iMyanmarHouse.com - Best Property Website for Myanmar
×
၅။ မျက်နာအံသေခြင်း
၆။ ဆေးလိပ်သောက်ခြင်း
၇။ အရက်သောက်ခြင်း
၈။ ဝက်ခြံညှစ်ခြင်း
ဖြစ်ပေါ်စေတာပါဘဲ။
ကိုမွေးမြူပါ။
Credit:Aunty May
#Unicode Version
အသက်ကြီးလာသည်နှင့် အမျှလူတိုင်းလူတိုင်းအရေးအကြောင်းဖြစ်ပေါ်လာတတ်ကြပါတယ် သို့သော်တချို့
အမျိုးသားတွေမှာထက်အမျိုးသမီးတွေမှာပိုဖြစ်တတ်ကြပါတယ်။ တချို့သော အသက်ငယ်ငယ်မိန်းကလေးတွေ
ထံမှာလည်းအရေးအကြောင်းများဖြစ်ပေါ်လာတာကိုတွေ့ရှိရပါတယ်။အဘယ့်ကြောင့်ဆိုသော် အသားအရည်ရဲ့
နုပျိုကျန်းမာခြင်းတွေကိုအများကြီးဆုံးရှုံးလိုက်ရလို့ဘဲဖြစ်ပါတယ်။ မှားယွင်းသောအပြုအမှုများ Skin care
များကြောင့် အရေးအကြောင်းပိုမိုဖြစ်ပေါ်လာပါတော့တယ်။
၁။ နေရောင်ဒဏ်ကာကွယ်သော Suncream မသုံးစွဲခြင်း
နေရောင်ခြည်မှာပါသော ozone ဓာတ်သည် အသားအရည်ကိုပျက်ဆီးစေပါတယ်။ ထိုကဲ့သို့ပျက်ဆီးခြင်းမှှာ အရေး
အကြောင်းဖြစ်ပေါ်စေခြင်း၊ အသားအရည်ခြောက်ခမ်းစေခြင်း၊ cell များကိုသေစေခြင်း အစရှိတာတွေပါဝင်ပါတယ်။
ထို့ကြောင့် Suncreamကို ပုံမှန်သုံးစွဲပေးသင့်ပါတယ်။
၂။ အစိုဓာတ်ချို့တဲ့ခြင်း
Whitening ပါဝင်သော ဆပ်ပြာများ နှင့် အခြားskin care များသည် အသားအရည်၏အစိုဓာတ်ကို ခြောက်ခမ်းစေ
ပါတယ်။ အသားအရည် အစိုဓာတ်ကိုသေသေချာချာထိန်းသိမ်းနိုင်မှသာ ကျန်းမာစိုပြေ ပြီးချောမွေ့တဲ့အသားအရည်ကို
ပိုင်ဆိုင်နိုင်မှာဘဲဖြစ်ပါတယ်။ ထို့ကြောင့် Moisturizing ပါဝင်တဲ့ skin care တွေကိုများများအသုံးပြုပေးပါ
၃။ အိပ်တဲ့ပုံစံမမှန်ခြင်း
အိပ်တဲ့အချိန်မှာ ပတ်လက်ပုံစံဖြင့်အိပ်ခြင်းသည် မျက်နာပေါ်ကမွေးညှင်းပေါက်လေးတွေကို လေဖြင့်တိုက်ရိုက်ထိတွေ့ပေး
ပါတယ်။ သို့သော် ဘေးစောင်းအိပ်ခြင်း မှောက်ရပ်အိပ်ခြင်းများသည် မျက်နာကိုဖိထားသောကြောင့် အဖိခံရသောနေရာ
များမှာ အရေးအကြောင်းများဖြစ်စေပြီး အမည်းစက်များဖြစ်ပေါ်စေပါတယ်။
၄။ ကျန်းမာသောအစားအစာများမစားသုံးခြင်း
သကြားဓာတ်များသောအစားအစာများသည် အရေးအကြောင်းများဖြစ်ပေါ်စေပါတယ်။ အရေးအကြောင်းများမှ
ကာကွယ်နိုင်ရန် ဟင်းရွက်ဆီ၊သံလွင်ဆီ၊အုန်းဆီ၊အိုမီဂါ အစရှိတဲ့ ဆီများကိုစားသုံးပေးသင့်ပါတယ်။ ပြီးနောက်
အသီးအရွက်များများစားသုံးပေးသင့်ပါတယ်။
၅။ မျက်နာအံသေခြင်း
အလွန်အမောရယ်မောခြင်း၊ မျက်ခုံးများကိုမကြာခဏပင့်တင်ခြင်း၊ ပါးစပ်ကိုအကျယ်ကြီးထားပြီး ရယ်ခြင်း ပြုံးခြင်း အစရှိတဲ့ အပြုအမှုတွေအပြင် အလွန်အကျူးပြုမှုလိုက်သော မျက်နာအမှုအရာများကြောင့် အရေးအကြောင်းများဖြစ်ပေါ်နိုင်ပါတယ်။
၆။ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းသည် ရေဓာတ်ကုန်ခမ်းစေပါတယ် ထို့ကြောင့် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့်ဆေးလိပ်သောက်သုံး
လျှင် အရေးအကြောင်းများဖြစ်ပေါ်စေပြီး ဝက်ခြံများစွာထွက်လာပါတယ်။ အသားအရည်ကိုထိခိုက်ေစေပါတယ်။
၇။ အရက်သောက်ခြင်း
အသားအရည်အတွက် အဆိပ်ကတော့ ဝိုင်၊အရက် များဘဲဖြစ်ပါတယ်။ အရက်များ ဝိုင်များသောက်ခြင်းသည်
အသားအရည်ကိုမှေးမှိန်စေပြီး ဆိုးရွားစွာပျက်ဆီးစေပါတယ်။
၈။ ဝက်ခြံညှစ်ခြင်း
ဝက်ခြံညှစ်ခြင်းသည် အသားအရည်ကိုသတ်နေတာနဲ့ အတူတူပါဘဲ။ ဝက်ခြံရှိခဲ့လျှင် စိတ်ရှည်ရှည်ထားပြီး
ပျောက်ကင်းသွားတဲ့အချိန်ထိ Acnes Cream လိမ်းပေးသင့်ပါတယ်။
၉။ အိပ်ချိန်မလုံလောက်ခြင်း
သတို့သမီးများ၊မင်းသမီးများ အတွက်အိပ်ချိန်သည် အသက်ထက်အရေးကြီးပါတယ် အဘယ့်ကြောင့်ဆိုသော်
အိပ်ချိန် ၆-၈ နာရီမရှိတဲ့ အသားအရည်(မျက်နာ)သည် ဘယ်လိုမှကြည်မလှနိုင်ပါဘူး။ အိပ်ချိန်မမှန်ခြင်း
အိပ်ချိန်နည်းခြင်းကြောင့် အသားအရည်ပျက်ဆီးလွယ်ပါတယ် ပိုဆိုးတာကတော့ အရေးအကြောင်းများစွာ
ဖြစ်ပေါ်စေတာပါဘဲ။
၁၀။ စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုများသည် အိပ်ချိန်မမှန်ခြင်းနှင့်အစားအသောက်ပုံမှန်မစားခြင်းတို့ကိုဖြစ်ပေါ်စေပါတယ်။
အအိပ်ပျက်ခြင်း အစားပျက်ခြင်းတို့သည် အရေးအကြောင်းဖြစ်ပေါ်စေရန် အဓိကအကြောင်းအရင်း
၂ခုဘဲဖြစ်ပါတယ်။ ထို့ကြောင့် ပျော်ရွင်စွာဖြင့် ဘဝကိုဖြတ်သန်းပါ ကျန်းမာနုပျိုသောအသားအရည်
ကိုမွေးမြူပါ။
အရေးအကြောင်းများသည် အသက်အရွယ်ကြီးလာသည်နှင့်အမျှ ပိုမိုများပြားလာမှာဘဲဖြစ်ပါတယ်။
သဘာဝတရားကိုတားဆီးလို့မရပေမဲ့လည်း များစွာသောပျက်ဆီးမှုကို နည်းပါးသွားအောင်ပြုလုပ်
လို့ရမှာဘဲဖြစ်ပါတယ်။ ထို့ကြောင့် အရေးအကြောင်းကင်းစွာ နေထိုင်နိုင်ကြပါစေ လေဒီတို့ရေ။
Credit:Aunty May
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top