iMyanmarHouse.com - Best Property Website for Myanmar
×












Credit:momolay

ပို့သပေးပါတယ်။

#Unicode Version
ချစ်သူတိုင်းမှာ မရှိမဖြစ်အရေးပါတဲ့ အနမ်းတွေရဲ့ထူးခြားဆန်းပြားတဲ့အကြောင်းများကို မိုမိုလေးပရိသတ်များအတွက် ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

* အနမ်းတွေဟာ သွားတွေကို ကောင်းကျိုးတွေသက်ရောက်စေနိုင်ပါတယ်။ အနမ်းမချွေခင်မှာ ပါးစပ်အတွင်းကထွက်လာတဲ့တံတွေးတွေဟာ သွားတွေမှာကပ်တွယ်နေတဲ့ အဖက်များကို ဖယ်ရှားပေးနိုင်လို့ဘဲ ဖြစ်ပါတယ်။

* အနမ်းဆိုတာ ချစ်သူတွေအတွက်သာမက လူတိုင်းအတွက်လို့ဆိုနိုင်ပေမယ့် အာဖရိကနိုင်ငံတစ်ချို့ရဲ့ယဉ်ကျေးမှုအရ အနမ်းကိုလုံးဝပိတ်ပင်ထားတာမျိုး ရှိပါတယ်။

* ရှေးခေတ်ရောမလူမျိုးတွေဟာ အနမ်းကိုအဆင့်သုံးဆင့်နဲ့ ခွဲခြားထားပါတယ်။ Osculum လို့ခေါ်တဲ့ပထမအဆင့်ကတော့ ပါးကိုးနမ်းခြင်းဖြစ်ပြီး Basium ဆိုတဲ့ဒုတိယတစ်ဆင့်ကတော့ နှုတ်ခမ်းကိုနမ်းတာဖြစ်ကာ တတိယအဆင့် Savolium ကတော့ ခံစားချက်အပြင်းထန်ဆုံးနမ်းရှိုက်တာဘဲ ဖြစ်ပါတယ်။

* အနမ်းကို သိပ္ပံဝေါဟာရအရ philematology လို့ ခေါ်ဆိုပါတယ်။

* French Kiss ပေးတဲ့အချိန်ဆို သင့်မျက်နှာမှကြွက်သားပေါင်း ၃၄ခုပါဝင်လုပ်ဆောင်ရတာဖြစ်ပြီး ရိုးရိုးနမ်းတာမျိုးဆို ကြွက်သား၂ခုသာ အလုပ်လုပ်ရပါတယ်။

* လူနှစ်ဦးနမ်းရှိုက်နေတဲ့အချိန် ( နှုတ်ခမ်းချင်း ) ဘက်တီးရီးယားပိုးပေါင်း ဆယ်သန်းကနေ သန်းတစ်ရာလောက်အထိကို ကူးစက်နိုင်ပါတယ်။

* ခံစားချက်ခပ်ပြင်းပြင်းနဲ့ နှုတ်ခမ်းချင်းနမ်းတာမျိုးပြုလုပ်နေရင် တစ်မိနစ်အတွင်း ၇ကယ်လိုရီအထိ လျော့ကျစေပါတယ်။

* အနမ်းကိုမင်္ဂလာဆောင်အခမ်းအနားများမှာ အသုံးပြုလေ့ရှိတာအကြောင်းရှိပါတယ်။ ရောမခခေတ်တုန်းက မင်္ဂလာဆောင်ပြီးလို့ရှိရင် အနမ်းကိုမင်္ဂလာဆောင်လတ်မှတ်အဖြစ်နဲ့ ထိုးလေ့ရှိတာကြောင့်ဘဲ ဖြစ်ပါတယ်။

* ကမ္ဘာ့အနမ်းကြာဆုံးစုံတွဲဟာ ထိုင်းနိုင်ငံသားစုံတွဲဖြစ်ပြီး ၅၈နာရီ ၃၅မိနစ် ၅၈စက္ကန့်နဲ့ ဂင်းနစ်စံချိန်ကို ၂၀၁၃ ဖေဖော်ဝါရီ ၁၃ရက်နေ့ အောင်မြင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

* "The May Irwin-John C. Rice Kiss" ရုပ်ရှင်ဟာ ပထမဆုံး Kiss ပေးတဲ့ဇာတ်ဝင်ခန်းပါတဲ့ ရုပ်ရှင်ကားဖြစ်ခဲ့ပြီး စက္ကန့်သုံးဆယ်စာ Kiss ပေးထားတာ ဖြစ်ပါတယ်။

Credit:momolay

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top