iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ဳိးသမီးထုအတြက္ ေစာဒကတက္ခ်င္စရာ အေျဖတစ္ခုပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ မွတ္ဥာဏ္ပိုင္း စစ္ေဆးစမ္းသပ္ခ်က္ေတြမွာ အမ်ဳိးသမီးေတြက အမ်ဳိးသားေတြထက္ ပိုၿပီး အားေကာင္းေနသည့္တိုင္ ဦးေႏွာက္အရြယ္အစားမွာေတာ့ ေယာက်္ားေတြက မိန္းမေတြထက္ ပိုႀကီးတယ္လို႔ ပညာရွင္ေတြရဲ႕ ရွာေဖြေတြ႕ရွိခ်က္အရ သိရပါတယ္။ နယ္သာလန္ႏိုင္ငံ၊ Erasmus University က ျပဳလုပ္တဲ့ သုေတသီေတြရဲ႕ ရွာေဖြေတြ႕ရွိခ်က္အရ အမ်ဳိးသားေတြဟာ ပိုျမင့္တဲ့ IQ ရမွတ္ ေလးမွတ္နီးပါးအထိ ရရွိၾကၿပီး အမ်ဳိးသမီးေတြဟာ အကြာအေ၀း ခန္႔မွန္းႏိုင္မႈ စြမ္းရည္မွာ ေတာ္ေတာ္ညံ့ဖ်င္းတယ္လို႔ ဆိုထားပါတယ္။

ေစာဒကတက္ခ်င္စရာ အမ်ဳိးသမီးေတြအတြက္ အားတက္စရာတစ္ခ်က္ကေတာ့ ေယာက်္ားေတြဟာ မိန္းမေတြထက္ ဦးေႏွာက္မွာသာ ၁၄ ရာခိုင္ႏႈန္း ပိုႀကီးတာ၊ မွတ္ဥာဏ္စြမ္းရည္ပိုင္း စစ္ေဆးစမ္းသပ္ခ်က္မွာေတာ့ အမ်ဳိးသမီးေတြရဲ႕ စြမ္းရည္က ပိုၿပီးျမင့္မားလို႔ေနျပန္တယ္လို႔ ကၽြမ္းက်င္သူေတြက ဆိုထားျပန္ပါတယ္။ သုေတသန ျပဳမႈကိုေတာ့ အသက္ ၂၂ ႏွစ္ကေန ၃၇ ႏွစ္ အတြင္း လူေပါင္း ကိုးရာနီးပါးကို ေလ့လာခဲ့တာ ျဖစ္ၿပီး ေလ့လာမႈရဲ႕ ဦးေဆာင္သူျဖစ္တဲ့ Dr Kimitri van der Linden က “ေယာက်္ားေတြက မိန္းမေတြထက္ ဦးေႏွာက္ပိုႀကီးတယ္ ဆိုတာကို ကၽြန္ေတာ္တို႔ ရွာေတြ႕ခဲ့ပါတယ္” လို႔ ေျပာဆိုပါတယ္။

ဒါ႔ျပင္ သူကပဲ “ကၽြန္ေတာ္တို႔ အရင္တုန္းက ေတြ႕ရွိခ်က္ေတြကို သတိထားမိတာဆိုရင္ အမ်ဳိးသမီးေတြရဲ႕ ဦးေႏွာက္က ပိုၿပီးေတာ့ စည္းစနစ္တက်နဲ႔ စနစ္ဇယားက်က် စီစဥ္ႏိုင္မႈ အားေကာင္းတယ္လို႔ ေျပာရမွာပါ၊ ဒါေပမဲ့ အခုေတြ႕ရွိမႈမွာေတာ့ အဲဒီအခ်က္ေတြကို မေတြ႕ရဘူး” လို႔ ဆိုျပန္ပါတယ္။ ကယ္လီဖိုးနီးယား တကၠသိုလ္ရဲ႕ ေတြ႕ရွိမႈမွာက်ျပန္ေတာ့ အမ်ဳိးသမီးေတြရဲ႕ ဦးေႏွာက္ဟာ အရြယ္အစား ငယ္ရြယ္တာ မွန္ေပမဲ့ ဦးေႏွာက္ ကလာပ္စည္းေတြရဲ႕ ပိုေကာင္းမြန္တဲ့ ခ်ိတ္ဆက္မႈေတြေၾကာင့္ တံု႔ျပန္ႏိုင္စြမ္းအား ပိုျမန္ဆန္တယ္လို႔ ေဖာ္ျပထားပါတယ္။

Credit:MoMoLay
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အမျိုးသမီးထုအတွက် စောဒကတက်ချင်စရာ အဖြေတစ်ခုပါ။ ဘာဖြစ်လို့လဲဆိုတော့ မှတ်ဉာဏ်ပိုင်း စစ်ဆေးစမ်းသပ်ချက်တွေမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး အားကောင်းနေသည့်တိုင် ဦးနှောက်အရွယ်အစားမှာတော့ ယောကျ်ားတွေက မိန်းမတွေထက် ပိုကြီးတယ်လို့ ပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိချက်အရ သိရပါတယ်။ နယ်သာလန်နိုင်ငံ၊ Erasmus University က ပြုလုပ်တဲ့ သုတေသီတွေရဲ့ ရှာဖွေတွေ့ရှိချက်အရ အမျိုးသားတွေဟာ ပိုမြင့်တဲ့ IQ ရမှတ် လေးမှတ်နီးပါးအထိ ရရှိကြပြီး အမျိုးသမီးတွေဟာ အကွာအဝေး ခန့်မှန်းနိုင်မှု စွမ်းရည်မှာ တော်တော်ညံ့ဖျင်းတယ်လို့ ဆိုထားပါတယ်။

စောဒကတက်ချင်စရာ အမျိုးသမီးတွေအတွက် အားတက်စရာတစ်ချက်ကတော့ ယောကျ်ားတွေဟာ မိန်းမတွေထက် ဦးနှောက်မှာသာ ၁၄ ရာခိုင်နှုန်း ပိုကြီးတာ၊ မှတ်ဉာဏ်စွမ်းရည်ပိုင်း စစ်ဆေးစမ်းသပ်ချက်မှာတော့ အမျိုးသမီးတွေရဲ့ စွမ်းရည်က ပိုပြီးမြင့်မားလို့နေပြန်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပြန်ပါတယ်။ သုတေသန ပြုမှုကိုတော့ အသက် ၂၂ နှစ်ကနေ ၃၇ နှစ် အတွင်း လူပေါင်း ကိုးရာနီးပါးကို လေ့လာခဲ့တာ ဖြစ်ပြီး လေ့လာမှုရဲ့ ဦးဆောင်သူဖြစ်တဲ့ Dr Kimitri van der Linden က “ယောကျ်ားတွေက မိန်းမတွေထက် ဦးနှောက်ပိုကြီးတယ် ဆိုတာကို ကျွန်တော်တို့ ရှာတွေ့ခဲ့ပါတယ်” လို့ ပြောဆိုပါတယ်။

ဒါ့ပြင် သူကပဲ “ကျွန်တော်တို့ အရင်တုန်းက တွေ့ရှိချက်တွေကို သတိထားမိတာဆိုရင် အမျိုးသမီးတွေရဲ့ ဦးနှောက်က ပိုပြီးတော့ စည်းစနစ်တကျနဲ့ စနစ်ဇယားကျကျ စီစဉ်နိုင်မှု အားကောင်းတယ်လို့ ပြောရမှာပါ၊ ဒါပေမဲ့ အခုတွေ့ရှိမှုမှာတော့ အဲဒီအချက်တွေကို မတွေ့ရဘူး” လို့ ဆိုပြန်ပါတယ်။ ကယ်လီဖိုးနီးယား တက္ကသိုလ်ရဲ့ တွေ့ရှိမှုမှာကျပြန်တော့ အမျိုးသမီးတွေရဲ့ ဦးနှောက်ဟာ အရွယ်အစား ငယ်ရွယ်တာ မှန်ပေမဲ့ ဦးနှောက် ကလာပ်စည်းတွေရဲ့ ပိုကောင်းမွန်တဲ့ ချိတ်ဆက်မှုတွေကြောင့် တုံ့ပြန်နိုင်စွမ်းအား ပိုမြန်ဆန်တယ်လို့ ဖော်ပြထားပါတယ်။

Credit:MoMoLay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top