iMyanmarHouse.com - Best Property Website for Myanmar
×

အပူလွ်ပ္တာဟာ အသက္ဆံုးရွံဳးရတဲ့အထိေတာင္ ျဖစ္ေစႏုိင္ပါတယ္။ ဒါေၾကာင့္ အလြန္ပူျပင္းတဲ့ ေႏြရာသီမွာ အပူမလွ်ပ္ေအာင္ ဂရုတစိုက္ရွိသင့္ပါတယ္။ အပူလွ်ပ္တာေတြ ေလ်ာ့က်ေစဖို႔ ဒါေလးေတြ လိုက္နာေပးေနာ္…

အပူလွ်ပ္တာေတြ မျဖစ္ေစဖို႔အတြက္ ေနပူထဲ သြားတဲ့အခါမွာ ထီး၊ ဦးထုပ္စတဲ့ အကာအကြယ္ေတြ ေဆာင္းၿပီးမွ သြားသင့္ပါတယ္။ အေရျပားနဲ႔ ေနေရာင္ျခည္ တိုက္ရိုက္မထိေတြ႔ေလ ေကာင္းေလပါပဲ။ တတ္ႏိုင္သမွ် မနက္(၉) နာရီကေန ညေန (၄) အတြင္း အျပင္ေနပူပူကို မသြားတာ အေကာင္းဆံုးပါပဲ။
ေနာက္တစ္ခုကေတာ့ ေနပူထဲ သြားၿပီးလုိ႔ ျပန္ျပန္လာျခင္းမွာ ပန္ကာေလ တိုက္ရိုက္ခံျခင္း၊ Air con ေရွ႕မွာ မတ္တပ္ရပ္ၿပီး အေအးခံျခင္းေတြ အထူးေရွာင္ၾကဥ္သင့္ပါတယ္။

ေႏြရာသီမွာ ေခၽြးက အလိုအေလ်ာက္ကို ထြက္ေနတာမို႔ ဘယ္အခ်ိန္ျဖစ္ျဖစ္ ေရခ်ိဳးရင္ ဒူးကေန ေရႏွစ္ခြက္ေလာက္ စတင္ေလာင္းၿပီးမွ ေရခ်ိဳးပါ။ မဟုတ္ရင္ အပူလွ်ပ္တာမ်ိဳး ျဖစ္တတ္ပါတယ္။
ေရနဲ႔ ေဖ်ာ္ရည္ေတြ မ်ားမ်ားေသာက္ေပးပါ။ အရက္၊ ဘီယာေတြ ေရွာင္ဖို႔လည္း မေမ့သင့္ပါဘူး။ အက်ႌထူထူနဲ႔ ႏွစ္ထပ္၊ သံုးထပ္ ၀တ္တာေတြ မျပဳလုပ္သင့္ပါဘူး။
အပူမလွ်ပ္ေစဖို႔ ေရဓါတ္မ်ားမ်ား လိုသလို ဓါတ္ဆားလည္း ျဖည့္စြက္လို႔ ေသာက္သံုးေပးသင့္ပါတယ္။

Credit:MoMolay
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အပူလျှပ်တာဟာ အသက်ဆုံးရှုံးရတဲ့အထိတောင် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အလွန်ပူပြင်းတဲ့ နွေရာသီမှာ အပူမလျှပ်အောင် ဂရုတစိုက်ရှိသင့်ပါတယ်။ အပူလျှပ်တာတွေ လျော့ကျစေဖို့ ဒါလေးတွေ လိုက်နာပေးနော်…

အပူလျှပ်တာတွေ မဖြစ်စေဖို့အတွက် နေပူထဲ သွားတဲ့အခါမှာ ထီး၊ ဦးထုပ်စတဲ့ အကာအကွယ်တွေ ဆောင်းပြီးမှ သွားသင့်ပါတယ်။ အရေပြားနဲ့ နေရောင်ခြည် တိုက်ရိုက်မထိတွေ့လေ ကောင်းလေပါပဲ။ တတ်နိုင်သမျှ မနက်(၉) နာရီကနေ ညနေ (၄) အတွင်း အပြင်နေပူပူကို မသွားတာ အကောင်းဆုံးပါပဲ။
နောက်တစ်ခုကတော့ နေပူထဲ သွားပြီးလို့ ပြန်ပြန်လာခြင်းမှာ ပန်ကာလေ တိုက်ရိုက်ခံခြင်း၊ Air con ရှေ့မှာ မတ်တပ်ရပ်ပြီး အအေးခံခြင်းတွေ အထူးရှောင်ကြဉ်သင့်ပါတယ်။

နွေရာသီမှာ ချွေးက အလိုအလျောက်ကို ထွက်နေတာမို့ ဘယ်အချိန်ဖြစ်ဖြစ် ရေချိုးရင် ဒူးကနေ ရေနှစ်ခွက်လောက် စတင်လောင်းပြီးမှ ရေချိုးပါ။ မဟုတ်ရင် အပူလျှပ်တာမျိုး ဖြစ်တတ်ပါတယ်။
ရေနဲ့ ဖျော်ရည်တွေ များများသောက်ပေးပါ။ အရက်၊ ဘီယာတွေ ရှောင်ဖို့လည်း မမေ့သင့်ပါဘူး။ အကျႌထူထူနဲ့ နှစ်ထပ်၊ သုံးထပ် ဝတ်တာတွေ မပြုလုပ်သင့်ပါဘူး။
အပူမလျှပ်စေဖို့ ရေဓါတ်များများ လိုသလို ဓါတ်ဆားလည်း ဖြည့်စွက်လို့ သောက်သုံးပေးသင့်ပါတယ်။

Credit:MoMolay

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top