iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးေတြက ကိုယ့္ထက္အရပ္႐ွည္တဲ့ေယာက္်ားေလးကို ခ်စ္ခ်င္ၾကတယ္။ ေယာက္်ားေလးေတြက်ေတာ့လည္း ကိုယ္နဲ႔ အရပ္ခ်င္းတန္းတူျဖစ္ေနမယ့္ မိန္းကေလးထက္ ကိုယ့္ထက္ပိုပုမယ့္ ေကာင္မေလးကိုမွ ခ်စ္ခ်င္ၾကတာမ်ိဳး။ ကိုယ္နဲ႔ အရပ္အေမာင္းခ်င္းတူေနတဲ့လူကို ဘာေၾကာင့္မခ်စ္ခ်င္ရတာလဲ? ခ်စ္သူနဲ႔ကိုယ္က အရပ္ခ်င္းတူေနရင္ ပိုေတာင္ေကာင္းေသးတယ္။

၁။ ခ်စ္သူႏွစ္ဦး အနမ္းေျခြတဲ့အခါ အရပ္ခ်င္းတူေနတာ ပိုမေကာင္းဘူးလား? သက္ေတာင့္သက္သာနဲ႔ ႏွစ္ႏွစ္ကာကာ နမ္းလို႔ရမယ္ေလ။ ေခါင္းငံု႔စရာလည္းမလို၊ ေျခဖ်ားေထာက္စရာလည္းမလိုဘူး။

၂။ လမ္းေလွ်ာက္တဲ့အခါမွာလည္း တစ္ေယာက္ကိုတစ္ေယာက္ ပိုၿပီးနီးနီးကပ္ကပ္႐ွိလွတယ္။ ပခံုးခ်င္းဖက္မလား၊ လက္ခ်င္းတြဲမလား အားလံုးေအးေဆး။ အရပ္ခ်င္းတူေနေတာ့ ဘယ္ေလာက္မ်ား သက္ေတာင့္သက္သာ႐ွိလုိက္သလဲဆုိတာ အရပ္ခ်င္းတူတဲ့စံုတြဲေတြကို ေမးၾကည့္ပါ။

၃။ ပုတယ္၊ ရွည္တယ္လို႔ ျငင္းခုန္ေနစရာမလုိဘူး။ ႏွစ္ေယာက္လံုးက တန္းတူေတြပဲ။

၄။ အဝတ္အစားေတြဆုိလည္း လဲဝတ္လို႔ရတယ္။ လဲဝတ္လုိ႔ရတယ္ဆုိတာထက္ ေယာက္်ားဝတ္႐ွပ္အက်ႌနဲ႔ တီ႐ွပ္ေတြက မိန္းကေလးဝတ္လို႔ပါ ရေနတာေလ။ ပခံုးေလးနည္းနည္းက်ယ္ခ်င္က်ယ္လိမ့္မယ္ သိပ္ေတာ့မသိသာဘူး။

၅။ အတူတူေနတဲ့လူေတြဆုိရင္ ေရခ်ိဳးခန္း အတူသံုးလို႔ရတယ္။ ေရပန္းက ႏွစ္ေယာက္လံုးရဲ႕အရပ္နဲ႔ ကြက္တိျဖစ္ေနမွာကိုး။ တစ္ေယာက္ကအရပ္႐ွည္၊ တစ္ေယာက္က ပုေနရင္ ေရပန္းတစ္ခုတည္းကို တၿပိဳင္နက္တည္း ႏွစ္ေယာက္အတူသံုးလို႔မရဘူးေလ။

၆။ ခုလိုမိုး႐ြာေနခ်ိန္ဆိုရင္ ပိုသိသာတယ္။ ထီးတစ္ေခ်ာင္းကို ႏွစ္ေယာက္အတူေဆာင္းတဲ့အခါမွာေပါ့။ သူ႔အရပ္က႐ွည္ေတာ့ ထီးကိုေျမႇာက္ထားရင္ ကိုယ္ကမိုးစိုတယ္၊ ကိုယ့္ကို မိုးလံုေအာင္ထီးမိုးေပးေတာ့ သူကစိုေရာ။ ဒီလိုျပႆနာမ်ိဳးက အရပ္ခ်င္းတူေနတဲ့စံုတြဲေတြမွာ မရွိဘူးေနာ္။

၇။ မတ္တပ္ရပ္ထားတဲ့အခ်ိန္ျဖစ္ေစ ထိုင္ေနတဲ့အခ်ိန္ျဖစ္ေစ တစ္ေယာက္ရဲ႕မ်က္ႏွာကို တစ္ေယာက္က ေသေသခ်ာခ်ာ ၾကည့္ႏိုင္ ျမင္ႏိုင္တာလည္း ေကာင္းတာပဲ။

၈။ မိန္းကေလးဘက္က အားသာရတဲ့အခ်က္တစ္ခုကေတာ့ ေဒါက္ဖိနပ္စီးစရာမလုိတဲ့အခ်က္ပဲ။ သူ႔အရပ္ႀကီးက အရမ္း႐ွည္ေနုလို႔ ကိုယ့္မွာ သူနဲ႔အရပ္ခ်င္းညီေအာင္ ဖိနပ္အျမင့္ေတြပဲ စီးေနရတာ မမိုက္ဘူးေလ။

၉။ ဒီလိုအားသာခ်က္ေတြကပဲ တစ္ေယာက္နဲ႔တစ္ေယာက္ကို ပိုၿပီးရင္းႏွီးမႈရေစတယ္။ ဘာေၾကာင့္လဲဆုိေတာ့ တူညီေနတဲ့ အေနအထားတစ္ခုမွာ လူႏွစ္ေယာက္အတူရွိေနျခင္းဟာ အားလံုးထက္ ပိုၿပီးရင္းႏွီးမႈရေစပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
မိန်းကလေးတွေက ကိုယ့်ထက်အရပ်ရှည်တဲ့ယောက်ျားလေးကို ချစ်ချင်ကြတယ်။ ယောက်ျားလေးတွေကျတော့လည်း ကိုယ်နဲ့ အရပ်ချင်းတန်းတူဖြစ်နေမယ့် မိန်းကလေးထက် ကိုယ့်ထက်ပိုပုမယ့် ကောင်မလေးကိုမှ ချစ်ချင်ကြတာမျိုး။ ကိုယ်နဲ့ အရပ်အမောင်းချင်းတူနေတဲ့လူကို ဘာကြောင့်မချစ်ချင်ရတာလဲ? ချစ်သူနဲ့ကိုယ်က အရပ်ချင်းတူနေရင် ပိုတောင်ကောင်းသေးတယ်။

၁။ ချစ်သူနှစ်ဦး အနမ်းခြွေတဲ့အခါ အရပ်ချင်းတူနေတာ ပိုမကောင်းဘူးလား? သက်တောင့်သက်သာနဲ့ နှစ်နှစ်ကာကာ နမ်းလို့ရမယ်လေ။ ခေါင်းငုံ့စရာလည်းမလို၊ ခြေဖျားထောက်စရာလည်းမလိုဘူး။

၂။ လမ်းလျှောက်တဲ့အခါမှာလည်း တစ်ယောက်ကိုတစ်ယောက် ပိုပြီးနီးနီးကပ်ကပ်ရှိလှတယ်။ ပခုံးချင်းဖက်မလား၊ လက်ချင်းတွဲမလား အားလုံးအေးဆေး။ အရပ်ချင်းတူနေတော့ ဘယ်လောက်များ သက်တောင့်သက်သာရှိလိုက်သလဲဆိုတာ အရပ်ချင်းတူတဲ့စုံတွဲတွေကို မေးကြည့်ပါ။

၃။ ပုတယ်၊ ရှည်တယ်လို့ ငြင်းခုန်နေစရာမလိုဘူး။ နှစ်ယောက်လုံးက တန်းတူတွေပဲ။

၄။ အဝတ်အစားတွေဆိုလည်း လဲဝတ်လို့ရတယ်။ လဲဝတ်လို့ရတယ်ဆိုတာထက် ယောက်ျားဝတ်ရှပ်အကျႌနဲ့ တီရှပ်တွေက မိန်းကလေးဝတ်လို့ပါ ရနေတာလေ။ ပခုံးလေးနည်းနည်းကျယ်ချင်ကျယ်လိမ့်မယ် သိပ်တော့မသိသာဘူး။

၅။ အတူတူနေတဲ့လူတွေဆိုရင် ရေချိုးခန်း အတူသုံးလို့ရတယ်။ ရေပန်းက နှစ်ယောက်လုံးရဲ့အရပ်နဲ့ ကွက်တိဖြစ်နေမှာကိုး။ တစ်ယောက်ကအရပ်ရှည်၊ တစ်ယောက်က ပုနေရင် ရေပန်းတစ်ခုတည်းကို တပြိုင်နက်တည်း နှစ်ယောက်အတူသုံးလို့မရဘူးလေ။

၆။ ခုလိုမိုးရွာနေချိန်ဆိုရင် ပိုသိသာတယ်။ ထီးတစ်ချောင်းကို နှစ်ယောက်အတူဆောင်းတဲ့အခါမှာပေါ့။ သူ့အရပ်ကရှည်တော့ ထီးကိုမြှောက်ထားရင် ကိုယ်ကမိုးစိုတယ်၊ ကိုယ့်ကို မိုးလုံအောင်ထီးမိုးပေးတော့ သူကစိုရော။ ဒီလိုပြဿနာမျိုးက အရပ်ချင်းတူနေတဲ့စုံတွဲတွေမှာ မရှိဘူးနော်။

၇။ မတ်တပ်ရပ်ထားတဲ့အချိန်ဖြစ်စေ ထိုင်နေတဲ့အချိန်ဖြစ်စေ တစ်ယောက်ရဲ့မျက်နှာကို တစ်ယောက်က သေသေချာချာ ကြည့်နိုင် မြင်နိုင်တာလည်း ကောင်းတာပဲ။

၈။ မိန်းကလေးဘက်က အားသာရတဲ့အချက်တစ်ခုကတော့ ဒေါက်ဖိနပ်စီးစရာမလိုတဲ့အချက်ပဲ။ သူ့အရပ်ကြီးက အရမ်းရှည်နေုလို့ ကိုယ့်မှာ သူနဲ့အရပ်ချင်းညီအောင် ဖိနပ်အမြင့်တွေပဲ စီးနေရတာ မမိုက်ဘူးလေ။

၉။ ဒီလိုအားသာချက်တွေကပဲ တစ်ယောက်နဲ့တစ်ယောက်ကို ပိုပြီးရင်းနှီးမှုရစေတယ်။ ဘာကြောင့်လဲဆိုတော့ တူညီနေတဲ့ အနေအထားတစ်ခုမှာ လူနှစ်ယောက်အတူရှိနေခြင်းဟာ အားလုံးထက် ပိုပြီးရင်းနှီးမှုရစေပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top