iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာႏိုင္ငံမွာ အေရ ျပားေလးဖက္နာေရာဂါျဖစ္ပြားသူ ငါးေသာင္းခန္႔ရွိေနၿပီး အမ်ဳိးသမီးေတြ ပိုမိုျဖစ္ပြားေနေၾကာင္း အ႐ိုးအေၾကာအဆစ္ေရာဂါကု ဆရာ၀န္ႀကီးေတြက ခန္႔မွန္းေျပာၾကားထားပါတယ္။

အမ်ဳိးသမီးေတြမွာ အီစထ႐ိုဂ်င္ဓာတ္ေၾကာင့္ ပိုျဖစ္တယ္လို႔ ယူဆရျပီး အီစထ႐ိုဂ်င္ဓာတ္မ်ားလာတဲ့အရြယ္ျဖစ္တဲ့ ၿမီးေကာင္ေပါက္အရြယ္ေတြမွာ ပိုျဖစ္တာမ်ားျပားပါတယ္။ ေသြးဆံုးသြားတဲ့အရြယ္မွာေတာ့ အျဖစ္နည္းသြားတာ ျဖစ္ပါတယ္။

အေရျပားေလးဖက္နာေရာဂါဟာ အသက္အရြယ္မေရြးျဖစ္တတ္တဲ့ ေရာဂါျဖစ္ပါတယ္။ ေနရာေဒသမေရြး၊ လူမ်ဳိးမေရြး၊  ခႏၶာကိုယ္အစိတ္အပိုင္းမေရြး ထိိခိုက္တတ္တဲ့  နာတာရွည္ေရာဂါတစ္မ်ဳိးျဖစ္ပါတယ္။

အဆုိပါေရာဂါဟာ ေနေရာင္ (ခရမ္းလြန္ေရာင္ျခည္)၊ ေနထိုင္စားေသာက္မႈပံုစံ၊ တာရွည္ခံေအာင္ျပဳလုပ္ထားတဲ့ ဓာတုပစၥည္းေတြေၾကာင့္ျဖစ္ေပၚလာတာ ျဖစ္ပါတယ္။ ေလးဘက္နာျဖစ္ရင္  ကနဦး လကၡဏာေတြကေတာ့ အေရျပားေပၚမွာ အကြက္ေတြထြက္ေပၚလာျခင္း၊ အ႐ိုးအဆစ္ေတြ ေလးခုထက္ပိုမို နာက်င္ျခင္း၊ ေခါင္းကိုက္ျခင္း၊ စိတ္ဓာတ္က်ျခင္း၊ အာ႐ုံစူးစိုက္မႈေလ်ာ့ပါးလာျခင္း၊ ေမာပန္းလြယ္ျခင္း၊ အဆစ္အျမစ္ေတြကိုက္ခဲျခင္းနဲ႔ ႏုံးခ်ည့္ျခင္းေတြ ျဖစ္ေပၚတတ္ပါတယ္။

အေရျပားထိခိုက္မႈက အမ်ားဆံုးျဖစ္ျပီး ပါးႏွစ္ဖက္နဲ႔ ႏွာေခါင္းေပၚတို႔မွာ နီရဲတဲ့လိပ္ျပာပံုသဏၭာန္ အကြက္ျဖစ္လာၿပီး ဆံပင္ေတြကၽြတ္ျခင္းနဲ႔ ဖ်ားနာျခင္းေတြ ျဖစ္ေပၚတတ္ပါတယ္။

ေရာဂါျဖစ္ပြားရင္ အေရျပားနဲ႔  အ႐ိုးအဆစ္ေတြ ထိခိုက္ရုံတင္မကဘဲ  ေနာက္ဆက္တြဲဆိုးက်ဳိးအေနန႔ဲ ဦးေႏွာက္၊ ဆံပင္၊ ႏွလံုး၊ ေက်ာက္ကပ္နဲ႔ အူေတြအထိ ထိခိုက္ႏုိင္ကာ အသက္ဆံုး႐ႈံးႏုိင္တဲ့ ေရာဂါျဖစ္ပါတယ္။ ေက်ာက္ကပ္နဲ႔ အာ႐ုံေၾကာအဖြဲ႕အစည္းပါ ထိခိုက္လာတဲ့အခါ ပိုမိုေစာစီးစြာေသဆံုးႏုိင္ေၾကာင္း သိရပါတယ္။

ကမၻာေပၚမွာ  အေရျပားေလးဖက္နာေရာဂါ ျဖစ္ပြားသူ ငါးသန္းခန္႔ ရွိေနတယ္လို႔ ကမၻာ့က်န္းမာေရးအဖြဲ႕က ခန္႔မွန္းထားပါတယ္။

Credit:7day daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
မြန်မာနိုင်ငံမှာ အရေ ပြားလေးဖက်နာရောဂါဖြစ်ပွားသူ ငါးသောင်းခန့်ရှိနေပြီး အမျိုးသမီးတွေ ပိုမိုဖြစ်ပွားနေကြောင်း အရိုးအကြောအဆစ်ရောဂါကု ဆရာဝန်ကြီးတွေက ခန့်မှန်းပြောကြားထားပါတယ်။

အမျိုးသမီးတွေမှာ အီစထရိုဂျင်ဓာတ်ကြောင့် ပိုဖြစ်တယ်လို့ ယူဆရပြီး အီစထရိုဂျင်ဓာတ်များလာတဲ့အရွယ်ဖြစ်တဲ့ မြီးကောင်ပေါက်အရွယ်တွေမှာ ပိုဖြစ်တာများပြားပါတယ်။ သွေးဆုံးသွားတဲ့အရွယ်မှာတော့ အဖြစ်နည်းသွားတာ ဖြစ်ပါတယ်။

အရေပြားလေးဖက်နာရောဂါဟာ အသက်အရွယ်မရွေးဖြစ်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ နေရာဒေသမရွေး၊ လူမျိုးမရွေး၊  ခန္ဓာကိုယ်အစိတ်အပိုင်းမရွေး ထိခိုက်တတ်တဲ့  နာတာရှည်ရောဂါတစ်မျိုးဖြစ်ပါတယ်။

အဆိုပါရောဂါဟာ နေရောင် (ခရမ်းလွန်ရောင်ခြည်)၊ နေထိုင်စားသောက်မှုပုံစံ၊ တာရှည်ခံအောင်ပြုလုပ်ထားတဲ့ ဓာတုပစ္စည်းတွေကြောင့်ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ လေးဘက်နာဖြစ်ရင်  ကနဦး လက္ခဏာတွေကတော့ အရေပြားပေါ်မှာ အကွက်တွေထွက်ပေါ်လာခြင်း၊ အရိုးအဆစ်တွေ လေးခုထက်ပိုမို နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အာရုံစူးစိုက်မှုလျော့ပါးလာခြင်း၊ မောပန်းလွယ်ခြင်း၊ အဆစ်အမြစ်တွေကိုက်ခဲခြင်းနဲ့ နုံးချည့်ခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။

အရေပြားထိခိုက်မှုက အများဆုံးဖြစ်ပြီး ပါးနှစ်ဖက်နဲ့ နှာခေါင်းပေါ်တို့မှာ နီရဲတဲ့လိပ်ပြာပုံသဏ္ဌာန် အကွက်ဖြစ်လာပြီး ဆံပင်တွေကျွတ်ခြင်းနဲ့ ဖျားနာခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။

ရောဂါဖြစ်ပွားရင် အရေပြားနဲ့  အရိုးအဆစ်တွေ ထိခိုက်ရုံတင်မကဘဲ  နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဦးနှောက်၊ ဆံပင်၊ နှလုံး၊ ကျောက်ကပ်နဲ့ အူတွေအထိ ထိခိုက်နိုင်ကာ အသက်ဆုံးရှုံးနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ ကျောက်ကပ်နဲ့ အာရုံကြောအဖွဲ့အစည်းပါ ထိခိုက်လာတဲ့အခါ ပိုမိုစောစီးစွာသေဆုံးနိုင်ကြောင်း သိရပါတယ်။

ကမ္ဘာပေါ်မှာ  အရေပြားလေးဖက်နာရောဂါ ဖြစ်ပွားသူ ငါးသန်းခန့် ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားပါတယ်။

Credit:7day daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top