကိုလည္း ပုိမိုႏူးညံ့ေစတယ္လို႔ သိရပါတယ္။

Credit:သစ္ထူးလြင္
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
 သင့်အနေနဲ့ သက်သတ်လွတ်စားသုံးသူတစ်ယောက်ဖြစ်တယ်ဆိုရင်တော့ ဂုဏ်ယူစရာပါပဲ။ သင့်ရဲ့ သက်သတ်လွတ်စားတတ်တဲ့အကျင့်ဟာ သင့်ခန္ဒာကိုယ်မှာ တိုးတက်မှုတွေ ရှိစေတယ်ဆိုတာကို လောလောဆယ် လေ့လာချက်တစ်ခုုုုုုုပြသခဲ့ပြီဖြစ်ပါတယ်။

၁၆ နှစ်အထက် သတ်သက်လွတ်စားတတ်တဲ့သူတွေကို လေ့လာမှုပြုလုပ်ခဲ့ရာမှာတော့ သူတို့တွေဟာ သာမန်လူတွေထက် မှတ်ဉာဏ်ပိုမိုထက်မြက်သလို သူငယ်ချင်းတွေရဲ့ ခံစားချက်တွေကိုလည်း ပိုပြီး မျှဝေခံစားတတ်တဲ့သူတစ်ယောက်ဖြစ်တာကို တွေ့ရှိခဲ့ရပါတယ်။

ကလေးဘဝတုန်းကရင်း သက်သတ်လွတ်စတင်စားသုံးခဲ့သူတွေဟာဆိုရင်တော့ ကလေးဘဝ IQ စမ်းသပ်မှုမှာ ပျမ်းမျှ ရမှတ်ဟာ ၁၀၈ မှတ်ရှိခဲ့ပြီး သက်သတ်လွတ်မစားသူတွေက ပျမ်းမျှ အမှတ် ၁၀၀ သာရရှိခဲ့တာဖြစ်ပါတယ်။ တစ်ခြားအသက်အရွယ် IQ စမ်းသပ်မှုတွေမှာလည် သက်သတ်လွတ်စားသုံးသူတွေကပဲ ၁၀ မှတ်အသာလောက်နဲ့ အမြဲလိုလို ဦးဆောင်နေတာကို တွေ့ရှိခဲ့ရပါတယ်။

သဘာဝကို ဆန့်ကျင်တဲ့ အလုပ်တွေကို လုပ်တတ်ကြသူတွေဟာဆိုရင်တော့ သာမန်လူတွေထက် ခံစားလည်း လွယ်သလို အမြဲလိုလိုလည်း ဉာဏ်ရည်ထက်မြက်တဲ့သူတွေဖြစ်နေတာကို တွေ့ရတယ်လို့ ဂျပန်သုတေသနပညာရှင်တွေက ထောက်ပြခဲ့ပါတယ်။

သက်သတ်လွတ်စားသုံးတတ်သူတွေဟာဆိုရင်တော့ ပိုကောင်းတဲ့ အကြံကောင်းတွေကိုလည်း ရွေးချယ်တတ်ပြီး ခန္ဒာကိုယ်နဲ့ ဦးနှောက်ပိုင်း ကျန်းမာရေးကိုလည်း အထူးအလေးထားတဲ့သူတွေဖြစ်ပါတယ်။

တစ်ချို့လူတွေကတော့ သတ်သတ်လွတ်စားသုံးသူတွေဟာ ပရိုတိန်းဓာတ်ချို့တဲ့ကြတယ်လို့ ဆိုကြပေမယ့် အမှန်တကယ်မှာတော့ အသားအစားထိုးစားသုံးတဲ့ မြေပဲ ၊ အစေ့နဲ့ တစ်ခြားအစားအစာတွေဟာဆိုရင်တော့ ကျွန်တော်တို့ နေ့စဉ်လိုအပ်နေတဲ့ ပရိုတိန်းပမာဏရဲ့ နှစ်ဆလောက်အထိကို ရရှိတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် သက်သတ်လွတ်စားသုံးတာဟာဆိုရင်တော့ သင့်ရဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို တိုးတက်စေတဲ့အပြင် သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း ပိုမိုနူးညံ့စေတယ်လို့ သိရပါတယ်။

Credit:သစ်ထူးလွင်

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top