iMyanmarHouse.com - Best Property Website for Myanmar
×

ကၽြန္ေတာ္တို႔ လူသားေတြရဲ႕ဦးေႏွာက္ဟာ အရမ္းကိုအ့ံၾသစရာေကာင္းပါတယ္။ အျမင့္ဆုံးေအာင္ျမင္မႈကို ရရွိေအာင္၊ စိတ္ကူးအိပ္မက္ေတြ အမွန္တကယ္ျဖစ္လာေအာင္၊ ႐ႈပ္ေထြးတ့ဲရည္မွန္းခ်က္ေတြ ၿပီးေျမာက္ေအာင္ စသျဖင့္ စြမ္းေဆာင္ေပးႏိုင္ပါတယ္။ သင့္မွာလည္း အလားတူ ရည္မွန္းခ်က္ေတြ၊ စိတ္ကူးအိပ္မက္ေတြရွိေနၿပီး ျဖစ္ေျမာက္ေအာင္ျမင္ခ်င္တယ္ဆိုရင္ ဦးေႏွာက္ရဲ႕အလုပ္လုပ္ပုံကို ေသခ်ာနားလည္ထားဖို႔ လိုအပ္ပါတယ္။

၁။ စိတ္ကူးယဥ္နဲ႔ လက္ေတြ႕ကို ဦးေႏွာက္က ခြဲျခားႏိုင္စြမ္းမရွိပါဘူး
ကၽြန္ေတာ္တို႔ရဲ႕ဦးေႏွာက္က အေတြးစိတ္ကူးတိုင္းကို တုံျပန္ႏိုင္ၿပီး စိတ္ကူးယဥ္တာလား လက္ေတြ႔လားဆိုတာကို မခြဲျခားႏိုင္ပါဘူး။ ဒါ့ေၾကာင့္ အေကာင္းျမင္စိတ္နဲ႔ ပတ္၀န္းက်င္ကို ၾကည့္တ့ဲသူေတြက ပိုေပ်ာ္ရႊင္ရတတ္တာျဖစ္ပါတယ္။

၂။ ဦးေႏွာက္သုံးရတ့ဲအလုပ္ေတြက ဦးေႏွာက္ကို မပင္ပန္းေစႏိုင္ပါဘူး
ဟုတ္ပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕စိတ္ခံစားမႈေတြကပဲ ဦးေႏွာက္ကို ပင္ပန္းေစႏိုင္တာ ျဖစ္ပါတယ္။ ဦးေႏွာက္က အလုပ္လုပ္ေနတ့ဲအခ်ိန္မွာ ဦးေႏွာက္အတြင္း စီးဆင္းေနတ့ဲ ေသြးေတြမွာပါ၀င္ဖြဲ႕စည္းမႈက အေျပာင္းအလဲမရွိပါဘူး။

၃။ ပုံမွန္အားျဖင့္ ဦးေႏွာက္က အလိုအေလ်ာက္အလုပ္လုပ္ပါတယ္
ဒီေန႔မွာေတြးျဖစ္ေနတ့ဲ အေတြးေတြရဲ႕ထက္၀က္ေက်ာ္က မေန႔တုန္းက အေတြးေတြပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အဆိုးျမင္သမားေတြအေနနဲ႔ ေလာကႀကီးအေပၚ သူတို႔ရဲ႕အျမင္ကို ေျပာင္းလဲလိုက္ဖို႔ ခက္ခဲေနတာပါ။ သူတို႔ရဲ႕ ဦးေႏွာက္ကို အလုံးစုံရွင္းလင္းၿပီး အျပဳသေဘာေဆာင္တ့ဲ အေတြးေတြ ပိုေတြးျဖစ္ေအာင္ ေလ့က်င့္ေပးဖို႔ လိုအပ္ပါတယ္။

၄။ ေတြးတဲ့အတိုင္းပဲ ျမင္တတ္ပါတယ္။
အေတြးစိတ္ကူး မွန္သမွ်ဟာ ဘ၀အေတြ႔အၾကံဳေတြျဖစ္လာပါတယ္။ ဥပမာေျပာရရင္ သင့္အေနနဲ႔ ပဲရစ္ၿမိဳ႕ကို သြားလည္ခ်င္တ့ဲ စိတ္ကူးရွိေနရင္ ေနရာတိုင္းမွာ ပဲရစ္ၿမိဳ႕နဲ႔ပတ္သက္တာေတြကို သတိထညးမိေနတာမ်ိဳး ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္ဘ၀ကုိ ေျပာင္းလဲခ်င္တယ္ဆိုရင္ သင့္ရဲ႕အေတြူစိတ္ကူးေတြကို အရင္ဆုံးေျပာင္းလဲလိုက္ပါ။

၅။ ခႏၶာကိုယ္ၾကြက္သားေတြလိုပဲ ဦးေႏွာက္ကို ေလ့က်င့္ေပးဖို႔ လိုပါတယ္
ကၽြန္ေတာ္တုိ႔ရဲ႕ ဦးေႏွာက္က ခႏၶာကိုယ္ၾကြက္သားေတြနဲ႔ ကြဲျပားျခားနားမႈ သိပ္မရွိပါဘူး။ ဦးေႏွာက္ကိုလည္း စြမ္းေဆညင္ရည္ ထက္ျမက္လာေအာင္ ေလ့က်င့္ေပးဖို႔ လိုအပ္ပါတယ္။ ေလ့လာသင္ယူမႈေတြ၊ ေလေကာင္းေလသန္႔႐ႈ႐ႈိက္တာေတြ၊ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ စားစရာေတြ၊ အိပ္ေရး၀၀ အိပ္တာ၊ မေရာက္ဖူးေသးတ့ဲေနရာကို ခရီးသြားတာ၊ မွတ္စုေရးတာ၊ ကခုန္တာေတြက စၿပီး ဥာဏ္စမ္းေတြ ေျဖၾကည့္တာေတြက ဦးေႏွာက္ကို ေလ့က်င့္ေပးရာေရာက္ပါတယ္။

၆။ ဦးေႏွာက္က ဘယ္ေတာ့မွအနားမယူပါဘူး
ကၽြန္ေတာ္တို႔ အိပ္ေနတ့ဲအခ်ိန္မွာေတာင္ ဦးေႏွာက္က အလုပ္လုပ္ေနတုန္းပါပဲ။ ေန႔ဖက္မွာထက္ေတာင္ ပိုၿပီးအလုပ္လုပ္ပါေသးတယ္။

၇။ အနားယူဖို႔က အေရးႀကီးပါတယ္
အခ်ိန္နဲ႔အမွ် အလုပ္ေတြခ်ည္းပဲလုပ္မယ္ဆိုရင္ ဦးေႏွာက္ထဲမွာ မေကာင္းတ့ဲအေတြးေတြ၊ အဆိုးျမင္စိတ္ေတြ စုပုံမ်ားျပားလာတတ္ပါတယ္။ ဒီလိုမျဖစ္ေစဖို႔အတြက္ လူေရာ စိတ္ပါ အနားယူဖို႔လိုအပ္ပါတယ္။ ဒါ့ေၾကာင့္ ဘာအပူအပင္မွမရွိပဲ ေကာင္းေကာင္း အနားယူေပးဖို႔ မေမ့ပါနဲ႔။ ဒါက ဘယ္ေတာ့မွမနားတ့ဲ ကၽြန္ေတာ္တု႔ိ ဦးေႏွာက္ကိုလည္း သက္ေတာင့္သက္သာ ရွိေစပါတယ္။

၈။ တခ်ိဳ႕အရာေတြကို ေမ့ပစ္လိုက္ဖို႔ လိုပါတယ္
ဦးေႏွာက္ထဲမွာ မွတ္ဥာဏ္အသစ္ေတြကို မွတ္သားဖို႔အတြက္ အေဟာင္းေတြကို ဖ်က္ပစ္ရပါတယ္။ ဘယ္အရာေတြကို မွတ္မိေနၿပီး ဘယ္အရာေတြကို ေမ့ပစ္လိုမယ္ဆိုတာကို ကၽြန္ေတာ္တို႔က မဆုံးျဖတ္ႏိုင္ပါဘူး။ ဒါ့ေၾကာင့္ အျမဲတမ္းမွတ္မိေနခ်င္တ့ဲ အခ်က္အလက္ေတြကို ထပ္ကာထပ္ကာအသုံးျပဳ မွတ္သားထားေပးဖို႔ လိုအပ္ပါတယ္။

၉။ ဦးေႏွာက္ နာက်ဥ္မႈကို မခံစားရပါဘူး
ကၽြန္ေတာ္တို႔ဦးေႏွာက္ဟာ ခႏၶာကိုယ္ရဲ႕ ဘယ္အစိတ္အပိုင္းကနာက်င္မႈမ်ိဳးကိုမဆို သိရွိတုန္႔ျပန္ႏိုင္ေပမယ့္ သူကိုယ္တိုင္ကေတာ့ နာက်ဥ္မႈကို မခံစားတတ္ပါဘူး။ ဦးေႏွာက္ရဲ႕ဖြဲ႕စည္းပုံမွာ ထိေတြ႔နာက်ဥ္မႈကို ခံစားႏိုင္တ့ဲအစိတ္အပိုင္းေတြ မပါတာေၾကာင့္ျဖစ္ပါတယ္။ ဒါေပမယ့္ ဦးေႏွာက္ပတ္၀န္းက်င္က ေသြးေၾကာေတြ၊ အာ႐ံုေၾကာေတြနဲ႔ တစ္႐ႈးေတြကေတာ့ နာက်ဥ္မႈကို ခံစားရပါတယ္။

၁၀။ ဦးေႏွာက္ကို ေျပာင္းလဲလို႔ ရပါတယ္
ဘယ္လိုလႈပ္ရွားမႈမ်ိဳးမဆို ဘယ္လိုအေတြးစိတ္ကူးပဲျဖစ္ျဖစ္ လုပ္ေဆာင္လိုက္ ေတြးလိုက္တာနဲ႔ ကၽြန္ေတာ္တို႔ရဲ႕ဦးေႏွာက္ထဲမွာ မွတ္သားဆက္သယ္မႈ အသစ္ေတြျဖစ္ေပၚလာပါတယ္။ ဒါ့ေၾကာင့္ ကၽြန္ေတာ္တို႔အေနနဲ႔ အဆင္မေျပပါဘူးလို႔ ေတြးထားတ့ဲကိစၥတစ္ခုအတြက္ အဆင္ေျပႏိုင္မယ့္နည္းလမ္း ရွာမေတြ႔ႏိုင္ပါဘူး။ ဒါေပမယ့္ ေအာင္ျမင္ရမယ္လို႔ ေတြးထားရင္ေတာ့ ေအာင္ျမင္မယ့္အခြင့္အလမ္းေတြကို သိျမင္နားလည္ဖို႔ ပိုလြယ္ကူလာတတ္ပါတယ္။

ဒါ့ေၾကာင့္ ကၽြန္ေတာ္တို႔အေနနဲ႔ ဘယ္လိုစိတ္ကူးအိပ္မက္ ရည္မွန္းခ်က္ကိုပဲ ျဖစ္ျဖစ္ ေအာင္ျမင္သည္အထိ လုပ္ေဆာင္ႏိုင္စြမ္းရွိၿပီးသား ျဖစ္ပါတယ္။ တကယ္ေအာင္ျမင္လာဖို႔ လုပ္ေဆာင္ရမွာတစ္ခုက ယုံၾကည္မႈရွိဖို႔ပဲ ျဖစ္ပါတယ္။
Credit: Gentleman Magazine
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
ကျွန်တော်တို့ လူသားတွေရဲ့ဦးနှောက်ဟာ အရမ်းကိုအံ့သြစရာကောင်းပါတယ်။ အမြင့်ဆုံးအောင်မြင်မှုကို ရရှိအောင်၊ စိတ်ကူးအိပ်မက်တွေ အမှန်တကယ်ဖြစ်လာအောင်၊ ရှုပ်ထွေးတဲ့ရည်မှန်းချက်တွေ ပြီးမြောက်အောင် စသဖြင့် စွမ်းဆောင်ပေးနိုင်ပါတယ်။ သင့်မှာလည်း အလားတူ ရည်မှန်းချက်တွေ၊ စိတ်ကူးအိပ်မက်တွေရှိနေပြီး ဖြစ်မြောက်အောင်မြင်ချင်တယ်ဆိုရင် ဦးနှောက်ရဲ့အလုပ်လုပ်ပုံကို သေချာနားလည်ထားဖို့ လိုအပ်ပါတယ်။

၁။ စိတ်ကူးယဉ်နဲ့ လက်တွေ့ကို ဦးနှောက်က ခွဲခြားနိုင်စွမ်းမရှိပါဘူး
ကျွန်တော်တို့ရဲ့ဦးနှောက်က အတွေးစိတ်ကူးတိုင်းကို တုံပြန်နိုင်ပြီး စိတ်ကူးယဉ်တာလား လက်တွေ့လားဆိုတာကို မခွဲခြားနိုင်ပါဘူး။ ဒါ့ကြောင့် အကောင်းမြင်စိတ်နဲ့ ပတ်ဝန်းကျင်ကို ကြည့်တဲ့သူတွေက ပိုပျော်ရွှင်ရတတ်တာဖြစ်ပါတယ်။

၂။ ဦးနှောက်သုံးရတဲ့အလုပ်တွေက ဦးနှောက်ကို မပင်ပန်းစေနိုင်ပါဘူး
ဟုတ်ပါတယ်။ ကျွန်တော်တို့ရဲ့စိတ်ခံစားမှုတွေကပဲ ဦးနှောက်ကို ပင်ပန်းစေနိုင်တာ ဖြစ်ပါတယ်။ ဦးနှောက်က အလုပ်လုပ်နေတဲ့အချိန်မှာ ဦးနှောက်အတွင်း စီးဆင်းနေတဲ့ သွေးတွေမှာပါဝင်ဖွဲ့စည်းမှုက အပြောင်းအလဲမရှိပါဘူး။

၃။ ပုံမှန်အားဖြင့် ဦးနှောက်က အလိုအလျောက်အလုပ်လုပ်ပါတယ်
ဒီနေ့မှာတွေးဖြစ်နေတဲ့ အတွေးတွေရဲ့ထက်ဝက်ကျော်က မနေ့တုန်းက အတွေးတွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အဆိုးမြင်သမားတွေအနေနဲ့ လောကကြီးအပေါ် သူတို့ရဲ့အမြင်ကို ပြောင်းလဲလိုက်ဖို့ ခက်ခဲနေတာပါ။ သူတို့ရဲ့ ဦးနှောက်ကို အလုံးစုံရှင်းလင်းပြီး အပြုသဘောဆောင်တဲ့ အတွေးတွေ ပိုတွေးဖြစ်အောင် လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။

၄။ တွေးတဲ့အတိုင်းပဲ မြင်တတ်ပါတယ်။
အတွေးစိတ်ကူး မှန်သမျှဟာ ဘဝအတွေ့အကြုံတွေဖြစ်လာပါတယ်။ ဥပမာပြောရရင် သင့်အနေနဲ့ ပဲရစ်မြို့ကို သွားလည်ချင်တဲ့ စိတ်ကူးရှိနေရင် နေရာတိုင်းမှာ ပဲရစ်မြို့နဲ့ပတ်သက်တာတွေကို သတိထညးမိနေတာမျိုး ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ဘဝကို ပြောင်းလဲချင်တယ်ဆိုရင် သင့်ရဲ့အတွေူစိတ်ကူးတွေကို အရင်ဆုံးပြောင်းလဲလိုက်ပါ။

၅။ ခန္ဓာကိုယ်ကြွက်သားတွေလိုပဲ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ လိုပါတယ်
ကျွန်တော်တို့ရဲ့ ဦးနှောက်က ခန္ဓာကိုယ်ကြွက်သားတွေနဲ့ ကွဲပြားခြားနားမှု သိပ်မရှိပါဘူး။ ဦးနှောက်ကိုလည်း စွမ်းဆေညင်ရည် ထက်မြက်လာအောင် လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။ လေ့လာသင်ယူမှုတွေ၊ လေကောင်းလေသန့်ရှုရှိုက်တာတွေ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားစရာတွေ၊ အိပ်ရေး၀၀ အိပ်တာ၊ မရောက်ဖူးသေးတဲ့နေရာကို ခရီးသွားတာ၊ မှတ်စုရေးတာ၊ ကခုန်တာတွေက စပြီး ဉာဏ်စမ်းတွေ ဖြေကြည့်တာတွေက ဦးနှောက်ကို လေ့ကျင့်ပေးရာရောက်ပါတယ်။

၆။ ဦးနှောက်က ဘယ်တော့မှအနားမယူပါဘူး
ကျွန်တော်တို့ အိပ်နေတဲ့အချိန်မှာတောင် ဦးနှောက်က အလုပ်လုပ်နေတုန်းပါပဲ။ နေ့ဖက်မှာထက်တောင် ပိုပြီးအလုပ်လုပ်ပါသေးတယ်။

၇။ အနားယူဖို့က အရေးကြီးပါတယ်
အချိန်နဲ့အမျှ အလုပ်တွေချည်းပဲလုပ်မယ်ဆိုရင် ဦးနှောက်ထဲမှာ မကောင်းတဲ့အတွေးတွေ၊ အဆိုးမြင်စိတ်တွေ စုပုံများပြားလာတတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့အတွက် လူရော စိတ်ပါ အနားယူဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် ဘာအပူအပင်မှမရှိပဲ ကောင်းကောင်း အနားယူပေးဖို့ မမေ့ပါနဲ့။ ဒါက ဘယ်တော့မှမနားတဲ့ ကျွန်တော်တု့ိ ဦးနှောက်ကိုလည်း သက်တောင့်သက်သာ ရှိစေပါတယ်။

၈။ တချို့အရာတွေကို မေ့ပစ်လိုက်ဖို့ လိုပါတယ်
ဦးနှောက်ထဲမှာ မှတ်ဉာဏ်အသစ်တွေကို မှတ်သားဖို့အတွက် အဟောင်းတွေကို ဖျက်ပစ်ရပါတယ်။ ဘယ်အရာတွေကို မှတ်မိနေပြီး ဘယ်အရာတွေကို မေ့ပစ်လိုမယ်ဆိုတာကို ကျွန်တော်တို့က မဆုံးဖြတ်နိုင်ပါဘူး။ ဒါ့ကြောင့် အမြဲတမ်းမှတ်မိနေချင်တဲ့ အချက်အလက်တွေကို ထပ်ကာထပ်ကာအသုံးပြု မှတ်သားထားပေးဖို့ လိုအပ်ပါတယ်။

၉။ ဦးနှောက် နာကျဉ်မှုကို မခံစားရပါဘူး
ကျွန်တော်တို့ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကနာကျင်မှုမျိုးကိုမဆို သိရှိတုန့်ပြန်နိုင်ပေမယ့် သူကိုယ်တိုင်ကတော့ နာကျဉ်မှုကို မခံစားတတ်ပါဘူး။ ဦးနှောက်ရဲ့ဖွဲ့စည်းပုံမှာ ထိတွေ့နာကျဉ်မှုကို ခံစားနိုင်တဲ့အစိတ်အပိုင်းတွေ မပါတာကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် ဦးနှောက်ပတ်ဝန်းကျင်က သွေးကြောတွေ၊ အာရုံကြောတွေနဲ့ တစ်ရှုးတွေကတော့ နာကျဉ်မှုကို ခံစားရပါတယ်။

၁၀။ ဦးနှောက်ကို ပြောင်းလဲလို့ ရပါတယ်
ဘယ်လိုလှုပ်ရှားမှုမျိုးမဆို ဘယ်လိုအတွေးစိတ်ကူးပဲဖြစ်ဖြစ် လုပ်ဆောင်လိုက် တွေးလိုက်တာနဲ့ ကျွန်တော်တို့ရဲ့ဦးနှောက်ထဲမှာ မှတ်သားဆက်သယ်မှု အသစ်တွေဖြစ်ပေါ်လာပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ အဆင်မပြေပါဘူးလို့ တွေးထားတဲ့ကိစ္စတစ်ခုအတွက် အဆင်ပြေနိုင်မယ့်နည်းလမ်း ရှာမတွေ့နိုင်ပါဘူး။ ဒါပေမယ့် အောင်မြင်ရမယ်လို့ တွေးထားရင်တော့ အောင်မြင်မယ့်အခွင့်အလမ်းတွေကို သိမြင်နားလည်ဖို့ ပိုလွယ်ကူလာတတ်ပါတယ်။

ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ဘယ်လိုစိတ်ကူးအိပ်မက် ရည်မှန်းချက်ကိုပဲ ဖြစ်ဖြစ် အောင်မြင်သည်အထိ လုပ်ဆောင်နိုင်စွမ်းရှိပြီးသား ဖြစ်ပါတယ်။ တကယ်အောင်မြင်လာဖို့ လုပ်ဆောင်ရမှာတစ်ခုက ယုံကြည်မှုရှိဖို့ပဲ ဖြစ်ပါတယ်။
Credit: Gentleman Magazine

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top