iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးေတြက အခ်စ္ႀကီးပါတယ္။ ေလာဘလည္းႀကီးၾကတယ္။ ဒီေနရာမွာ ေလာဘဆိုတာ ေငြေၾကး ပစၥည္းဥစၥာေတြကို တပ္မက္ျခင္းရယ္လို႕ မဆိုလိုပါဘူး။ ကုိယ့္အေပၚ အရာအားလံုးပံုအပ္ေစခ်င္တဲ့ ေလာဘမ်ိဳးပါ။ဒါေပမယ့္ ကုိယ္ေမွ်ာ္လင့္တိုင္း မရဘူးဆိုတာေလးေတာ့ သတိခ်ပ္ေစလိုပါတယ္။ ကုိယ့္အိမ္ေထာင္ဖက္ျဖစ္ေစ ခ်စ္သူရည္းစားျဖစ္ေစ ကုိယ့္ကိုခ်စ္ခြင့္ပန္ထားတဲ့သူျဖစ္ေစ ကုိယ္က တိတ္တခိုးေၾကြေနရတဲ့သူျဖစ္ေစ ကုိယ္နဲ႕ စိတ္ပိုင္းဆိုင္ရာ ဆက္ႏြယ္ေနတဲ့ ဘယ္ေယာက္်ားေလးအေပၚမဆို ဒါေတြ မေမွ်ာ္လင့္ထားသင့္ပါဘူး။

(၁)ခ်စ္ရင္ ေျပာင္းလဲလာမယ္လို႕ ထင္ေနတာ။

ဒါမွားတယ္။ မိန္းကေလးေတြ အရမ္းမွားတယ္။ အရက္အရမ္းေသာက္တဲ့ ေကာင္ေလးတစ္ေယာက္ကို ႀကိဳက္မိတယ္ဆိုပါစို႕။ အရက္ကို ျဖတ္မလား ကြ်န္မကို ျဖတ္မလား သြားမေမးပါနဲ႕။ သူ႕ဘာသူ ေျပာင္းလဲရင္သာ ေျပာင္းလဲသြားပါလိမ့္မယ္။ ငါ့ကိုခ်စ္ရင္ သူေတာ့ အရက္ျဖတ္မွာပဲလို႕ တစ္ထစ္ခ် ယံုမထားပါနဲ႕။ သူျဖတ္ခ်င္မွ ျဖတ္မွာေလ။ အဲ့ဒီေတာ့ အရက္ေသာက္တာ ကုိယ္မႀကိဳက္ရင္ အရက္မေသာက္တဲ့သူ ရွာယူ။

(၂) ကုိယ့္ကိုပဲ ဦးစားေပးေစခ်င္တာ။

မိန္းကေလးပဲ။ ကုိယ့္ခ်စ္သူက ဦးစားေပးတာ ဂရုစိုက္တာ ခံခ်င္တာေပါ့။ ဒါလက္ခံခ်င္စရာပဲ။ ဒါေပမယ့္ ေယာက္်ားေလးဆိုတာ ကုိယ္ပိုင္အခ်ိန္လိုအပ္တယ္။ ဒါဆို ကြ်န္မတို႕မိန္းကေလးေတြေရာ ကုိယ္ပိုင္အခ်ိန္မလိုဘူးလား။ လိုတာေပါ့။ ဆိုင္သြားၿပီး မ်က္ႏွာေပါင္းတင္ရတာနဲ႕ ေရွာ့ပင္းေလးထြက္လိုက္ရတာနဲ႕။ သူတို႕လည္း အလုပ္နားတဲ့အခ်ိန္မွာ ေဘာလံုးပြဲေလး ခဏတျဖဳတ္ၾကည့္တတ္တာမ်ိဳး။ အိမ္ျပန္ေရာက္ရင္ ေဘာ္ဒါေတြနဲ႕ လက္ဖက္ရည္ဆိုင္ သြားထိုင္ခ်င္တာမ်ိဳး။ ဂိမ္းေလး တစ္ပြဲေလာက္ ေဆာ့လိုက္ခ်င္တာမ်ိဳးေတြပါ။ တစ္ခ်ိန္လံုးဂိမ္းေဆာ့ေနတဲ့ေကာင္ဆိုရင္ေတာ့ တစ္မ်ိဳးေပါ့။ ေယာက္်ားေလးဆိုတာ စိတ္ညစ္ရင္ ဘယ္သူမွမရွိတဲ့ေနရာမွာ ေဆးလိပ္တစ္လိပ္နဲ႕ ငုတ္တုတ္ထိုင္ေနတတ္တာပါ။ သူတို႕ အနားယူတဲ့ အခ်ိန္မွာေတာ့ ရွင္က ဂရုမစိုက္ရေကာင္းလား သြားမလုပ္ပါနဲ႕။ ဟားဟားေတာင္ ရလိုက္မွာမဟုတ္ဘူး။

(၃) မိဘထက္ အေရးေပးခံခ်င္တာ။

တခ်ိဳ႕မိန္းကေလးေတြရွိပါတယ္။ အိမ္မွာ ကုိယ့္မိဘက အလိုလိုက္ေတာ့ ေယာကၡမေတြနဲ႕ပါ အဆင္မေျပခ်င္ေတာ့ဘူး။ တကယ္ေတာ့ သူ႕မိဘကို ကုိယ့္မိဘလို သေဘာထားနိုင္တာအေကာင္းဆံုးပါ။ ကုိယ့္ေယာက္်ားက မယားဖို႕ စိန္နားကပ္ အေမ့အတြက္ပဲႀကီးေလွာ္ ဆိုတဲ့လူစားမ်ိဳးမို႕ ကုိယ့္ေယာက္်ားက ကုိယ့္ဘက္ကဆို တစ္မ်ိဳးေပါ့။ ဒါေပမယ့္ မထင္နဲ႕ေနာ္။ သားေတာ္ေတာ္မ်ားမ်ားက အေမခ်စ္ေတြ။ အေမနဲ႕သာ တည့္ေအာင္ေပါင္း။ သားေတြ ေခ်ာင္ထဲေတာင္ ေရာက္သြားဦးမယ္။ ဒီအကြက္ကို မသိဘဲ ေယာကၡမထက္ ပိုေနရာေပးခံေနခ်င္ရင္ေတာ့ အိမ္ေရွ႕ပူ အိမ္ေနာက္မခ်မ္းသာပါပဲ။

(၄) ပူဆာတိုင္းရခ်င္တာ။

ကုိယ့္ခ်စ္သူ အေျခအေနကိုၾကည့္ပါ။ ကုိယ္ခ်စ္တဲ့သူကို ျပည့္စံုေအာင္ထားခ်င္တာ သဘာဝခ်ည္းပါပဲ။ (ျပည့္စံုေအာင္ ဆိုတဲ့ ေကာင္ေလးကို ေျပာတာမဟုတ္ပါ။ ) တစ္ခုေတာ့ရွိတာေပါ့။ သာမန္ တစ္လ သံုးသိန္းေလာက္ရတဲ့ ကုမၸဏီဝန္ထမ္းခ်စ္သူကို ကိုကိုေရ သဲကေတာ့ prada မွ ကိုင္ခ်င္တာေတြ ေမြးေန႕ကို melia မွာ လုပ္ေပးေနာ္ေတြေတာ့ သြားေျပာလို႕ မသင့္ဘူးဆိုတာ သိမွာပါ။ (မသကာ YKKO တို႕ ေရႊေကာင္းတို႕ေလာက္မွာ လိုက္ေကြ်းရင္ ကံေကာင္း ) ေျပာခ်င္တာက သူ႕အိုးနဲ႕သူ႕ဆန္ပါ။ ဘယ္မင္းသမီးက သူ႕ခ်စ္ခ်စ္ကို ဘာကားႀကီးဝယ္ေပးလိုက္လို႕တို႕ ဘယ္သူကေတာ့ျဖင့္ သူ႕ေကာင္မေလးေမြးေန႕ကို နိုင္ငံျခားမွာ surprise လုပ္ေပးတာတို႕ ျမင္တာနဲ႕ အားမက်ပါနဲ႕။ ကုိယ့္ခ်စ္သူကို အားနာပါ။ အားမနာတတ္ရင္ ခ်မ္းသာတာရွာႀကိဳက္ပါ။
READ မိန္းကေလးေတြ ေၾကြဆင္းရတဲ႔ ေယာက်္ားေလးဆိုတာ…..



(၅) ကုိယ့္ကိုပဲ ခ်စ္ေစခ်င္တာ။

ေအာင္မေလးေလးးး။ အဲ့ဒါအဆိုးဆံုးပဲ။ သဲကိုအခ်စ္ဆံုး။ ကမာၻေပၚမွာ ခ်စ္ကိုသာ ဘလာဘလာ။ fb search list ထဲဝင္ၾကည့္။ လုလုေအာင္တို႕ ေရႊမွံဳရတီတို႕ Cup E တို႕ တန္းကိုစီလို႕။ ဒါကေတာ့ ဒီလိုပါ။ ခ်စ္တာက ခ်စ္တာ ဝါသနာက ဝါသနာေလ။ အဲ့လိုပဲ ေျပာလို႕ရမယ္။ ကုိယ့္ခ်စ္သူ ဘယ္ေလာက္ခ်စ္ပါတယ္ေျပာေျပာ ေကာင္မေလးေခ်ာေခ်ာေလး ေဘးကျဖတ္သြားရင္ သူဘာအေရာင္ဝတ္ထားလည္း လွမ္းျမင္ၿပီးသားပါ။ (တခ်ိဳ႕ဆို size ေတြပါ ကြက္တိမွန္းနိုင္တယ္။ ဒါေပမယ့္ ဆရာႀကီးေတြမွ) အဲ့ဒီေတာ့ ကုိယ့္ဘက္ကလည္း အရမ္းမခ်ဳပ္ခ်ယ္ပါနဲ႕။ ကုိယ္ေတာင္ exo ေတြ စိုင္းစိုင္းေတြ လုပ္ေနေသးတာမလား။ ဆန္႕က်င္ဘက္လိင္ကို စိတ္ဝင္စားတာလည္း မဆန္းပါဘူး။ ခ်စ္ၿပီဆိုကတည္းက သိပ္ေတာ့ မေမွ်ာ္လင့္ထားပါနဲ႕။ အရမ္းခ်စ္လွပါခ်ည္ရဲ႕ဆိုၿပီး ယူထားတဲ့သူေတြေတာင္ ကြဲေသးတာ။ သူၿခံခုန္လို႕ကေတာ့လည္း ကုိယ့္ဘက္က ကြင္းအဝိုင္းေလးပါ ႀကိဳေထာင္ထားေပးလိုက္ပါ။

ေနာက္ သူလည္း စကပ္ထဲ ဝင္လို႕ရေအာင္။ အဲေလ ဆပ္ကပ္ထဲ ေျပာတာ။

တကယ္ေတာ့ ေယာက္်ားဆိုတာ ကုိယ့္ဘက္ကသာ အလိုက္တသိေနေပးၾကည့္ သူတို႕ကေတာင္ တြယ္ကပ္ေနတတ္တဲ့အမ်ိဳး။

(ေယာက္်ားေကာင္းေတြကိုပဲ ေျပာတာပါ။)

Credit:For Her Myanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
မိန်းကလေးတွေက အချစ်ကြီးပါတယ်။ လောဘလည်းကြီးကြတယ်။ ဒီနေရာမှာ လောဘဆိုတာ ငွေကြေး ပစ္စည်းဥစ္စာတွေကို တပ်မက်ခြင်းရယ်လို့ မဆိုလိုပါဘူး။ ကိုယ့်အပေါ် အရာအားလုံးပုံအပ်စေချင်တဲ့ လောဘမျိုးပါ။ဒါပေမယ့် ကိုယ်မျှော်လင့်တိုင်း မရဘူးဆိုတာလေးတော့ သတိချပ်စေလိုပါတယ်။ ကိုယ့်အိမ်ထောင်ဖက်ဖြစ်စေ ချစ်သူရည်းစားဖြစ်စေ ကိုယ့်ကိုချစ်ခွင့်ပန်ထားတဲ့သူဖြစ်စေ ကိုယ်က တိတ်တခိုးကြွေနေရတဲ့သူဖြစ်စေ ကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်နွယ်နေတဲ့ ဘယ်ယောက်ျားလေးအပေါ်မဆို ဒါတွေ မမျှော်လင့်ထားသင့်ပါဘူး။

(၁)ချစ်ရင် ပြောင်းလဲလာမယ်လို့ ထင်နေတာ။

ဒါမှားတယ်။ မိန်းကလေးတွေ အရမ်းမှားတယ်။ အရက်အရမ်းသောက်တဲ့ ကောင်လေးတစ်ယောက်ကို ကြိုက်မိတယ်ဆိုပါစို့။ အရက်ကို ဖြတ်မလား ကျွန်မကို ဖြတ်မလား သွားမမေးပါနဲ့။ သူ့ဘာသူ ပြောင်းလဲရင်သာ ပြောင်းလဲသွားပါလိမ့်မယ်။ ငါ့ကိုချစ်ရင် သူတော့ အရက်ဖြတ်မှာပဲလို့ တစ်ထစ်ချ ယုံမထားပါနဲ့။ သူဖြတ်ချင်မှ ဖြတ်မှာလေ။ အဲ့ဒီတော့ အရက်သောက်တာ ကိုယ်မကြိုက်ရင် အရက်မသောက်တဲ့သူ ရှာယူ။

(၂) ကိုယ့်ကိုပဲ ဦးစားပေးစေချင်တာ။

မိန်းကလေးပဲ။ ကိုယ့်ချစ်သူက ဦးစားပေးတာ ဂရုစိုက်တာ ခံချင်တာပေါ့။ ဒါလက်ခံချင်စရာပဲ။ ဒါပေမယ့် ယောက်ျားလေးဆိုတာ ကိုယ်ပိုင်အချိန်လိုအပ်တယ်။ ဒါဆို ကျွန်မတို့မိန်းကလေးတွေရော ကိုယ်ပိုင်အချိန်မလိုဘူးလား။ လိုတာပေါ့။ ဆိုင်သွားပြီး မျက်နှာပေါင်းတင်ရတာနဲ့ ရှော့ပင်းလေးထွက်လိုက်ရတာနဲ့။ သူတို့လည်း အလုပ်နားတဲ့အချိန်မှာ ဘောလုံးပွဲလေး ခဏတဖြုတ်ကြည့်တတ်တာမျိုး။ အိမ်ပြန်ရောက်ရင် ဘော်ဒါတွေနဲ့ လက်ဖက်ရည်ဆိုင် သွားထိုင်ချင်တာမျိုး။ ဂိမ်းလေး တစ်ပွဲလောက် ဆော့လိုက်ချင်တာမျိုးတွေပါ။ တစ်ချိန်လုံးဂိမ်းဆော့နေတဲ့ကောင်ဆိုရင်တော့ တစ်မျိုးပေါ့။ ယောက်ျားလေးဆိုတာ စိတ်ညစ်ရင် ဘယ်သူမှမရှိတဲ့နေရာမှာ ဆေးလိပ်တစ်လိပ်နဲ့ ငုတ်တုတ်ထိုင်နေတတ်တာပါ။ သူတို့ အနားယူတဲ့ အချိန်မှာတော့ ရှင်က ဂရုမစိုက်ရကောင်းလား သွားမလုပ်ပါနဲ့။ ဟားဟားတောင် ရလိုက်မှာမဟုတ်ဘူး။

(၃) မိဘထက် အရေးပေးခံချင်တာ။

တချို့မိန်းကလေးတွေရှိပါတယ်။ အိမ်မှာ ကိုယ့်မိဘက အလိုလိုက်တော့ ယောက္ခမတွေနဲ့ပါ အဆင်မပြေချင်တော့ဘူး။ တကယ်တော့ သူ့မိဘကို ကိုယ့်မိဘလို သဘောထားနိုင်တာအကောင်းဆုံးပါ။ ကိုယ့်ယောက်ျားက မယားဖို့ စိန်နားကပ် အမေ့အတွက်ပဲကြီးလှော် ဆိုတဲ့လူစားမျိုးမို့ ကိုယ့်ယောက်ျားက ကိုယ့်ဘက်ကဆို တစ်မျိုးပေါ့။ ဒါပေမယ့် မထင်နဲ့နော်။ သားတော်တော်များများက အမေချစ်တွေ။ အမေနဲ့သာ တည့်အောင်ပေါင်း။ သားတွေ ချောင်ထဲတောင် ရောက်သွားဦးမယ်။ ဒီအကွက်ကို မသိဘဲ ယောက္ခမထက် ပိုနေရာပေးခံနေချင်ရင်တော့ အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာပါပဲ။

(၄) ပူဆာတိုင်းရချင်တာ။

ကိုယ့်ချစ်သူ အခြေအနေကိုကြည့်ပါ။ ကိုယ်ချစ်တဲ့သူကို ပြည့်စုံအောင်ထားချင်တာ သဘာဝချည်းပါပဲ။ (ပြည့်စုံအောင် ဆိုတဲ့ ကောင်လေးကို ပြောတာမဟုတ်ပါ။ ) တစ်ခုတော့ရှိတာပေါ့။ သာမန် တစ်လ သုံးသိန်းလောက်ရတဲ့ ကုမ္ပဏီဝန်ထမ်းချစ်သူကို ကိုကိုရေ သဲကတော့ prada မှ ကိုင်ချင်တာတွေ မွေးနေ့ကို melia မှာ လုပ်ပေးနော်တွေတော့ သွားပြောလို့ မသင့်ဘူးဆိုတာ သိမှာပါ။ (မသကာ YKKO တို့ ရွှေကောင်းတို့လောက်မှာ လိုက်ကျွေးရင် ကံကောင်း ) ပြောချင်တာက သူ့အိုးနဲ့သူ့ဆန်ပါ။ ဘယ်မင်းသမီးက သူ့ချစ်ချစ်ကို ဘာကားကြီးဝယ်ပေးလိုက်လို့တို့ ဘယ်သူကတော့ဖြင့် သူ့ကောင်မလေးမွေးနေ့ကို နိုင်ငံခြားမှာ surprise လုပ်ပေးတာတို့ မြင်တာနဲ့ အားမကျပါနဲ့။ ကိုယ့်ချစ်သူကို အားနာပါ။ အားမနာတတ်ရင် ချမ်းသာတာရှာကြိုက်ပါ။
READ မိန်းကလေးတွေ ကြွေဆင်းရတဲ့ ယောကျ်ားလေးဆိုတာ…..



(၅) ကိုယ့်ကိုပဲ ချစ်စေချင်တာ။

အောင်မလေးလေးးး။ အဲ့ဒါအဆိုးဆုံးပဲ။ သဲကိုအချစ်ဆုံး။ ကမ္ဘာပေါ်မှာ ချစ်ကိုသာ ဘလာဘလာ။ fb search list ထဲဝင်ကြည့်။ လုလုအောင်တို့ ရွှေမှုံရတီတို့ Cup E တို့ တန်းကိုစီလို့။ ဒါကတော့ ဒီလိုပါ။ ချစ်တာက ချစ်တာ ဝါသနာက ဝါသနာလေ။ အဲ့လိုပဲ ပြောလို့ရမယ်။ ကိုယ့်ချစ်သူ ဘယ်လောက်ချစ်ပါတယ်ပြောပြော ကောင်မလေးချောချောလေး ဘေးကဖြတ်သွားရင် သူဘာအရောင်ဝတ်ထားလည်း လှမ်းမြင်ပြီးသားပါ။ (တချို့ဆို size တွေပါ ကွက်တိမှန်းနိုင်တယ်။ ဒါပေမယ့် ဆရာကြီးတွေမှ) အဲ့ဒီတော့ ကိုယ့်ဘက်ကလည်း အရမ်းမချုပ်ချယ်ပါနဲ့။ ကိုယ်တောင် exo တွေ စိုင်းစိုင်းတွေ လုပ်နေသေးတာမလား။ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတာလည်း မဆန်းပါဘူး။ ချစ်ပြီဆိုကတည်းက သိပ်တော့ မမျှော်လင့်ထားပါနဲ့။ အရမ်းချစ်လှပါချည်ရဲ့ဆိုပြီး ယူထားတဲ့သူတွေတောင် ကွဲသေးတာ။ သူခြံခုန်လို့ကတော့လည်း ကိုယ့်ဘက်က ကွင်းအဝိုင်းလေးပါ ကြိုထောင်ထားပေးလိုက်ပါ။

နောက် သူလည်း စကပ်ထဲ ဝင်လို့ရအောင်။ အဲလေ ဆပ်ကပ်ထဲ ပြောတာ။

တကယ်တော့ ယောက်ျားဆိုတာ ကိုယ့်ဘက်ကသာ အလိုက်တသိနေပေးကြည့် သူတို့ကတောင် တွယ်ကပ်နေတတ်တဲ့အမျိုး။

(ယောက်ျားကောင်းတွေကိုပဲ ပြောတာပါ။)

Credit:For Her Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top