iMyanmarHouse.com - Best Property Website for Myanmar
×

ေႏြရာသီေရာက္ၿပီဆုိတာနဲ႔ ေမွ်ာ္ေနရတဲ့ သစ္သီးတစ္မ်ိဳးကေတာ့ သရက္သီးပါ။ အသီးမွာသရက္ရယ္လို႔ ဆိုစကားေတာင္ ရွိေသးတယ္။

သရက္သီးကို အသီးကင္းေလးကအစ မွည့္တဲ့အထိ အမ်ိဳးမ်ိဳးစားလို႔ရပါတယ္။ အစိမ္းကို ငံျပာရည္နဲ႔ အခ်ဥ္ေပါင္းလုပ္ၿပီးစားသလို မွည့္သြားရင္လည္း ထမင္းစားၿပီးအခ်ိဳတည္းလို႔ရတယ္။ ယိုေတြထိုးစားၾကတယ္၊ သရက္ပ်ဥ္လုပ္စားၾကတယ္။ အမ်ိဳးမ်ိဳးပါပဲ။ သရက္သီးႀကိဳက္ပါတယ္ဆုိတဲ့သူေတြအေနနဲ႔ သရက္သီးစားလို႔ ရလာမယ့္ က်န္းမာေရးေကာင္းက်ိဳးေတြကိုေရာ သိပါရဲ႕လား။

၁။ အစာေျခစနစ္ကိုေကာင္းမြန္ေစ

အမွ်င္ဓာတ္ေတြပါဝင္လို႔ အစာေျခစနစ္ကို ေကာင္းမြန္ေစပါတယ္။ ဝမ္းခ်ဳပ္ေနသူေတြအေနနဲ႔ သရက္သီးကို စားသံုးေပးသင့္ပါတယ္။ အမ်ားႀကီးေတာ့ မစားသင့္ဘူးေနာ္။

၂။ ခႏၶာကိုယ္တြင္းရွိအရည္မ်ားကိုမွ်တေစ

ပိုတက္ဆီယံ (potassium) နဲ႔ မဂၢနီစီယံ (magnesium) ဓာတ္ေတြ ပါဝင္လို႔ ခႏၶာကိုယ္တြင္းက အရည္ေတြကို မွ်ေျချဖစ္ေအာင္ ထိန္းထားေပးပါတယ္။ ေသြးေပါင္က်ျခင္း၊ ေသြးတုိးျခင္းေတြကို မျဖစ္ေစပါဘူး။

၃။ ဗီတာမင္ C

ကင္ဆာေရာဂါေတြ မျဖစ္ေအာင္ ကာကြယ္ေပးႏုိင္ပါတယ္။ Free radical ေတြကို ဆန္႔က်င္ႏိုင္စြမ္း ရွိပါတယ္။

၄။ စြမ္းအင္တိုးေစ

သရက္သီးမွာ ပါဝင္တဲ့ sucrose လို႔ေခၚတဲ့ သၾကားဓာတ္တစ္မ်ိဳးဟာ ခႏၶာကိုယ္ကိုအားျဖစ္ေစတဲ့ ကာဘိုဟိုက္ၿဒိတ္ဓာတ္လည္းျဖစ္ပါတယ္။ သက္လံုအားေကာင္းေစပါတယ္။

၅။ အျမင္အာ႐ံုအားေကာင္းေစ

ေနာက္ထပ္ ေကာင္းက်ိဳးတစ္မ်ိဳးကေတာ့ သရက္သီးစားျခင္းဟာ အျမင္အာရံုကိုလည္း အားေကာင္းေစႏိုင္တာပါပဲ။ အပ်င္းေျပ သြားေရစာေတြ စားတာထက္စာရင္ သရက္သီးေလးေတြ စားတာက ပိုၿပီးေကာင္းပါတယ္။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
နွေရာသီရောက်ပြီဆိုတာနဲ့ မျှော်နေရတဲ့ သစ်သီးတစ်မျိုးကတော့ သရက်သီးပါ။ အသီးမှာသရက်ရယ်လို့ ဆိုစကားတောင် ရှိသေးတယ်။

သရက်သီးကို အသီးကင်းလေးကအစ မှည့်တဲ့အထိ အမျိုးမျိုးစားလို့ရပါတယ်။ အစိမ်းကို ငံပြာရည်နဲ့ အချဉ်ပေါင်းလုပ်ပြီးစားသလို မှည့်သွားရင်လည်း ထမင်းစားပြီးအချိုတည်းလို့ရတယ်။ ယိုတွေထိုးစားကြတယ်၊ သရက်ပျဉ်လုပ်စားကြတယ်။ အမျိုးမျိုးပါပဲ။ သရက်သီးကြိုက်ပါတယ်ဆိုတဲ့သူတွေအနေနဲ့ သရက်သီးစားလို့ ရလာမယ့် ကျန်းမာရေးကောင်းကျိုးတွေကိုရော သိပါရဲ့လား။

၁။ အစာခြေစနစ်ကိုကောင်းမွန်စေ

အမျှင်ဓာတ်တွေပါဝင်လို့ အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ ဝမ်းချုပ်နေသူတွေအနေနဲ့ သရက်သီးကို စားသုံးပေးသင့်ပါတယ်။ အများကြီးတော့ မစားသင့်ဘူးနော်။

၂။ ခန္ဓာကိုယ်တွင်းရှိအရည်များကိုမျှတစေ

ပိုတက်ဆီယံ (potassium) နဲ့ မဂ္ဂနီစီယံ (magnesium) ဓာတ်တွေ ပါဝင်လို့ ခန္ဓာကိုယ်တွင်းက အရည်တွေကို မျှခြေဖြစ်အောင် ထိန်းထားပေးပါတယ်။ သွေးပေါင်ကျခြင်း၊ သွေးတိုးခြင်းတွေကို မဖြစ်စေပါဘူး။

၃။ ဗီတာမင် C

ကင်ဆာရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ Free radical တွေကို ဆန့်ကျင်နိုင်စွမ်း ရှိပါတယ်။

၄။ စွမ်းအင်တိုးစေ

သရက်သီးမှာ ပါဝင်တဲ့ sucrose လို့ခေါ်တဲ့ သကြားဓာတ်တစ်မျိုးဟာ ခန္ဓာကိုယ်ကိုအားဖြစ်စေတဲ့ ကာဘိုဟိုက်ဒြိတ်ဓာတ်လည်းဖြစ်ပါတယ်။ သက်လုံအားကောင်းစေပါတယ်။

၅။ အမြင်အာရုံအားကောင်းစေ

နောက်ထပ် ကောင်းကျိုးတစ်မျိုးကတော့ သရက်သီးစားခြင်းဟာ အမြင်အာရုံကိုလည်း အားကောင်းစေနိုင်တာပါပဲ။ အပျင်းပြေ သွားရေစာတွေ စားတာထက်စာရင် သရက်သီးလေးတွေ စားတာက ပိုပြီးကောင်းပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top