iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသားအမ်ားစုဟာ အေသးအမႊားကိစၥေလးေတြကို သတိမျပဳမိတာ၊ အာ႐ုံထဲမထည့္တာနဲ႔ ဂ႐ုတစိုက္နားမေထာင္တတ္တာေတြေၾကာင့္ အမ်ိဳးသမီးေတြရဲ႕ အျပစ္တင္ျခင္းကို ခံရေလ့ရွိပါတယ္။ ဒီအခ်က္နဲ႔ပတ္သက္ၿပီး လံုး၀ကန္႔ကြက္ခ်င္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ကၽြန္ေတာ္တို႔ ေယာကၤ်ားေလးေတြ လံုး၀ဂ႐ုမစိုက္တဲ့အရာေတြ ရွိတာေၾကာင့္ျဖစ္ပါတယ္။

၁။ သင့္ရဲ႕ ဆံပင္ပံုစံ၊ မိတ္ကပ္အေနအထား အဆင္မေျပလည္း ျပႆနာမရွိပါဘူး။

ဟုတ္ပါတယ္။ မိန္းကေလးေတြ ႐ုပ္ရည္ၾကည့္ေကာင္းဖို႔ ျပင္ဆင္တာကို ကၽြန္ေတာ္တို႔ေတြက အသိအမွတ္ျပဳပါတယ္။ ဒါေပမယ့္ ဒီကိစၥနဲ႔႔ပတ္သက္ၿပီး အရမ္းႀကီး စိုးရိမ္မေနပါနဲ႔။ ေယာကၤ်ားေလးေတြက ခ်စ္သူမိန္းကေလးနဲ႔ အတူရွိေနတာဟာ ရွိေနခ်င္တဲ့ စိတ္ဆႏၵေၾကာင့္သာျဖစ္ပါတယ္။ သူမရဲ႕ ႐ုပ္ရည္ေၾကာင့္ ရွိေနတာမဟုတ္ပါဘူး။

၂။ သင္ေလွ်ာ့ခ်ခ်င္တဲ့ ခႏၶာကိုယ္အေလးခ်ိန္အနည္းငယ္ေလာက္ကိုလည္း ဂ႐ုမစိုက္ပါဘူး။

ေယာကၤ်ားေလးေရာ၊ မိန္းကေလးေတြအပါအ၀င္ လူတိုင္းမွာ စိတ္မလံုျခံဳမႈေတြရွိပါတယ္။ ေယာကၤ်ားေလးေတြမွာလည္း သူတို႔ရဲ႕ခႏၶာကိုယ္နဲ႔ပတ္သက္ၿပီး ေျပာင္းလဲပစ္ခ်င္တာေတြ ရွိပါတယ္။ ဒါေပမယ့္ ဒီအေၾကာင္းကို သိပ္ၿပီးထုတ္ေဖာ္ေျပာေနမွာေတာ့ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ မိန္းကေလးေတြအေနနဲ႔ ကိုယ့္ကိုယ္ကိုအဆင္မေျပဘူးလို႔ ထင္ေနတဲ့ ကိုယ္အေလးခ်ိန္နဲ႔ပတ္သက္ၿပီး ဘယ္ေယာကၤ်ားေလးကမွ ျပစ္တင္ေျပာဆိုေနမွာ မဟုတ္ပါဘူး။

၃။ သင္ ေယာကၤ်ားေလးေတြထက္ ေငြပိုရွာႏိုင္လည္း ဂ႐ုမစိုက္ပါဘူး။

၀င္ေငြနည္းသည္ျဖစ္ေစ၊ တူသည္ျဖစ္ေစ၊ ဒါမွမဟုတ္ ဘာပဲျဖစ္ျဖစ္၊ ေယာကၤ်ားေလးေတြက ေငြေရးေၾကးေရးထက္ လူသားတစ္ေယာက္အေနနဲ႔ ပတ္သက္ဆက္ႏြယ္ရတဲ့ ခံစားခ်က္ကိုပဲ ပိုၿပီးအာ႐ုံစိုက္တတ္ၾကပါတယ္။ ေယာကၤ်ားေလးအမ်ားစုက ေႏြးေထြးၾကင္နာတတ္တဲ့ႏွလံုးသားနဲ႔ လွပတဲ့စိတ္ထားရွိတဲ့ အမ်ိဳးသမီးေတြကို လုပ္ငန္းစုႀကီးတစ္ခုက CEO အမ်ိဳးသမီးတစ္ေယာက္ထက္ ပိုစိတ္၀င္စားၾကပါတယ္။

၄။ ခ်ိန္းေတြ႕ခ်ိန္မွာ အနည္းငယ္ေသာက္တာကိုလည္း အျပစ္လို႔မျမင္ပါဘူး။

အရြယ္ေရာက္သူတိုင္းဟာ အရက္ေသစာန႔ဲပတ္သက္လာရင္ ကိုယ့္လစ္မစ္ကိုယ္သိၾကပါတယ္။ ဒါ့ေၾကာင့္ မိန္းကေလးေတြအေနနဲ႔ ၀ိုင္ေသာက္တာမ်ားသြားလို႔ အနည္းငယ္မူးေနမယ္ဆိုရင္ေတာင္မွ အျပစ္လို႔မျမင္တတ္ၾကပါဘူး။ အနားမွာအဆင္ေျပေျပရွိေနတယ္ဆိုတာနဲ႔ပဲ သင္တို႔နားမွာ ဆက္ရွိေနမွာျဖစ္ပါတယ္။ ဒါေပမယ့္ သတိျပဳသင့္တာႏွစ္ခုေတာ့ရွိပါတယ္။

– အလြန္အကၽြံမေသာက္ပါနဲ႔။

– ေယာကၤ်ားေကာင္းေတြက သင္မူးေနတဲ့အေပၚမွာ အခြင့္အေရးယူမွာ မဟုတ္ပါဘူး ဆိုတာပါပဲ။

၅။ အတူအိပ္ၿပီးတာ မၿပီးေသးတာကိုလည္း ေခါင္းထဲသိပ္မထည့္ပါဘူး။

ဟုတ္ပါတယ္။ ပထမဆံုးခ်ိန္းေတြ႔တာပဲျဖစ္ျဖစ္၊ ငါးႀကိမ္ေျမာက္ခ်ိန္းေတြ႕တာပဲျဖစ္ျဖစ္၊ တစ္ခုေသာအခ်က္ကေတာ့ မေျပာင္းမလဲရွိေနႏိုင္ပါတယ္။ ေယာကၤ်ားေလးအမ်ားစုက မိန္းကေလးတစ္ေယာက္နဲ႔ အတူေနျဖစ္သည္ျဖစ္ေစ၊ မေနျဖစ္ဘူးျဖစ္ေစ၊ ေနာက္တစ္ႀကိမ္ထပ္ေတြ႕ခ်င္စိတ္ ရွိမရွိဆိုတာကို ဆံုးျဖတ္သိရွိထားၿပီးျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အတူအိပ္ၿပီးလည္း ေတြ႕ခ်င္ျမင္ခ်င္စိတ္ရွိရင္ ဆက္သြယ္ေနဦးမွာျဖစ္ပါတယ္။

၆။ မိန္းကေလးဖက္က မက္ေဆ့ဂ်္အရင္စပို႔ရင္လည္း အထင္မလြဲတတ္ပါဘူး။

မိန္းကေလးဖက္က စာအရင္ပို႔တာဟာ ေယာကၤ်ားေလးေတြအျမင္မွာ မိန္းမဂုဏ္သိကၡာက်တယ္လို႔ ထင္မွတ္ထားၾကပါတယ္။ တကယ္ေတာ့ မွားယြင္းေနတာျဖစ္ပါတယ္။ ေယာကၤ်ားေလးတစ္ေယာက္က သင့္ကိုစိတ္၀င္စားေနေပမယ့္ စာမပို႔ျဖစ္တာမ်ိဳးရွိႏိုင္ပါတယ္။ သူ႔အေနနဲ႔ စာပို႔လို႔သင့္မသင့္ဆိုတာကို စဥ္းစားခ်င့္ခ်ိန္ေနၿပီး မပို႔ျဖစ္တာပါ။ ဒီအခ်ိန္မွာ မိန္းကေလးဖက္က ပို႔လိုက္တဲ့စာကိုျမင္ေတြ႕ရမယ္ဆိုရင္ သူ႔အတြက္စိတ္အားတက္ၾကြေစၿပီး ေရွ႕ဆက္တိုးဖို႔ အားအင္ျဖစ္ေစမွာပါ။

၇။ အိပ္ရာထခ်ိန္ ဘယ္လိုပံုစံျဖစ္ေနလဲဆိုတာကို အေရးမစိုက္ပါဘူး။

တစ္ခ်ိဳ႕မိန္းကေလးေတြက သူတို႔ရဲ႕ အိပ္ရာႏိုးကာစ ႐ုပ္ရည္သြင္ျပင္ကို ေယာကၤ်ားေလးေတြကို မျမင္ေစခ်င္ၾကပါဘူး။ ဒါေပမယ့္ ေယာကၤ်ားေလးေတြကေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး အာ႐ုံသိပ္မစိုက္တတ္ၾကပါဘူး။ ေယာကၤ်ားေလးေတြအတြက္က သူမေဘးနားမွာ ႏိုးထခြင့္ရရင္ပဲ သင္ဟာ ဘယ္လိုပဲျဖစ္ျဖစ္ လွေနတယ္လို႔ ထင္တတ္ၾကပါတယ္။

၈။ ညစာအတြက္ သင္ဘာစားလဲဆိုတာကိုလည္း အေလးမထားပါဘူး။

အမ်ိဳးသမီးေတြက အထူးသျဖင့္ခ်ိန္းေတြ႕ၾကခ်ိန္မွာ ညစာကို ယုန္ေတြလိုပဲ အသီးအရြက္ပဲစားရမယ္လို႔ စြဲလမ္းမေနပါနဲ႔ေတာ့။ အမဲသားကင္စားခ်င္တာလား၊ မွာလိုက္ပါ။ ေယာကၤ်ားေလးအနားမွာရွိေနလို႔ စားခ်င္တာကို မေျပာင္းလဲလိုက္ပါနဲ႔။ မလိုအပ္ပါဘူး။

၉။ ေတာ္တန္႐ုံ စကားလံုးအသံုးအႏႈန္းၾကမ္းတာေလာက္ကို အျပစ္မယူတတ္ပါဘူး။

႐ိုး႐ိုးသားသားေျပာရရင္ ကၽြန္ေတာ္တို႔အားလံုးဟာ အရြယ္ေရာက္ၿပီးသူေတြျဖစ္တဲ့အတြက္ စကားအေျပာအဆိုကို ထိန္းသိမ္းႏိုင္ၾကသူေတြခ်ည္းပဲ ျဖစ္ပါတယ္။ လူအမ်ားေရွ႕မွာ ဒါမွမဟုတ္ မိသားစုနဲ႔အတူရွိေနခ်ိန္မွာ စကားအေျပာအဆို မၾကမ္းတမ္းသင့္တာမွန္ေပမယ့္ ေတာ္တန္႐ုံစကားလံုးေတြအတြက္ေတာ့ ဘယ္ေယာကၤ်ားေလးကမွ အျပစ္လို႔ ယူဆမွာမဟုတ္ပါဘူး။

၁၀။ ၿပီးျပည့္စံုမႈမရွိလည္း အေၾကာင္းမရွိပါဘူး။

ဘယ္သူတစ္ဦးတစ္ေယာက္မွ ၿပီးျပည့္စံုတယ္ဆိုတာ မရွိပါဘူး။ ၿပီးျပည့္စံုတယ္ဆိုတဲ့ စကားလံုးကိုယ္တိုင္က သူ႔အတိုင္းကို အဓိပၸါယ္မဲ့ေနတာျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကမာၻေပၚက လူဦးေရ သန္း(၇)ေထာင္ေက်ာ္မွာ ၿပီးျပည့္စံုေအာင္ကိုက္ညီသူ ႏွစ္ေယာက္မရွိလို႔ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္ကိုယ္သင္ နာမည္ႀကီးေမာ္ဒယ္တစ္ေယာက္နဲ႔ မတူလို႔ စိုးရိမ္ေသာကမ်ားေနတာကို ရပ္လိုက္ပါ။ သင့္ရဲ႕ဆံပင္ တိုလြန္းသြားတာ၊ ညိဳ႕ငင္ႏိုင္စြမ္းနည္းတာေတြအတြက္လည္း ေသာကမပြားပါနဲ႔။ ကၽြန္ေတာ္တို႔ ေယာကၤ်ားေလးေတြအတြက္ အေၾကာင္းမရွိပါဘူး။ ေယာကၤ်ားေလးေတြက မိန္းကေလးတစ္ေယာက္ကို ခ်စ္မိၿပီဆိုရင္ သူမနဲ႔ပတ္သက္သမွ် အားလံုးဟာ လွပသြားတတ္တာေၾကာင့္ပဲျဖစ္ပါတယ္။

Credit:Gentleman Magazine

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အမျိုးသားအများစုဟာ အသေးအမွှားကိစ္စလေးတွေကို သတိမပြုမိတာ၊ အာရုံထဲမထည့်တာနဲ့ ဂရုတစိုက်နားမထောင်တတ်တာတွေကြောင့် အမျိုးသမီးတွေရဲ့ အပြစ်တင်ခြင်းကို ခံရလေ့ရှိပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး လုံးဝကန့်ကွက်ချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ ယောင်္ကျားလေးတွေ လုံးဝဂရုမစိုက်တဲ့အရာတွေ ရှိတာကြောင့်ဖြစ်ပါတယ်။

၁။ သင့်ရဲ့ ဆံပင်ပုံစံ၊ မိတ်ကပ်အနေအထား အဆင်မပြေလည်း ပြဿနာမရှိပါဘူး။

ဟုတ်ပါတယ်။ မိန်းကလေးတွေ ရုပ်ရည်ကြည့်ကောင်းဖို့ ပြင်ဆင်တာကို ကျွန်တော်တို့တွေက အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး အရမ်းကြီး စိုးရိမ်မနေပါနဲ့။ ယောင်္ကျားလေးတွေက ချစ်သူမိန်းကလေးနဲ့ အတူရှိနေတာဟာ ရှိနေချင်တဲ့ စိတ်ဆန္ဒကြောင့်သာဖြစ်ပါတယ်။ သူမရဲ့ ရုပ်ရည်ကြောင့် ရှိနေတာမဟုတ်ပါဘူး။

၂။ သင်လျှော့ချချင်တဲ့ ခန္ဓာကိုယ်အလေးချိန်အနည်းငယ်လောက်ကိုလည်း ဂရုမစိုက်ပါဘူး။

ယောင်္ကျားလေးရော၊ မိန်းကလေးတွေအပါအဝင် လူတိုင်းမှာ စိတ်မလုံခြုံမှုတွေရှိပါတယ်။ ယောင်္ကျားလေးတွေမှာလည်း သူတို့ရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ပြောင်းလဲပစ်ချင်တာတွေ ရှိပါတယ်။ ဒါပေမယ့် ဒီအကြောင်းကို သိပ်ပြီးထုတ်ဖော်ပြောနေမှာတော့ မဟုတ်ပါဘူး။ ဒါ့ကြောင့် မိန်းကလေးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုအဆင်မပြေဘူးလို့ ထင်နေတဲ့ ကိုယ်အလေးချိန်နဲ့ပတ်သက်ပြီး ဘယ်ယောင်္ကျားလေးကမှ ပြစ်တင်ပြောဆိုနေမှာ မဟုတ်ပါဘူး။

၃။ သင် ယောင်္ကျားလေးတွေထက် ငွေပိုရှာနိုင်လည်း ဂရုမစိုက်ပါဘူး။

ဝင်ငွေနည်းသည်ဖြစ်စေ၊ တူသည်ဖြစ်စေ၊ ဒါမှမဟုတ် ဘာပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးတွေက ငွေရေးကြေးရေးထက် လူသားတစ်ယောက်အနေနဲ့ ပတ်သက်ဆက်နွယ်ရတဲ့ ခံစားချက်ကိုပဲ ပိုပြီးအာရုံစိုက်တတ်ကြပါတယ်။ ယောင်္ကျားလေးအများစုက နွေးထွေးကြင်နာတတ်တဲ့နှလုံးသားနဲ့ လှပတဲ့စိတ်ထားရှိတဲ့ အမျိုးသမီးတွေကို လုပ်ငန်းစုကြီးတစ်ခုက CEO အမျိုးသမီးတစ်ယောက်ထက် ပိုစိတ်ဝင်စားကြပါတယ်။

၄။ ချိန်းတွေ့ချိန်မှာ အနည်းငယ်သောက်တာကိုလည်း အပြစ်လို့မမြင်ပါဘူး။

အရွယ်ရောက်သူတိုင်းဟာ အရက်သေစာနဲ့ပတ်သက်လာရင် ကိုယ့်လစ်မစ်ကိုယ်သိကြပါတယ်။ ဒါ့ကြောင့် မိန်းကလေးတွေအနေနဲ့ ဝိုင်သောက်တာများသွားလို့ အနည်းငယ်မူးနေမယ်ဆိုရင်တောင်မှ အပြစ်လို့မမြင်တတ်ကြပါဘူး။ အနားမှာအဆင်ပြေပြေရှိနေတယ်ဆိုတာနဲ့ပဲ သင်တို့နားမှာ ဆက်ရှိနေမှာဖြစ်ပါတယ်။ ဒါပေမယ့် သတိပြုသင့်တာနှစ်ခုတော့ရှိပါတယ်။

– အလွန်အကျွံမသောက်ပါနဲ့။

– ယောင်္ကျားကောင်းတွေက သင်မူးနေတဲ့အပေါ်မှာ အခွင့်အရေးယူမှာ မဟုတ်ပါဘူး ဆိုတာပါပဲ။

၅။ အတူအိပ်ပြီးတာ မပြီးသေးတာကိုလည်း ခေါင်းထဲသိပ်မထည့်ပါဘူး။

ဟုတ်ပါတယ်။ ပထမဆုံးချိန်းတွေ့တာပဲဖြစ်ဖြစ်၊ ငါးကြိမ်မြောက်ချိန်းတွေ့တာပဲဖြစ်ဖြစ်၊ တစ်ခုသောအချက်ကတော့ မပြောင်းမလဲရှိနေနိုင်ပါတယ်။ ယောင်္ကျားလေးအများစုက မိန်းကလေးတစ်ယောက်နဲ့ အတူနေဖြစ်သည်ဖြစ်စေ၊ မနေဖြစ်ဘူးဖြစ်စေ၊ နောက်တစ်ကြိမ်ထပ်တွေ့ချင်စိတ် ရှိမရှိဆိုတာကို ဆုံးဖြတ်သိရှိထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် အတူအိပ်ပြီးလည်း တွေ့ချင်မြင်ချင်စိတ်ရှိရင် ဆက်သွယ်နေဦးမှာဖြစ်ပါတယ်။

၆။ မိန်းကလေးဖက်က မက်ဆေ့ဂျ်အရင်စပို့ရင်လည်း အထင်မလွဲတတ်ပါဘူး။

မိန်းကလေးဖက်က စာအရင်ပို့တာဟာ ယောင်္ကျားလေးတွေအမြင်မှာ မိန်းမဂုဏ်သိက္ခာကျတယ်လို့ ထင်မှတ်ထားကြပါတယ်။ တကယ်တော့ မှားယွင်းနေတာဖြစ်ပါတယ်။ ယောင်္ကျားလေးတစ်ယောက်က သင့်ကိုစိတ်ဝင်စားနေပေမယ့် စာမပို့ဖြစ်တာမျိုးရှိနိုင်ပါတယ်။ သူ့အနေနဲ့ စာပို့လို့သင့်မသင့်ဆိုတာကို စဉ်းစားချင့်ချိန်နေပြီး မပို့ဖြစ်တာပါ။ ဒီအချိန်မှာ မိန်းကလေးဖက်က ပို့လိုက်တဲ့စာကိုမြင်တွေ့ရမယ်ဆိုရင် သူ့အတွက်စိတ်အားတက်ကြွစေပြီး ရှေ့ဆက်တိုးဖို့ အားအင်ဖြစ်စေမှာပါ။

၇။ အိပ်ရာထချိန် ဘယ်လိုပုံစံဖြစ်နေလဲဆိုတာကို အရေးမစိုက်ပါဘူး။

တစ်ချို့မိန်းကလေးတွေက သူတို့ရဲ့ အိပ်ရာနိုးကာစ ရုပ်ရည်သွင်ပြင်ကို ယောင်္ကျားလေးတွေကို မမြင်စေချင်ကြပါဘူး။ ဒါပေမယ့် ယောင်္ကျားလေးတွေကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အာရုံသိပ်မစိုက်တတ်ကြပါဘူး။ ယောင်္ကျားလေးတွေအတွက်က သူမဘေးနားမှာ နိုးထခွင့်ရရင်ပဲ သင်ဟာ ဘယ်လိုပဲဖြစ်ဖြစ် လှနေတယ်လို့ ထင်တတ်ကြပါတယ်။

၈။ ညစာအတွက် သင်ဘာစားလဲဆိုတာကိုလည်း အလေးမထားပါဘူး။

အမျိုးသမီးတွေက အထူးသဖြင့်ချိန်းတွေ့ကြချိန်မှာ ညစာကို ယုန်တွေလိုပဲ အသီးအရွက်ပဲစားရမယ်လို့ စွဲလမ်းမနေပါနဲ့တော့။ အမဲသားကင်စားချင်တာလား၊ မှာလိုက်ပါ။ ယောင်္ကျားလေးအနားမှာရှိနေလို့ စားချင်တာကို မပြောင်းလဲလိုက်ပါနဲ့။ မလိုအပ်ပါဘူး။

၉။ တော်တန်ရုံ စကားလုံးအသုံးအနှုန်းကြမ်းတာလောက်ကို အပြစ်မယူတတ်ပါဘူး။

ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့အားလုံးဟာ အရွယ်ရောက်ပြီးသူတွေဖြစ်တဲ့အတွက် စကားအပြောအဆိုကို ထိန်းသိမ်းနိုင်ကြသူတွေချည်းပဲ ဖြစ်ပါတယ်။ လူအများရှေ့မှာ ဒါမှမဟုတ် မိသားစုနဲ့အတူရှိနေချိန်မှာ စကားအပြောအဆို မကြမ်းတမ်းသင့်တာမှန်ပေမယ့် တော်တန်ရုံစကားလုံးတွေအတွက်တော့ ဘယ်ယောင်္ကျားလေးကမှ အပြစ်လို့ ယူဆမှာမဟုတ်ပါဘူး။

၁၀။ ပြီးပြည့်စုံမှုမရှိလည်း အကြောင်းမရှိပါဘူး။

ဘယ်သူတစ်ဦးတစ်ယောက်မှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ပြီးပြည့်စုံတယ်ဆိုတဲ့ စကားလုံးကိုယ်တိုင်က သူ့အတိုင်းကို အဓိပ္ပါယ်မဲ့နေတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာပေါ်က လူဦးရေ သန်း(၇)ထောင်ကျော်မှာ ပြီးပြည့်စုံအောင်ကိုက်ညီသူ နှစ်ယောက်မရှိလို့ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကိုယ်သင် နာမည်ကြီးမော်ဒယ်တစ်ယောက်နဲ့ မတူလို့ စိုးရိမ်သောကများနေတာကို ရပ်လိုက်ပါ။ သင့်ရဲ့ဆံပင် တိုလွန်းသွားတာ၊ ညို့ငင်နိုင်စွမ်းနည်းတာတွေအတွက်လည်း သောကမပွားပါနဲ့။ ကျွန်တော်တို့ ယောင်္ကျားလေးတွေအတွက် အကြောင်းမရှိပါဘူး။ ယောင်္ကျားလေးတွေက မိန်းကလေးတစ်ယောက်ကို ချစ်မိပြီဆိုရင် သူမနဲ့ပတ်သက်သမျှ အားလုံးဟာ လှပသွားတတ်တာကြောင့်ပဲဖြစ်ပါတယ်။

Credit:Gentleman Magazine

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top